၁၅ ဖေဖော်ဝါရီ ၂၀၂၄
ပြည်သူ့စစ်မှုထမ်းဥပဒေနှင့်ပတ်သက်၍ သိလိုသည်များကိုမေးမြန်းနိုင်မည့် ဖုန်းနံပါတ်များကို ပြည်သူ့စစ်မှုထမ်း ဆင့်ခေါ်ရေး ဗဟိုအဖွဲ့က ထုတ်ပြန်ကြေညာခဲ့ပါတယ်။
ကြေညာချက်အပြည့်အစုံကို မူရင်းအတိုင်းအောက်တွင်ဖော်ပြအပ်ပါတယ်။
ပြည်သူ့စစ်မှုထမ်းဥပဒေနှင့်စပ်လျဉ်း၍ စုံစမ်းမေးမြန်းနိုင်
ပြည်သူ့စစ်မှုထမ်းဥပဒေနှင့်စပ်လျဉ်း၍ မဟုတ်မမှန်ဝါဒဖြန့်ချိမှုများနှင့် ကောလာဟလ သတင်းများကြောင့် ပြည်သူများ ထင်ယောင်ထင်မှားမဖြစ်စေရန်အတွက် ပြည်သူများအနေဖြင့် ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိရှိလိုသည့် အချက်များကို ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေး ဗဟို အဖွဲ့၏ အောက်ပါဖုန်းနံပါတ်များသို့ ရုံးချိန်အတွင်း စုံစမ်းမေးမြန်းနိုင်ပါသည်-
(၁) ၀၆၇-၃၄၀၄၉၁၁
(၂) ၀၆၇-၃၄၀၄၉၂၂
(၃) ၀၆၇-၃၄၀၄၉၃၃
(၄) ဝ၆၇-၃၄၀၄၉၄၄
(၅) ဝ၆၇-၃၄၀၄၉၅၅
စုံစမ်းမေးမြန်းခြင်းမဟုတ်ဘဲ အနှောင့်အယှက်ပေးဆက်သွယ်လာသည့် တယ်လီဖုန်း
နံပါတ်များကို မှတ်တမ်းတင်ကာ ယင်းဖုန်းဆင်းကဒ်များကို ပိတ်သိမ်းသွားမည်ဖြစ်ကြောင်း အသိ ပေးအပ်ပါသည်။
#Local_News
#Published_ 15 February 2024
#YMG_News #Yangon_Times #Yangon_Media_Group
၁၄ ဖေဖော်ဝါရီ ၂၀၂၄
ပြည်သူ့စစ်မှုထမ်းဥပဒေ၊ အရန်တပ်ဖွဲ့ဥပဒေနှင့်ပတ်သက်၍ အမျိုးမျိုးထွက်ပေါ်နေသည့် ကောလာဟလ သတင်း များနှင့် ပတ်သက်၍ နစကသတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ် ဇော်မင်းထွန်းက ယနေ့ ဖေဖော်ဝါရီ ၁၄ရက်တွင် ပြန်လည်တုန့်ပြန်ပြောကြားခဲ့ပါတယ်။
အဆိုပါတုန့်ပြန်ပြောကြားချက်အပြည့်အစုံကိုဖော်ပြပေးအပ်ပါတယ်။
@ymg/knl
#Daily_News
Published_ 14 February 2024
၁။ နဂါးနှစ်ကောင်ဆရာတော်ကြီး၏ အန္တိမဈာပနအတွက် ဟင်္သာလောင်တိုက်ပြင်ဆင်ထားပြီဖြစ်
၂။ ဂေါ်ဖီပန်းပွင့်တစ်ပွင့်လျှင် ကျပ်၁၀၀အထိ ဈေးကျဆင်းနေ၍ နွားစာအဖြစ် ဝယ်ယူအသုံးပြုနေကြပြီး တောင်သူများအရှုံးပေါ်နေ
