#Local_News
Published_24 Oct 2023
ညောင်နှစ်ပင်စိုက်ပျိုးရေးမွေးမြူရေးဇုန်မှ ဟင်းသီးဟင်းရွက်တန် ၇၀ ကျော်အား စည်ပင်ဈေး ၄၈ ဈေးသို့ နေ့စဉ်တင်ပို့ရောင်းချနေကြောင်း ရန်ကုန်တိုင်းဒေသကြီးစိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
ထိုသို့တင်ပို့ရောင်းချရာတွင်ညောင်နှစ်ပင်စိုက်ပျိုးရေးမွေးမြူရေးဇုန်မှ လက်ရှိတွင် တစ်ရက်လျှင်ဟင်းသီးဟင်းရွက်တန်ချိန်၇၇ ဒသမ ၆၇ တန် အထိ ထွက်ရှိလျှက်ရှိရာ ဒညင်းကုန်းကုန်စိမ်းလက်ကားဈေးသစ်ကြီး အပါအဝင် စည်ပင်ဈေးများသို့ တင်ပို့ရောင်းချနေခြင်းဖြစ်ကြောင်း သိရသည်။
"ထောက်ကြန့် ရတနာသီရိ ကုန်စိမ်းဈေးသစ်နဲ့ တညင်းကုန်းကုန်စိမ်းလက်ကားဈေး အပါအဝင်ရန်ကုန်မြို့တော်စည်ပင်သာယာဈေး(၄၈)ကိုမှာ ရောင်းချပေးနေတာပါ။ အရင်နှစ်ကထက်အထွက်နှုန်းတိုးလာပါတယ်" ဟု ရန်ကုန်တိုင်းဒေသကြီးစိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
လတ်တလောတွင် စုစုပေါင်းစိုက်ပျိုးသူ ဦးရေ ၆၀၁ ဦးမှ ဟင်းသီးဟင်းရွက်စိုက်ဧက ၃၀၀၃ ဒသမ ၅ ဧက စိုက်ပျိုးထားခြင်းဖြစ်ကြောင်း သိရသည်။
ထိုသို့စိုက်ပျိုးရာတွင် ချဉ်ပေါင်၊ ကန်စွန်း၊ မုန်ညှင်း၊ မုံလာ၊ ဟင်းနုနွယ်၊ ဆလပ်၊ ဗူး၊ ရုံပတီသီး၊ ပဲညွှန့်၊ ဂွေးတောက်၊ကိုက်လန်၊ ဒန့်သလွန် ၊ခဝဲ၊ ဗုံလုံ၊ ကြက်ဟင်းခါးသီးစသည်ဖြင့် ဟင်းသီးဟင်းရွက်အမျိုးအစားပေါင်း ၄၀ ခန့်အထိစိုက်ပျိုးထုတ်လုပ်နေကြောင်း သိရသည်။
#Local_News #ဟင်းသီးဟင်းရွက် #နေ့စဉ်တင်ပို့ရောင်းချနေ
#YMG/ NN #Yangon_Times
သီတင်းကျွတ်ကာလနီးလာပေမယ့် ရန်ကုန်သစ်သီးဈေးကွက် အရောင်းဝယ်အေးနေသေးတယ်လို့ သီရိမင်္ဂလာဈေးရှိ သစ်သီးပွဲရုံတွေထံက သိရပါတယ်။
#Local_News
Published_ 24 October 2023
#ရန်ကုန်သစ်သီးဈေးကွက် #အရောင်းဝယ်အေးနေသေး
#YMG/LW #Yangon_Times
‘‘ဆင်ကြီးမိုမိုအတွက် မွေးနေ့ကိတ်ခွဲတဲ့ အစီအစဉ်၊ မိုမိုနဲ့ အတူဓာတ်ပုံရိုက်တဲ့အစီအစဉ်၊ တိရစ္ဆာန်လေးတွေရဲ့ဖျော်ဖြေရေးအစီအစဉ် Animal Presentation၊ မျက်လှည့် Show၊ ချစ်စရာတိရစ္ဆာန် လိမ္မာတွေနဲ့အတူ အမှတ်တရဓာတ်ပုံရိုက်ကူးခြင်းအစီအစဉ်တွေ ပါဝင်တယ်။ အောက်တိုဘာလ ၂၉ ရက်မှာ မိုမိုအတွက်ကိတ်ခွဲဖို့ရှိပါတယ်’’Yangon Zoo
#Local_News
Published_ 24 October 2023
#ဆင်ကြီးမိုမို #အသက်(၇၀)ပြည့်မွေးနေ့
#tthl #Yangon_Times
#Local_News
Published-24 October 2023
ရန်ကုန်တိုင်းအစိုးရ၏ညွှန်ကြားမှုဖြင့် ပြည်သူ့ရင်ပြင်တွင် ကျင်းပပြုလုပ်မည့် သီတင်ကျွတ်ကာလအတွင်း ခရီးသွားပြည်သူများသွားလာရေးအဆင်ပြေစေရန် YBS ယာဥ်လိုင်း ၇လိုင်းမှ ညပိုင်းတွင်ပြေးဆွဲပေးသွားမည်ဖြစ်ကြောင်း YRTC မှ သိရသည်။
