#Local_News
Published_11 May 2024
▪️ ရန်ကုန်တိုင်းတွင်မြို့နယ်အချို့၌မိုးတိမ်တောင်များအားကောင်းပြီး လျှပ်စီးလက်၊ မိုးခြိမ်း၊မိုးကြိုးပစ်ကာ ကွက်ကျားမိုးရွာနေကြောင်း သိရသည်။
▪️ လှိုင်သာယာတွင် မေ(၁၁)ရက်နေ့လယ်ပိုင်း၌ မိုးရွာ မိုးခြိမ်းနေပြီး ဗဟန်းမှာတော့ လျှပ်စီးများလက်၊ မိုးတစ်ချိန်လုံးခြိမ်းနေပြီး မိုးနည်းနည်းသာရွာရာမှ မိုးသည်းလာသည်ဟုဆိုသည်။
▪️ မေလဒုတိယ(၁၀)ရက်ပတ်တာ မေလ(၁၁)ရက်မှ (၂၁)ရက်အထိခန့်မှန်းချက်အနေဖြင့် ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ကပ္ပလီပင်လယ်ပြင် တောင်ပိုင်းတို့တွင် လေဖိအားနည်းရပ်ဝန်း ၁ ကြိမ် ဖြစ်ပေါ်နိုင်ပြီး၊ ပိုမိုအားကောင်းလာကာ မုန်တိုင်းငယ်အဖြစ်သို့ ရောက်ရှိနိုင်ကြောင်း၊
▪️ နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်(မြောက်ပိုင်းနှင့် တောင်ပိုင်း)၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ကယားပြည်နယ်တို့တွင် ရွာသွန်းမြဲအောက် လျော့နည်းနိုင်ပြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် ရွာသွန်းမြဲခန့် မိုးထစ်ချုန်းရွာနိုင်ကြောင်းဖော်ပြထားသည်။
▪️ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် ၆ ရက်မှ ၉ ရက်ခန့်နှင့် နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်း ဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်(မြောက်ပိုင်းနှင့် တောင်ပိုင်း)၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ကယားပြည်နယ်တို့တွင် ၂ ရက်မှ ၅ ရက်ခန့် မိုးထစ်ချုန်းရွာနိုင်ကြောင်းလည်း သိရသည်။
#tthl #Yangon_Times
မြင်းမွေးမြူမှု ဖွံ့ဖြိုးတိုးတက်ရေးနဲ့ သုတေသနလုပ်ငန်းပံ့ပိုးမှုအတွက်မွေးမြူရေးသုတေသနဦးစီးဌာနနဲ့ သုတေသနဆိုင်ရာသဘောတူညီချက်စာလွှာ လက်မှတ်ရေးထိုးခဲ့တယ်လို့မြန်မာနိုင်ငံမြင်းစီးအားကစားအဖွဲ့ချုပ်က သိရပါတယ်။
#Local_News
Published_11 May 2024
#မြင်းမွေးမြူရေး #မြန်မာနိုင်ငံမြင်းစီးအားကစားအဖွဲ့ချုပ်
#NN #Yangon_Times
မုန်တိုင်းငယ်ဖြစ်ပေါ်နိုင်တဲ့လေဖိအားနည်းရပ်ဝန်းဟာ မေလ(၁၈)ရက်မှာ စတင်ဖြစ်ပေါ်လာနိုင်တယ်။ မိုးတိမ်တောင်တွေကြောင့်ရန်ကုန်တိုင်းအပါအဝင်ဒေသတော်တော်များများ နေရာကွက်ကျားမိုးထစ်ချုန်းရွာမယ်။
#Local_News
Published_11 May 2024
#လေဖိအားနည်းရပ်ဝန်းဖြစ်ပေါ် #မုန်တိုင်းငယ်ဖြစ်ပေါ်
