CI စာအုပ်ကိုင်ဆောင်ထားပြီး အလုပ်လုပ်ကိုင်နေသူတွေကို မဟာချိုင်မှာ ဖွင့်လှစ်ထားတဲ့ TDCC ရုံးခွဲမှာ နိုင်ငံကူးလက်မှတ်လာရောက်လျှောက်ထားဖို့ လုပ်ဆောင်ပေးလျက်ရှိရာမှ စက်ရုံ အလုပ်ရုံတွေရဲ့ တင်ပြချက်အရ အခုလို mobile team နဲ့ စက်ရုံတွေအထိ သွားရောက်လုပ်ပေးဖို့ ဆောင်ရွက်ရတာဖြစ်တယ်ဆိုပါတယ်။
#Local_News
Published_ 13 February 2024
#CI စာအုပ်ကိုင်ဆောင်ထား #Mouလုပ်သား
#YMG/LW #Yangon_Times
"ချောင်းသာမှာ ကားလက်မှတ်တွေကုန်၊ ဟိုတယ်၊ တည်းခိုခန်းတွေပြည့်လျှံလို့ ရွာထဲကညအိမ်တွေမှာ တည်းခိုရတဲ့အထိ အခုပိတ်ရက်မှာစည်ကားခဲ့တယ်။ သုံးရက်ဆက်ပိတ်လို့ အခုနည်းနည်းပြန်ကျနေပြီး ကလေးများ စာမေးပွဲပြီး လကုန်ပိုင်းနဲ့ နွေရာသီကျောင်းပိတ်ချိန်မှာ ပြန်စည်မယ်" ချောင်းသာခရီးသွားလမ်းညွှန်
#Local_News
Published_ 13 February 2024
#ချောင်းသာကမ်းခြေ #ခရီးသွားသောင်းချီဝင်
#tthl #Yangon_Times
#Local_News
Published 13 February 2024
ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးမှာ ပြီးခဲ့သည့် ဇန်နဝါရီလအတွင်း ယာဉ်တိုက်မှု ၁၈ ကြိမ်ဖြစ်ပွားခဲ့ပြီး ၁၅ဦးသေဆုံးခဲ့ကြောင်း အမြန်လမ်းမကြီးရဲတပ်ဖွဲမှူးရုံးမှ သိရသည်။
အဆိုပါ ယာဉ်မတော်တဆမှုများကြောင့် သေဆုံးသူ အမျိုးသား ၉ ယောက်၊ အမျိုးသမီး ၆ ယောက် စုစုပေါင်း ၁၅ ယောက်နှင့် ထိခိုက်ဒဏ်ရာရရှိသူ အမျိုးသား ၂၄ ယောက်၊ အမျိုးသမီး ၁၃ ယောက် စုစုပေါင်း ၃၇ ယောက်ရှိခဲ့ကြောင်းသိရသည်။
ထိုယာဉ်မတော်တဆမှုများမှာ အရှိန်ပြင်း၊ အိပ်ငိုက်၊ လမ်းကူးသူ ပေါ့ဆမှု၊ ဆိုင်ကယ်ပေါ့ဆမှုနှင့် မဆင်မခြင်မောင်းနှင်မှု စုစုပေါင်း ၁၃ မှုနှင့် ဘီးပေါက်မှု ၅ မှုရှိခဲ့ပြီး ဆုံးရှုးမှုတန်ဖိုး ငွေကျပ် သိန်း ၅၀၀ ကျော် ရှိခဲ့ကြောင်း သိရသည်။
ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးတွင် သတ်မှတ်အရှိန်နှုန်းထက် ပိုမိုမောင်းနှင်သည့်ယာဉ်များကို အမြန်လမ်းမကြီး ရဲတပ်ဖွဲ့မှ အရေးယူမှုများ ပြုလုပ်နေကြောင်း သိရသည်။
#Local_News #ယာဉ်တိုက်မှုပေါင်း၁၈ ကြိမ် #၁၅ဦးသေဆုံး #YMG/ NN #Yangon-Times
မိုးနှမ်းက ရာသီကုန်ချိန်လွန်နေပြီ ဒါပေမယ့်အရှေ့လတွေမှာက နှမ်းဈေးကမရတော့ ကုန်သိုလှောင်နိုင်တဲ့ တောင်သူကြီးတွေက ထုတ်မရောင်းကျဘူး အခုနှမ်းဈေးက ပြန်တတ်လာတော့ မိုးနှမ်းရာသီကုန်ချိန် ဖြစ်ပေမယ့် တစ်နေ့ကို တင်း ၅၀၀ ကနေ ၁၀၀၀ကြား လာရောင်းကျတယ်။
#Local_News
Published_ 13 February 2024
#မိုးနှမ်းရာသီကုန်ချိန် #နှမ်းဈေးပြန်မြင့်လာ
#YMG/LW #Yangon_Times
#Local_News
Published-13 February 2024
၁၀လတာအတွင်း တရုတ်နိုင်ငံသို့ မြန်မာ့ တစ်သျှူးငှက်ပျော တန်ချိန် ၄ သိန်းကျော် တင်ပို့ထားကြောင်း ကချင်ပြည်နယ် စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်၊ ဧပြီလမှ ဇန်နဝါရီလကုန်အထိ ကံပိုင်တည်နဲ့ လွယ်ဂျယ်နယ်စပ် ကုန်သွယ်ရေးဂိတ်တွေကနေ တရုတ်နိုင်ငံထံ တစ်သျှူးငှက်ပျောတန်ချိန် ၄၀၂,၁၉၁ နီးပါး တင်ပို့ထားခြင်းဖြစ်ကြောင်း သိရသည်။
