22 March 2024

သင်္ကြန်ပိတ်ရက်တွင် System Maintenance လုပ်ရန်ရှိ၍ FDA၏Online E-Submissionလျှောက် ထားမှုကို ခေတ္တရပ်ဆိုင်းထားမည်ဖြစ်ကြောင်းအစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA)၏ထုတ်ပြန်ချက်အရသိရသည်။

အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA)၏ Food,Drugs,  Medical Device နှင့် Cosmeticsများ E-Submissionကိုဧပြီ(၁၃)ရက်မှ(၂၁)ရက်အထိရပ်ဆိုင်းထားမည်ဖြစ်သည်ဟုဆိုသည်။
 
ဧပြီလ(၂၂)ရက်မှာတော့ ပြန်လည်ဖွင့်လှစ်ပေးမည် ဖြစ်ပြီးE-Submissionလျှောက်ထားမှုပြန်လည် လက်ခံသွားမည်ဖြစ်ကြောင်း အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA)၏ထုတ်ပြန်ချက်အရသိရသည်။

ကျန်းမာရေးဝန်ကြီးဌာန အစားအသောက်နှင့် ဆေးဝါးကွတ်ကဲရေး ဦးစီးဌာနက အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး လုပ်ငန်းများအား အားပေးမြှင့်တင်နိုင်ရန်ရည်ရွယ်၍ အစားအသောက်ထုတ်လုပ်ခြင်း ထောက်ခံချက်လျှောက်ထားမှုများအတွက် ပေးသွင်းရမည့်ပမာဏကို(၇)သိန်းခွဲမှ ‌၂၅‌၀၀၀၀ ကျပ်သို့ ပြောင်းလဲ သတ်မှတ်ပေးထားကြောင်းလည်း သိရသည်။
Yangon_Times/tthl
#Local_News
#Published_ 22 March 2024
#YMG_News #Yangon_Times #Yangon_Media_Group