ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်တွင် တည်ဆောက်ထားတဲ့ သုခဒဂုံ ပြည်သူ့အငှါးအိမ်ရာရှိ အခန်းပေါင်း၁၉၀၀ ကျော်ကို လာမယ့်ဇွန်လကစတင်ပြီး သုံးကြိမ်ခွဲကာ အသုတ်လိုက်နေရာချထားပေးသွားမယ်လို့ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ သိရပါတယ်။
#Local_News
Published_13 May 2024
#အခန်းပေါင်း၁၉၀၀ကျော် #သုခဒဂုံ ပြည်သူ့အငှါးအိမ်ရာ
#YMG/ NN #Yangon_Times
ပဲစိုက်ဖို့ မိုးမျှော်နေတာ။ မိုးကျတာနဲ့တန်းစိုက်မှာ။ ယာတစ်လယ်ကို အရင်ကလယ်ထွန်ခ ၅သောင်း လောက်ကုန်ကျရာကနေ အခုနှစ်မှာစက်သုံးဆီဈေးမြင့်လာလို့ ၆သောင်း၊ ၇သောင်းလောက်တိုးတောင်း တာမျိုးတွေရှိနိုင်တယ်။ နွားငှားရမ်းခအပါအဝင် ပဲစိုက်ပျိုးဖို့အလုပ်သမားခစုစုပေါင်းတစ်ဦးကိုကျပ် တစ်သောင်းခွဲ၊ နှစ်သောင်းကုန်ကျနိုင်တယ်။
#Local_News
Published_13 May 2024
#ပဲစိုက်တောင်သူများ #နွားငှားသုံးပြီးစက်သုံးဆီစရိတ်ခြွေတာ
#tthl #Yangon_Times
စျေးကွက်ထဲကို ဂေါ်ဖီထုတ်ကုန်အဝင်နည်းလာချိန်မှ ဝယ်လိုအားရှိလာတဲ့အတွက် ဈေးပြန်မြင့်လာတယ်လို့ အောင်ပန်းရှိကုန်စိမ်းပွဲရုံတွေထံက သိရပါတယ်။ ပြီးခဲ့တဲ့လပိုင်းတွေက ဂေါ်ဖီထုတ် ဈေးကွက်အဝင်များချိန်မှာ ဝယ်လိုအား အလွန်နည်းတဲ့အတွက် တောင်သူတွေ အရှုံးပေါ်ခဲ့ရတယ်လို့ ဆိုပါတယ်။
#Local_News
Published_13 May 2024
#ဂေါ်ဖီထုတ်ကုန်အဝင်နည်း #တောင်သူတွေအရှုံးပေါ်
#YMG/LW #Yangon_Times
#Local_News
Published_13 May 2024
▪️ ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း(YESC)မှ ခရိုင် (၁၄)ခရိုင်အတွက် ထရန်စဖော်မာအသစ်နှင့်စပ်ဆက်ပစ္စည်းများဝယ်ယူရန်အိတ်ဖွင့်တင်ဒါခေါ်ယူထားကြောင်းသိရသည်။
▪️ မေလ(၁၃)ရက်ထုတ်နိုင်ငံပိုင်သတင်းစာမှတစ်ဆင့် ခရိုင်(၁၄)ခရိုင်အတွင်းရှိ ထရန်စဖော်မာများ ပြုပြင် ထိန်းသိမ်းရန်အတွက်လိုအပ်သည့် ထရန်စဖော်မာ Oilများ၊ ခရိုင်(၁၄)ခရိုင်အတွင်းရှိ ကန်ထရိုက်တိုက်များ မီးရရှိစေရေးအတွက်လိုအပ်သည့် ထရန်စဖော်မာနှင့် ဆက်စပ်ပစ္စည်းများအား မြန်မာကျပ်ငွေဖြင့် ဝယ်ယူရန် တင်ဒါခေါ်လိုက်ခြင်းဖြစ်သည်။
