ဆေးလိပ်သောက်သူရောဂါရသလိုပဲ ဆေးလိပ်ငွေ့ရှူသူများကလည်း ရောဂါရတာဖြစ်တဲ့အတွက်တစ်ဆင့်ခံဆေးလိပ်ငွေ့ရှူတာကလည်း အသက်အန္တရာယ်ထိခိုက်နိုင်ပါသည်။
#Local_News
Published_ 25 October 2023
#ကျိုက်ထီးရိုးနှင့်ပုဂံ #ရှေးဟောင်းယဉ်ကျေးမှုနယ်မြေ
#YMG/ NN #Yangon_Times
#Local_News
Published 25 October 2023
ရန်ကုန်မြို့၊ မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ အောင်ဆန်းအားကစားကွင်းကို အသစ်ပြန်လည်တည်ဆောက်မည် ဖြစ်ကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ သိရသည်။
အဆိုပါ အောင်ဆန်းအားကစားကွင်းအသစ် ဆောက်လုပ်ရေးလုပ်ငန်းများ လုပ်ဆောင်ရန်အတွက် အောက်တိုဘာ ၂၅ ရက် နံနက် ၁၀နာရီက တရုတ်နိုင်ငံ Architectural Design & Research institute of Tongji University(Group) Co.,Ltd မှ Project အဖွဲ့သည် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ တာဝန်ရှိသူများနှင့် မြို့တော်ခန်းမ ပထမထပ်ရှိ အစည်းအဝေးခန်းမ(၂)၌တွေ့ဆုံဆွေးနွေးကြရာ အင်ဂျင်နီယာဌာန(အဆောက်အအုံ)ဌာနမှူး (ဒုတိယညွှန်ကြားရေးမှူးချုပ်) ဦးတင်မောင်မောင်ကြည်၊ သက်ဆိုင်ရာဌာနမှူးများ၊ အားကစားနှင့် ကာယပညာဦးစီးဌာန ရန်ကုန်တိုင်းဒေသကြီးညွှန်ကြားရေးမှူး ဦးအောင်မိုးနှင့်တာဝန်ရှိသူများ တက်ရောက်ကြကြောင်း သိရသည်။
ထိုသို့တွေ့ဆုံဆွေးနွေးရာတွင် တရုတ်နိုင်ငံ Architectural Design & Research institute of Tongji University(Group) Co.,Ltd မှ Project အဖွဲ့ မှ အောင်ဆန်းကွင်း မြေနေရာဆောက်လုပ်ရန် အဆောက်အဦ ဒီဇိုင်း၊ရေအသုံးချမှု၊ ရေဆိုးစွန့်ပစ်မှုတို့နှင့် စပ်လျဉ်း၍ သတ်မှတ်ချက်များကို MNBC 2020 စံချိန်စံညွှန်းနှင့် ၂၀၁၈ ရန်ကုန်မြို့တော်စည်ပင်သာယာရေးဥပဒေ တို့တွင် ဖော်ပြထားချက်များနှင့် YCDC Website တို့ကိုလေ့လာ၍ ဆောင်ရွက် သွားမည် ဖြစ်ကာလိုအပ်သည်များကို ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီအနေဖြင့် ဖြည့်ဆည်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
#Local_News #အောင်ဆန်းအားကစားကွင်းအသစ် #YMG/LW #Yangon_Times
ယခုနှစ် မိုးများပြီး ကွမ်းခြံအချို့ပျက်စီးဆုံးရှုံးမှု ရှိခဲ့ပေမယ့် ဝယ်လိုအားမရှိတာကြောင့် ကွမ်းဈေးဟာ ယမန်နှစ်လောက်ဈေးမြင့် မရရှိဘူးလို့ သီရိမင်္ဂလာဈေး ရှိ ကွမ်းအရောင်းဝယ်လုပ်သူတွေထံက သိရပါတယ်။
#Local_News
Published_ 25 October 2023
#ကွမ်းခြံအချို့ပျက်စီးဆုံးရှုံး #ဝယ်လိုအားမရှိ
#YMG/LW #Yangon_Times
