ကင်ဆာကုသစက်သစ်တွေအားလုံးတပ်ဆင်မှုပြီးစီးပါက ဒဂုံဆိပ်ကမ်း ကင်ဆာကုသရေးဌာနမှာ လာမယ့်ဒီဇင်ဘာလမှစတင်ပြီး တစ်ရက်ကိုကင်ဆာလူနာ(၂၀၀)အထိ ကုသပေးနိုင်တော့မှာဖြစ်တယ်လို့ သိရပါတယ်။
#Local_News
Published 7 October 2024
#ကင်ဆာကုသစက်သစ် #ကင်ဆာကုသရေးဌာန
#YMG/tthl #Yangon_Times
ရန်ကုန်- မန္တလေး အထူးလေအိတ်ရထားနဲ့ ပုဂံရထားတွေ ပုံမှန်အတိုင်းပြေးဆွဲပေးနေတယ်လို့ မြန်မာ့မီးရထားက သိရပါတယ်။
#Local_News
Published 7 October 2024
#မြန်မာ့မီးရထား #အထူးလေအိတ်ရထား
#YMG/NN #Yangon_Times
#Local_News
Published 7 October 2024
▪️ ရေနံနှင့် ရေနံထွက်ပစ္စည်းဆိုင်ရာ သိုလှောင်ခွင့်လိုင်စင်များကို ၂၀၂၅ခုနှစ်အတွက် သိုလှောင်ခွင့်လိုင်စင် သက်တမ်းများတိုးရန် သတ္တုတွင်းဦးစီးဌာန၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနမှ အသိပေးထားသည်။
▪️ သတ္တုတွင်းဦးစီးဌာနမှ ခွင့်ပြုထုတ်ပေးထားသည့် ရေနံနှင့် ရေနံထွက်ပစ္စည်းဆိုင်ရာ သိုလှောင်ခွင့်လိုင်စင်များသည် ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ ၃၁ ရက်နေ့တွင် သက်တမ်းကုန်ဆုံးမည်ဖြစ်ရာ ရေနံနှင့် ရေနံထွက်ပစ္စည်းဆိုင်ရာ သိုလှောင်ခွင့်လိုင်စင်များကို ရေနံနည်းဥပဒေ(၁၁၉)အရ သက်တမ်းကုန်ဆုံးမည့် နေ့ရက်မတိုင်မီ သက်တမ်းတိုးမြှင့် လျှောက်ထားကြရမည်ဖြစ်ကြောင်း သိရသည်။
▪️ အဆိုပါ သက်တမ်းကုန်ဆုံးမည့် နေ့ရက်မတိုင်မီနှစ်လကြိုတင်ပြီး လာမည့်နှစ်အတွက် သက်တမ်းတိုး လျှောက်ထားရန် လိုအပ်ကြောင်း၊ လိုင်စင်များ သက်တမ်းတိုးမြှင့်မှုကိုမူ နိုဝင်ဘာ ၁ ရက်မှ ဒီဇင်ဘာလ ၃၁ ရက်အတွင်း လျှောက်ထားကြရမည်ဖြစ်ကြောင်း သိရသည်။
▪️ ထို့အပြင် သက်တမ်းတိုးရန် ပျက်ကွက်သည့် သိုလှောင်ခွင့်လိုင်စင်များအတွက် ရက်လွန်ဒဏ်ကြေးအဖြစ် ၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှ စတင်ပြီး တစ်ရက်လျှင် သိုလှောင်ခွင့်လိုင်စင်ကြေးရဲ့ ၂ ရာခိုင်နှုန်းပေးရမည်ဖြစ်ကြောင်း သိရသည်။
#YMG/NN #Yangon_Times