၃။ မိုးယွန်းကြီးအင်းဘေးမဲ့တောသို့ လာရောက်အပန်းဖြေသူ ယခင်ထက်နှစ်ဆများလာပေမယ့် ငှက်ကြည့်ရန် လာရောက်သူ အလွန်နည်းနေဟုဆို
၄။ ဘကီနာဖာဆို၏ တိုင်းပြည်လုံခြုံရေးမြှင့်တင်ပေးရန် ရုရှားတပ်သားများရောက်ရှိလာ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Times #Daily_News #YMG_News #Yangon_Media_Group
#Local_News
Published 14 February 2024
ပြည်သူ့စစ်မှုထမ်းဥပဒေအရ လိုအပ်သောပြင်ဆင်ဖွဲ့စည်းမှုများ ဆောင်ရွက်ပြီးလျှင် သင်တန်းအမှတ်စဉ် တစ်ခုလျှင် စစ်မှုထမ်းရန် အကျုံးဝင်သူ အင်အား ၅၀၀၀ နှုန်းဖြင့် လစဉ်ခေါ်ယူသွားမည် ဖြစ်ကြောင်း ပြည်သူ့စစ်မှုထမ်းဥပဒေပြဌာန်းမှုနှင့် ပက်သက်ပြီး ပြည်တွင်းသတင်းမီဒီယာတစ်ခု၏ မေးမြန်းချက်အပေါ် သတင်းထုတ်ပြန်ရေးအဖွဲ့ထံမှ ပြန်လည်ဖြေကြားထားသည်။
သတင်းထုတ်ပြန်ရေးအဖွဲ့၏ ဖြေကြားမှုတွင် သင်တန်း အမှတ်စဉ် တစ်ခုလျှင် အင်အား၅၀၀၀ဖြင့်လစဉ်ခေါ်ယူသွားမည်ဖြစ်သည့်အတွက် တစ်နှစ်လျှင် အင်အား ၆၀၀၀၀ နှုန်းလျာထား စီမံထားကြောင်း သိရသည်။
သင်တန်းပေးရာ တွင်စစ်မှုထမ်းဆောင်ရန်အကျုံးဝင်သော အမျိုးသားများကို အမှတ်စဉ် ၁ မှစတင်ခေါ်ယူမည် ဖြစ်သော်လည်း အကျုံးဝင်သော အမျိုးသမီးများကို သင်တန်းအမှတ်စဉ် ၅ မှသာ ခေါ်ယူရန် လျာထားကြောင်း သိရသည်။
သင်တန်းသားများ အနေဖြင့် သင်တန်းတတ်ရောက်စဉ်ကာလနှင့်သင်တန်းပြီးဆုံးပြီး တာဝန်ထမ်းဆောင်စဉ်ကာလ များ တွင် လစာစာရိတ် ရိက္ခာနှင့်အခြားခံစားခွင့်များကို လက်ရှိတာဝန်ထမ်းဆောင်နေသောစစ်မှုထမ်းများ အတိုင်း အပြည့်အဝခံစားခွင့်ရရှိမည်ဖြစ်ကြောင်း သိရသည်။
ပြည်သူ့စစ်မှုထမ်းဥပဒေသည် နိုင်ငံသားအားလုံးနှင့်သက်ဆိုင်သည့် ဖြစ်သည့်အတွက် ဥပဒေကို ရှောင်ရှားပြီး အခြားလက်နက်ကိုင်အဖွဲ့ထဲသို့ ဝင်ရောက်ပါက တည်ဆဲဥပဒေအတိုင်း အရေးယူခံရမည်ဖြစ်ကြောင်း သိရသည်။
