#Local_News
Published 09 September 2024
▪️ မြန်မာ့လက်ရွေးစင်အသင်းအတွက် နည်းပြချုပ်အဖြစ် မြန်မာ့လက်ရွေးကစားသမားဟောင်းဦးမျိုးလှိုင်ဝင်းကို ယခုစက်တင်ဘာလမှ စတင်ခန့်အပ်တာဝန်ပေးအပ်လိုက်ကြောင်း မြန်မာဘောလုံးအဖွဲ့ချုပ်မှ သိရသည်။
▪️ မြန်မာ့ လက်ရွေးစင်အသင်း နည်းပြချုပ်ဟောင်း ဂျာမန်လူမျိုး၊ MICHAEL FEICHTENBEINER ၏နေရာတွင် တာဝန်ပေးအပ်ခံရခြင်းဖြစ်သည်။
▪️ ဦးမျိုးလှိုင်ဝင်းသည် ကစားသမားဘဝတွင်မြန်မာဘောလုံးအသင်း၏ဂိုးသွင်းအများဆုံးတိုက်စစ်မှူးဖြစ်ခဲ့ပြီး ၁၉၈၇ ခုနှစ်မှ စတင်ကာ မြန်မာ့လက်ရွေးစင်အသင်းတွင် ပါဝင်ကစားခဲ့ပြီး ၂၀၀၄ ခုနှစ်၌ ကစားသမားဘဝ အနားယူခဲ့သည်။
▪️ ပြည်တွင်း အမှတ်ပေးပွဲများတွင် လည်းကောင်း၊ မလေးရှားလိဂ်၊ ထိုင်းလိဂ်တို့တွင်လည်းကောင်း ပရော်ဖက်ရှင်နယ်အဖြစ် သွားရောက်ကစားခဲ့ပြီး အာဆီယံဒေသတွင်း ထင်ရှားသည့် ကစားသမား တစ်ဦးဖြစ်ခဲ့သည်။
▪️ ၂၀၀၇ ခုနှစ်တွင် နည်းပြအဖြစ် အဲပုဂံအသင်းနှင့်အတူ စတင်ခဲ့ပြီး သက်တမ်းအလိုက် မြန်မာ့လက်ရွေးစင်အသင်းများ၊ မြန်မာနေရှင်နယ်လိဂ် ကလပ်အသင်းများအား တာဝန်ယူခဲ့ပြီး ကစား သမား ဘဝတွင်လည်းကောင်း၊ နည်းပြဘဝတွင်လည်းကောင်း အောင်မြင်မှုများ ရရှိခဲ့သူဖြစ်သည်။
▪️ မြန်မာ့လက်ရွေးစင်အသင်းသည် နည်းပြ ဦးမျိုးလှိုင်ဝင်း၏ဦးဆောင်မှုနဲ့ နည်းပြ/အုပ်ချုပ်အဖွဲ့ကို ဖွဲ့စည်းပြီးတာနှင့်စင်ကာပူ၊ လက်ဘနွန် အစရှိသည့် လက်ရွေးစင်အသင်းများအပါအဝင် ဖီဖာနိုင်ငံ တကာ ခြေစမ်းပွဲများကို ဦးစွာယှဉ်ပြိုင်ကစားသွားမည်ဖြစ်သည်။
▪️ ယင်းနောက် AFF Mitsubishi Electric Cup 2024 ပြိုင်ပွဲကို ဒီဇင်ဘာလ ၈ ရက်မှ စတင်ကာ အိမ်ကွင်း/အဝေးကွင်း အုပ်စုပွဲစဉ်များ ဆက်လက် ယှဉ်ပြိုင်ကစားသွားမည်ဖြစ်ပြီး၂၀၂၅ ခုနှစ်မတ်လမှ စတင်ကာ ၂၀၂၇ အာရှဖလား ခြေစစ်ပွဲစဉ်များ၊ ဖီဖာနိုင်ငံတကာ ခြေစမ်းပွဲများ ဆက်လက် ယှဉ်ပြိုင်ရမည်ဖြစ်ကြောင်း သိရသည်။
#YMG/tthl #Yangon_Times
အခုစက်တင်ဘာလထဲမှာ ပုပ္ပါးမှာ အဘအောင်မင်း ခေါင်ထွက်ပွဲကျင်းပဖို့ရှိတဲ့အတွက် ရှမ်းအိုးစည်နဲ့ မောင်းဆိုင်းတွေအမှာတွေများနေတယ်လို့ သိရပါတယ်။
#Local_News
