#Local_News
Published 7 May 2025
▪️ မေလ ၆ ရက်နေ့က မန္တလေးလေဆိပ်တွင် ဖြစ်ပွါးခဲ့သည့် ကိစ္စနှင့်ပတ်သက် ၍မြန်မာအမျိုးသားလေကြောင်းမှ သတင်းထုတ်ပြန်ခဲ့သည်။
▪️ ထုတ်ပြန်ချက်၌ ၆.၅.၂၀၂၅ ရက်နေ့ ၁၈:၃၅ နာရီခန့်တွင် မြန်မာအမျိုးသားလေကြောင်းမှ ခရီးစဉ် UB - 812 အား Boeing XY-ALV ဖြင့် မန္တလေးမြို့မှ ရန်ကုန်မြို့သို့ ခရီးသည် (၁၄၃)ဦး သယ်ဆောင်၍ ပျံတက်ရန်ပြုလုပ်နေစဉ် လေယာဉ်ပြေးလမ်းပေါ်တွင် ပုံမှန်မဟုတ်သောအချက်ပြမှုဖြစ်ပေါ်လာသဖြင့် လေယာဉ်မှုးမှ ပြေးလမ်းပေါ်တွင်ပျံသန်းမှု ရပ်တန့်ခြင်းပြုလုပ်ခဲ့ကြောင်း၊ ထိုသို့ပြုလုပ်စဉ် လေယာဉ်၏ Brake စနစ်ပူပြင်းမှုကြောင့် လေယာဉ်၏ ဘယ်ဖက်တာယာများ ပွင့်ထွက်လွင့်စင်မှု ဖြစ်ပေါ်ခဲ့ပြီး မီးတောက်ဖြစ်လာခဲ့သဖြင့် အချိန်မီ ငြှိမ်းသတ်နိုင်ခဲ့ကြောင်း၊ သို့ဖြစ်ရာ ကျန်ရှိသော လေယာဉ်ဘီးများကောင်းမွန်ပြီး လေယာဉ်ပြေးလမ်း၏ မြောက်ဘက်ထိပ်တွင် ဘေးအန္တရာယ် ကင်းရှင်းစွာ ပြေးလမ်းပေါ်၌ ရပ်တန့်နိုင်ခဲ့ကြာင်း၊ လေယာဉ်ပေါ်တွင် ပါရှိသော လေယာဉ်အမှုထမ်းများ လိုက်နာကျင့်သုံးရသော Safety Operating Procedure များအတိုင်း ပြုလုပ်ခဲ့ပြီး ခရီးသည်များနှင့် လေယာဉ်အမှုထမ်းများ အားလုံးထိခိုက်မှု တစ်စုံတစ်ရာမရှိဘဲ ဘေးကင်းလုံခြုံစွာဖြင့် လေဆိပ်နားနေဆောင်သို့ ပို့ဆောင်ပေးနိုင်ခဲ့ကြောင်း ဖော်ပြထားသည်။
▪️ ထိုသို့ဖြစ်ပွါးခဲ့ခြင်းကြောင့်မြန်မာအမျိုးသားလေကြောင်း အနေဖြင့် အဆိုပါခရီးစဉ်တွင် ပါရှိသောခရီးသည်များအား ရန်ကုန်မြို့သို့ အစားထိုးလေယာဉ်များဖြင့် ပို့ဆောင်ပေးနိုင်ခဲ့ပြီး ခရီးသည်များ၏ လိုအပ်ချက်များအတိုင်း အဆင်ပြေစွာဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း၊ဖြစ်ပွားခဲ့သည့် ဖြစ်စဉ်နှင့် ပတ်သက်၍ မြန်မာအမျိုးသားလေကြောင်း မှ ခရီးသွားမိဘပြည်သူများအား အနူးအညွတ်တောင်းပန်အပ်ပြီး ယခု မတော်တဆ ဖြစ်ပွားမှုကို မြန်မာအမျိုးသားလေကြောင်း အနေဖြင့်စုံစမ်းစစ်ဆေးမှုများကို စနစ်တကျ ဆောင်ရွက်နေပြီဖြစ်ကြောင်း အသိပေးထုတ်ပြန်ထားသည်။
#YMG/SW #Yangon_Times
#Local_News
Published 8 May 2025
▪️ ရွှေတိဂုံစေတီတော်မြတ်ကြီးကို လုံးတော်ပြည့်ရွှေသင်္ကန်းကပ်လှူပူဇော်ပြီးဖြစ်သောကြောင့် ဗုဒ္ဓါဘိသေက အနေကဇာတင်နှင့် ရေစက်ချအလှူတော်မင်္ဂလာကို မေလ ၁၅ ရက် တွင် ဆင်ယင်ကျင်းပသွားမည် ဖြစ်ကြောင်း ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ထမှ သိရသည်။
▪️ အဆိုပါမင်္ဂလာအခမ်းအနားများကို မေလ ၁၅ ရက် မနက် ၇ နာရီခွဲမှစတင်၍ ရွှေတိဂုံစေတီတော်မြတ်ကြီး၏ ရင်ပြင်မြောက်ဘက်မုခ် ရာဟုထောင့်အောင်မြေနေရာမှာ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
