ယခုတစ်ပတ်အတွက် ထုတ်ပြန်တဲ့ စားအုန်းဆီရည်ညွှန်းဈေးမှာ တစ်ပိသာကို ၈၀ကျပ်အထိကျဆင်းလာတယ်လို့ စားအုန်းဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီက ထုတ်ပြန်တဲ့စာရင်းတွေအရသိရပါတယ်။
#Local_News
Published 12 May 2025
#စားအုန်းဆီရည်ညွှန်းကျဆင်း #စားအုန်းဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း
#YMG/SW #Yangon_Times
မန္တလေးမြို့ရှိ ငလျင်ဒဏ်သင့် ပြည်သူ့ဆေးရုံကြီးရှိ အထွေထွေရောဂါကု (၉)ထပ်ဆောင် ကိုပြီးခဲ့တဲ့ရက်က ပြန်လည်ဖွင့်နိုင်ပြီလို့ ဧရာဝတီဖောင်ဒေးရှင်း က သိရပါတယ်။
#Local_News
Published 12 May 2025
#မန္တလေးပြည်သူ့ဆေးရုံကြီး #(၉)ထပ်ဆောင်ပြန်လည်ဖွင့်
#YMG/NN #Yangon_Times
#Local_News
Published 12 May 2025
▪️ ယနေ့နံနက်စောပိုင်းက တောင်ဥက္ကလာပမြို့နယ်ပါရမီလမ်းပေါ်ရှိ ကားအလှဆင်ပစ္စည်းဆိုင်မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း အနာဂတ်အလင်းတန်းပရဟိတအသင်းမှ သိရသည်။
▪️ ဖြစ်စဥ်မှာ ယနေ့ မေလ၁၂ရက် နံနက်၀၀ ၂၀ အချိန်ခန့်က ရန်ကုန်တိုင်းဒေသကြီး၊ တောင်ဥက္ကလာမြို့နယ်၊ အမှတ်( ၄) ရပ်ကွက်၊ ပါရမီလမ်း ကားအလှဆင်ပစ္စည်းဆိုင် မီးလောင်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အဆိုပါ မီးလောင်မှုဖြစ်ပွားရာသို့ အနာဂတ်အလင်းတန်း ပရဟိတအသင်းမှ No.3မီးသတ်အထောက်ကူပြုယာဉ်တစ်စီးနှင့်စေတနာ့ဝန်ထမ်း(၅)ဦးထွက်ခွါ၍ မီးလောင်ပြင်တွင်အသင်းပိုင်မီးသတ်ရေစုပ်စက်ဖြင့် မီးလောင်ပြင်အရှေ့ရှိ ရေမြောင်းတွင်ရေအထိုင်ချကာမီးသတ်ယာဉ်များရေဖြည့်တင်းပေးခြင်းနှင့်မီးငြိမ်းသတ်ရေးလုပ်ငန်းများအားမီးသတ်တပ်ဖွဲ့ဝင်များ၊သက်ဆိုင်ရာအဖွဲ့အစည်းများ၊နယ်မြေခံလူမှုကူညီရေးအသင်းအဖွဲ့ဝင်များနှင့်အတူပူးပေါင်း၍ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
▪️ အဆိုပါ မီးလောင်မှုကို နံနက် ၀၀ ၄၄ အချိန်တွင် မီးငြိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။
#YMG/SW #Yangon_Times
#Local_News
Published 12 May 2025
