၅ အောက်တိုဘာ ၂၀၂၄
ရန်ကုန်-ပဲခူး လမ်းပိုင်း အစုန်-အဆန်ခရီးစဉ်ကို စပိန်နိုင်ငံကနေ ဝယ်ယူထားတဲ့ လူစီးရထားတွဲ (Diesel Electric Multiple Units) အသစ်နဲ့ အောက်တိုဘာလ ၁ ရက်နေ့က စတင်ပြေးဆွဲနေပါတယ်။
ရန်ကုန်-ပဲခူး ခရီးစဉ်အတွက် ရန်ကုန်ကနေ ညနေ ၄ နာရီ ၄၅ မိနစ်ထွက်ပြီး ပဲခူးကို ၆ နာရီ ၅ မိနစ်မှာ ဆိုက်ရောက်မှာဖြစ်ပါတယ်။
ပဲခူး-ရန်ကုန် ခရီးစဉ်အတွက်တော့ ပဲခူးမြို့က မနက် ၆ နာရီထွက်ပြီး ရန်ကုန်ကို ၈ နာရီ ၂၀ မိနစ်မှာ ဆိုက်ရောက်မှာပါ။
ခရီးစဉ်အတွင်း ပုဇွန်တောင်၊ မလွှကုန်း၊ သင်္ဃန်ကျွန်း၊ တိုးကြောင်ကလေး၊ ရွာသာကြီး၊ လေးဒေါင့်ကန်၊ ဒါးပိန်၊ ကော့ချဲ၊ ထုံးကြီး၊ ကျောက်တန်း၊ တာဝနဲ့ ဘုရားသုံးဆူ စုစုပေါင်း ၁၂ ဘူတာမှာ ရပ်မှာဖြစ်ပါတယ်။
ရထားစီးရတာ ငြိမ့်ငြိမ့်ညောင်းညောင်းရှိပြီး လေအိတ်ကားတွေ EV ကားတွေစီးရသလိုပဲလို့ ရထားစီးနင်း လိုက်ပါလာတဲ့ ခရီးသည်တွေက ပြောကြပါတယ်။
မြို့ပတ်ရထားတွဲတွေကိုလည်း ဒီလိုအဆင့်မြင့်တဲ့ ရထားတွဲတွေနှင့် ပြေးဆွဲစေချင်တယ်လို့လည်း ခရီးသည်တွေက ပြောနေကြပါတယ်။
ခရီးသည်တွေရဲ့အသံတွေနှင့် အကြံပြုချက်တွေကို နားထောင်မှတ်သားထားပြီး ပြုပြင်စရာရှိတာတွေကို တဖြည်းဖြည်းချင်းပြုပြင်ပြောင်းလဲသွားမှာပါလို့ ရထားနှင့်ပါလာတဲ့ မြန်မာ့မီးရထားဝန်ထမ်းတစ်ဦးက YMG ကိုပြောပါတယ်။
စျေးနှုန်းကတော့ ခရီးစဉ်တစ်ဝက်အတွက် လူတစ်ဦးကို ၁၃၀၀ ကျပ်နဲ့ ခရီးစဉ် အစအဆုံးအတွက် ၂၅၀၀ ကျပ် သတ်မှတ်ထားပါတယ်။
ဒီရထားတွဲသစ်ဟာ ခရီးသွားပြည်သူများ စိတ်ဝင်စားနေကြပြီး စီးနင်းလိုက်ပါသူတွေလည်း တိုးတက် လာနေပါတယ်။
#Daily_News
Published 5 October 2024
၁။ ပဲခူးရေဘေးသင့်ပြည်သူ အိမ်ထောင်စု(၁၀၀၀)အတွက် ကျဲကျန်းအသင်းမှလှူဒါန်း
၂။ တောင်ငူ၌လူဦးရေ ၉၅၀ ကျော် ယာယီစခန်းများ၌ ရေဘေးရှောင်နေ
၃။ လေဖိအားနည်းရပ်ဝန်းအရှိန်နှင့် တိမ်တိုက်များကြောင့် ဒေသ(၄)ခု မိုးကြီးပြီးလေပြင်းတိုက်ဦးမည်
၄။ အစ္စရေးလ်နှင့်ဟက်ဇ်ဘိုလာပဋိပက္ခများကြောင့် လက်ဘနွန်မှထွက်ပြေးလာသည့်စစ်ဘေးရှောင်များ ဆီးရီးယားသို့ အလုံးအရင်းဖြင့်ဝင်ရောက်လာ
... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
ကမ္ဘာ့ရော်ဘာဈေးနဲ့အတူ မြန်မာ့ရော်ဘာဈေးမြင့်တက်နေတယ်လို့ မြန်မာ့သဘာဝရော်ဘာရေရှည်တည်တံ့မှု ဖော်ဆောင်ရေး အသင်းမှ သိရပါတယ်။
#Local_News
Published 5 October 2024
#ကမ္ဘာ့ရော်ဘာဈေး #မြန်မာ့ရော်ဘာဈေးမြင့်တက်
#YMG/NN #Yangon_Times
#Local_News
Published 5 October 2024
▪️ ရေကြီးနစ်မြုပ်မှုကြောင့် ထိခိုက်၊ပျက်စီးခဲ့သည့် သီးနှံများ ပြန်လည်စိုက်ပျိုးရန် မိုးစပါးထိခိုက်ခဲ့သည့် စိုက်ခင်းများအတွက် တစ်ဧကလျှင် ကျပ်တစ်သိန်းနှုန်းဖြင့် အတိုးမဲ့ချေးပေးရန် လျာထားကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ သိရသည်။
▪️ ရာဂီမုန်တိုင်းအရှိန်ကြောင့် ရေကြီးနစ်မြုပ်မှုဖြစ်ပေါ်ခဲ့သဖြင့် ထိခိုက်၊ ပျက်စီးခဲ့သည့် သီးနှံများပြန်လည်စိုက်ပျိုးရန် အရင်းမပျောက်မတည်ငွေနှင့် မျိုးစေ့၊ ရွက်ဖျန်းမြေဩဇာနှင့် ပိုးသတ်ဆေးများ အသုံးပြုနိုင်ရေးအတွက် ထောက်ပံ့ငွေလှူဒါန်းခြင်း အခမ်းအနားကို ယမန်နေ့က စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး စုဝေးဆောင်ခန်းမ၌ ကျင်းပခဲ့ရာ ပြည်ထောင်စုဝန်ကြီးက ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
