' လက်ရှိပဲစင်းငုံတစ်တန် ၃၃သိန်းလောက်ရှိနေတယ်၊ အိန္ဒိယရာသီဥတုမကောင်းခဲ့လို့ အထွက်နှုန်းမသေချာတာကောမှန်းထားတဲ့ ပမာဏလောက်မထွက်နိုင်လို့ ယူဆထားတာကြောင့် ပဲစင်းငုံ လိုအပ်ချက်များနေတာကြောင့် ဆက်တက်ဦးမယ် '
Yangon_Times/NN
Published_30 December 2023
#Local_News
#Yangon_Times #YMG_News #Yangon_Media_Group
Published_30 December 2023
သင်္ကြန်မိုးဇာတ်ကားထုတ်လုပ်သူ ဦးဇော်မြင့်(ရီမြင့်ရုပ်ရှင်မန္တလေး)၏ မိခင်၊ အကယ်ဒမီနောင်နောင်(သရုပ်ဆောင်)၏ ဘွားဘွား ဒေါ်ရီရီ(Nelly Thant) (BA. Geography၊ရီမြင့်ရုပ်ရှင်မန္တလေး) သည်ဒီဇင်ဘာလ၂၈ရက်တွင် ကွယ်လွန်သွားကြောင်းသိရသည်။
ကွယ်လွန်ချိန်တွင် အသက် ၉၂နှစ်ရှိပြီဖြစ်ပြီး ဒီဇင်ဘာလ၃၁ရက်တွင် မန္တလေးရှိ အေးရိပ်ငြိမ် သုဿန်၌သဂြိုဟ်သွားမည်ဟုဆိုသည်။
အဘွားဒေါ်ရီရီကွယ်လွန်သွားသည့်အတွက်အကယ်ဒမီ ဒါရိုက်တာမောင်မျိုးမင်းမှလည်း ဝမ်းနည်းကြေကွဲရကြောင်းကိုယခုလိုဖော်ပြထားသည်။
"ရီမြင့်ရုပ်ရှင်ထုပ်လုပ်ရေးမှ ကိုဇော်မြင့်၏ မိခင်ကြီးဒေါ်ရီရီ ကွယ်လွန်ကြောင်းကြားသိရတဲ့အတွက် မိသားစုနှင့်အတူ ဝမ်းနည်းရပါတယ် မိခင်ကြီးကောင်းရာသုဂတိရောက်ပါစေ"ဟု အကယ်ဒမီ ဒါရိုက်တာမောင်မျိုးမင်းက ဖော်ပြထားသည်။
Yangon_Times/tthl
Published_30 December 2023
#Local_News
#Yangon_Times #YMG_News #Yangon_Media_Group
Published_ 30 December 2023
တိုက်ပွဲကြောင့် ပျက်စီးခဲ့သည့် သီပေါ -နမ္မတူ လမ်းပိုင်း ဆက်သွယ်ထားသည့် မိုးတေတံတားကို ဒေသခံပြည်သူများက ယာယီပြုပြင်ပြီး ယာဉ်ငယ်များ ဖြတ်သန်းနိုင်ရန် ဆောင်ရွက်ထားကြောင်းဒေသခံ ပြည်သူများထံက သိရသည်။
ဒီဇင်ဘာ (၂၈)ရက် ည (၇)နာရီဝန်ကျင်းအချိန်ခန့်တွင် သီပေါ နှင့် နမ္မတူအကြားလမ်းပိုင်းတွင် တိုက်ပွဲဖြစ်ပွားခဲ့ပြီး ယင်းလမ်းပိုင်းပေါ်ရှိ မိုးတေတံတား ထပ်မံပျက်ဆီးခဲ့ကာ လုံးဝကျိုးကျသွားခြင်းမျိုးမဟုတ်ဘဲ တံတားအစိတ် အပိုင်းတစ်နေရာတွင် လက်နက်ကြီးကျရောက်ပေါက်ကွဲခြင်းကြောင့် ပျက်ဆီးခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။
"" ၂၉ ရက် နေ့ မှာ ပဲ အနီးနား က ပြည်သူတွေက လမ်းပဲ့သွား ပေါက်သွားတဲ့ နေရာ တွေကို ယာယီ သွားလို့ရအောင် လုပ်လိုက်တဲ့ အတွက် ယာဉ်အသေးတွေနဲ့ တန်ချိန်နည်းတဲ့ယာဉ် တွေ ဖြတ်သန်းသွားလာလို့ရပါတယ်""ဟု သီပေါ မှ ဒေသခံတစ်ဦးကပြောသည်။
ရှမ်းပြည်မြောက်ပိုင်းတိုက်ပွဲများကြောင့် ယခု ဒီဇင်ဘာလ (၁)ရက်နေ့တွင် လားရှိုးနှင့် သီပေါမြို့သို့ဆက်သွယ်ထားသော စဉ့်အင်တံတားမှာ ကျိုးကျပျက်ဆီးခဲ့သည်။
အလားတူ နိုဝင်ဘာလ နောက်ဆုံးပတ်အတွင်း ယင်းလမ်းမပေါ်ရှိ ကျောက်မဲ-သီပေါ ဆက်သွယ်ထားသော ကျင်သီတံတားမှာလည်း လက်နက်ကြီးထိမှန်မှုကြောင့် ကျိုးကျပျက်ဆီးခဲ့သေးကြောင်း သိရသည်။
Yangon_Times/LW
Published_30 December 2023
#Local_News
#Yangon_Times #YMG_News #Yangon_Media_Group