ယခုဘဏ္ဍာနှစ် ၁၀ လအတွင်း ကုန်တင်ယာဉ် ၁၂၃၄၈ စီးဖြင့် တန်ချိန် ၄၀၂,၁၉၁ တင်ပို့ထားရာယခင်နှစ်ကထက်ပိုမိုတင်ပို့နိုင်ခဲ့ကြောင်း၊ ကချင်ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာန၌ လက်တလောတွင် တရုတ်နိုင်ငံသို့ တစ်သျှူးငှက်ပျောတင်ပို့ရန် မှတ်ပုံတင်ထားသည့် ကုမ္ပဏီ ၃၂ ခုရှိနေပြီး ဧက ၅၀,၀၀၀ ကျော် စိုက်ပျိုးထားကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် တစ်သျှူးငှက်ပျောကို ပြည်တွင်းစားသုံးမှုမရှိဘဲ ပြည်ပကို တင်ပို့ရောင်းချရန်အတွက်သာ ရည်ရွယ်စိုက်ပျိုးကြပြီးပြည်တွင်း၌ ကြိုက်နှစ်သက်မှုနည်းပါးကြောင်း သိရသည်။
တစ်သျှူးငှက်ပျောကို ကချင်ပြည်နယ်၌ မိုးမောက်၊ မံစီ၊ ရွှေကူနှင့် စစ်ကိုင်းတိုင်းဒေသကြီးရှိ ငါးအိုးမြို့နယ်တို့မှာ အများဆုံးစိုက်ပျိုးကြကြောင်း သိရသည်။
#Local_News #မြန်မာ့တစ်သျှူးငှက်ပျော #တရုတ်နိုင်ငံသို့တန်ချိန်၄သိန်းကျော်တင်ပို့ #YMG/ NN #Yangon-Times
စိုက်တဲ့အချိန်စက်သုံးဆီစျေးကသိကအောက်ဖြစ်လို့ အများကြီးမတိုးဘူး၊ ဒါပေမယ့် စပါးဈေးကောင်းခဲ့တော့အထွက်တိုးစပါးတွေစိုက်လာကြပြီး လုံ့လစိုက်ကြတယ်၊ ဂရုစိုက်တဲ့ကွင်းတွေဆိုရင် မနှစ်ကထဲကမှော်ဘီ၃ တို့ GW11တို့စပါးမျိုးတွေဆိုရင် တစ်ဧကတင်း(၂၀၀) ဝန်းကျင်ထွက်တဲ့ ကွင်းတွေတောင်ရှိခဲ့တယ်။
#Local_News
Published_ 13 February 2024
#နွေစပါးစိုက်ရာသီ #အထွက်တိုးစပါး
#YMG/NN #Yangon_Times
#Local_News
Published 13 February 2024
ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာတောင်ညွန့်မြို့နယ် ဦးအောင်မြတ်လမ်းနှင့် ကန်ရိပ်သာလမ်းထောင့်၊ အမှတ် ၂၃ ESPERADO ဟိုတယ် ပိုင်ရှင်၏ဇနီးဖြစ်သူအသတ်ခံရမှုဖြစ်ပွားခဲ့ကြောင်း လုံခြုံရေးအဖွဲ့နင့်နီးစပ်သူထံက သိရသည်။
အဆိုပါ ဟိုတယ်၏ သုံးလွှာရှိအခန်းအမှတ် ၃၀၀၃ တွင် ဖေဖော်ဝါရီလ ၁၃ ရက်နံနက် ၈း၃၀ နာရီအချိန်၌ ဟိုတယ်ပိုင်ရှင် ဦးအောင်ဇော်ဝင်း၏ဇနီးဖြစ်သူဒေါ်သန်းသန်းဦး (ခေါ်) မာရီယမ်သည် အခန်းအတွင်းကျောပြင်တွင် ဓါးဒဏ်ရာငါးချက်ဖြင့် သေဆုံးနေကြောင်း သိရသည်။
"CCTV မှတ်တမ်းကိုစစ်ဆေးပြီးတဲ့ရလာဒ်အရ လွန်ခဲ့တဲ့ ၃ လ ကျော်က အလုပ်ထုတ်လိုက်တဲ့ တစ်ယောက် မကျေနပ်လို့ လုပ်သွားတယ်လို့ ကောက်ချက်ချထားကြပါတယ်" ဟု လုံခြုံရေးအဖွဲ့နှင့်နီးစပ်သူက YMG ကို ပြောသည်။
သေဆုံးသူ၏သားမှ မိခင်ဖြစ်သူအခန်းတွင်းမှ ထွက်မလာသဖြင့် သားဖြစ်သူကောင်းမြတ် ဇော်ကဖုန်းခေါ်ရာ မကိုင်သဖြင့် မာစတာကီးဖြင့် အခန်းကိုဖွင့်ရာအခန်းအတွင်း မိခင်ဖြစ်သူမှာဓါးဒဏ်ရာများဖြ င့်ကြမ်းပြင်တွင် လဲကျသေဆုံးနေသည်ကိုတွေ့ရခြင်းဖြစ်ကြောင်း သိရသည်။
#Local_News ##ESPERADOဟိုတယ် #ဇနီးဖြစ်သူအသတ်ခံရ #YMG/PP #Yangon_Times
Page 712 of 2119