Published 09 September 2024
#ပုပ္ပါးအဘထွက်ပွဲ #ကြေးမောင်းဆိုင်းများအရောင်းသွက်
#YMG/tthl #Yangon_Times
တောင်သူထုတ်ရောင်းမှုများပြားလာတာနဲ့ ပြည်ပတင်ပို့တဲ့သယ်ယူပို့ဆောင်စရိတ်ကြီးမြင့်နေတာကြောင့် ကြက်သွန်နီဈေးနှုန်းတွေ အကျပိုင်းကို ရောက်ရှိနေတယ်လို့ မြင်းခြံကုန်စည်ဒိုင်ကနေ သိရပါတယ်။
#Local_News
Published 09 September 2024
#ကြက်သွန်နီဈေးကျ #သယ်ယူပို့ဆောင်စရိတ်မြင့်
#YMG/NN #Yangon_Times
အိန္ဒိယ၌ပြုလုပ်မယ့် U-21 မြင်းစီးတန်းခုန် ပြိုင်ပွဲသို့ ဝင်ရောက်ယှဥ်ပြိုင်ရန် အရည်အချင်းစစ်ပြိုင်ပွဲကို ယမန်နေ့က နေပြည်တော်၌ပြုလုပ်ခဲ့ရာတစ်ဦးစကာတင်ရွေးချယ်နိုင်ခဲ့တယ်လို့ မြန်မာနိုင်ငံမြင်းစီးအားကစားအဖွဲ့ချုပ်က သိရပါတယ်။
#Local_News
Published 09 September 2024
#U-21မြင်းစီးတန်းခုန်ပြိုင်ပွဲ #တစ်ဦးစကာတင်ရွေးချယ်
#YMG/NN #Yangon_Times
မန္တလေးမြို့ (၃၅)လမ်းနဲ့ ကမ်းနားလမ်းထောင့် (ဂေါဝိန်ဆိပ်)နေရာမှာအသစ်ဖွင့်လှစ်လိုက်တဲ့ EV ကားအားသွင်း Station နဲ့ဆိုရင် တစ်နိုင်ငံလုံးအတိုင်းအတာအနေနဲ့ EVကားအားသွင်း Station(၂၀)ခု ဖွင့်လှစ်နိုင်ပြီဖြစ်တယ်လို့ သိရပါတယ်။
#Local_News
Published 09 September 2024
#EVကားအားသွင်းStation #တစ်နိုင်ငံလုံးအတိုင်းအတာ
#YMG/tthl #Yangon_Times
#Local_News
Published 9 September 2024
▪️ ယခု ၂၀၂၄ -၂၀၂၅ ဘဏ္ဍာရေးနှစ်မြန်မာ-ထိုင်းနယ်စပ်ကုန်သွယ်ရေးမှ ငါးလတာနီးပါးအတွင်း ကန်ဒေါ်လာ သန်း တစ်ထောင်ကျော်ရရှိထားကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။
▪️ ဧပြီလ ၁ ရက်မှဩဂုတ်လ ၁၆ ရက်အထိ မြန်မာ-ထိုင်း နယ်စပ်ကုန်သွယ်မှု အနေဖြင့် အမေရိကန်ဒေါ်လာ သန်း ၁,၁၅၀ ကျော်ရရှိထားခြင်း ဖြစ်သည်။
▪️ မြန်မာ-ထိုင်းနယ်စပ်ကုန်သွယ်ရေးကို လမ်းကြောင်းအသစ်အဖြစ် ရန်ကုန်-ကော့သောင်း-ရနောင်း ကွန်တိန်နာစနစ်ဖြင့် ကုန်သွယ်မှုဆောင်ရွက်နေသည့်အပြင် တာချီလိတ်၊ မြဝတီ၊ ကော့သောင်း၊ မြိတ်၊ ထီးခီးနှင့် မော်တောင်နယ်စပ်များမှတစ်ဆင့် ထိုင်းနိုင်ငံနှင့် နယ်စပ် ကုန်သွယ်မှု ပြုလုပ်နေပြီး ၎င်းကုန်သွယ်မှုများအနက် ထီးခီးနယ်စပ်မှ အများဆုံးကုန်သွယ်မှုပြုလုပ်ထားခြင်းဖြစ်ကြောင်း သိရသည်။
