#Local_News
Published 1 November 2024

▪️ သင်္ဘောသားများအပါအဝင်ပြည်ပ၌ အလုပ်လုပ်ကိုင်သူများ လျှပ်စစ်သုံး မော်တော်ယာဉ် EVကားနှင့်ဆိုင်ကယ်များကို တစ်ဦးချင်း(သို့)စုပေါင်းတင်သွင်းခြင်းကိုခွင့်ပြုပေးသွားမည်ဖြစ်ကြောင်း ထိုင်းနိုင်ငံဘန်ကောက်မြို့ရှိ မြန်မာသံရုံး ၏ လုပ်ခလစာများ လွယ်ကူစွာ လွှဲပို့နိုင်ကြောင်း အသိပေးခြင်း၌ ထည့်သွင်း ဖော်ပြထားသည်။

 

▪️ အဆိုပါ အသိပေးချက်ကို အောက်တိုဘာ၃၁ရက်နေ့၌ထုတ်ပြန်ထားခြင်းဖြစ်သည်။

 

▪️ ထိုသို့ထုတ်ပြန်ရာတွင်  ထိုင်းနိုင်ငံတွင် အလုပ်လုပ်ကိုင်နေကြသော မြန်မာလုပ်သားများအနေဖြင့် မိမိ မိသားစုထံသို့ လုပ်ခလစာများကို ဘဏ်များမှတစ်ဆင့် လွယ်ကူစွာ လွှဲပို့နိုင်ပြီဖြစ်ကြောင်း၊ မြန်မာနိုင်ငံ‌တော်ဗဟိုဘဏ်၏ ဝက်ဆိုဒ်ဖြစ်သည့် www.cbm.gov.mm တွင် လုပ်ခလစာ ငွေလွှဲနှုန်းများ၊ ပြည်ပငွေလွှဲလုပ်ငန်းလိုင်စင်ရ (Remittance Business License – RBL) ကုမ္ပဏီစာရင်း၊ နိုင်ငံခြားသုံးငွေရောင်းဝယ်ဖောက်ကားသည့် လုပ်ငန်းလိုင်စင်ရဘဏ်များစာရင်း၊ အဆိုပါလုပ်ငန်းလိုင်စင်ရဘဏ်များနှင့် ချိတ်ဆက်ထားသော နိုင်ငံတကာမှ ငွေလွှဲနိုင်သည့်အဖွဲ့အစည်းများစာရင်းကို ဖော်ပြထားသဖြင့် ချိတ်ဆက်ပေးပို့နိုင်ပြီဖြစ်ကြောင်း သိရသည်။

 

▪️ ထို့အပြင် နိုင်ငံခြားသုံးငွေ ရောင်းဝယ်ဖောက်ကားသည့်လုပ်ငန်းလိုင်စင်ရဘဏ်များ၏ ဝက်ဆိုဒ်များတွင်လည်း လုပ်ခလစာ ငွေလွှဲနှုန်းများကို ကြည့်ရှု့နိုင်‌ ကြောင်း ၊ငွေလွှဲရာတွင် ငွေလွှဲခ/ ဘဏ်ဝန်ဆောင်ခများကို အသက်သာဆုံးသောနှုန်းထားများဖြင့် ဝန်ဆောင်မှုပေးနေကြောင်း သိရသည်။

 

▪️ မြန်မာနိုင်ငံသားများသည်  မိမိတို့ရရှိသည့် လစာငွေ၊ သို့မဟုတ် အခြားဝင်ငွေများကို မြန်မာနိုင်ငံသို့ ဘဏ်လမ်းကြောင်းမှတစ်ဆင့် ပြန်လည်လွှဲပို့ခြင်းအတွက် အထူးအစီအစဉ်အနေဖြင့် ပုံမှန်လစာရရှိသူများ (သင်္ဘောသားများအပါအဝင်) တစ်နှစ်အတွင်း  အမေရိကန် ဒေါ်လာ ၂ သိန်းနှင့်အထက် လွှဲပို့ပါက လွှဲပို့ငွေ၏ ၅ % တန်ဖိုးနှင့်  ညီမျှသော လျှပ်စစ်သုံးမော်တော်ယာဉ် တစ်နှစ်လျှင် တစ်စီးနှုန်း၊ ပုံမှန်လစာရရှိသူများမှအပ အခြားဝင်ငွေရရှိသူများ  အနေဖြင့် တစ်နှစ်အတွင်း  အမေရိကန် ဒေါ်လာ  ၅ သောင်းနှင့်အထက် လွှဲပို့ပါက လွှဲပို့ငွေ၏ ၅ % တန်ဖိုး  နှင့် ညီမျှသော လျှပ်စစ်သုံးမော်တော်ယာဉ်/လျှပ်စစ်သုံးမော်တော်ဆိုင်ကယ်  တစ်နှစ်လျှင် တစ်စီးနှုန်း တင်သွင်းနိုင်ကြောင်း သိရသည်။

 

▪️ အဆိုပါ  အကျုံးဝင်သူများအနေဖြင့် လျှပ်စစ်သုံးမော်တော်ယာဉ်/ လျှပ်စစ် သုံးမော်တော်ဆိုင်ကယ် တင်သွင်းခွင့်ပြုရာတွင် တစ်ဦးတစ်ယောက်ချင်း တင်သွင်းမှုကိုလည်းကောင်း၊ တစ်ဦးတစ်ယောက်ချင်း တင်သွင်းရန် ယာဉ်တန်ဖိုး မပြည့်မီပါက စုပေါင်း၍ တင်သွင်းမှုကိုလည်းကောင်း ခွင့်ပြုပေးမည်ဖြစ်ကြောင်း ၊ အသေးစိတ် သိရှိလိုပါက မြန်မာနိုင်ငံ၏ ဖုန်းနံပါတ် ၀၆၇ ၃၄၀၈၄၃၃ နှင့် This email address is being protected from spambots. You need JavaScript enabled to view it. သို့ ဆက်သွယ်မေးမြန်းနိုင်ကြောင်း၊ လွှဲပို့ငွေများ ဆုံးရှုံးမှုမရှိစေရန်မှာ အရေးကြီးသဖြင့် ဘဏ်များမှတစ်ဆင့် အဆင်ပြေ ချောမွေ့စွာပေးပို့နိုင်ပြီဖြစ်ကြောင်း သိရသည်။

 

#YMG/NN #Yangon_Times