▪️ အဆိုပါ အခမ်းအနားတွင် မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်ဥက္ကဋ္ဌက အရင်းမပျောက်မတည်ငွေ ကျပ်သိန်း (၁၂၅၀၀)၊ ထောက်ပံ့ငွေကျပ်သိန်း (၅၀၀၀)နှင့် မြန်မာနိုင်ငံပဲမျိုးစုံ၊ ပြောင်းနှင့် နှမ်းကုန်သည်များအသင်းဥက္ကဋ္ဌက ထောက်ပံ့ငွေကျပ်သိန်း (၅၀၀၀)ကို ပေးအပ်လှူဒါန်းကြရာ တောင်သူလယ်သမားအခွင့်အရေး ကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေးဦးဆောင်အဖွဲ့ အတွင်းရေးမှူး ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်၊ ပြည်ထောင်စုဝန်ကြီး ဦးလှမိုး၊ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌနှင့် ဒုတိယဝန်ကြီးများက လက်ခံရယူကြပြီး အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ကြသည်။
▪️ ယင်းနောက် တောင်သူလယ်သမားအခွင့်အရေး ကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေး ဦးဆောင်အဖွဲ့ အတွင်းရေးမှူး ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်က ယခုပေးအပ်သည့် ထောက်ပံ့ငွေကျပ်သိန်း (၅၀၀၀)မှ ရေကြီးနစ်မြုပ်မှုဒဏ်ခံခဲ့ရသည့် စပါးစိုက်ဧရိယာ (၇၇၇၃)ဧကအတွက် မျိုးစေ့တစ်တင်း၊ ရွက်ဖျန်းမြေဩဇာ၊ ပိုးသတ်ဆေးအပါအဝင် တစ်ဧကလျှင် စုစုပေါင်း (၆၄၃၂၅)ကျပ်နှုန်း ပံ့ပိုးပေးမည်ဖြစ်ကြောင်း၊ အရင်းမပျောက်မတည်ငွေ ကျပ်သိန်းပေါင်း (၁၂,၅၀၀)ကို မိုးစပါးသီးနှံထိခိုက်မှုရှိခဲ့သည့် စိုက်ခင်းများအတွက် တစ်ဧက ကျပ်တစ်သိန်းနှုန်းဖြင့် အတိုးမဲ့ချေးပေးရန် လျာထားကြောင်း၊ မိုးစပါး ပြန်လည်စိုက်ပျိုးနိုင်ခြင်းမရှိသော ဧရိယာများတွင် တောင်သူများတွက်ချေကိုက်သော အခြားသီးနှံများ အစားထိုးစိုက်ပျိုးနိုင်ရန် ထောက်ပံ့ငွေကျပ် သိန်း ၅၀၀၀ ဖြင့် စီမံဆောင်ရွက်ပေးမည်ဖြစ်ပြီး မတ်ပဲ (၂၆၉၂)ဧကနှင့် ပဲတီစိမ်း (၁၃၀၄)ဧကအတွက် တစ်ဧကလျှင် မျိုးစေ့တစ်တင်းနှုန်း ပံ့ပိုးပေးမည်ဖြစ်ကြောင်း ပြောကြားခဲ့ကြောင်း သိရသည်။
#YMG/NN #Yangon_Times
စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်နဲ့ ရခိုင်ပြည်နယ်တို့မှာ နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ အချို့ဒေသတွေမှာ ဒေသအလိုက်နဲ့ နေရာကွက်ပြီး မိုးကြီးတာနဲ့အတူ လေပြင်းတိုက်ခတ်ခြင်းတာတွေဖြစ်ပေါ်နိုင်တယ်လို့ သိရပါတယ်။
#Local_News
Published 5 October 2024
#ဒေသ(၄)ခု #မိုးကြီးပြီးလေပြင်းတိုက်
#YMG/tthl #Yangon_Times
တောင်ငူမြို့က ယာယီရေဘေးရှောင်စခန်းတွေမှာ လူဦးရေ ၉၅၀ကျော်ရေဘေးရှောင်နေတယ်လို့ ပရိတအသင်းတွေက သိရပါတယ်။
#Local_News
Published 5 October 2024
#တောင်ငူ #ယာယီရေဘေးရှောင်စခန်း
#YMG/NN #Yangon_Times
ပဲခူး၊ညောင်လေးပင်ဒေသရှိ ရေဘေးသင့်ပြည်သူများအတွက် မြန်မာကျဲကျန်းတရုတ်ကုန်သည်ကြီးများအသင်းမှ အိမ်ထောင်စုတစ်စုကို (၆၅၀၀၀)တန်ဖိုးရှိ စားသောက်ကုန်တွေလှူဒါန်းခဲ့တယ်လို့ သိရပါတယ်။
#Local_News
Published 5 October 2024
#ရေဘေးသင့်ပြည်သူ #စားသောက်ကုန်လှူဒါန်း
#YMG/tthl #Yangon_Times
Page 632 of 2358