▪️ မန္တလေးငလျင်ကြီးဒဏ်သင့်ပြည်သူများအတွက် စစ်ကိုင်းမြို့၊နှစ်(၇၀၀) ဘောလုံးကွင်းအတွင်းတွင် ကျင်းပနေသည့် အိမ်ဆောက်ပစ္စည်းဈေးရောင်းပွဲတော်၌ တန်ဖိုးသင့်နေအိမ်များကိုလည်း ပြသထားကြောင်း ပွဲတော် ကျင်းပရေးကော်မတီမှ သိရသည်။
▪️ အဆိုပါ အိမ်ဆောက်ပစ္စည်း ဈေးရောင်းပွဲတော်ကိုစစ်ကိုင်းမြို့ရှိ ငလျင်ဘေးသင့်ပြည်သူများ ဈေးနှုန်းချိုသာစွာဖြင့် ဝယ်ယူနိုင်ရန် မေလ (၁၂)ရက်မှ(၁၆)ရက်အထိ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
▪️ ဈေးရောင်းပွဲတော်တွင် ဆိုင်ခန်းပေါင်း (၂၂)ခန်းနှင့် ဘိလပ်မြေ၊ အုတ်၊ ကပ်၊ ဝါးထရံ၊ သွပ်၊ ပိုက်နှင့် ဆက်စပ်ပစ္စည်းများ၊ လျှပ်စစ်ဆိုင်ရာဆက်စပ်ပစ္စည်းများနှင့် အခြားအိမ်ဆောက်ပစ္စည်းများပါဝင်ကြောင်း သိရသည်။
▪️ ထို့အပြင် ဈေးရောင်းပွဲတော်၌ ငွေကျပ် (၅၉)သိန်း တန်ဖိုးရှိ အလျား ပေ(၂၀)ပေ၊ အနံ (၁၅) ပေ၊ အမြင့် (၉)ပေခွဲရှိသည့် တန်ဖိုးသင့်နေအိမ်များကိုလည်း ပြသထားမည် ဖြစ်ကြောင်း သိရသည်။
▪️ အဆိုပါ တန်ဖိုးသင့်နေအိမ်များကို ဝယ်ယူလှူဒါန်းလိုပါက ဈေးရောင်းပွဲတော်တွင် ပြသပေးထားသည့် နေအိမ်ဒီဇိုင်းအတိုင်း အလှူရှင်ကိုယ်တိုင်ဖြစ်စေ၊ ခရိုင်သဘာဝဘေး စီမံခန့်ခွဲရေး ကော်မတီမှဖြစ်စေ ဆောက်လုပ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
#YMG/NN #Yangon_Times
#Local_News
Published 12 May 2025
▪️ မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်ရှိ ဧရိယာ ဧက သုံးထောင်ကျော်ရှိသောနယ်မြေကို' ရမန်းချောင်း ကြိုးပြင်ကာကွယ်တော ' အဖြစ် သတ်မှတ်လိုက်ကြောင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနက အသိပေးထုတ်ပြန်ထားသည်။
▪️ အဆိုပါ ဝန်ကြီးဌာနအနေဖြင့် ၂၀၁၈ ခုနှစ်တွင် ပြဋ္ဌာန်းထားသည့် သစ်တော ဥပဒေပုဒ်မ ၆၊ ပုဒ်မခွဲ (င)အရအပ်နှင်း ထားသောလုပ်ပိုင်ခွင့်များကို ကျင့်သုံး၍ ကျောက်ဆည်မြို့နယ်အတွင်း ကျရောက်နေသည့် ဧရိယာအကျယ်အဝန်း (၃,၇၇၁) ဧကရှိသောနယ်မြေကို "ရမန်းချောင်း ကြိုးပြင်ကာကွယ်တော" အဖြစ် ဧပြီလ (၃၀)ရက်မှစတင်၍ သတ်မှတ်လိုက်ခြင်းဖြစ်ကြောင်း သိရသည်။