▪️ အဆိုပါ နယ်စပ်ကုန်သွယ်ရေးစခန်းများအလိုက် ပို့ကုန်တင်ပို့မှု တန်ဖိုးမှာ အမေရိကန်ဒေါ်လာ သန်း ၉၆၀ ကျော်ရှိပြီး သွင်းကုန် တန်ဖိုးမှာ အမေရိကန်ဒေါ်လာ သန်း ၁၉၀ ကျော်ရှိရာ စုစုပေါင်းကုန်သွယ်မှုပမာဏမှာ အမေရိကန်ဒေါ်လာ သန်း ၁,၁၅၀ ကျော်ရရှိထားခြင်းဖြစ်ကြောင်း သိရသည်။
▪️ မြန်မာနိုင်ငံမှ လယ်ယာထွက်ကုန်များ၊ မွေးမြူရေး ထွက်ကုန်များ၊ ရေထွက်ကုန်များ၊ ဓာတ်သတ္တုများ၊ သစ်တောထွက်ပစ္စည်းများ၊ စက်မှုကုန်ချောနှင့် အခြားကုန်စည်များ တင်ပို့လျက်ရှိပြီး ရင်းနှီးမြှုပ်နှံမှုကုန်ပစ္စည်း၊ လုပ်ငန်းသုံးကုန်ကြမ်းပစ္စည်း လူသုံးကုန်ပစ္စည်းများနှင့် CMP ကုန်ကြမ်း များကို ပြန်လည်တင်သွင်းလျက်ရှိကြောင်း သိရသည်။
#YMG/NN #Yangon_Times
#Local_News
Published 9 September 2024
▪️ ယခုနှစ်ရှစ်လအတွင်း ကိုရီးယားနိုင်ငံသို့ EPS စနစ်ဖြင့် လုပ်သား ၅,၈၀၀ ကျော်စေလွှတ်ထားကြောင်းအစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီမှ သိရသည်။
▪️ တောင်ကိုရီးယားနိုင်ငံသို့ EPS စနစ်ဖြင့် ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလမှ ဩဂုတ်လအထိ လုပ်သား ၅,၈၅၀ ဦး စေလွှတ်ထားခြင်းဖြစ်သည်။
▪️ ထိုသို့ EPS စနစ်ဖြင့် လုပ်သားစေလွတ်ရာတွင် ကုန်ထုတ်လုပ်ငန်း၊ ဆောက်လုပ်ရေးလုပ်ငန်းနှင့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများအတွက်လုပ်သားများ စေလွှတ်ပေးနေခြင်းဖြစ်ပြီး ကုန်ထုတ်လုပ်ငန်းကဏ္ဍအတွက် အများဆုံးစေလွှတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
▪️ ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်အတွင်း ကုန်ထုတ်လုပ်ငန်း၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းနှင့် ဆောက်လုပ်ရေးလုပ်ငန်းများသို့ လုပ်သားဦးရေ ၁၀,၆၁၁ ဦး စေလွှတ်နိုင်ခဲ့ပြီး ယခု ၂၀၂၄ ခုနှစ်အတွင်း ဝန်ဆောင်မှုလုပ်ငန်းဖြင့် အမျိုးသမီးများကို ပထမဦးဆုံးအကြိမ်ဖြစ် စေလွှတ်သွားမှာဖြစ်ကြောင်း သိရသည်။
#YMG/NN #Yangon_Times
Page 267 of 1962