ဒီအချိန်မှာ ရွှေတွေထုတ်ပြီး လုပ်ငန်းလုပ်မယ့်အစား၊ တစ်ချို့အလုပ်မရှိတဲ့သူတွေက ရွှေတွေပြန်ဝယ်ပြီး ကိုင်ကြတာကြောင့်ရယ်၊ နောက်ပစ္စည်းရှားတာ၊ ငွေလဲနှုန်းကြောင့်ရွှေဈေးက ၃၇သိန်းမှာ ငြိမ်နေတယ်။
Yangon_Times/NN
Published_30 December 2023
#Local_News
#Yangon_Times #YMG_News #Yangon_Media_Group
မွေးမြူရေးတိရစ္ဆာန်အစာအနေနဲ့ အသုံးပြုတဲ့ ပဲဖတ်ဈေးကွက်ဟာ ယခုနှစ်မှာ ၀ယ်လိုအားအလွန်နည်းတဲ့အတွက် ဈေးမြင့်ရရှိမှု မရှိဘူးလို့ ကုန်သည်တွေထံက သိရပါတယ်။
Yangon_Times/LW
Published_30 December 2023
#Local_News
#Yangon_Times #YMG_News #Yangon_Media_Group
"ပုဂ္ဂလိကပညာရေးဥပဒေအရ သတ်မှတ်အကျယ်အဝန်းရှိတဲ့ စာသင်ခန်းတွေပါတဲ့ စာသင်ကျောင်းတွေ ဖွင့်လှစ်ရမှာဖြစ်တဲ့အတွက် တစ်ဦးချင်းဖွင့်ဖို့ ခက်ခဲသူတွေရှိလာနိုင်လို့ စုပေါင်းဖွင့်သင့်တယ်" မြန်မာနိုင်ငံကိုယ်ပိုင်ကျောင်းများအသင်းဥက္ကဌဦးနေအုပ်
Yangon_Times/tthl
Published_30 December 2023
#Local_News
#Yangon_Times #YMG_News #Yangon_Media_Group
Published. 30 December 2023
မြန်မာနိုင်ငံခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အကြံပြုချက်များကို သိရှိနိုင်စေရန်အတွက် ပြည်တွင်းပြည်ပ ခရီးသွားစစ်တမ်းများကို ကောက်ယူမည်ဖြစ်ကြောင်းဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်ကပြောကြားသည်။
နေပြည်တော်ရှိ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ကျောက်စိမ်းခန်းမ၌ ဒီဇင်ဘာ၂၉ရက်ကပြုလုပ်ခဲ့သော
ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနသည် သုတေသနဆောင်ရွက်ပုံနည်းလမ်းများအတိုင်း စနစ်တကျ သုတေသနပြုလုပ်ခြင်းမှတစ်ဆင့် ရရှိလာသည့် ကိန်းဂဏန်းအချက်အလက်များကို သက်ဆိုင်ရာဝန်ကြီးဌာနများ၊ အသင်းအဖွဲ့များနှင့် ပြည်သူများအကြား ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ရန်နှင့်သုတေသနတွေ့ရှိ ချက်များကိုအခြေခံ၍ ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးကို ထိရောက်စွာဆောင်ရွက်နိုင်ရန်ရည်ရွယ်၍ ခရီးသွားစစ်တမ်းများ စတင်ကောက်ယူခြင်း ဖွင့်ပွဲအခမ်းအနားတွင် ယင်းသို့ပြောကြားခဲ့ခြင်းဖြစ်သည်။
ပြည်တွင်းခရီးသွားစစ်တမ်းကို နေပြည်တော်၊ ရန်ကုန်၊ မန္တလေး အပါအဝင် မြို့ပေါင်း ၁၉ မြို့ရှိ ခရီးသွားဆွဲဆောင်ရာ နေရာများ၊ ဝင်/ထွက်ပေါက်များ၊ မီးရထားဘူတာရုံများတွင် ကောက်ယူသွားမည်ဖြစ်ပြီး မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်သည့် နိုင်ငံခြားသားခရီးသွားစစ်တမ်းကို ရန်ကုန်၊ မန္တလေး၊ တာချီလိတ်၊ မြဝတီ၊ ကော့သောင်းနှင့် မူဆယ်မြို့များရှိ အပြည်ပြည်ဆိုင်ရာ ဝင်ပေါက်များနှင့် နယ်စပ်ဝင်ပေါက်များတွင် ကောက်ယူသွားမည်ဖြစ် ကြောင်းသိရသည်။
အဆိုပါ ခရီးသွားစစ်တမ်း ကောက်ယူ မှုအစီအစဉ်အရ ပြည်တွင်းခရီးသွားများကို ဒီဇင်ဘာ ၃၀ ရက်မှ စတင်ကောက်ယူသွားမည်ဖြစ်ကြောင်း သိရ သည်။
Yangon_Times/LW
Published_30 December 2023
#Local_News
#Yangon_Times #YMG_News #Yangon_Media_Group
Page 715 of 2042