အခုအပတ်မှာတော့ စားအုန်းဆီရည်ညွှန်းဈေးနှုန်းကို တစ်ပိဿာ ၆၄၅၅ ကျပ်နဲ့ရောင်းချဖို့ သတ်မှတ်လိုက်တဲ့အတွက် စားအုန်းဆီဈေးနှုန်းနှစ်ပတ်ဆက်တိုက်ကျလာတယ်လို့ သိရပါတယ်။
#Local_News
Published 7 October 2024
#စားအုန်းဆီဈေးကျ #ရည်ညွှန်းဈေး
#YMG/tthl #Yangon_Times
#Local_News
Published 7 October 2024
▪️ မြန်မာအမျိုးသမီးလက်ရွေးစင်အသင်းနှင့် ဟောင်ကောင် အမျိုးသမီးအသင်းများ ခြေစမ်းပွဲကို ရန်ကုန်မြို့၌ ယခုရက်ပိုင်းအတွင်း ကျင်းပသွားမည်ဖြစ်ကြောင်း MFF မှ သိရသည်။
▪️ အဆိုပါ ခြေစမ်းပွဲအားအောက်တိုဘာ (၂၃)ရက်နှင့်(၂၆)ရက်တို့တွင်နှစ်ကျော့ယှဉ်ပြိုင်ကစားသွားမည်ဖြစ်ရာ ရန်ကုန်မြို့၊ သုဝဏ္ဏအားကစားကွင်းနှင့် ရန်ကုန်ယူနိုက်တက်၏ အိမ်ကွင်း YUSC တွင် ယှဉ်ပြိုင်ကစားရန် စီစဉ်ထားကြောင်း သိရသည်။
▪️ မြန်မာ့လက်ရွေးစင် အမျိုးသမီးနှင့်ဟောင်ကောင်လက်ရွေးစင် အမျိုးသမီးအသင်းတို့သည် တရုတ်နိုင်ငံတွင် ကျင်းပခဲ့သည့် ၂၀၂၂ အာရှအားကစားပြိုင်ပွဲတွင်နောက်ဆုံးတွေ့ဆုံခဲ့ကြောင်း သိရသည်။
▪️ အဆိုပါပွဲ၌ မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းက မြတ်နိုးခင်သွင်းယူသည့် တစ်လုံးတည်းသောဂိုးဖြင့် အနိုင်ရရှိထားကြောင်း၊ မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်း၏ ပဏာမလူစာရင်တွင်လည်း အ တွေ့အကြုံရှိ ကစားသမားများနှင့် လူငယ်ကစားသမားများကိုလည်း ထည့်သွင်းရွေးချယ်ထားကြောင်း သိရသည်။
▪️ ထို့အပြင် ပဏာမ မြန်မာ့လက်ရွေးစင် အမျိုးသမီးဖူဆယ်အသင်းသည် ဖိလစ်ပိုင် နိုင်ငံကနိုဝင်ဘာ ၁၆မှ ၂၂ ရက်အထိ အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် အာဆီယံ အမျိုးသမီး ဖူဆယ် ချန်ပီယံရှစ်ပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် စခန်းသွင်းလေ့ကျင့်မှုများကို စက်တင်ဘာ ၃၀ ရက်က စတင်ပြုလုပ်ခဲ့သည်။
▪️ အဆိုပါပဏာမ မြန်မာ့လက်ရွေးစင်အမျိုးသမီး ဖူဆယ်အသင်းသည် သုဝဏ္ဏကွင်းအတွင်းရှိ လက်ရွေးစင် ကစားသမားများ အဆောင်တွင် နေထိုင်ပြီး MFF Futsal Stadium၌ လေ့ကျင့်မှုများ ပြုလုပ်သွားလျှက်ရှိကြောင်း သိရသည်။
#YMG/NN #Yangon_Times
#Local_News
Published -7Oct 2024