#tthl #Yangon_Times
#Local_News
Published 11 May 2024
▪️ ရန်ကုန်တိုင်းဒေသကြီး သာကေတမြို့နယ် ရတနာလမ်းမကြီး လယ်ယာ(၇)လမ်းထိပ်တွင် ရပ်ထားသောတွဲကားအား အိမ်စီးကားတစ်စီးမှ ဝင်တိုက်မိမှုဖြစ်ပွားကြောင်း သာကေတမြို့နယ် လူမှုကူညီရေးအဖွဲ့ထံက သိရသည်။
▪️ မေလ ၁၀ ရက်နေ့ည ၁၁နာရီဝန်းကျင်အချိန်ခန့်က ရပ်ထားသည့် တွဲကားကို အိမ်စီးကားတစ်စီးမှ ဝင်တိုက်မိကာ လူညပ်နေကြောင်း ပြည်သူများမှ အကြောင်းကြားလာသဖြင့် သာကေတမြို့နယ်လူမှုကူညီရေးအဖွဲ့မှ အချိန်နှင့်တပြေးညီထွက်ခွါကူညီခဲ့သော်လည်း ဦးခေါင်းနှင့် ကျောရိုး ထိခိုက်ဒါဏ်ရာများကြောင့် အဆိုပါအမျိုးသားမှာ အသက်ဆုံးရှုံးသွားကြောင်း သိရသည်။
▪️ ထိခိုက်ဒါဏ်ရာများကြောင့် အသက်ဆုံးရှုံးသွားသူမှာ အသက်(၅၀)ဝန်းကျင်ခန့် အမျိုးသား တစ်ဦး ဖြစ်ကြောင်း သိရသည်။
▪️ ရုပ်အလောင်းအား မိတ်ဖက်ပရဟိတအသင်းများနှင့်ပူးပေါင်းကာ ကားအတွင်းမှ သယ်ထုတ်၍ အောင်နိုင်သူလူမှုကူညီရေးအသင်းယာဉ်ဖြင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
#YMG/LW #Yangon_Times
#Local_News
Published_11 May 2024
▪️ ကမ္ဘာ့ဗုဒ္ဓနေ့၊ ချီကျိနေ့အထိမ်းအမှတ်အဖြစ် မင်္ဂလာဒုံမြို့နယ်မှာ မေလ(၁၂)ရက်၊ မနက်ပိုင်း၌ထမင်းဗူးတစ်ထောင်လှူဒါန်းမည်ဖြစ်ကြောင်း ပုလဲအရန်တပ်ဖွဲ့မှ သိရသည်။
▪️ ကဆုန်လပြည့်နေ့သည် ကမ္ဘာ့ဗုဒ္ဓနေ့ ဘုရားရေ သပ္ပာယ်နေ့ဖြစ်ပြီး ချီကျိအသက်(၅၈)နှစ် ဗုဒ္ဓရေသပ္ပာယ်အခမ်းအနားအဖြစ်အလှူရှင်မှလှူဒါန်းခြင်းဖြစ်သည်ဟု ဆိုသည်။
▪️ ပုလဲအရန်တပ်ဖွဲ့အနေဖြင့် ထမင်းဗူး(၁၀၀၀)ကို ချက်ပြုတ်ပြင်ဆင်ခဲ့ပြီး ပုလဲအရန်တပ်ဖွဲ့ဝင်များ၊ ပုလဲအရန်တပ်ဖွဲ့တွင် အားကိုးခိုလုံနေရသူများ စုစုပေါင်း(၅၀၀)ဦးနှင့် နွမ်းပါးမိသားစု (၅၀၀)ဦး စုစုပေါင်း (၁၀၀၀)ဦးစာအတွက် ထမင်းဗူးများလှူမည်ဟုဆိုသည်။
▪️ မေလ(၁၂)ရက် မနက်ဖြန်မနက် (၁၀)နာရီတွင် ပုလဲအရန်မီးသတ်စခန်းတွင် အသားမပါ ထမင်းဘူး ဟင်း(၃)မျိုးအပါ ကုသိုလ်ပြုလှူဒါန်းသွားမည်ဖြစ်ပြီး မည်သူမဆိုလာရောက် သုံးဆောင်နိုင်ကြောင်း သိရသည်။
#tthl #Yangon_Times
#Local_News
Published 11 May 2024
▪️ မော်လမြိုင် -ရန်ကုန်လမ်းမကြီး ကားလမ်းပေါ်ဘီးလင်းမြို့နှင့်သထုံမြို့အစပ်ရှိ ဘီးလင်းကျုံအိတ် တံတားမှာ ယနေ့မနက်ပိုင်းက ထပ်မံကျိုးသွားသည့်အတွက် ယာဉ်များလှည့်ပြန်နေရပြီး ခရီးစဉ်များနှောင့်နှေးနေရကြောင်း ဒေသခံနှင့် ယာဉ်မောင်းများထံမှသိရသည်။
