#Local_News
Published 7 May 2025
▪️ OWIC ကတ်လျောက်ထားရာတွင် စာရွက်စာတမ်းပြည့်စုံ ၊ကြည်လင်မှုမရှိပါက တန်းစီးစနစ်အတိုင်းပြန်လည်လျှောက်ထားရမည်ဖြစ်ကြောင်း အလုပ်သမားဝန်ကြီးဌာနမှ သိရသည်။
▪️ ခွင့်ပြန်နှင့် ကျွမ်းကျင် OWIC ပြုလုပ်ခွင့်တင်ထားသူများအနက်မှ စာရွက်စာတမ်းမပြည့်စုံသူများစာရင်းကို Safe Migration Telegram channel မှ ထုတ်ပြန်ပေးလျှက်ရှိပြီး စာရင်းတွင်ပါဝင်သူများအေနဖြင့်စာရွက်စာတမ်းပြည့်စုံစွာဖြင့် ပြန်လည်တင်ပြရန်လိုအပ်မည်ဖြစ်ေကြာင်း သိရသည်။
▪️ "ကိုယ်တိုင်ကျသေချာစွာမတင်ကြ ပွဲစားကဖြစ်သလိုတင် ဘာအထောက် အထားတွေလိုပါတယ်ဆိုတာကို ပုံစံနဲ့တကွတင်ပေးထားတာကို တလွဲတွေတင်ကြတယ် တန်းစီဇယားစနစ်မလို့ လိုအပ်ချက်ဖြစ်လာရင် အရမ်းနစ်နာတယ် ကိုယ်တိုင်တင်တင် ပွဲစားကပဲတင်တင် သေချာစွာ ကြည်တောက်ရှင်းတွေတွဲပေးစေချင်တယ် အထူးသဖြင့် QR code တွေပေါ့" ဟု Safe Migration မှ တာဝန်ရှိသူတစ်ဦးကပြောသည်။
▪️ ထို့ပြင် ဖောင်တင်ရာ၌ အကြောင်းအရာဖြည့်စွက်ရာတွင် ကျွမ်းကျင်အတွက် သင်တန်းနှင့် OWIC ပြုလုပ်ခွင့်ပြုရန်၊ ခွင့်ပြန်အတွက် OWIC ပြုလုပ်ခွင့်ပြုရန်၊OWIC ပျောက်ဆုံးအတွက် OWIC ပြုလုပ်ခွင့်ပြုရန်၊OWIC သက်တမ်းတိုးခွင့်ပြုရန် စသည်ဖြင့် လျှောက်ချင်သည့်ပုံစံအပေါ်မူတည်ပြီး မှန်မှန်ကန်ကန် ဖြည့်စွက်ရန်လိုပြီး ဖောင်ပုံစံများကို Safe Migration Facebook ၌ကြည့်နိုင်ကြောင်း သိရသည်။
#YMG/SW #Yangon_Times
ကမ္ဘာ့ရွှေဈေးစံချိန်သစ်ထပ်တင်ပြီး ရန်ကုန်ရွှေရည်ညွှန်းဈေးက တစ်ကျပ်သားကိုကျပ် ၅၇သိန်းကျော်လာသလို ပြင်ပပေါက်ဈေးကလည်း ၇၆သိန်းအထိမြင့်တက်လာလို့ ရွှေဈေးကွက်ထဲက သိရပါတယ်။
#Local_News
Published 07 May 2025
#ကမ္ဘာ့ရွှေဈေးတက် #ရည်ညွှန်းဈေးတက်
#YMG/NN #Yangon_Times
'ရွှေတိဂုံစေတီတော်မြတ်ကြီးကို သဒ္ဓါကြည်ဖြူအလှူရှင်တွေက တစ်လတာအတွင်းရွှေစင်၊ ရွှေပြား ၇၀၀ ကျော်နဲ့ ငွေကျပ်သိန်းပေါင်းခုနစ်သောင်း ကျော်လှူဒါန်းခဲ့တယ်လို့ ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့က သိရပါတယ်။
#Local_News
Published 07 May 2025
#ရွှေတိဂုံစေတီတော် #သဒ္ဓါကြည်ဖြူအလှူရှင်
#YMG/NN #Yangon_Times
ငလျင်တုံ့ပြန်ဆောင်ရွက်ရေးလုပ်ငန်းတွေမှာအသုံးပြုဖို့အတွက် ဒိန်းမတ်နိုင်ငံကြက်ခြေနီအသင်းမှ စိတ်ပိုင်းဆိုင်ရာ အားပေးကူညီခြင်းအထောက်အကူပြုပစ္စည်းတွေလှူဒါန်းခဲ့တယ်လို့ မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ သိရပါတယ်။
#Local_News
Published 07 May 2025
#မြန်မာနိုင်ငံကြက်ခြေနီအသင်း #ဒိန်းမတ်ကြက်ခြေနီအသင်း
#YMG/SW #Yangon_Times
#Local_News
Published 7 May 2025
▪️ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်းနှင့် တနင်္သာရီတိုင်းဒေသကြီးတို့တွင် မိုးတိမ်တောင်များ ဖြစ်ထွန်းလျက်ရှိရာ မိုးတိမ်တောင် ဖြစ်ထွန်းရာတစ်လျှောက်၌မိုးရွာသွန်း ခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊မိုးသီးကြွေခြင်းများဖြစ်နိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန မှသိရသည်။