▪️ ထိုသို့ သတ်မှတ်ခြင်းဖြင့် ယင်း ဧရိယာအတွင်း ပေါက်ရောက်လျက်ရှိသော သဘာဝပေါက်ပင်များဖြစ်သည့် ပျဉ်းကတိုး၊ ပိတောက်၊ အင်ကြင်း၊ အင်၊ ထောက်ကြံ့၊ နီပစေး၊ နဘဲ၊ တရော်၊ ရော်၊ ပိုးမဲဇာ၊ ပိုးမဲဇာ၊ သစ်စေး၊ ဆီးဖြူ စသည့်သစ်မျိုးများအား ထိန်းသိမ်းနိုင်မည်ဖြစ်ပြီး တောဝက်၊ ယုန်၊ ရှဉ့်၊ ချိုး၊ ခါ စသည့် တိရစ္ဆာန်ငယ်များ၏ နေထိုင်ကျက်စားရာဒေသအား ထိန်းသိမ်းနိုင်မည်ဖြစ်ကြောင်း သိရသည်။
#YMG/NN #Yangon_Times
#Local_News
Published 12 May 2025
▪️ မေလ ၃ ရက်နေ့နံနက်ပိုင်းတွင် Myanmar Thai Yod Agriculture Development Co., Ltd. နှင့် Siam Tigers Myanmar Co., Ltd. သည်နေပြည်တော်တန်ချိန် ၂၄၀ ပီလောပီနံမှုန့် စက်ရုံ(Nay Pyi Taw Cassava Starch 240 Ton Factory) ပူးပေါင်းဆောင်ရွက်ရေး သဘောတူစာချုပ် လက်မှတ်ရေးထိုးပွဲ အခမ်းအနားကို မြန်မာနိုင်ငံစီချွမ်-ချုံချင့်ကုန်သည်များအသင်းချုပ်၌ ခမ်းနားသိုက်မြိုက်စွာကျင်းပခဲ့သည်။ Myanmar Thai Yod Agriculture Development Co., Ltd. မှ မန်းနေးဂျင်းဒါရိုက်တာZhou Liang နှင့် Siam Tigers Myanmar Co.,Ltd မှ Mr. Mongkol တို့သည် ကိုယ်စားလှယ်အဖြစ် လက်မှတ်ရေးထိုးပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ပါသည်။
▪️ ထို့အပြင်ရှယ်ယာရှင်ကိုယ်စားလှယ်မြန်မာနိုင်ငံစီချွမ်-ချုံချင့်ကုန်သည်များအသင်းချုပ် ဥက္ကဋ္ဌYang Xianqiang နှင့်အမှုဆောင်ဒုတိယ ဥက္ကဋ္ဌMiao Yongsheng ,XieYongchang နှင့် အခြားသော ဧည့်သည်တော်များလည်းအခမ်းအနား တက်ရောက်ပြီး ဤအရေးကြီးသောအခိုက်အတန့်ကို အတူတကွ သက်သေပြုခဲ့ကြပါသည်။
▪️ ယခုအကြိမ် လက်မှတ်ရေးထိုးသည့် ပီလောပီနံမှုန့်စက်ရုံ စီမံကိန်းသည် အဓိပ္ပါယ်လေးနက်လှပါသည်။ စက်ရုံသည် နေပြည်တော်တွင် တည်ရှိပြီး ဧရိယာ ၁၁.၁၅၇ ဧက ကျယ်ဝန်း ကာ ရင်းနှီးမြှုပ်နှံမှုမှာ အမေရိကန်ဒေါ်လာ ၁၂ သန်းအထိ ရှိသည်။
▪️ အဆိုပါစီမံကိန်း ကို ၂၀၂၆ နှစ်ကုန်တွင် စတင်ထုတ်လုပ်နိုင်မည်ဟု ခန့်မှန်းထားသည်။ စက်ရုံတည် ဆောက်ပြီးစီးပါက မြန်မာနိုင်ငံတွင် တစ်နှစ်တန်ချိန် ၇၂၀၀၀ အထိ ထုတ်လုပ်နိုင်သည့် ပီလောပီနံမှုန့်အများဆုံးထုတ်လုပ်သည့်လုပ်ငန်းဖြစ်လာမည်ဖြစ်သည်။
