Published 3 January 2024
အဝတ်အထည်ရောင်းချသော Online Page တစ်ခုမှ Live လွှင့်ရောင်းချပြီးပစ္စည်း မပို့ပေးသည့်အပေါ် တိုင်ကြားမှုတစ်ခု ဖြစ်ပွားခဲ့ကြောင်း စားသုံးသူရေး ရာ ဦးစီးဌာန၏ ယမန်နေ့ ဇန်နဝါရီ(၂) အသိပေးထုတ်ပြန်ချက်အရ သိရသည်။
မကွေးမြို့ရှိ ပိုးထည်ချည်ထည် အမျိုးမျိုးရောင်းဝယ်ရေး Online Page Live မှ ပါတိတ်ထမီ (၁၀) ကွင်းအား ကျသင့်ငွေ ကျပ်(၂၈,၄၀ဝ)၊ ပို့ဆောင်ခ ကျပ် (၁,၀၀ဝ)၊ စုစုပေါင်းကျသင့်ငွေ ကျပ်(၂၉,၄၀ဝ)အား K-Pay ဖြင့် ငွေလွှဲ၍ ဝယ်ယူခဲ့သည်ဟုဆိုသည်။
သို့သော် မှာယူပြီး သုံးပါတ်ကြာသည်အထိ အထည်များပေးပို့လာခြင်းမရှိသဖြင့် ဆက်သွယ်ပြောကြားခဲ့ရာတွင် ရိုင်းစိုင်းစွာပြောဆိုပြီး Account အား block သွားပါသဖြင့် Consumer Call Center 1535 သို့ တိုင်ကြားလာကြောင်း သိရသည်။
ထို့ကြောင့် စားသုံးသူရေးရာဦးစီးဌာန ကတိုင်ကြားမှုအတွက် စားသုံးသူကာကွယ် ရေးဥပဒေအရ စားသုံးသူထိခိုက် နစ်နာမှုရှိ/မရှိ စိစစ်ခဲ့ပြီး တိုင်ကြားသူဝယ်ယူခဲ့သည့် Online Page တွင် ဖော်ပြထားသော ဖုန်းနံပါတ်ကို အကြိမ်ကြိမ်ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်၍မရသဖြင့် ၎င်း၏ Page Chat Box မှတဆင့် ဖြေရှင်းဆောင်ရွက်ပေးရန် ကနဦး ညှိနှိုင်းပေးခဲ့ရသည်ဟုဆိုသည်။
၎င်း Page မှ အထည်ဝယ်ယူခဲ့သူကိုယ်တိုင် ဆက်သွယ်ပေးပါရန် ပြောကြားလာသဖြင့် တိုင်ကြားသူအား ဆက်သွယ်စေခဲ့ပါသည်ဟုဆိုသည်။
ထို့နောကိ တိုင်ကြားသူ၏ K-Pay Account ထဲသို့ ပါတိတ် ထမီ(၁၀) ကွင်း ဝယ်ယူခဲ့သည့် ကျသင့်ငွေကျပ် (၂၉,၄၀ဝ)အား ပြန်လည်လွှဲပြောင်းပေးပို့ပြီးဖြစ်ကြောင်း ပိုးထည်ချည်ထည်ရောင်းဝယ်ရေး Page Message မှ ဌာနသို့ ပေးပို့လာကြောင်း သိရသည်။
ဌာနအနေဖြင့် တိုင်ကြားသူအား လျော် ကြေးငွေ ရရှိခြင်း ရှိ/မရှိမေးမြန်းရာ လျော်ကြေးငွေ ပြန်လည်ရရှိပြီးဖြစ် ကြောင်း၊ မကွေးတိုင်းစားသုံးသူရေးရာဦးစီး ဌာန၏ ဖြေရှင်းဆောင်ရွက်ပေးမှုအပေါ် စိတ်ကျေနပ်မှုရရှိသဖြင့် တိုင်းဒေသကြီးဦးစီးမှူးရုံး သို့လာရောက်၍ ကြေအေးလွှာတွင် လက်မှတ်ရေးထိုးပြီး အမှုအားပိတ်သိမ်းခဲ့သည်ဟု အသိပေးထုတ်ပြန်ချက်တွင်ရေးသားဖော်ပြထားသည်။
Yangon Times/LW
#Local_News
#Published_ 03 January 2024
#YMG #Yangon_Times #YMG_News #Yangon_Media_Group
3 January 2024
တောင်ကြီး၊စဝ်စံထွန်းဆေးရုံကြီးတွင် (၅)ဆေးကုသဆောင်အသစ်နှင့်(၄)ထပ်သင်ကြားရေးစာသင်ဆောင်သစ်များဖွင့်လှစ်ခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှသိရသည်။
(၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့်ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။
ယခုဖွင့်လှစ်သည့် စဝ်စံထွန်းပြည်သူ့ဆေးရုံကြီး (၅)ထပ် ကုသဆောင်သစ်ကို နိုင်ငံတော်၏ ခွင့်ပြုရန်ပုံငွေကျပ် ၂ဒသမ၅ ဘီလီယံကျော် (၂၅၉၂ဒသမ၅ ကျပ်သန်း) အကုန်ကျခံ၍ တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး အရေးပေါ်ကုသမှုဌာနနှင့် စာသင်ခန်းမ၊ ဓာတ်မှန်ဌာန၊ အရိုးကုသဆောင်၊ အစာအိမ်အူလမ်းကြောင်း မှန်ပြောင်းကြည့်ရှုမည့် (Endoscopy) အခန်းနှင့် ခွဲစိတ်ကုသဆောင်၊ အထူးကြပ်မတ်ကုသဆောင်၊ စာသင်ခန်းများ၊ ခွဲစိတ်ခန်း (၅)ခန်းတို့ပါဝင်ကာ လူနာခုတင်အသစ်များ၊ ခွဲစိတ်ခန်း၊ အထူးကြပ်မတ်ကုသခန်း၊ အရေးပေါ်ဌာနတို့အတွက် လိုအပ်သည့် ဆေးရုံသုံးစက်ပစ္စည်း ကိရိယာများကို ဖြည့်ဆည်း တပ်ဆင်ပေးထားသည်။
ဆေးတက္ကသိုလ်-တောင်ကြီး (၄)ထပ် စာသင်ဆောင်သစ်ကို စုစုပေါင်းကုန်ကျငွေ ကျပ်သန်းပေါင်း (၁၄၀၃)သန်းကို အသုံးပြုကာ တည်ဆောက်ခဲ့ခြင်းပြီး ဆေးတက္ကသိုလ်-တောင်ကြီးတွင် (၂၀၂၄) ပညာသင်နှစ်အတွက် ဆေးပညာမဟာသိပ္ပံဘွဲ့လွန် သင်တန်းကို စတင်ဖွင့်လှစ်နိုင်ပြီ ဖြစ်ကြောင်း သိရသည်။
အဆိုပါဆေးကုသဆောင်နှင့်သင်ကြားရေးဆောင် ဖွင့်ပွဲအခမ်းအနားသို့ ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ပါမောက္ခ ဒေါက်တာ သက်ခိုင်ဝင်း၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေး၊ ပြည်နယ်တရားသူကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ အဖွဲ့ဝင်ဝန်ကြီးများ၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး၊ ဌာနဆိုင်ရာအသီးသီးမှ ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ ကျန်းမာရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူး ချုပ်များ၊ ပါမောက္ခချုပ်၊ ဆေးရုံအုပ်ကြီးများ၊ ပါမောက္ခ/ အထူးကုဆရာဝန်ကြီးများ၊ သင်ကြားရေးဆိုင်ရာ ဆရာ/ဆရာမများ၊ ကျန်းမာရေးဝန်ထမ်းများနှင့် ဆေးကျောင်းသား/ ကျောင်းသူများ တက်ရောက်ကြကြောင်းသိရသည်။
Yangon Times/tthl
#Local_News
#Published_ 03 January 2024
#YMG #Yangon_Times #YMG_News #Yangon_Media_Group
Published_ 03 January 2024
ကရင်ပြည်နယ် ထို့ကော်ကိုး-မြ၀တီ လမ်းကို ကုန်စည်ပို့ဆောင်ပေးနေသည့် ကုန်တင်ကားများအနက် ၁၀ ဘီး/ ၁၂ ဘီးနှင့်တွဲကားများကို လမ်းပိုင်းအခြေအနေအရ ဇန်နဝါရီ ၁ ရက်မှစတင်၍ ဖြတ်သန်းသွားလာခွင့် မပေးတော့ကြောင်း မြ၀တီသို့ ယာဉ်လိုင်းပြေးဆွဲနေသူများထံက သိရသည်။
