#Local_News
Published 15 November 2025
▪️ ရန်ကုန်-ပြည်ကားလမ်းပေါ်တွင် ဆန်ကားမှောက်ပြီး အမျိုးသားတစ်ဦး ေ-သဆုံးမှူတစ်ခု ဖြစ်ပွားခဲ့ကြောင်းသိရသည်။
▪️ နိုဝင်ဘာလ ၁၅ရက်နေ့၊ နေ့လယ် ၁၁နာရီ ၅၆မိနစ် အချိန်၊ ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်၊ တာဂွကျေးရွာအုပ်စု၊ ရန်ကုန်-ပြည်ကားလမ်းမပေါ်တွင် ဆန်ကားမှောက်၍ ယာဉ်မောင်းညပ်နေကြောင်း သိရသည်။
▪️ အဆိုပါသတင်းရရှိသဖြင့် တိုက်ကြီးမြို့နယ်မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ထွက်ခွာဆောင်ရွက်ခဲ့ရာ ၁၂ : ၁၀ အချိန်တွင် ကားခေါင်းခန်းတွင် ညှပ်နေသူ ယာဉ်မောင်းကျား(၁)ဦး (ေ-သဆုံး)အား ခိုကိုးရာမဲ့အသင်းသူနာတင်ယာဉ်ဖြင့် တိုက်ကြီးဆေးရုံသို့ ပို့ဆောင်ပေးခဲ့ ကြောင်းသိရသည်။
#YMG/NN #Yangon_Times
ရန်ကုန်နဲ့ ပုသိမ်ဆိပ်ကမ်းတွေကနေ ဘင်္ဂလားဒေ့ရှ်သို့ မြန်မာနိုင်ငံကနေ ထွက်ရှိတဲ့ ဆန်ဖြူတွေတင်ပို့သွားမယ်လို့ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် (MRF)ကနေသိရပါတယ်။
#Local_News
Published 13 November 2025
#ရန်ကုန် #ပုသိမ်ဆိပ်ကမ်း #ဘင်္ဂလားဒေ့ရှ်
#YMG/NN #Yangon_Times
မန္တလေး မြို့မအပျော်တမ်းတူရိယာအသင်း နှစ်(၁၀၀) ပြည့် အထိမ်းအမှတ်အခမ်းအနားကို ယခုလ(၂၇)ရက်မှာ မန္တလေးမြို့၊ရတနာပုံခန်းမမှာ ကျင်းပသွားမယ်လို့ သိရပါတယ်။
#Local_News
Published 13 November 2025
#မန္တလေးမြို့ #မြို့မအပျော်တမ်းတူရိယာအသင်း
#YMG/SW #Yangon_Times
၂၀၂၄ - ၂၀၂၅ ဘဏ္ဍာနှစ်မှာတညင်းကုန်းလက်ကားဈေးကြီးကို စီမံခန့်ခွဲနေတဲ့ မြန်မာအက်ဂရိုအိတ်(စ်)ချိန်း အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက် (MAEX) က အသားတင်အမြတ်ငွေ ကျပ် ၇ ဘီလီယံနီးပါးရရှိခဲ့တယ်လို့ ၂၀၂၄-၂၀၂၅ နှစ်ပတ်လည်အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
#Local_News
Published 13 November 2025
#MAEX #တညင်းကုန်းလက်ကားဈေးကြီး
#YMG/NN #Yangon_Times
မြန်မာ-အိန္ဒိယ ဝါမျိုးစေ့တင်သွင်းမှုပူးပေါင်းဆောင်ရွက်နိုင်ရေး နားလည်မှုစာချွန်လွှာ (MoU) လက်မှတ်ရေးထိုးနိုင်ရေးအတွက် MoU (မူကြမ်း) ကို ပြုစုနေတယ်လို့ ယမန်နေ့က ပြုလုပ်တဲ့ မြန်မာနိုင်ငံသို့ အိန္ဒိယနိုင်ငံမှအရည်အသွေးမြင့် ဝါမျိုးစေ့တင်သွင်းနိုင်မှုအတွက် ဆက်လက်ပူးပေါင်းဆောင်ရွက်နိုင်ရန် တတိယအကြိမ်ညှိနှိုင်းအစည်းအဝေးမှသိရပါတယ်။
#Local_News
Published 13 November 2025
#ဝါမျိုးစေ့ #ဝါမျိုးစေ့
#YMG/SW #Yangon_Times
#Daily_News
Published 13 November 2025
၁။ MAEX ၏ အသားတင်အမြတ်ငွေကျပ် (၇) ဘီလီယံနီးပါးရရှိ
၂။ မန္တလေး မြို့မအပျော်တမ်းတူရိယာအသင်း နှစ်(၁၀၀)ပြည့် အထိမ်းအမှတ်ကျင်းပမည်
၃။ ရန်ကုန်နှင့်ပုသိမ် ဆိပ်ကမ်းများမှဘင်္ဂလားဒေ့ရှ်သို့ ဆန်ဖြူများတင်ပို့သွားမည်
၄။ တရုတ်နှင့်အိန္ဒိယကြား တိုက်ရိုက်လေကြောင်းခရီးစဉ်ပြန်လည်စတင်... အစရှိတဲ့ သတင်းတွေကိုတင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
#Local_News
Published 13 November 2025
▪️ ၂၀၂၅ ခုနှစ် တရုတ်ပုံရိပ်ရုပ်ရှင်သီတင်းပတ်နှင့် တရုတ်-မြန်မာ သံတမန်ဆက်ဆံရေးထူထောင်ခြင်း(၇၅) နှစ်ပြည့် အထိမ်းအမှတ်ရုပ်ရှင်ပွဲတော်ကို နိုဝင်ဘာ ၁၆ ရက်မှ နိုဝင်ဘာ ၁၉ ရက်အထိကျင်းပသွားမည်ဖြစ် ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးမှ သိရသည်။
▪️ အဆိုပါ ရုပ်ရှင်ပွဲတော်ကို နေပြည်တော်ရုပ်ရှင်ရုံ(ရန်ကုန်)၌ ပြုလုပ်မည်ဖြစ်ပြီးတရုတ် ရုပ်ရှင်ဇာတ်ကား(၇)ကားကို အခမဲ့ပြသသွားမည်ဖြစ်ရာ အမည်စာရင်းပေးသွင်းပြီး လာရောက်ကြည့်ရှုနိုင်ကြောင်းသိရသည်။
▪️ ပြသသွားမည့် ဇာတ်ကားများမှာ နိုဝင်ဘာ ၁၆ ရက်တွင် "မင်္ဂလာပါမေမေ"၊ နိုဝင်ဘာ ၁၇ ရက်တွင် "လကမ္ဘာစွန့်စားခန်း"နှင့်"သူရဲကောင်းရှစ်ရာ"၊ နိုဝင်ဘာ ၁၈ ရက်တွင် "ချစ်သောဇာတိမြေ"နှင့် "စာဆိုတော်နှင့်ကြောင်နက်ရှင်"၊ နိုဝင်ဘာ ၁၉ ရက်တွင် "ကန္တာရဓားသမား"နှင့် "အလွဲများနှင့်ဘဝ" ရုပ်ရှင်ဇာတ်ကားများဖြစ်ကြောင်း သိရသည်။
#YMG/SW #Yangon_Times
Page 273 of 2443