ပြည်ပနိုင်ငံများတွင် ကျောင်းတတ်နေသူများ အလုပ်လုပ်ကိုင်နေသူများအနေဖြင့် ပြည်သူ့စစ်မှုထမ်းဥပဒေ ပုဒ်မ၁၅ က တွင် ပါသည့်အတိုင်း ယာယီရွှေ့ဆိုင်းနိုင်ပြီး ပညာသင်ကြားမှုပြီးဆုံးချိန်နှင့် လုပ်ငန်းများဆောင်ရွက်ပြီးချိန် တွင် ပုဒ်မ ၁၅ ခ အရကာကွယ်ရေးတာဝန်အတွက် သတ်မှတ်ကာလ ပြီးဆုံးသည်အထိ စစ်မှုထမ်းရမည်ဖြစ်ကြောင်း ဖြေကြားထားသည်။
#YMG/LW #Yangon_Times
#Local_News
Published_ 14 February 2024
ယခုဘဏ္ဍာနှစ်ဆယ်လကျော်အတွင်း မြန်မာ့သတ္ထုတွင်းထွက်ပစ္စည်း ပြည်ပတင်ပို့မှုမှ ကန်ဒေါ်လာ သန်း ၂၃၀ ကျော်ရရှိထားပြီး ပုဂ္ဂလိကပိုင်မှ ပိုမိုတင်ပို့ထားကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ စာရင်းများအရ သိရသည်။
၂၀၂၃ ခုနှစ် ဧပြီလ၁ရက်မှ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ (၂) ရက်အထိ ဆယ်လကျော်ကာလအတွင်း ပြည်ပနိုင်ငံများသို့ မြန်မာ့သတ္ထုတွင်းထွက်ပစ္စည်းများတင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၂၃၃ ဒသမ ၁၉၇ သန်းရရှိခဲ့ခြင်းဖြစ်သည်။
ပြည်ပနိုင်ငံများသို့ တင်ပို့ရောင်းချလျက်ရှိသည့် မြန်မာ့သတ္ထုတွင်းထွက်ပစ္စည်းများမှာ ကျောက်စိမ်း၊ စိန်၊ ရွှေ၊ ပုလဲ၊ ခဲ၊ ခဲမဖြူ၊ အဖြိုက်နက်၊ ကြေးနီ၊ ငွေ၊ ကျောက်မီးသွေး၊ သွပ်နှင့် အခြားတွင်းထွက်သတ္ထုများပါဝင်လေ့ရှိပြီး နိုင်ငံပိုင်နှင့် ပုဂ္ဂလိကပိုင်ကဏ္ဍများမှတဆင့် တင်ပို့ရောင်းချလေ့ရှိကြောင်း သိရသည်။
ထိုသို့တင်ပို့ရောင်းချရာတွင် ယခုဘဏ္ဍာနှစ်အတွင်း မြန်မာ့သတ္ထုတွင်းထွက်ပစ္စည်းများကို ပြည်ပနိုင်ငံများသို့ ပုဂ္ဂလိကပိုင် တင်ပို့ရောင်းချမှုမှ ကန်ဒေါ်လာသန်း ၂၀၀ ကျော်ရရှိထားပြီး နိုင်ငံပိုင်တင်ပို့ရောင်းချမှုမှ ကန်ဒေါ် လာသန်း ၃၂ သန်းကျော်ရရှိထားခြင်း ဖြစ်ကြောင်း သိရသည်။
#Local_News #မြန်မာ့သတ္ထုတွင်းထွက်ပစ္စည်း #ကန်ဒေါ်လာသန်း၂၃၀ ကျော်ရရှိ #YMG/ NN #Yangon-Times
'ကမ္ဘာ့နိုင်ငံရေးအပြောင်းအလဲကြောင့် ကမ္ဘာ့ရွှေအလှုပ်အခတ်ဖြစ်နေတယ်။ စိန်ဂယက်ကြောင့်အခေါက် ရွှေကိုင်သူများလာတယ်၊ ရွှေကိုလည်း စီးပွားဖြစ်လုပ်လာသူများလာတယ်၊ တက်ရင်ရောင်း၊ ကျရင်ဝယ်တဲ့ လှိုင်းလေးကိုလိုက်စီးသူများလာတယ်၊ လှိုင်းလေးတွေကို နားမလည်ရင်မကျွမ်းကျင်ရင် မစီးဖို့လိုတယ်၊ ဈေးတည်ငြိမ်တဲ့အချိန်မှ ဝယ်ပါ'