‘ရှေးဟောင်းယဉ်ကျေးမှုဇုန်တွေဟာ ယဉ်ကျေးမှုအမွေအနှစ်တွေကိုအဓိက ထိန်းသိမ်းရတဲ့ နေရာတွေဖြစ်ပြီး ရှေးဟောင်းဇုန်အများစုမှာတော့ ခရီးသွားတွေအဆင်ပြေစေဖို့ တည်ဆောက်မှုတွေအနည်းနဲ့ အများဆောင်ရွက်မှုတွေရှိပြီးလိုအပ်တဲ့နေရာတွေမှာ အမွေအနှစ်တွေမထိခိုက်စေဘဲ ဆောင်ရွက်တာမျိုးတွေရှိနိုင်တယ်’ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦး
#Local_News
Published_ 25 October 2023
#သရေခေတ္တရာပျူမြို့ဟောင်း #အမျိုးသားပြတိုက်ဦးစီးဌာန
#tthl #Yangon_Times
#Local_News
Published-25 October 2023
မြန်မာနိုင်ငံမှ ရာသီချိန်အလုပ်သမားများခေါ်ယူမည့် သတင်းမှာ မှန်ကန်မှုမရှိကြောင်း မြန်မာနိုင်ငံဆိုင်ရာ တောင်ကိုရီးယားသံရုံးက အသိပေးထုတ်ပြန်ထားသည်။
Facebook လူမှုကွန်ရက်ပေါ်တွင် တစ်နှစ်လျှင် ရှစ်လကြာအလုပ်လုပ်ကိုင်ရမည့် ရာသီချိန်အလုပ်သမား ခေါ်ယူမည်ဆိုသည့် သတင်းနှင့်ပတ်သက်သည့် စာရွက်စာတမ်းများသည် တောင်ကိုရီးယားအစိုးရနှင့်မသက်ဆိုင်သည့်အပြင် ရာသီချိန်အလုပ်သမားများနှင့် ပတ်သက်သော တစ်စုံတရာ ထုတ်ပြန်ကြေညာထားခြင်း မရှိကြောင်း အောက်တိုဘာလ ၂၃ ရက်တွင် တောင်ကိုရီးယားသံရုံးက တရားဝင်ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
#Local_News #ရာသီချိန်အလုပ်သမားများခေါ်ယူ #တောင်ကိုရီးယားသံရုံးထုတ်ပြန်
#Yangon_Times/PP
#Local_News
Published_ 25 October 2023
တာမွေမြို့နယ်၊ကျောက်မြောင်း၊ စိတ္တသုခလမ်းမီးလောင်မှုတွင် အထပ်မြင့်နိမ့်သဖြင့် မီးငြှိမ်းသတ်ရန် ခက်ခဲခဲ့ပြီးတိုက်ခန်းတစ်ခန်းလုံး အကုန်မီးလောင်ကျွမ်းသွားကြောင်းနှင့် အခြားတိုက်ခန်းများမှသက်ကြီးရွယ်အိုများကို မီးခိုးငွေ့မမွှန်အောင်ရွေ့ပြောင်းပေးခဲ့ရကြောင်း Civilian Helper's Team လူမှုကူညီရေးအဖွဲ့မှသိရသည်။
အောက်တိုဘာလ(၂၅)ရက် မနက်၇နာရီ ၁၅ မိနစ်တွင် ရန်ကုန်တိုင်းဒေသကြီး၊ တာမွေမြို့နယ်၊ ပုသိမ်ညွှန့် ရပ်ကွက်၊ကျောက်မြောင်း စိတ္တသုခလမ်း၊ အိမ်အမှတ်(၉၁)ပထမထပ်၌မီးလောင်ကျွမ်းခဲ့သည်ဟုဆိုသည်။
‘‘ပတ်ဝန်းကျင်ကလူတွေပြောတာကတော့ မီးလောင်တဲ့တိုက်ခန်းမှာ မိသားစုသုံးယောက်နေတယ်။ မီးလောင် ချိန်မှာ သူတို့တွေမရှိဘူး ဘုန်းကြီးကျောင်းသွားနေကြတယ်လို့ ပြောတယ်။ တီဗွီဆားကတ်ကနေ ဝါယာရှော့ ပုံစံမျိုး လောင်ကျွမ်းခဲ့တာဖြစ်ပါတယ်။ လောင်စာတွေများလို့ တစ်ခန်းလုံးမီးလောင်ကျွမ်းသလို နှစ်လမ်းကျော်အထိ မီးခိုးတွေအူထွက်နေတယ်။ မီးခိုးငွေ့တွေများလို့ မီးသတ်ရဲဘော်တွေက လှေကားအိမ်ထဲဝင်လို့မရလို့ ကတ်တာနဲ့ သံပန်းကိုဖြတ်ပြီး ဝင်ငြှိမ်းခဲ့ရတယ်။ မီးခိုးငွေ့တွေကြောင့် အပေါ်ထပ်တိုက်ခန်းက သက်ကြီးရွယ်အိုနှစ်ဦးကိုလည်း ဆွဲထုတ်ခဲ့ရပြီး မီးခိုးငွေ့မရှိတဲ့နေရာကို ပို့ပေးခဲ့ရတယ်’’ဟု Civilian Helper's Team လူမှုကူညီရေးအဖွဲ့မှတာဝန်ရှိသူတစ်ဦးကYMG ကို ပြောပြခဲ့သည်။
