#Local_News
Published-27-November-2023
ရန်ကုန်မြို့ ၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊လမ်း(၁၂၀)၊ အာဒါးလမ်းထောင့်ရှိ တိုက်ဟောင်းတစ်လုံး နိုဝင်ဘာ၂၇ရက် မနက်ပိုင်းက ဘေးနံရံပြိုကျမှုကြောင့် လူတစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း လူမှုကူညီရေးအသင်းထံမှ သိရသည်။
အဆိုပါ ပြိုကျခဲ့သည့် တိုက်မှာ အမှတ် (၂၆) လေးခန်းတွဲ နှစ်ထပ်တိုက်အမျိုးအစားဖြစ်ပြီး၊ ၂၀၁၃ ခုနှစ်အတွင်းက လူနေထိုင်ရန် မသင့်တော်သည့် တိုက်အဖြစ် သက်ဆိုင်ရာဌာနက သတ်မှတ်၍ လူနေထိုင်ခွင့်ပိတ်ထားသော တိုက်ဖြစ်ကြောင်း သိရသည်။
"တိုက်ဘေးနံရံပြိုကျတာပါ။ အမျိုးသားတစ်ဦးတော့ထိခိုက်ဒဏ်ရာရသွားတယ်။ သူကတိုက်ဘေးနားမှာ အလုပ်လုပ်နေတုန်းပြိုကျလို့ ထိသွားတာပါ"ဟု သပြေကုန်းပရဟိတ အသင်းမှအသင်းဝင်တစ်ဦးကပြောသည်။
ထိခိုက်ဒဏ်ရာရရှိသူကို ရန်ကုန်ဆေးရုံကြီးသို့ပို့ဆောင်ပေးခဲ့ကြောင်းသိရသည်။
အဆိုပါ တိုက်ပြိုကျသည့်နေရာသို့ မီးသတ်တပ်ဖွဲ့နှင့် သက်ဆိုင်ရာတာဝန်ရှိသူများလာရောက်ကြည့်ရှု့ကာ ရှင်းလင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
#Local_News ##မင်္ဂလာတောင်ညွှန့် #ဘေးနရံပြိုကျ #လူတစ်ဦးထိခိုက်ဒဏ်ရာရ #YMG/LW #Yangon_Times
'တောင်ကြီး-ပေါမူ-တောင်ကြီးရှုခင်းကြည့်အထူးရထားကို နိုဝင်ဘာရက်နေ့က၂၇ရက်နေ့အထိ အထူးအစီအစဉ်နဲ့ ပြေးဆွဲပေးနေပါတယ်'
#Local_News
Published_ 27 November 2023
#တောင်ကြီးရှုခင်း #အထူးရထားပြေးဆွဲပေး
#YMG/ NN #Yangon_Times
နိုင်ငံပေါင်း(41)နိုင်ငံယှဉ်ပြိုင်ခဲ့ရာ မြန်မာအသင်းမှ ခင်ချယ်ရီသက်ဟာ အမျိုးသမီးတစ်ဦးချင်း Shooting ပြိုင်ပွဲမှာ Vietnam နဲ့ ယှဉ်ပြိုင်ကစားရာ ရမှတ်(၄/၂)နဲ့ ပထမဆုတံဆိပ်ရရှိခဲ့ပြီး အမျိုးသမီးတစ်ဦးချင်းပြိုင်ပွဲမှာ ကမ္ဘာ့အဆင့်(၁)ရရှိခဲ့တာဖြစ်ပါတယ်။ မြန်မာနိုင်ငံပီတန်းအဖွဲ့ချုပ်
#Local_News
Published_ 27 November 2023
#မြန်မာအားကစားမယ် #ကမ္ဘာ့အဆင့်(၁)ရရှိ
#tthl #Yangon_Times
မူဆယ်- မန္တလေးယာဉ်စီးခဈေးနှုန်းများခုန်တက်နေပြီး နမ္မတူလမ်းပိတ်ထားသောကြောင့် လွယ်ဂျယ်လမ်းပိုင်းအား အသုံးပြု၍ ဆက်လက်ပြေးဆွဲပေးနေ
