နေပြည်တော်ရှိ ငလျင်ဘေးသင့် ပြည်သူေတွအတွက် MSME ထုတ်ကုန်တွေကို မေလ ၅ရက်မှစတင်ကာ အရောင်းယာဉ်နဲ့ တစ်လကြာစတင်လှည့်လည်ရောင်းချပေးနေပြီဖြစ်တယ်လို့ ပဲခူးတိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာနမှ သိရပါတယ်။
#Local_News
Published 06 May 2025
#MSMEထုတ်ကုန် #အရောင်းယာဉ်ဖြင့်ရောင်းချပေး
#YMG/SW #Yangon_Times
EMI (Engineering Ministries International) နဲ့ မန္တလေးတိုင်းဒေသကြီး ဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်းရှင်များအသင်း (MCEF)တို့ ပူးပေါင်းပြီးငလျင်ဘေးဒဏ်သင့် အဆောက်အဦးတွေကို ယခုလ ၉ရက်အထိ စစ်ဆေးပေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။
#Local_News
Published 06 May 2025
#EMIနှင့်MCEF(မန္တလေး) #Engineering_Ministries_International
#YMG/SW #Yangon_Times
ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့နယ်ရှိ ရွှေတိဂုံစေတီတော်မှာ (၄၂)ကြိမ်မြောက် ကဆုန်ညောင်ရေသွန်းပွဲတော်ကို မေလ ၁၁ ရက်(ကဆုန်လပြည့်နေ့) မနက် ၇ နာရီမှာ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သွားမယ်လို့ ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့က သိရပါတယ်။
#Local_News
Published 06 May 2025
#ရွှေတိဂုံစေတီတော် #ကဆုန်ညောင်ရေသွန်းပွဲတော်ကျင်းပ
#YMG/NN #Yangon_Times
ရန်ကုန်-မော်လမြိုင်ရထားခရီးစဉ်တွေကို ဒီကနေ့မှာ ယာယီဖျက်သိမ်းထားတယ်လို့ မော်လမြိုင်ဘူတာကြီးက သိရပါတယ်။
#Local_News
Published 06 May 2025
#ရန်ကုန်-မော်လမြိုင်ရထား #ယနေ့ယာယီဖျက်သိမ်း
#YMG/NN #Yangon_Times
#Local_News
Published 6 May 2025
▪️ တပ်မတော်အနေဖြင့် ယာယီပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးကာလကို မေ ၆ ရက်မှ ၃၁ ရက် အထိ ထပ်မံတိုးမြှင့်လိုက်ကြောင်း ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ယနေ့ထုတ်ပြန်ကြေညာလိုက်သည်။
▪️ မတ် ၂၈ ရက်နေ့တွင်ဖြစ်ပေါ်ခဲ့သည့် အင်အားပြင်းမန္တလေးငလျင်ကြီးလှုပ်ခတ်မှုကြောင့် ထိခိုက်ပျက်စီးမှုများဖြစ်ပေါ်ခဲ့သဖြင့် ငလျင်ဒဏ်သင့်ဒေသများ၌ ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်နိုင်စေရန် ရည်ရွယ်ပြီး တပ်မတော်အနေဖြင့် ၂၀၂၅ ခုနှစ်၊ ဧပြီ ၂ ရက် မှ ၃၀ ရက်အထိကာလကို ယာယီပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးကာလအဖြစ် ထုတ်ပြန်ခဲ့ပြီးဖြစ်ရာနိုင်ငံတော်အနေဖြင့် ငလျင်ဒဏ်သင့်ဒေသများ၌ ပြန်လည်တည်ဆောက်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အရှိန်အဟုန်ဖြင့် ဆက်လက်ဆောင်ရွက်နိုင်စေရန်၊ နိုင်ငံတော်နှင့် နိုင်ငံသားအားလုံး၏ အကျိုးစီးပွားကို ပိုမိုလျင်မြန်စွာဖော်ဆောင်နိုင်ရန်၊ ရေရှည်တည်တံ့ပြီးစစ်မှန်သည့်ငြိမ်းချမ်းရေးကို ဖော်ဆောင်နိုင်စေရန်နှင့်တည်ငြိမ်အေးချမ်းမှုကို ရှေးရှုလျက်တပ်မတော်အနေဖြင့် ၂၀၂၅ ခုနှစ်၊ မေ ၆ ရက်မှ ၃၁ ရက် အထိကာလကို ယာယီပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးကာလအဖြစ် ထပ်မံတိုးမြှင့်လိုက်ကြောင်း သိရသည်။