အဆိုပါမီးလောင်ကျွမ်းမှုဖြစ်စဉ်ကို တာမွေမြို့နယ်၊ မီးသတ်စခန်းမှ မီးသတ်ယာဉ်အုပ်စုများမှ ထွက်ခွာငြှိမ်းသတ် ပေးခဲ့ပြီး ရှင်သန်ရေးကူညီမှုအသင်းမှရေအထောက်အကူပြုခဲ့ကာ Civilian Helper's Team လူမှုကူညီရေးအဖွဲ့မှ မီးအလင်းရောင်အထောက်အကူပြုခဲ့ကြောင်းနှင့်ကျန်လူမှုကူညီရေးအဖွဲ့များမှ အကူအညီပေးခဲ့ကြောင်း သိရသည်။
#Local_News #ကျောက်မြောင်း #မီးလောင်မှုဖြစ် #tthl #Yangon_Times
#Local_News
Published 25 October 2023
ပြည်ပကို သွားရောက်အလုပ်လုပ်မည့် PJ နိုင်ငံကူးလက်မှတ်နှင့် သင်္ဘောသားများ ကိုင်ဆောင်ရသည့် နိုင်ငံကူး လက်မှတ်များ သက်တမ်းတိုးပြုလုပ်ရန်အတွက် လိုအပ်တဲ့ပြည်တွင်းအခွန်ဦးစီးဌာနက ထုတ်ပေးသည့် အခွန်ကင်းရှင်းကြောင်း ထောက်ခံချက်ကို ရန်ကုန်မြို့တွင် မြို့နယ်လေးခုနှင့် မန္တလေးမြို့ရှိ မြို့တွင် မြို့နယ် ၂ခု ရှိ အခွန်ဦးစီးဌာန တို့တွင် ထုတ်ယူနိုင်ကြောင်း ပြည်တွင်းအခွန်ဦးစီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။
အဆိုပါ အခွန်ကင်းရှင်းကြောင်း ထောက်ခံချက်ကို ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ရန်ကင်းမြို့နယ်၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ အင်းစိန်မြို့နယ်၊ ဒေါပုံမြို့နယ်တို့မှာ ရှိသည့် အခွန်ဦးစီးဌာနရုံးတို့တွင် ထုတ်ယူနိုင်ကြောင်း၊မန္တလေးတိုင်းဒေသကြီးအတွင်း အခွန်ကင်းရှင်းကြောင်း ထောက်ခံချက်ကို မဟာအောင်မြေမြို့နယ်နှင့် ချမ်းမြေ့သာစည်မြို့နယ်တို့ရှိ အခွန်ကင်းရှင်းကြောင်း ထောက်ခံချက်ပုံစံထုတ်ယူနိုင်ကြောင်း သိရသည်။
ကျန်တိုင်းဒေသကြီးနှင့်ပြည်နယ်တို့နှင့် ပြည်ထောင်စုနယ်မြေတို့တွင် အခွန်ကင်းရှင်းကြောင်း ထောက်ခံချက်ပုံစံကို မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရာရုံး တည်ရှိရာမြို့နယ်ရှိ မြို့နယ်အခွန်ဦးစီးဌာနရုံးများတွင် ထုတ်ယူရမည် ဖြစ်ကြောင်း ပြည်တွင်းအခွန်ဦးစီးဌာန၏ ထုတ်ပြန်ထားသည်။
ပြည်တွင်း အခွန်ဦးစီးဌာန အနေဖြင့် PJနှင့်PS နိုင်ငံကူးလက်မှတ်ကိုင်ဆောင်ထားသူများပတွက် လုံခြုံမှု အဆင့်အတန်း ပါရှိသည့် အခွန်ကင်းရှင်းကြောင်း ထောက်ခံချက်ပုံစံကို ၂၀၂၃ ခုနှစ် အောက်တိုဘာလမှ စတင် ထုတ်ပေးရန် စီစဉ်ထားကြောင်း သိရသည်။
#Local_News #နိုင်ငံကူးလက်မှတ် #အခွန်ကင်းရှင်းကြောင်းထောက်ခံချက် #YMG/LW #Yangon_Times
Page 999 of 2203