▪️ တင်ဒါပုံစံနှင့်အချက်အလက်များကို ဌာန၏သတ်မှတ်နှုန်းထားအတိုင်း ယနေ့မေလ(၁၃)ရက်မှစတင်လျှောက် ထားနိုင်ပြီး မေလ(၂၈)ရက်တွင် တင်ဒါပိတ်မည်ဖြစ်ကြောင်း တင်ဒါကော်မတီမှဖော်ပြထားကြောင်း သိရသည်။
▪️ ရန်ကုန်တိုင်းဒေသကြီး လျှပ်စစ်မီးများသည် အချိန်ဖြင့်သာရရှိကြပြီး ပြီးခဲ့သည့်အပတ်များတွင် ဓာတ်အားစနစ် ချို့ယွင်းခြင်း၊လေပြင်းတိုက်ခတ်ခြင်းကြောင့်တာဝါတိုင်ပျက်စီးခြင်းများကြောင့် ပုံမှန်လျှပ်စစ်မီးလာချိန်ထက် လျော့နည်းခဲ့ကြောင်းနှင့်ပုံမှန်အတိုင်းလျှပ်စစ်မီးမှန်အောင်ပေးနိုင်ရန်ကြိုးပမ်းလျက်ရှိကြောင်း ရန်ကုန်လျှပ်စစ် ဓာတ်အားပေးရေးကော်ပိုရေးရှင်း(YESC)၏ ထုတ်ပြန်ချက်များအရသိရသည်။
#tthl #Yangon_Times
ရာသီဥတုပူပြင်းတာကြောင့် အခုရက်ပိုင်းအတွင်း ဈေးကွက်အေးနေတဲ့ သန်လျင်မြို့နယ်ရဲ့အိမ်ခြံမြေဈေးနှုန်းတွေဟာ ပဲခူးမြစ်ကူးသန်လျင်တံတား အမှတ် (၃) တည်ဆောက်မှုလုပ်ငန်းတွေ ရာနှုန်းပြည့်နီးပါး ပြီးစီးနေပြီဖြစ်တာကြောင့် ကျဆင်းတာမရှိဘဲအတက်ပိုင်းမှာသာရှိနေတယ်လို့ အိမ်ခြံမြေအကျိုးဆောင်တွေဆီက သိရပါတယ်။
#Local_News
Published_13 May 2024
#သန်လျင်အိမ်ခြံမြေဈေးကွက်တက် #တံတားတည်ဆောက်မှုရာနှုန်းပြည့်နီးပါးပြီးစီး
#NN #Yangon_Times
#Local_News
Published- 13 May 2024
▪️ အမျိုးသားသွေးဌာန (ရန်ကုန်ဆေးရုံကြီး)မှ ဆေးရုံ ၃၈ ရုံနှင့် Blood Management System(BMS) Software ဖြင့် ချိတ်ဆက်၍ လိုအပ်သောအချက်အလက်များကိုဖြန့်ဝေပေးလျက်ရှိပြီး သွေးကောင်း၊သွေးသန့်များစနစ်တကျရရှိရန်ဆောင်ရွက်ပေးနေကြောင်း နေပြည်တော်ပြည်သူ့ဆေးရုံကြီး (ခုတင် ၁၀၀၀) ရောဂါဗေဒဌာနနှင့် သွေးဘဏ်မှ သိရသည်။
▪️ သွေးလိုအပ်သည့် လူနာများအဆင်ပြေစေရန် အမျိုးသားသွေးဌာန တစ် ခု ၊ မန္တလေး၊ မကွေး၊ မော်လမြိုင်၊ မြစ်ကြီးနား၊ တောင်ကြီး၊ ပုသိမ် နှင့် နေပြည်တော်တို့ရှိပြည်သူ့ဆေးရုံကြီးများတွင် တွဲဖက်ထားသည့် သွေးလှူဘဏ် ခုနှစ်ခု၊ ခုတင် ၂၀၀ နှင့် ခုတင် ၁၀၀ ဆံ့ ဆေးရုံကြီးများမှလည်းဓါတ်ခွဲခန်းနှင့် တွဲဖက်ဆောင်ရွက်နေသည့် သွေးဘဏ်များတိုးချဲ့ဖွဲ့စည်းထားကြောင်းသိရသည်။