▪️ ရွှေတိဂုံစေတီတော်မြတ်ကြီးအား လုံးတော်ပြည့်ရွှေသင်္ကန်းကပ်လှူပူဇော်ခြင်းလုပ်ငန်းအဖြစ် ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၁၈ ရက်မှစတင်ကာဆောင်ရွက်ခဲ့ပြီးနောက် ၂၀၂၅ ခုနှစ်၊ မတ်လ ၃၁ ရက်တွင် အောင်မြင်စွာ ဆောင်ရွက်ပြီးစီးခဲ့ကြောင်း သိရသည်။
▪️ ဗုဒ္ဓါဘိသေက အနေကဇာတင်နှင့် ရေစက်ချအလှူတော်မင်္ဂလာကို ဆင်ယင်ကျင်းပသွားမည် ဖြစ်သောကြောင့် ရွှေသင်္ကန်းအလှူရှင်များ တက်ရောက်ကြရန်လည်း ဖိတ်ကြားထားကြောင်း သိရသည်။
#YMG/NN #Yangon_Times
#Local_News
Published 8 May 2025
▪️ ဒလမြို့နယ်မှ မိန်းကလေးကို တရုတ်ဇနီးမယား အဖြစ်ရောင်းစားရန် စီစဉ်ဆောင်ရွက်ခဲ့သူများအား လူကုန်ကူးမှုဖြင့် အလုပ်နှင့်ထောင်ဒဏ် ၁၀နှစ်စီချမှတ်ခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။
▪️ ရန်ကုန်တိုင်းဒေသကြီး ဒလမြို့နယ် ဗိုလ်ရန်ပြေရပ်ကွက် ဗိုလ်ရန်ပြေ (၆) လမ်းနေမသီတာအောင်၊ အောင်ဇော်ဦး (ခ) ဟာမီဒူဘာ (လိပ်စာတူ) နေသူနှင့် ဟူနန်မြို့ တရုတ်နိုင်ငံနေ Mr. LUO FU CAI တို့က ရန်ကုန်တိုင်းဒေသကြီး ဒလမြို့နယ်နေ မ---၊ ၁၃/၂၀၂၅ နှစ်နှင့် ရန်ကုန်တိုင်းဒေသကြီး ဒလမြို့နယ်နေ မ---၊ ၁၆/၂၀၂၅ နှစ်တို့ကို တရုတ်အမျိုးသားနှင့် လက်ထပ်ပါက ရွှေဆွဲကြိုး၊ ရွှေလက်စွပ်ရွှေနားကပ်ဆင်ပေးမည့်အပြင် ငွေဖြင့်လည်းတင်တောင်းမည်ဟု ပြောဆိုစည်းရုံးပြီး ရရှိသော ငွေကြေးများအား ခေါင်းပုံဖြတ်ရယူရန် စီစဉ်ဆောင်ရွက်ခဲ့သဖြင့် ဒလမြို့မရဲစခန်း (ပ) ၂၀/၂၀၂၅၊ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးဥပဒေ ပုဒ်မ ၃၅/၄၄ ဖြင့် အမှုရေးဖွင့် တရားစွဲတင်ခဲ့ကြောင်း သိရသည်။
▪️ အဆိုပါအမှုအား တွံတေးခရိုင်တရားရုံးမှ မေ ၅ ရက်တွင် တရားခံ မသီတာအောင်၊ အောင်ဇော်ဦးနှင့် Mr. LUO FU CAI တို့ သုံးဦးကို လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ဥပဒေပုဒ်မ ၃၅/ ၄၄ အရ အလုပ်နှင့် ထောင်ဒဏ် ၁၀ နှစ်စီကျခံစေရန် အမိန့်ချမှတ်ခဲ့ကြောင်း သိရသည်။
#YMG/NN #Yangon_Times
၇ မေ ၂၀၂၅
ရုရှားနိုင်ငံ မဟာမျိုးချစ်စစ်ပွဲကြီးအောင်ပွဲ နှစ်(၅၀)ပြည့် အထိမ်းအမှတ်စစ်ရေးပြအခမ်းအနား တက်ရောက်မယ့် နစက ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် မြန်မာအဆင့် မြင့်ကိုယ်စားလှယ်အဖွဲ့ဟာ ယနေ့ မေလ ၇ ရက် မွန်းလွဲပိုင်းတွင် မော်စကိုမြို့ရှိ ဘနူကာဘာ အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိခဲ့ကြပါတယ်၊