▪️ လက်ရှိကာလတွင်လည်း နိုင်ငံတော်အစိုးရအနေဖြင့် ငလျင်ဒဏ်သင့်ဒေသများ၌ ထိခိုက်ပျက်စီးခဲ့ရသည့် အစိုးရရုံးဌာနများ၊ ပြည်သူများ၏ အိုးအိမ်နှင့် လမ်းပန်းဆက်သွယ်မှု လုပ်ငန်းများ ပြန်လည်တည်ဆောက်ခြင်းလုပ်ငန်းများနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အင်တိုက်အားတိုက် ဆက်လက်ဆောင်ရွက်လျက်ရှိပြီး နိုင်ငံတကာမှလည်း ကူညီမှုများကိုဆောင်ရွက်ပေးလျက်ရှိရာယာယီပစ်ခတ်တိုက်ခိုက်မှု ထုတ်ပြန်ကြေညာထားသည့်ကာလအတွင်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် အခြားလက်နက်ကိုင်အဖွဲ့များအနေဖြင့် အများပြည်သူသွားလာအသုံးပြုလျက်ရှိသည့် ဆက်သွယ်ရေးလမ်းကြောင်းများအား နှောင့်ယှက်တိုက်ခိုက်ခြင်းနှင့် ထိခိုက်ပျက်စီးစေခြင်း၊ ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်ကို ထိခိုက်ပျက်စီးစေခြင်း၊ လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးတာဝန်ထမ်းဆောင်လျက်ရှိသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ တပ်စခန်းများအား တိုက်ခိုက်ခြင်း၊ တပ်ဌာနချုပ်များကိုနှောင့်ယှက် တိုက်ခိုက်ခြင်းများ၊ ငြိမ်းချမ်းရေးကိုထိခိုက်ပျက်စီးစေမည့် အင်အားစုဆောင်းခြင်း၊ ပြင်ဆင်စုဖွဲ့ခြင်း၊ နယ်မြေ ချဲ့ထွင်ခြင်းများကိုမပြုရန်နှင့် ထိုကဲ့သို့ဆောင်ရွက်လာပါက တပ်မတော်အနေဖြင့် ပြည်သူ လူထုကိုကာကွယ်သောအားဖြင့် လိုအပ်သည့်အရေးယူ တုန့်ပြန်မှုများကို ဆောင်ရွက်သွားမည် ဖြစ်ကြောင်းထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
#YMG/SW #Yangon_Times
#Local_News
Published 6 May 2025
▪️ မန္တလေးငလျင်ဒဏ်ကြောင့်ပြိုကျခဲ့ရသည့် မန္တလေးမြို့ရှိSky Villa မှ အမျိုးသားတစ်ဦး ရုပ်အ ေ-လာင်းကို ယနေ့ မနက်ပိုင်းတွင် ထပ်မံတွေ့ရှိခဲ့ရကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ သိရသည်။
▪️ မေလ၆ ရက်နေ့တွင် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ ယန္တရားများနှင့်အတူ ရုပ်အလောင်းကျန်ရှိနေသော မန္တလေးမြို့ Sky Villa အဆောက်အဦ(B) အဆောင်၊ (C) အဆောင်နှင့် (D)အဆောင်များအား ဖယ်ရှားရှင်းလင်းခြင်းနှင့် ရုပ်အလောင်းထုတ်ယူနိုင်ရေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
▪️ ထိုသို့ ဆောင်ရွက်လျှက်ရှိရာ (B)အဆောင်မှ မနက်၁၁ နာရီ၂၀ မိနစ်အချိန်၌ ကျား(၁)ဦး၏ ရုပ်အလောင်းအား ထုတ်ယူနိုင်ခဲ့ ကြောင်းသိရသည်။
#YMG/NN #Yangon_Times
#Local_News
Published 6 May 2025
▪️ မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင်၏ ၂၀၂၄ ခုနှစ် နှစ်ပတ်လည်အစီရင်ခံစာ အားထုတ်ဝေလိုက်ပြီရာ ယင်းအစီရင်ခံစာနှင့်ပတ်သက်၍ ဝေဖန်အကြံပြုလိုပါက ကော်မရှင်ရုံးသို့ ပေးပို့နိုင်