▪️ အဆိုပါသွေးဘဏ်များအနေဖြင့် သွေးလှူရှင်များ၏ လှူဒါန်းမှုများမှရရှိလာသည့် သွေးများကိုသွေးအုပ်စုခွဲခြင်း၊ ပိုးစစ်ဆေးခြင်းများလုပ်ဆောင်ပေးကာရရှိလာသည့် ဒေတာအချက်အလက်များအား အမျိုးသားသွေးဌာန (ရန်ကုန်)မှ ဆေးရုံကြီး ၃၈ ရုံ ၏ စင်တာများ ၊ သွေးလှူဘဏ်များတွင် Software ကိုအသုံးပြု၍ လူနာများ၏ လိုအပ်သည့် သွေးများအတွက် လှူဒါန်းသူများ၏ သွေးအုပ်စု၊ ရောဂါ ကင်းမကင်းများ ကိုSoftwareဖြင့် သေချာတင်ပေးလျှက်ရှိကြောင်းသိရသည်။
▪️ ထိုသို့ဆောင်ရွက်ထားသည့်အတွက် နောက်တစ်ကြိမ်ထပ်မံလိုအပ်ပါက ယင်းအချက်အလက်များမှာများစွာအဆင်ပြေသည့်အပြင် ဘားကုတ်များကိုလည်းသွေးအိတ်များတွင် ကပ်ပြီး စနစ်တကျ ဆောင်ရွက်နေသည့် အတွက် အချိန်ကုန်သက်သာသည့်အပြင်အလှူရှင်ထံမှရရှိသည့် သွေးများကိုသွေးလိုအပ်သည့် လူနာများဆီအရောက် စနစ်တကျ ပို့ပေးနေကြောင်းသိရသည်။
#YMG/ NN #Yangon_Times
#Local_News
Published 13 May 2024
▪️ ရန်ကုန်-မော်လမြိုင်ကားလမ်းပေါ်ရှိ ကျုံအိတ်တံတား မိုင်းခွဲဖျက်ဆီးခံရပြီးနောက် ရန်ကုန်-မော်လမြိုင်၊ မော်လမြိုင်-ရန်ကုန် ရထားခရီးစဉ်များကို မေလ ၁၃ ရက်နေ့ (ယနေ့)တွင် တိုးချဲ့ ပြေးဆွဲနေကြောင်း မော်လမြိုင်ဘူတာကြီးမှ သိရသည်။
▪️ မော်လမြိုင်-ရန်ကုန် လေအိတ်ရထား အမှတ် ၁ကို မနက် ၈နာရီ ၃၀အချိန်တွင် လည်းကောင်း၊မော်လမြိုင်-ရန်ကုန် လေအိပ်ရထား အမှတ်၂ ကို မနက်၉နာရီ ၁၅တွင် လည်းကောင်း တိုးချဲ့ပြေးဆွဲနေကြောင်း သိရသည်။
▪️ မော်လမြိုင်-ရန်ကုန် ရထားခရီးစဉ်ကို ယခင်ပုံမှန်ပြေးဆွဲနေသည့် နံနက် ၈ နာရီခွဲ ရထားသာရှိပြီး လက်ရှိမှာ ၉ နာရီ ၁၅ မိနစ်တွင် ထွက်ခွာပြေးဆွဲမည့် ရထားခရီးစဉ် ထပ်တိုးချဲ့ခဲ့ကြောင်းသိရသည်။
▪️ ရထားလက်မှတ်များ ကို နံနက် ၇ နာရီမှ ၁၂ နာရီအထိ တစ်ကြိမ်၊ နေ့လည် ၁ နာရီမှ ၃ နာရီအထိ တစ်ကြိမ် ရောင်းချပေးလျက်ရှိပြီး အထက်တန်းလက်မှတ်များအား သုံးရက်ကြိုစနစ်ဖြင့် လည်းကောင်း၊ ရိုးရိုးတန်းလက်မှတ်များကို တစ်ရက်ကြိုစနစ်ဖြင့်လည်းကောင်း ဝယ်ယူနိုင်ကြောင်း မော်လမြိုင်ဘူတာကြီးမှ အသိပေးကြေညာ ထားသည်။
#YMG/LW #Yangon_Times
Page 276 of 1829