ပြေးဆွဲပေးမည့် YBS ယာဥ်လိုင်း ၇ ခုမှာ YBS-21 ယာဉ်လိုင်း၊ YBS 61 ယာဥ်လိုင်း၊BS- 37 ယာဉ်လိုင်း၊ YBS - 116 ယာဉ်လိုင်း၊ YBS-62 ယာဉ်လိုင်း၊ YBS- 7 ယာဉ်လိုင်း ၊YBS- 4 ယာဥ်လိုင်းတို ပြေးဆွဲပေးမည်ဖြစ်ကြောင်း သိရသည်။
ပြည်သူ့ရင်ပြင်၌ ကျင်းပပြုလုပ်မည့် ပျော်ပွဲရွှင်ပွဲတွင် ခရီးသည်များ သွားလာရေး လွယ်ကူစေရန် ပြေးဆွဲပေးခြင်းဖြစ်ပြီး ခရီးသည်အခြေအနေအပေါ်မူတည်၍ လိုအပ်သလိုပြေးဆွဲပေးသွားမည်ဖြစ်ကြောင်း သိရသည်။
#Local_News #YBSယာဥ်လိုင်း၇လိုင်း #ညပိုင်းအထိပြေးဆွဲမည် #Yangon_Times /PP
#Local_News
Published_ 24 October 2023
ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ်၊ မြစံပယ်လမ်းဘေးတွင် အချင်းတန်းလန်းဖြင့် စွန့်ပစ်ခဲ့သည့် မွေးကင်းစ ကလေးငယ်ကို မခိုင်နှင်းဝေက ခေါ်ယူစောင့်ရှောက်ခဲ့ကြောင်း မခိုင်နှင်းဝေ၏ လူမှုကွန်ယက်စာမျက်နှာတွင် ဖေါ်ပြချက်အရ သိရသည်။
အဆိုပါ ကလေးငယ်ကို အောက်တိုဘာ ၂၃ ရက် ည ၉နာရီ ခန့်က အချင်းတန်းလန်းဖြင့် မွေးကင်းစမိန်းကလေးငယ်တစ်ဦးစွန်ပစ်ခံခဲ့ရကြောင်း မြန်မာကြယ်ဖြူလူမှုကူညီရေးအသင်းထံကို ရပ်ကွက်မှအကြောင်းကြားခဲ့ပြီး ယင်းလူမှုကူညီရေးအသင်းက မခိုင်နှင်းဝေထံ ဖုန်းဆက်အကြောင်းကြားခဲ့ရာ မခိုင်နှင်းဝေမှ ညတွင်းချင်း သွားရောက်ပြီး ကလေးငယ်ကို ကျန်းမာရေးစောင့်ရှောက်မှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ခိုင်နှင်းဝေရင်သွေးလေးများ ဂေဟာတွင် မခိုင်နှင်းဝေ စောင့်ရှောက်ပေးထားသည့် ကလေးငယ် ၉၃ ယောက်ရှိပြီး ယခု ကလေးငယ်မှာ ၉၄ယောက် ကလေးငယ်ဖြစ်ကြောင်း သိရသည်။



#Local_News #စွန့်ပစ်မွေးကင်းစကလေးငယ် #YMG/LW #Yangon_Times
#Local_News
Published_ 24 October 2023
ကမ္ဘာ့ဗုဒ္ဓသာသနာပြုဆရာတော် ချမ်းမြေ့ဆရာတော်ကြီးနှင့်တပည့်ဒကာ၊ဒကာမအလှူရှင်များမှ ရန်ကုန်မြို့ တွင်းရှိ မြို့နယ်ပေါင်း (၃၁)မြို့နယ်မှ သီလရှင်ကျောင်း(၇၁၅)ကျောင်းမှ သီလရှင်(၁၂၄၂၇)ပါးကို ဆွမ်းဆန်၊ဆီနှင့် နဝကမ္မဝတ္တုငွေများစုပေါင်းလှူဒါန်းခဲ့ကြောင်း သိရသည်။
အဆိုပါ သီလရှင်ကျောင်းတိုက်များမှ သီလရှင်စုစုပေါင်း(၁၂၄၂၇)ပါးကို ချမ်းမြေ့ဆရာတော်ကြီးအမှူးပြုသော တပည့်ဒကာ၊ဒကာမများမှ တစ်ပါးလျှင် ဆွမ်းဆန်(၁)ပြည်၊ ဆီ(၃၀)သားစီ၊ငါးသေတ္တာတစ်ဗူးစီနှင့် ဝတ္ထုငွေကျပ်တစ်သောင်းစီလှူဒါန်းခဲ့သည်ဟုဆိုသည်။
