#Local_News
Published 5 November 2024

▪️ ဘင်္ဂလားပင်လယ်အော်မှ ထူးခြားမိုးလေဝသအခြေအနေများကြောင့်တိုင်းနှင့်ပြည်နယ်၇ခု၌ လေပြင်းတိုက်ပြီး နေရာကွက်၍ မိုးများနိုင်ကြောင်း မိုးလေဝသစောင့်ကြည့်လေ့လာသူ ဦးဝင်းနိုင်က ၎င်း၏လူမှုကွန်ယက်၌  ပြောကြားထားသည်။

 

▪️ ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းပင်လယ်ပြင်မှာ နိုဝင်ဘာ ၅ ရက် နံနက်ပိုင်းကစပြီး အထက်အမြင့်လေပွေလှိုင်းမှ လေဖိအားနည်းရပ်ဝန်းဖြစ်လာနိုင်မယ်လို့ အိန္ဒိယမိုးလေဝသဋ္ဌာနမှ ယမန်နေ့ကထုတ်ပြန်ခဲ့ပြီးဖြစ်ရာ  နိုဝင်ဘာ ၅ ရက် မနက်ပိုင်း models များ၏  update အချက်အလက်များအရ ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းနှင့် ဆက်စပ်လျှက်ရှိတဲ့ ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်းပင်လယ်ပြင် 11.223ºN, 87.122ºE မှာ လေဖိအားနည်းရပ်ဝန်း စတင်ဖြစ်ပေါ်ကြောင်း တွေ့ရှိရသည်။

 

▪️ အဆိုပါကဲ့သို့ ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းပင်လယ်ပြင်မှ ထူးခြားမိုးလေဝသအခြေအနေကြောင့်  ရခိုင်ပြည်နယ်တောင်ပိုင်း၊ ပဲခူးတိုင်းအနောက်ပိုင်းနှင့် ပဲခူးတိုင်းအရှေ့မြောက်ပိုင်း(တောင်ငူမြို့အထက်ပိုင်း စစ်တောင်းမြစ်ဖျားဒေသ)၊ နေပြည်တော်၊ ရှမ်းပြည်နယ်တောင်ပိုင်း၊ မကွေးတိုင်းတောင်ပိုင်း၊ မန္တလေးတိုင်းတောင်ပိုင်း(မန္တလေးမြို့အောက်ဘက်ဒေသများ) တွေမှာ နေရာကွက်ကျား မိုးအသင့်အတင့်မှ မိုးများနိုင်မည်ဖြစ်ကြောင်းတွေ့ရှိရကြောင်း ၎င်းက ဆိုသည်။

 

▪️ ထို့အပြင် ရခိုင်ကမ်းရိုးတန်းကမ်းနီးကမ်းဝေးပင်လယ်ပြင်မှာ နိုဝင်ဘာ ၇ ရက်မှ ၉ ရက်အထိ အမြင့်ဆုံးလေတိုက်နှုန်း တစ်နာရီ ၂၈ မိုင်မှ ၃၇ မိုင် အထိ တိုက်ခတ်နိုင်ပြီး၊ လှိုင်းအမြင့် ၆ ပေ မှ ၇ ပေအထိရှိကာ လှိုင်းကြီးနိုင်ကြောင်း ၊ ဧရာဝတီမြစ်ဝကျွန်းပေါ်၊ ကမ်းနီးကမ်းဝေးပင်လယ်ပြင်မှာတော့ နိုဝင်ဘာ ၆ ရက်မှ ၈ ရက်အတွင်း လေတိုက်နှုန်း တနာရီ မိုင် ၂၀ မှ မိုင် ၃၀ ကျော်အထိ တိုက်နိုင်ပြီး၊ လှိုင်းအမြင့် ၄ ပေ မှ ၅ ပေခန့်အထိ ရှိနိုင်ကြောင်း သိရသည်။

 

#YMG/NN #Yangon_Times