▪️ ဒေသခံများ၏အဆိုအရ အဆိုပါ ကျုံအိတ်တံတားဘက်မှ ယနေ့မေလ (၁၁) ရက်နေ့ ၄နာရီ အချိန်ခန့်တွင် ပေါက်ကွဲသံထွက်လာပြီးနောက် တံတားပြိုကျပျက်စီးနေသည့်အတွက် အသုံးပြု၍မရတော့ကြောင်း သိရသည်။
▪️ "မော်လမြိုင် ရန်ကုန်လမ်းမကြီး ကားလမ်း ဘီးလင်းကျုံအိတ်တံတားကျိုးသွားပါပြီ။ မနက် ၄ နာရီလောက်က ဖြစ်သွားတာပါ။ မိုင်းထိထားတဲ့တံတား၊ ထပ်ပြီးထိတာပါ။ လက်ရှိမှာတံတားက ဆက်သွားလို့မရတော့ပါဘူး။ အခုပဲပြန်ကွေ့လာရတယ်"ဟု အဝေးပြေးယာဉ်မောင်းတစ်ဦးကပြောသည်။
▪️ ကုန်တင်ယာဉ်များပိတ်ဆို့နေပြီး မော်လမြိုင်မြို့ဘက်မှ ရန်ကုန်မြို့ဘက်သို့ သွားနေကြသည့် အိမ်စီးကားများနှင့် ခရီးသည်တင်ယာဉ်များ မော်လမြိုင်မြို့ဘက်သို့ ပြန်လှည့်လာကြကြောင်း သိရသည်။
▪️ "ရော်ဘာတောလမ်းလေးတော့ရှိတယ်။ ဒါပေမယ့် အခြေအနေကဘာလဲမသိတော့ ပြန်လှည့်တာပဲကောင်းပါတယ်" ဟု ဒေသခံတစ်ဦးက ပြောသည်။
▪️ ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် ဇွန်လ ၂၉ ရက် နံနက် (၄) နာရီခွဲအချိန်ခန့်ကလည်း သထုံမြို့နယ်နှင့် ဘီးလင်းမြို့နယ်ကြား ရန်ကုန် - မော်လမြိုင် ကားလမ်းမိုင်တိုင်အမှတ် (၁၃၁/၆) နှင့် (၁၃၁/၇) ကြားရှိ တံတားအမှတ် (၁၃၂/၃) ကျုံအိတ်တံတားအား KNU တပ်မဟာ (၁) ၊ တပ်ရင်း (၂) မှ KNLA/PDF ပူးပေါင်းတပ်ဖွဲ့က မိုင်းခွဲဖျက်ဆီးခဲ့ကြောင်းသိရသည်။
▪️ အဆိုပါ တံတားမိုင်းခွဲခံရသည့်အတွက် တံတားတစ်ခြမ်းပြိုကျပျက်ဆီးခဲ့ပြီး တံတားကျိုးကျချိန်တွင် အိမ်စီးကား သုံးစီးပျက်ဆီးခဲ့ရာ နှစ်စီးမှာ ချောင်းအတွင်းပြုတ်ကျပျက်ဆီးခဲ့ပြီး အမျိုးသားတစ်ဦးသေဆုံးခဲ့ပြီး တစ်ဦးထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။
▪️ ထို့နောက် ၂၀၂၃ခုနှစ် ၊ဇွန်လ ၂၉ ရက် နံနက် ၆ နာရီဝန်းကျင်အချိန်ခန့်တွင် မိုင်းခွဲခံရပြီးနောက် ထိခိုက်ပျက်ဆီးခဲ့သည့် ကျုံအိတ်တံတားအား စစ်ဆေးရန်လာရောက်ခဲ့သည့် လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ ထပ်မံတိုက်ခိုက်ခံရပြီး သထုံခရိုင်လမ်းဦးစီးမှူးတစ်ဦးသေဆုံးကာ (၂၈) ဦးထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။
▪️ ထို့အပြင် မိုင်းခွဲဖျက်ဆီးခံခဲ့ရသည့် ကျုံအိတ်တံတားအား ယာယီဘေလီတံတားထိုးရန် တံတားတည်ဆောက်ရေးအဖွဲ့များက လုပ်ဆောင်နေစဉ် (၈) ကြိမ်ထက်မနည်း Drop Bomb ချတိုက်ခိုက်ခံခဲ့ရကြောင်း သိရသည်။