▪️ ဒေါက်တာဇော်မြင့်မောင် ၏ရုပ်အလောင်းကို မနက်ဖြန် အောက်တိုဘာလ ၈ ရက်အင်္ဂါနေ့နံနက် ၁၀ နာရီအချိန်တွင် ကျွဲဆည်ကန် (၃)လမ်း နေအိမ်မှ
တောင်အင်းမြောက်အင်း သုဿာန်သို့ ပို့ဆောင် သင်္ဂြိုဟ်မည်ဖြစ်ကြောင်း သိရသည်။
▪️ မန္တလေးဆေးရုံကြီး အထူးကြပ်မတ်ဆောင်တွင် ဆေးကုသမှုခံယူနေရသော မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ်ဟောင်း ဒေါက်တာဇော်မြင့်မောင် ယနေ့ အောက်တိုဘာလ ၇ ရက် နံနက် ၃ နာရီအချိန်က ကွယ်လွန်ခဲ့ခြင်းဖြစ်သည်။
▪️ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နောက်ပိုင်း အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေပုဒ်မ၊ ရွေးကောက်ပွဲဆိုင်ရာ ကိစ္စများနှင့်ပတ်သက်သော ရာဇ သတ်ကြီးဥပဒေ ပုဒ်မ ၁၃၀ (က) စသည့် အမှု ၁၀ ခုထက်မနည်း တရားစွဲဆိုခံရကာ ထောင်ဒဏ် ၂၉ နှစ်ထိ ချမှတ်ခံထားရသော ဒေါက်တာဇော်မြင့်မောင်သည် သွေးကင်ဆာရောဂါ ခံစားနေရသူဖြစ်သောကြောင့်မန္တလေး အိုဘိုအကျဉ်းထောင်ဆေးရုံတွင်ဆေးကုသမှုခံယူနေစဉ် ကျန်းမာရေးဆိုးရွားလာသောကြောင့် မန္တလေးဆေးရုံကြီးသို့ပြောင်းရွှေ့ကုသမှုခံယူနေစဉ် ကွယ်လွန်ခြင်းလည်းဖြစ်သည်။
▪️ ဆေးကုသမှုခံယူနေစဉ် ယမန်နေ့အောက်တိုဘာလ ၆ ရက်က အိုဘိုအကျဉ်ထောင်မှ လွတ်ငြိမ်းချမ်းသာခွင့်ပြုလိုက်ကြောင်းလည်း သိရသည်။
▪️ ဒေါက်တာဇော်မြင့်မောင်သည်ကွယ်လွန်ချိန်တွင် အသက် ၇၃ နှစ်အရွယ် ရှိပြီဖြစ်ကြောင်းလည်း သိရသည်။


#Yangon -Times/PP
၅ အောက်တိုဘာ ၂၀၂၄
မြန်မာကလေးငယ်များအတွက် တရားမဝင်ကျောင်းတစ်ကျောင်းဖွင့်ထားကြောင်း ဒေသခံများရဲ့ သတင်းပေးချက် အရ ချမ်ဖွန်ပြည်နယ် အရာရှိတွေဟာ နာဆက်ခရိုင်ခွဲ ဘန်ယန်ဂမ်မှာရှိတဲ့ အဆိုပါကျောင်းကို ဝင်ရောက်စစ်ဆေး ခဲ့ရာ မြန်မာစာသင်ပေးနေတဲ့ မြန်မာဆရာမတစ်ဦးကို တွေ့ရှိခဲ့ကြောင်း ထိုင်းမီဒီယာတွေက အောက်တိုဘာ ၅ ရက်က သတင်းဖော်ပြကြပါတယ်။
အောက်တိုဘာ ၃ရက်က ပြည်တွင်းလုံခြုံရေးစစ်ဆင်ရေးကွပ်ကဲရေးဌာနက ထောက်လှမ်းရေးအရာရှိတွေဟာ ပညာရေးဝန်ကြီးဌာနနှင့် ပြည်နယ်အလုပ်သမားဌာနတို့မှ အရာရှိတွေနှင့်အတူ အဆိုပါကျောင်းကို သွားရောက် စစ်ဆေးခဲ့ကြတာ ဖြစ်ပါတယ်။