မြဝတီ-ကော့ကရိတ်သွား အာရှလမ်းမကြီးအား တိုက်ပွဲဖြစ်ပွားနေမှုကြောင့် ဖြတ်သန်းသွားလာခွင့် ပိတ်ထားသဖြင့် လက်ရှိအချိန်၌ ခရီးသွားများမှာ ထို့ကော်ကိုး-မြဝတီလမ်းပိုင်းကိုသာ အသုံးပြုသွားလာရလျက်ရှိသည်။
ထိုသို့ အသုံးပြုသွားလာရာ၌ ကုန်စည်ပို့ဆောင်ပေးနေသည့် ကုန်တင်ကားများအနက် ၁၀ ဘီး/ ၁၂ ဘီးနှင့်တွဲကားများကို လမ်းပိုင်းအခြေအနေအရ ယမန်နေ့ ဇန်နဝါရီ ၁ ရက်မှစတင်၍ ဖြတ်သန်း သွားလာခွင့် ပိတ်ပင်ခဲ့ကြောင်း သိရသည်။
ထို့ကော်ကိုး-ကျော်ခိုလမ်းအား ၁၀ဘီး၊၁၂ဘီးနှင့် တွဲယာဉ်များ ဖြတ်သန်းသွားလာခွင့် မပြုရခြင်းမှာ တည်ဆောက်ဆဲ ဖြစ်သည့် လမ်းတံတားတို့တွင် ကားကြီးများ ဖြတ်သန်းသွားလာရန် ခံနိုင်ဝန် အားနည်းနေသဖြင့် ဖြတ်သန်း သွားလာသူများ အန္တရာယ် မဖြစ်စေရန်အတွက် သွားလာခွင့် မပေးခြင်းဖြစ်ကြောင်း သိရသည်။
၂၀၂၃ခုနှစ် ဒီဇင်ဘာ ၁ရက်က မြ၀တီ-ကော့ကရိတ် အာရှ လမ်းပေါ် တိုက်ပွဲ များ ဖြစ်ပွားခဲ့ ပြီးနောက်ပိုင်းတွင် မြ၀တီသို့ သွားရာ တွင် အာရှ လမ်းကို အသုံးပြုမရတော့ဘဲ ထို့ကော်ကိုး လမ်းကိုသာ အဓိက သွားလာ ပြီး ကုန်စည် ကူးသန်းနေရ ကြောင်း သိရသည်။
ထို့ပြင် ထို့ကော်ကိုး-မြဝတီလမ်းပိုင်းဖြတ်သန်းသွားလာခွင့်ပြုထားသည့် မော်တော်ယာဉ်များ၏ ယာဉ်ဖြတ်သန်းခကိုလည်း ဇန်နဝါရီ ၁ ရက်မှစတင်ကာ တိုးမြှင့်ကောက်ခံလျက် ရှိကြောင်းသိရသည်။
Yangon Times/LW
#Local_News
#Published_ 03 January 2024
#YMG #Yangon_Times #YMG_News #Yangon_Media_Group
' ကားမူဝါဒချတာက အရင်ပုံစံအတိုင်းပဲဆိုတော့ သိပ်တော့ဘာမှထူးခြားတာမရှိဘူး၊ ဘာလို့လဲဆိုတော့ တင်သွင်းခွင့်မှ မရတော့တာလေ၊ အခုကEVကားတစ်ခုပဲ တင်သွင်းခွင့်ပြုထားတာ SKD,CKDကလည်း အခုက ထုတ်လုပ်ခွင့်ချတော့ချထားတယ်၊ တစ်စီးမှ ထွက်မလာဘူးလေ၊ အဲ့တာလေးတွေထွက်လာမယ်ဆိုရင် ဈေးကွက်လေးတွေပြန်ကျမယ့်သဘောမှာ ရှိတာပေါ့ '
Yangon Times/NN
#Local_News
#Published_ 03 January 2024
#YMG #Yangon_Times #YMG_News #Yangon_Media_Group
၂၀၂၃ခုနှစ် ဒီဇင်ဘာ ၆ ရက်က ထုတ်ပြန်သည့် ပို့ကုန်/သွင်းကုန်နဲ့ပတ်သက်တဲ့ ဖြေလျှော့တဲ့မူဝါဒအရ ပို့ကုန်၀င်ငွေရရှိမှုအပေါ် ဗဟိုဘဏ်၏ သတ်မှတ်နှုန်းထားဖြင့် ၅၀ ရာနှုန်းကို ကျပ်ငွေလဲလှယ်ရမယ့် အစား ၃၅ ရာနှုန်းသို့ ဖြေလျှော့ပေးလိုက်တဲ့အတွက် ပို့ကုန်ဈေးကွက် လှုပ်ရှားလာကာ ပြောင်းဈေးကောင်းလာနိုင်မယ့် အခြေနေရှိတယ်လို့ ဆိုပါတယ်။