▪️ သို့သော်လည်း (၂၀၂၃) ခုနှစ် ဇူလိုင်လ (၂၆) ရက်တွင် ယာယီဘေလီတံတားထိုးနိုင်ခဲ့ပြီး မော်တော်ယာဉ်များ ပုံမှန်နီးပါး ပြန်လည်သွားလာနိုင်ခဲ့ကြောင်း သိရသည်။
#YMG/NN #Yangon_Times
Published_10 May 2024
မြန်မာ-အိန္ဒိယ တိုက်ရိုက်လေ ကြောင်းပျံသန်းရေးကိစ္စကို ယနေ့ မေလ ၁၀ ရက်တွင် မြန်မာနိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူး ကြီး မင်းအောင်လှိုင် နှင့် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံအမတ်ကြီးအဖြစ် ခန့်အပ်ရန် သဘောတူညီပြီးဖြစ်သော သံအ မတ်ကြီး Abhay Thakur တို့ ဆွေးနွေးခဲ့ကြခြင်း ဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံဆိုင်ရာအိန္ဒိယနိုင်ငံသံအမတ်ကြီးအဖြစ် ခန့်အပ်ရန် သဘောတူညီပြီးဖြစ်သော သံအ မတ်ကြီး Abhay Thakur က ၎င်း၏သံအမတ်ခန့်အပ်လွှာကို နေပြည်တော်ရှိ နိုင်ငံတော်စီမံ ကောင်စီဥက္ကဋ္ဌရုံး၊ သံတမန် ဆောင်ဧည့်ခန်းမ မြန်မာနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူး ကြီး မင်း အောင်လှိုင်ထံ ပေးအပ်ခဲ့စဉ် အထက်ပါအတိုင်း ဆွေးနွေးခဲ့ကြခြင်း ဖြစ်ကြောင်း သိရသည်။
အဆိုပါ တိုက်ရိုက်လေ ကြောင်းပျံသန်းရေးဆိုင်ရာ ကိစ္စရပ် များအပြင် မြန်မာ-အိန္ဒိယ နှစ်နိုင်ငံ နယ်စပ်ဒေသ တည်ငြိမ် အေး ချမ်းရေးနှင့် ဖွံ့ဖြိုးတိုး တက် ရေးဆိုင်ရာကိစ္စရပ်များ၊ ကုန်သွယ်မှုမြှင့်တင်ရေးဆိုင်ရာကိစ္စရပ်များ၊ ပညာတော်သင်များ စေလွှတ်လျက်ရှိမှု အခြေ အနေများ၊ ကာကွယ် ရေးဆိုင်ရာကိစ္စရပ်များတွင် ပူးပေါင်း ဆောင်ရွက်လျက် ရှိမှုအခြေအနေများ၊ မြန်မာနိုင်ငံ ၏နိုင်ငံရေး ဖြစ်ပေါ် ပြောင်းလဲမှု အခြေအနေများနှင့် လွတ် လပ်ပြီး တရားမျှတ သည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေး ကောက် ပွဲကျင်းပနိုင်ရေးကြိုတင်ပြင်ဆင် ဆောင်ရွက်လျက်ရှိမှု အခြေအနေများနှင့် စပ်လျဉ်းပြီး ရင်းရင်းနှီးနှီး ဆွေးနွေး ခဲ့ကြကြောင်း သိရသည်။
ယင်း သံအမတ်ခန့်အပ်လွှာပေးအပ်ပွဲသို့ ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ဒုတိယ ဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေနှင့် နိုင်ငံခြားရေး ဝန်ကြီးဌာန၊ သံတမန်ရေးရာဦးစီးဌာနညွှန်ကြားရေးမှူးချုပ် ဦးဝဏ္ဏဟန်တို့ တက်ရောက် ခဲ့ကြကြောင်းလည်း သိရသည်။
Yangon_Times/PP
Page 279 of 1828