ကြောင်း သိရသည်။
▪️ အဆိုပါ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်သည် ကော်မရှင်ဥပဒေပါတာဝန်နှင့် လုပ်ပိုင်ခွင့်များနှင့်အညီ ကော်မရှင်လုပ်ငန်းတာဝန်များ ဆောင်ရွက်လျက်ရှိရာတွင် ကော်မရှင်၏ ဆောင်ရွက်ချက်များကို ပြည်သူအများသိရှိ နိုင်ကြစေရန်အတွက် ၂၀၁၁ ခုနှစ် မှစတင်၍ နှစ်ပတ်လည်အစီရင်ခံစာကို နှစ်စဉ်ထုတ်ပြန်လျက်ရှိခြင်းဖြစ်သည်။
▪️ ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် အစီရင်ခံစာကို မြန်မာ၊ အင်္ဂလိပ်နှစ်ဘာသာဖြင့် ယခု၂၀၂၅ ခုနှစ် မတ်လတွင် ပုံနှိပ်ထုတ်ပြန်ခဲ့ပြီး ယင်းအစီရင်ခံစာကို မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင်၏ website ဖြစ်သည့် http://mnhrc.org.mm တွင် လွှင့်တင်ဖော်ပြထားကြောင်း သိရသည်။
▪️ အဆိုပါ ၂၀၂၄ ခုနှစ် နှစ်ပတ်လည် အစီရင်ခံစာတွင် မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်၏ လူ့အခွင့်အရေးမြှင့်တင်ပညာပေးရေးလုပ်ငန်းများ၊ လူ့အခွင့်အရေးကာကွယ် စောင့်ရှောက်ရေးလုပ်ငန်းများ၊ လူ့အခွင့်အရေးနှင့်စပ်လျဉ်းပြီး နိုင်ငံတကာနှင့် ပူးပေါင်းဆောင်ရွက်မှုလုပ်ငန်းများ၊ ဥပဒေရေးရာ ဆောင်ရွက်ချက်များနှင့် ကော်မရှင်ရုံးမှဌာနခြောက်ခု ဆောင်ရွက်ချက်များပါဝင်ကြောင်း သိရသည်။
▪️ ထို့အပြင် ကော်မရှင်၏ ၂၀၂၄ ခုနှစ်အတွင်းလူ့အခွင့်အရေး မြှင့်တင်ပညာပေးရေး ဆောင်ရွက်ချက်များတွင် လူ့အခွင့်အရေးသင်ခန်းစာပို့ချမှု အကြိမ် (၇၀)၊ ကမ္ဘာ့လူ့အခွင့်အရေး ကြေညာစာတမ်းအား တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနနှင့်ပူးပေါင်း၍ တိုင်းရင်းသားဘာသာကိုးမျိုး ပြန်ဆိုပုံနှိပ်ထုတ်ဝေခြင်း၊ သတင်းထုတ်ပြန် ချက်များထုတ်ပြန်ခြင်း၊ ကော်မရှင်၏ ဆောင်ရွက်ချက်များကို e-newsletter ထုတ်ဝေခြင်းများပါဝင် ကြောင်း သိရသည်။
▪️ လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်ရေး လုပ်ငန်းများတွင် တိုင်တန်းစာများ စုံစမ်းစစ်ဆေးခြင်း၊ ရဲစခန်းအချုပ်ခန်းနှင့် တရားရုံးအချုပ်ခန်းများအပါအဝင် အကျဉ်းထောင်၊ အချုပ်ထောင်၊ အကျဉ်းစခန်း ၅၅ ခု၊ လူငယ်သင်တန်းကျောင်း ရှစ်ခု၊ မသန်စွမ်းကျောင်း တစ်ခု၊ ဘိုးဘွားရိပ်သာ ၁၀ ခုတို့သို့ သွားရောက်စစ်ဆေးခဲ့ခြင်းနှင့် တွေ့ရှိချက်များအပေါ် အကြံပြုချက်စုစုပေါင်း ၃၁၄ ချက်ကို သက်ဆိုင်ရာဌာနများသို့ ပေးပို့ခြင်းတို့ပါဝင် ကြောင်းသိရသည်။
▪️ အဆိုပါ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင်၏ ၂၀၂၄ ခုနှစ် နှစ်ပတ်လည်အစီရင် ခံစာနှင့်စပ်လျဉ်းပြီး ဝေဖန်အကြံပြုလိုပါက ကော်မရှင်ရုံးအမှတ် (၂၇) ၊ ပြည်လမ်း၊ (၆) မိုင်ခွဲ၊ လှိုင်မြို့နယ် ရန်ကုန်မြို့သို့လည်းကောင်း၊ အီးမေးလ်
#YMG/NN #Yangon_Times
Page 272 of 2238