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၊ ဇနီးဒေါ်ကြူကြူလှနှင့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ကို ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး Mr. AndreyRudenko နှင့် တာဝန်ရှိသူများ၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ကြီး ဦးသစ်လင်းအုန်း၊ မြန်မာစစ်သံ(ကြည်း၊ ရေ၊လေ) ဗိုလ်မှူးချုပ် ကျော်စိုးဦးတို့က လေဆိပ်တွင် လှိုက်လှဲနွေးထွေးစွာ ကြိုဆိုနှုတ်ဆက်ခဲ့ ကြပါတယ်။
ထိုသို့ကြိုဆိုစဉ် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ နိုင်ငံတော်ဂုဏ်ပြုတပ်ဖွဲ့မှလည်း လျှောက်လမ်း၏ ဘေးတစ်ဖက်တစ်ချက်စီတွင် ခြံရံ၍ နိုင်ငံတော်အဆင့်ကြိုဆိုဂုဏ်ပြုခဲ့တယ်လို့ နစကရဲ့သတင်းထုတ်ပြန် ချက်မှာဖော်ပြထားပါတယ်။
#ymg/knl

#Daily_News
Published 07 May 2025
၁။ ရွှေတိဂုံစေတီတော်သို့ ရွှေစင်ပြား ၇၀၀ကျော်နှင့် ကျပ်သိန်းပေါင်း ခုနစ်သောင်းကျော်လှူဒါန်း
၂။ ဒိန်းမတ်ကြက်ခြေနီအသင်းမှ စိတ်ပိုင်းဆိုင်ရာအထောက်အကူပြုပစ္စည်းများ လှူဒါန်း
၃။ ကမ္ဘာ့ရွှေဈေးနှင့်အတူရည်ညွှန်းဈေး ၅၇သိန်းကျော်လာ
၄။ ရုရှားစာပေရွာ၌ အာရှယဉ်ကျေးမှုအမွေအနှစ်ပွဲတော်ပြုလုပ် ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
နေပြည်တော်၊ မေ - ၇
ရုရှားဖက်ဒရေးရှင်းနိုင်ငံသမ္မတ မစ္စတာ ဗလာဒီမာပူတင်၏ ဖိတ်ကြားချက်အရ ရုရှားဖက်ဒရေးရှင်း နိုင်ငံတွင် ကျင်းပပြုလုပ်မည့် ၁၉၄၁-၁၉၄၅ မဟာမျိုးချစ် စစ်ပွဲကြီးအောင်ပွဲ နှစ်(၈၀)ပြည့် အထိမ်းအမှတ် စစ်ရေးပြအခမ်းအနားသို့ တက်ရောက်ရန်အတွက် နစကဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှ ဦးဆောင်တဲ့ မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် အထူးလေယာဉ်ဖြင့် နေပြည်တော်တပ်မတော်လေဆိပ်မှ ထွက်ခွာသွားပါတယ်။
ဗိုလ်ချုပ်မှူးကြီးနှင့်ဇနီးဦးဆောင်တဲ့ အဆိုပါ မြန်မာအဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့အား ကောင်စီဒုတိယ ဥက္ကဋ္ဌဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့်ဇနီး ဒေါ်သန်းသန်းနွယ်၊ကောင်စီအတွင်း ရေးမှူး ဗိုလ်ချုပ်ကြီး အောင်လင်းဒွေးနှင့်ဇနီး၊ ကောင်စီအဖွဲ့ဝင်များ၊ပြည်ထောင်စု ဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှအဆင့်မြင့် တပ်မတော်အရာရှိကြီးများနှင့် ဇနီးများ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ မြန်မာနိုင်ငံဆိုင်ရာ ရုရှားဖက်ဒရေးရှင်းနိုင်ငံသံရုံး၊ စစ်သံရုံးတို့မှ တာဝန်ရှိသူများက လေဆိပ်၌ ပို့ဆောင် နှုတ်ဆက်ခဲ့ကြပါတယ်။
အဆိုပါမြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့တွင် ကောင်စီတွဲဖက် အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး ရဲဝင်းဦး နှင့်ဇနီး၊ ကောင်စီအဖွဲ့ဝင်များဖြစ်ကြသည့် ဗိုလ်ချုပ်ကြီး မောင်မောင်အေး၊ ဒေါက်တာဘရွှေနှင့် ခွန်စံလွင်၊ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ၊ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ)ဗိုလ်ချုပ်ကြီး ကျော်စွာလင်းနှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့် တပ်မတော်အရာရှိကြီးများ၊ ဒုတိယ ဝန်ကြီးများ၊စစ်ဘက်၊ နယ်ဘက်မှ တာဝန်ရှိသူများ ခရီးစဉ်တွင် လိုက်ပါသွားကြပါတယ်။

ခရီးစဉ်အတွင်း ဗိုလ်ချုပ်မှူးကြီးးသည် ၁၉၄၁-၁၉၄၅ မဟာမျိုးချစ်စစ်ပွဲကြီးအောင်ပွဲ နှစ်(၈၀)ပြည့် အထိမ်းအမှတ်အခမ်းအနားနှင့် ဆက်စပ်အခမ်းအနား များသို့ တက်ရောက်ခြင်း၊ အခမ်းအနားသို့ တက် ရောက်လာကြသူများနှင့် သီးခြားတွေ့ဆုံဆွေးနွေးခြင်းများကို ဆောင်ရွက်သွားမယ်လို့ သိရပါတယ်။
ယင်းအပြင် နှစ်နိုင်ငံအစိုးရနှင့် ပြည်သူများအကြားချစ်ကြည်ရေး၊ စီးပွားရေး၊ လုံခြုံရေးဆိုင်ရာများနှင့် ကဏ္ဍပေါင်းစုံတွင် မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာကိစ္စရပ်များကို တိုးတက်ခိုင်မာ အောင် ဆောင်ရွက်သွားမယ်လို့ သတင်းထုတ်ပြန်ပါတယ်။
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ဇနီး ဒေါ်ကြူကြူလှ သည်လည်း ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဖက်ဒရယ် ကောင်စီလွှတ်တော်ဥက္ကဋ္ဌ Mrs. Valentina Matvienko နှင့် BRICS အမျိုးသမီးစီးပွားရေးမဟာမိတ်အဖွဲ့ ရုရှားဖက်ဒရေးရှင်းနိုင်ငံဆိုင်ရာဥက္ကဋ္ဌ Ms. Anna Nesterova တို့နှင့်တွေ့ဆုံဆွေးနွေးမှာဖြစ်တယ်လို့ သိရပါတယ်။
မြန်မာနှင့်ရုရှားနိုင်ငံတို့ဟာ ကာကွယ်ရေးနှင့်နိုင်ငံရေးဆက်ဆံမှုများ ရာစုနှစ်များစွာကောင်းမွန်အောင် ထိန်းသိမ်းခဲ့ကပြပါတယ်။ ၂၀၂၁ခုနှစ် နစက တာဝန်ယူချိန်မှစကာ ဆက်ဆံရေးမှာ သိသာစွာပိုမိုနက်ရှိုင်း ခဲ့ပါတယ်။ ဗိုလ်ချုပ်မှူးကြီးရဲ့ ယခုရုရှားခရီးစဉ်ဟာ ၂၀၂၁ ခုနှစ်မှစကာ ငါးကြိမ်မြောက်ခရီးစဉ်ဖြစ်ပြီး ၂၀၂၁၊၂၀၂၂ နှင့် ၂၀၂၅ နှစ် မတ်လများတွင် လေးကြိမ်တိတိ ရုရှားနိုင်ငံသို့သွားရောက်ခဲ့ပြီးဖြစ်ပါတယ်။
#ymg/knl
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနက လစဉ်ထုတ်ပြန်ပေးနေတဲ့ ဆန်ရည်ညွန်းဈေးတွေ နှစ်လဆက်တိုက်တည်ငြိမ်နေတာကို ဆန်ရည်ညွန်းဈေးနှုန်းစာရင်းေတွအရ သိရပါတယ်။
#Local_News
Published 07 May 2025
#နှစ်လဆက်တိုက်တည်ငြိမ်နေ #စားသုံးသူရေးရာဦးစီးဌာန
#YMG/SW #Yangon_Times
Page 270 of 2238