အဲဒီအခါမှာ သူတို့ဟာ အုန်းတောထဲက အိမ်နံပါတ်မရှိ တရားမဝင်အဆောက်အဦတစ်ခုကိုတွေ့ရှိခဲ့ကြပါတယ်။ အဲဒီ အဆောက်အဦဟာ အာရှ၄၁လမ်းမကြီးကနေ ၄-၅ ကီလိုမီတာခန့်အကွာမှာရှိပါတယ်။
စစ်ဆေးနေစဉ်အတွင်းမှာ အသက် ၃၇နှစ်အရွယ် မြန်မာနိုင်ငံသူဖြစ်တဲ့ မတင်ဌေး Ms. Tin Tae ဟာ မြန်မာ ကလေးငယ် ၅၀ ဦးခန့်ကို စာသင်ပေးနေတာတွေ့ရပါတယ်။ သူမရဲ့ထိုင်းအလုပ်ရှင် မစ္စ အာရီယာကိုလည်း အတူ တွေ့ရပါတယ်။
သူမဟာ မြန်မာကလေးတွေကို မစ္စအာရီယာရဲ့ အဆောက်အဦမှာ စာသင်ပေးနေတာ (၁)နှစ်နှင့် (၈)လရှိပြီလို့ မတင်ဌေးကပြောပါတယ်။သူမဟာ တစ်လကို လစာ ဘတ်၄၀၀၀ ရတယ်လို့လည်းဆိုပါတယ်။ ပြီးတော့သူမဟာ ကျောင်းသားတစ်ယောက်ချင်းစီကနေလည်း လုပ်ငန်းဆောင်ရွက်ခဆိုပြီး ဘတ် ၅၀၀ မှ ၇၀၀ အထိကောက်ယူ တယ်လို့လည်း သူမကပြောပါတယ်။ သူမစာသင်ပေးနေတာကို ပိုင်ရှင် အမျိုးသမီးကသိပေမယ့် ဒါဟာ သူမရဲ့ အလုပ်လုပ်ခွင့်ထက်ကျော်လွန်နေတယ်ဆိုတာကို တစ်ခါမှ သတိမပေးဖူးဘူးလို့လည်းဆိုပါတယ်။ ကလေးတွေ အားလုံးဟာ အဲဒီနေရာတစ်ဝိုက်က မြန်မာကလေးတွေဖြစ်ကြပါတယ်။
အရာရှိတွေက မတင်ဋ္ဌေးကို အလုပ်လုပ်ခွင့်ပြင်ပကနေ နိုင်ငံခြားသား အလုပ်လုပ်ခွင့်ဥပဒေကိုချိုးဖေက်တဲ့ ၂၀၁၇ ဥပဒေပုဒ်မ ၈နှင့်၂၀၁၈ပြင်ဆင်ချက်ဥပဒေတို့အရ အရေးယူခဲ့ပါတယ်။ သူမနှင့်အတူတွေ့ရတဲ့ မြန်မာပြဋ္ဌာန်းစာအုပ် လေးအုပ်၊မှတ်စုစာအုပ် (၁)အုပ်၊ ပေတံ၊ ဘောပင်၊မတ်ကာ တို့ကို သက်သေအဖြစ်ရယူပြီး သူမကို နာဆက်ရဲစခန်းကို ပို့ဆောင်ခဲ့ပါတယ်။
ဥပဒေအရ သူမဟာ ဒဏ်ငွေဘတ် ၅၀၀၀မှ ၅၀၀၀၀ အထိချမှတ်ခံရနိုင်ပြီး ပြည်နှင်ဒဏ်ပေးခံရမှာလည်းဖြစ်တဲ့ အပြင် အလုပ်လုပ်ခွင့်ပါမစ်ကိုလည်း (၂)နှစ် အပိတ်ခံရမှာဖြစ်ပါတယ်။
ဒါပေမယ့် ထိုင်းဥပဒေအရ ထိုင်းနိုင်ငံမှာနေထိုင်တဲ့ အသက် ၁၈နှစ်အောက်ကလေးတွေဟာ လူမျိုး၊အသားအရောင်၊ ဘာသာစကား၊ကိုးကွယ်ရာဘာသာ၊ နိုင်ငံရေးနှင့် အခြားထင်မြင်မှုတွေ၊ နိုင်ငံသားဖြစ်မှုတွေ စတာတွေ ခွဲခြားမှု မရှိဘဲ တန်းတူကာကွယ်စောင့်ရှောက်ခွင့်ရမယ်လို့ဖော်ပြထားကြောင်း သတင်းကရေးသားပါတယ်။
#ymg/knl
Page 631 of 2358