ချမ်းမြေ့ရိပ်သာကျောင်း(ရန်ကုန်)သို့ သက်ဆိုင်ရာမြို့နယ်အသီးသီးရှိစုရပ်နေရာများမှ ကြိုပို့မော်တော်ယာဉ် (၁၇၄)စီးဖြင့် ပင့်ဆောင်၍ (၅)ရက်တိုင်တိုင်လှူဒါန်းခဲ့ကြပြီး ၂၀၂၃ခုနှစ်အောက်တိုဘာလ(၂၄)ရက် မွန်းလွှဲ ၄နာရီ တွင်ရန်ကုန်ချမ်းမြေ့ရိပ်သာကျောင်း ဓမ္မာရုံသိမ်တော်ကြီး၌ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်းသိရသည်။
ရေစက်ချအခမ်းအနားတွင် ကျေးဇူးတော်ရှင်ချမ်းမြေ့ဆရာတော်ကြီးမှ အနုမောဒနာတရားဟောကြားချီးမြှင့်မည် ဖြစ်ပြီး အလှူရှင်အားလုံးနှင့် ဓမ္မမိတ်ဆွေအပေါင်း ရေစက်ချအခမ်းအနားသို့ တက်ရောက်နိုင်ကြောင်း ဖော်ပြထားသည်။
#Local_News #သီလရှင်(၁၂၄၂၇)ပါး #ချမ်းမြေ့ဆရာတော်ကြီး #tthl #Yangon_Times
#Local_News
Published- 24 October 2023
မကွေးတိုင်းဒေသကြီးအတွင်း ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်၊ ဒုတိယ ၆ လတာကာလတွင် ပြည်တွင်းပြည်ပ လုပ်သား ၃၃၀ ကျော် အလုပ်အကိုင်ပေးနိုင်ခဲ့ကြောင်း မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့က သိရသည်။
၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်၊ ဒုတိယ ၆ လတာ ကာလ အတွင်းတွင် မကွေးတိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှု ကော်မတီက မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၁ ခု၊ ရင်းနှီးမြှုပ်နှံမှု ပမာဏ အမေရိကန်ဒေါ်လာ ၁ ဒသမ ၃၇၉ သန်းအပါအဝင် ကျပ်သန်းပေါင်း ၅၉၁၄ ဒသမ ၇၈ ကို ထုတ်ပေးနိုင်ခဲ့ပြီး အဆိုပါ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းက ပြည်တွင်း အလုပ်အကိုင်အခွင့်အလမ်း ၇၄ ဦးကို အလုပ်အကိုင်ပေးနိုင်ခဲ့ကြောင်း သိရသည်။
အလားတူ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၁ ခု၊ ရင်းနှီးမြှုပ်နှံမှု ပမာဏ အမေရိကန်ဒေါ်လာ ၂၁၈ ဒသမ ၈၉ဝ သန်း ကို ခွင့်ပြုမိန့် ထုတ်ပေးနိုင်ခဲ့ကာ ပြည်ပဝန်ထမ်း ၅၂ ဦးနှင့် ပြည်တွင်းလုပ်သား ၂၀၇ ဦး ကို အလုပ်အကိုင်အခွင့်အလမ်း ဖန်တီးပေးနိုင်ခဲ့ကြောင်းလည်း မကွေးတိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီ၏ အစည်းအဝေး မှတ်တမ်းများအရ သိရသည်။
မကွေးတိုင်းဒေ သကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီသည် နိုင်ငံတကာစံနှုန်းနှင့် ညီသော စီးပွားရေးလုပ်ငန်းများနှင့် ရင်းနှီး မြှုပ်နှံမှုလုပ်ငန်းများ ပေါ်ထွန်းလာစေရန်တို့ကို မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ဥပဒေပါရည်ရွယ်ချက်များနှင့် အညီ ဆောင်ရွက်လျက်ရှိကြောင်းလည်း အဆိုပါ အစည်းအဝေးက သိရသည်။
#Local_News #မကွေးတိုင်း #ပြည်တွင်းပြည်ပလုပ်သား #Yangon_Times/PP
Page 1001 of 2203