#Local_News
Published_ 14 February 2024
#ကျပ်ခြောက်သောင်းခန့်အထိကျဆင်း #မြန်မာ့ရွှေဈေးမတည်မငြိမ်ဖြစ်နေ
#YMG/NN #Yangon_Times
#Local_News
Published_ 14 February 2024
ပြီးခဲ့သည့် ပြည်ထောင်စုနေ့ရုံးပိတ်ရက်ကာလအတွင်း ပုဂံဒေသသို့ ဘုရားဖူးများလာရောက်သူများပြားခဲ့သည့်အတွက် ဒေသခံနှင့် ဘုရားဖူးဝန်ဆောင်မှုလုပ်ငန်းလုပ်ကိုင်သူများ အဆင်ပြေကြောင်း သိရသည်။
'ဒီပြီးခဲ့တဲ့ပိတ်ရက်ကလာတဲ့ သူများတယ် ဟိုတယ်တွေလည်းပြည့်ကြတယ်၊ သိန်းကျော်ရှိတယ်လာကြတာ၊ ဘုရားဖူးများတော့ ဘာပဲပြောပြောကျွန်တော်တို့လို ခရီးသွားကိုမှီခိုလုပ်ကိုင်သူတွေ အဆင်ပြေတယ်၊ ဒေသခံအများစုဒါပဲလုပ်ကြတာကိုး၊ ဒီပိတ်ရက်ကသုံးရက်ဆက်တော့ အလာများတယ်ပေါ့၊ ကျွန်တော်တို့က လှမ်းချိတ်ဆက်ရင် ဟိုတယ်၊တည်းခိုခန်းစီစဉ်ပေးတယ်၊ လာရင်ကြိုတယ်၊ လိုက်ပို့တယ် ဓာတ်ပုံလေးတွေပါရိုက်ပေးတာ' ဟု ခရီးသွားဝန်ဆောင်မှုလုပ်ငန်းလုပ်ကိုင်သူတစ်ဦးက ပြောသည်။
ဖေဖော်ဝါရီလ ၁၀ ရက်မှ ၁၂ ရက် အထိ ရုံး၊ ကျောင်းများ သုံးရက် ဆက်တိုက်ပိတ်ခဲ့သည့်အတွက် ပုဂံညောင်ဦးဒေသရှိ ဟိုတယ်၊ မိုတယ်များနှင့် တည်းခိုခန်းများ၌လည်း အခန်းပြည့်သည်အထိ လာရောက်သူများပြားခဲ့ပြီး ဘုရားဖူးဧည့်သည် တစ်သိန်းနှစ်သောင်းကျော်အထိ လာရောက်ခဲ့ကြောင်း သိရသည်။
ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေရှိ ရွှေစည်းခုံစေတီ၊ လောကနန္ဒာ စွယ်တော်မြတ်စေတီ၊ ထီးလို မင်းလို၊ အလိုတော်ပြည့်၊ အာနန္ဒာ၊ ဗူးဘုရား၊ ဓမ္မရံကြီး၊ သဗ္ဗညု၊ ကန်တော့ပလ္လင် စသည့် ဘုရားပုထိုးများတွင် ဘုရားဖူးလာရောက်သူ များပြားလေ့ရှိကြောင်းသိရသည်။
အလားတူ ချောင်းသာ၊ ငွေဆောင်စသည့်ကမ်းခြေဒေသများအပြင် ကျိုက်ထီးရိုးစေတီတော်၌လည်း စံချိန်တင်ဘုရားဖူးမြင့်တက်ခဲ့ကြောင်း သိရသည်။
#Local_News #ပုဂံသို့ဘုရားလာရောက်ဖူးမျှော်သူများပြား #YMG/NN #Yangon_Times
Page 709 of 2119