#Local_News
Published 20 December 2025
▪️ ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့တွင် ခရီးသွားကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက်ရည်ရွယ်၍ ပထမအကြိမ် ပန်းပွဲတော်ကို ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
▪️ ပန်းပွဲတော်ကို ကလောမြို့၊ မောမြေဦးပန်းခြံ၌၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့မှ ၁၆ ရက်နေ့အထိ ဝင်ကြေးအခမဲ့ဖြင့် စည်ကားသိုက်မြိုက်စွာကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
▪️ အဆိုပါ ပန်းပွဲတော်တွင် နိုင်ငံခြားဖြစ်ပန်းမျိုးစိတ်များအပါအဝင်ဒေသ ထွက်ပန်းမျိုးစိတ်များပါဝင်ပြီး သစ်ခွဥယျာဉ်နှင့် ပန်းအမျိုးအစား အများအပြားတို့ဖြင့် ပြသသွားမည် ဖြစ်ကြောင်း၊ ထို့ပြင် စာအုပ်စာစောင်များအနား ယူဖတ်ရှုလေ့လာ နိုင်မည့် စာကြည့်တိုက်နှင့် အလှဓာတ်ပုံများရိုက်ကူးရန် နေရာများစွာပါဝင်ကြောင်း၊ အားကစားလေ့ကျင့်ခန်း ပြုလုပ်ရန်အား ကစားကွင်းနှင့်ကလေးကစားကွင်းများ၊ ဒေသထွက်အစားအစာအေရာင်းဆိုင်များပါဝင်မည်ဖြစ်ကြောင်း သိရသည်။
#YMG/SW #Yangon_Times