Yangon Times/LW
#Local_News
#Published_ 03 January 2024
#YMG #Yangon_Times #YMG_News #Yangon_Media_Group
ရှမ်းနဲ့ကယားမှာ ရွာသွန်းမြဲထက် မိုးပိုရွာမှာဖြစ်ပြီး စစ်ကိုင်းအထက်ပိုင်း၊ ကချင်၊ ရှမ်း၊ ချင်းနှင့် မွန်တို့မှာ မြူပိုကျဖို့ရှိတယ်။ နေပြည်တော်၊ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ မကွေး၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ ကချင်၊ ရှမ်းနှင့် ချင်းတို့မှာ ညအပူချိန်တွေ အနည်းငယ် လျော့နည်းနိုင်တယ်။ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန
Yangon Times/tthl
#Local_News
#Published_ 03 January 2024
#YMG #Yangon_Times #YMG_News #Yangon_Media_Group
Published_ 03 January 2024
မကွေးတိုင်းဒေသကြီး အတွင်း ရှိ လည်ပတ်နိုင်မည့် ခရီးစဉ်ဒေသ များနှင့် ဖွင့်လှစ်ထားသည့်ဟိုတယ် တည်းခိုရိပ်သာ နှင့် စားသောက်ဆိုင် များ စာရင်း ကို ဟိုတယ်နှင့်ခရီးသွာလာရေးဝန်ကြီးဌာနကနေ အသိပေးထုတ်ပြန်ထားကြောင်း သိရသည်။
ထုတ်ပြန်သည့် စာရင်း တွင် ခရီးစဉ် ဒေသ ၁၃ ခုနှင့် ဟိုတယ် တည်းခိုရိပ်သာ ၆၀ကျော် စာရင်းတို့ကို ဇန်န၀ါရီလ ၂ ရက်က ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန လူမှုကွန်ယက် စာမျက်နှာတွင် ဖေါ်ပြထားကြောင်း သိရသည်။
ပြည်တွင်းပြည်ပ ခရီးသွားများ အတွက် မကွေးတိုင်း အတွင်းလည်ပတ်နိုင်မည့် ခရီးစဉ်ဒေသ ၁၃ခု မှာ မကွေးမြသလွန်စေတီ ၊ မကွေးကမ်းနားလမ်း ၊ စက္ကိန်းတဲဘုရားနဲ့နဂါးပွတ်တောင် ၊ မင်းလှခံတပ် ၊ ကွေ့ချောင်းခံတပ် ၊ဗိဿနိုး မြို့ဟောင်း ၊ ဗိုလ်ချုပ်အောင်ဆန်းနေအိမ်ပြတိုက် ၊ စန္ဒကူးနံ့သာ ကျောင်းတော်ရာ ၊ ဝက်သည်းကန် ၊ ဆားလယ်ဒေသ ၊ စလေရုပ်စုံကျောင်း ၊ ပခုက္ကူမြို့ပေါ်ဘုရားများ ၊ ပခန်းကြီးမြို့ဟောင်း စသည့် နေရာ များ ဖြစ်ကြောင်း သိရသည်။
မကွေးတိုင်းဒေသကြီး အတွင်း ဖွင့်လှစ်ထားသည့် ဟိုတယ်နှင့် တည်းခိုရိပ်သာ ၆၀ကျော် စာရင်းတွင် မကွေးမြို့ ၊ နတ်မောက်မြို့ ၊ မင်းဘူးမြို့ ၊ မင်းလှမြို့ ၊ အောင်လံမြို့ ၊ ပွင့်ဖြူမြို့ ၊ စလင်းမြို့ ၊ တောင်တွင်းကြီးမြို့ ၊ ရေနံချောင်းမြို့ ၊ ချောက်မြို့ ၊ ပခုက္ကူမြို့ နဲ့ ဂန့်ဂေါမြို့ များရှိ ဟိုတယ်နှင့် တည်းခိုရိပ်သာ စာရင်းတို့ ထုတ်ပြန်ထားသည်။
Yangon Times/LW
#Local_News
#Published_ 03 January 2024
#Yangon_Times #YMG_News #Yangon_Media_Group
Page 708 of 2042