▪️ ယနေ့ညနေအထိခန့်မှန်းချက်အရ နေပြည်တော်၊ ပဲခူးတိုင်းဒေသကြီး၊ ကယားပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းမည်ဖြစ်ပြီး တနင်္သာရီတိုင်းဒေသကြီးတွင် နေရာအနှံ့အပြား၊ ကချင်ပြည်နယ်တွင် နေရာစိပ်စိပ်၊ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်းနှင့် မွန်ပြည်နယ်တို့တွင် နေရာကျဲကျဲနှင့် ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် နေရာကွက်ကျား မိုးထစ်ချုန်းရွာသွန်းမည်ဖြစ်ကာ ရွာရန်ရာနှုန်း ၈၀ ဖြစ်ကြောင်းသိရသည်။
▪️ မိုးတိမ်တောင်ဖြစ်ပေါ်မှုအခြေအနေများမှာမူ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်းနှင့် တနင်္သာရီတိုင်းဒေသကြီးတို့တွင် မိုးတိမ်တောင်များ ဖြစ်ထွန်းလျက်ရှိပြီး၊ အဆိုပါ မိုးတိမ်တောင်များ ရွေ့လျားရာနေရာတစ်လျှောက်တွင် မိုးရွာသွန်း ခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်းနှင့် မိုးသီးကြွေခြင်း စသည့် မိုးလေဝသဖြစ်စဉ်များ ဖြစ်ပေါ်နိုင်ပါသဖြင့် ကြိုတင်သတိပြုနိုင်ရန် အကြံပြု ထားကြောင်း သိရသည်။
▪️ ထို့အပြင် နောက် ၂ ရက်အတွက်ခန့်မှန်းချက်အရ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင် ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာကျဲကျဲမှ နေရာစိပ်စိပ် မိုးထစ်ချုန်းရွာမည်ဖြစ်ကြောင်းသိရသည်။
#YMG/NN #Yangon_Times
#Local_News
Published 7 May 2025
▪️ မန္တလေးမြို့အနီး၌ နေ့မနက်အစောပိုင်းတွင် ၁၆၃ ကြိမ်မြောက် မြေငလျင်ငယ်တစ်ခုလှုပ်ခတ်ခဲ့ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန ၏ ထုတ်ပြန်ချက်အရ သိရသည်။
▪️ မေလ ၇ရက်နေ့ မနက် ၁နာရီ ၂၆မိနစ်၂၆ စက္ကန့် တွင် အင်အားပမာဏ ၃.မ ၈ ရစ်(ခ်)တာစကေး ရှိပြီး မန္တလေးမြို့၏ အရှေ့မြောက်ဘက်(၃)မိုင်ခန့်တွင် အနက် - ၁၅ ကီလိုမီတာ ဗဟိုချက်တည်နေရာ၌ ငလျင်တစ်ခုလှုပ်ခတ်ခဲ့ကြောင်း သိရသည်။
▪️ ထို့အပြင် မေလ ၆ ရက်နေ့၊ မြန်မာစံတော်ချိန် ၁၀နာရီ၊ ၅၅မိနစ်၊ ၃၆စက္ကန့် အချိန်တွင်လည်း ကမ္ဘာအေးမြေငလျင်စခန်းမှ အရှေ့မြောက်ဘက် (၆) မိုင်ခန့် ကွာဝေးသော မြန်မာနိုင်ငံပြည်တွင်း (လှည်းကူးမြို့၏ တောင်-အနောက်တောင်ဘက် (၁၀) မိုင်ခန့်အကွာ) မြောက်လတ္တီတွဒ် (၁၆.၉၅) ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၆.၁၉) ဒီဂရီ၊ အနက် (၁၀) ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၃.၄) အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခုလှုပ်ရှားသွားကြောင်း သိရသည်။
▪️ အဆိုပါ မြေငလျင်ကြောင့် ရန်ကုန်မြို့ရှိ တာမွေမြို့နယ်၊အလုံမြို့နယ်၊စမ်း ချောင်းမြို့နယ် အပါအဝင် မြို့နယ်အချို့၌ သိသိသာသာသိရှိခဲ့ကာ
တိုက်ခန်းနေပြည်သူများ မြေပြင်သို့ဆင်းသက်ခဲ့ရကြောင်း သိရသည်။
#YMG/NN #Yangon_Times
#Daily_News
Published 06 May 2025
၁။ ရန်ကုန်-မော်လမြိုင်ရထားခရီးစဉ်များ ယနေ့ယာယီဖျက်သိမ်းထား
၂။ ရွှေတိဂုံစေတီတော်၌ ကဆုန်ညောင်ရေသွန်းပွဲတော် စည်ကားသိုက်မြိုက်စွာကျင်းပမည်
၃။ EMI နှင့် MCEF (မန္တလေး)တို့ ပူးပေါင်း၍ ငလျင်ဘေးဒဏ်သင့် အဆောက်အဦးများကို ယခုလ ၉ရက်အထိစစ်ဆေးမည်
၄။ ထိုက်ချိပညာကို ဆန်းသစ်နည်းလမ်းများဖြင့် အွန်လိုင်းမှသင်ပြပေးနေသည့်တရုတ်ထိုက်ချိပညာရှင် ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
Page 271 of 2238