'မူဆယ်ကနေမန္တလေးကို ယာဉ်စီးခကျပ် သုံးသိန်းရှစ်သောင်းနဲ့ မန္တလေးကနေ မူဆယ်ကိုကျပ်သုံးသိန်းခွဲအထိဈေးနှုန်းရှိနေပြီး တစ်ချို့ကတော့ကျပ်လေးသိန်းခွဲအထိဈေးခေါ်နေတယ်'
#Local_News
Published_ 27 November 2023
#မူဆယ်- မန္တလေးယာဉ်စီးခဈေးနှုန်းများတက် #လွယ်ဂျယ်လမ်းပိုင်း
#YMG/NN #Yangon_Times
စားနပ်ရိက္ခာပြတ်လပ်မှုနဲ့တိုက်ပွဲတွေကြောင့် လောက်ကိုင်မြို့မှာရှိတဲ့ ပြည်တွင်းရွှေ့ပြောင်း လုပ်သားတွေ အပါအ၀င် ပြည်သူအများစုဟာမြို့ကို စွန့်ခွာလာမှုများလာတယ်လို့ ဒေသခံတွေ ထံက သိရပါတယ်။
#Local_News
Published_ 27 November 2023
#လောက်ကိုင်တွင်ပိတ်မိနေ #ပြည်တွင်းရွှေ့ပြောင်းလုပ်သား
#YMG/LW #Yangon_Times
"နိုဝင်ဘာလကုန်ပိုင်းမှာ ဒေသအသီးသီးမှာ အေးဖို့ရှိနေရာမှ လေဖိအားနည်းရပ်ဝန်းကြောင့်အအေးပြန်ပေါ့သွားမှာဖြစ်ပြီး မိုးနည်းနည်းရွာမှာဖြစ်တယ်"
#Local_News
Published_ 27 November 2023
#လေဖိအားနည်းရပ်ဝန်း #တနင်္သာရီတိုင်းမိုးအနည်းငယ်ရွာ
#tthl #Yangon_Times
#Local_News
Published 27 November 2023
ထိုင်းနိုင်ငံတွင် အလုပ်လုပ်ကိုင်ရန်အတွက် ပစ္စည်းများ တင်လာသည့်ကားအတွင်းပုန်းပြီး လိုက်လာသည့် မြန်မာ အလုပ်သမား ၂၆ဦးကို ထိုင်းအာဏာပိုင်များက ဖမ်းဆီးခဲ့ကြောင်း ထိုင်းသတင်းဌာနများ၏ ဖေါ်ပြချက်အရ သိရသည်။
နိုဝင်ဘာ ၂၄ ရက် ညပိုင်းတွင် တာခ်ခရိုင်ရှိ ဟွာအိုင်းဟင်းဖွန် စစ်ဆေးရေးဂိတ်တွင် မဲဆောက်မြို့မှ မောင်းနှင်းလာသည့်ပစ္စည်းများ တင်လာသည့်ကားပေါ်တွင် ပုန်းအောင်းလိုက်ပါလာသည့် မြန်မာအလုပ်သမား ၂၆ ဦးတို့ကိုစစ်ဆေးဖမ်းဆီးရမိခဲ့ကြောင်း သိရှိရသည်။
စစ်ဆေးမေးမြန်းချက်အရ ယင်းအလုပ်သမားများကို ဘန်ကောက်မြို့သို့ ပို့ဆောင်ပေးရမည်ဖြစ်ကာ ထိုင်းယာဉ်မောင်းသူကိုတစ်ဦးလျှင် ဘတ် ၁၅၀၀၀ ထိပေးရကြောင်း သိရသည်။
အဆိုပါ အဖမ်းခံရသည့် မြန်မာအလုပ်သမား ၂၆ဦးကို မဲဆောက်ရဲစခန်းသို့ ခေါ်ဆောင်သွားကာ စစ်ဆေးမေးမြန်းမှု များ ပြုလုပ်မည်ဖြစ်ပြီး ထိုင်းဥပဒေအရ အရေးယူမှုများပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။
#Local_News #မြန်မာအလုပ်သမား၂၆ဦး #ထိုင်းအာဏာပိုင်များဖမ်းဆီး #YMG/LW #Yangon_Times
Page 713 of 1978