▪️ လယ်ယာကဏ္ဍဖွံ့ဖြိုး တိုးတက်ရေးအဆင့်တွင်၊ ယင်းစီမံကိန်းသည် သိသာထင်ရှားသောမောင်းနှင်အား ရှိသည်။ စီမံကိန်း ပထမအဆင့်တွင်ပီလောပီနံဥနှင့် ကန်စွန်းဥစိုက်ဧက၃၀၀၀၀တိုက်ရိုက်စိုက်ပျိုးနိုင်မည်ဖြစ်ပြီး စီမံကိန်းဒုတိယအဆင့်တွင် ဧက၆၀၀၀၀အထိ တိုးချဲ့စိုက်ပျိုးမည် ဖြစ်သည်။
▪️ ယင်းသည်ဒေသခံတောင်သူလယ်သမားများ၏ အလုပ်အကိုင် ကိုထိရောက်စွာ ဖြေရှင်းနိုင်မည်ဖြစ်ပြီး လယ်သမားများ၏ဝင်ငွေတိုးလာပြီး ပြည်သူများ ၏လူနေမှုဘဝ တိုးတက်လာကာ၊ မြန်မာ့လယ်ယာစက်မှုလုပ်ငန်းဖွဲ့စည်းပုံအား ပိုမိုကောင်းမွန် အောင် အဆင့်မြှင့်တင်ပေးမည်၊ မြန်မာ့လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်စေရန် မြှင့်တင်ပေးမည်ဖြစ်သည်။
▪️ စက်မှုလုပ်ငန်း အလားအလာ ရှုထောင့်မှကြည့်လျှင် မြန်မာ့ ပီလောပီနံ မှုန့် ဈေးကွက် သည် အလားအလာကောင်းများရှိသည်။ ကမ္ဘာလုံးဆိုင်ရာ ကစီဓာတ် ထုတ်ကုန်များ ဝယ်လို အား တိုးမြင့်လာသည်နှင့်အမျှ နေ့စဉ် လူနေမှုဘဝနှင့် စက်မှုလုပ်ငန်း ထုတ်လုပ်မှုအတွက် အရေးပါသော ကုန်ကြမ်းအဖြစ် ပီလောပီနံမှုန့်ကို အစားအစာ၊ စက္ကူထုတ်လုပ်ရေး၊ အထည်အလိပ်နှင့် အခြားနယ်ပယ်များတွင် တွင်ကျယ်စွာ အသုံးပြုကြသည်။
▪️ နောက်ဆုံး စာရင်းများအရ မြန်မာ့ပီလောပီနံစိုက်ပျိုးရေးဧရိယာနှင့် အထွက်နှုန်းသည် တည်ငြိမ်သော တိုးတက်မှုလမ်းကြောင်းကို ပြသနေပြီး ပီလောပီနံမှုန့်လုပ်ငန်း ကိုလည်း မကြုံစဖူးသော ဖွံ့ဖြိုးတိုးတက်မှုအခွင့်အလမ်းများ ဖော်ဆောင်ပေးခဲ့သည်။
▪️ လက်ရှိတွင် မြန်မာ့ပီလောပီနံမှုန့်လုပ်ငန်းသည် အရှိန်အဟုန်ဖြင့် ဖွံ့ဖြိုးတိုးတက်နေ သည့် အဆင့်သို့ ရောက်ရှိနေသော်လည်း ထုတ်လုပ်မှုပမာဏနှင့် နည်းပညာပိုင်းဆိုင်ရာ အဆင့်မြှင့်တင်ရန် လိုအပ်နေသေးကြောင်း သိရသည်။ ဤစီမံကိန်းကို အကောင်အထည်ဖော်ခြင်းဖြင့် အဆင့်မြင့်ထုတ်လုပ်မှုနည်းပညာနှင့် စီမံခန့်ခွဲမှုအတွေ့အကြုံများကို မိတ်ဆက် ပေးမည်၊ မြန်မာပီလောပီနံမှုန့်ထုတ်လုပ်ပမာဏနှင့် အရည်အသွေးကို မြှင့်တင်ပေးပြီး နိုင်ငံ တကာ ဈေးကွက်တွင် မြန်မာ့ပီလောပီနံမှုန့်၏ ယှဉ်ပြိုင်နိုင်စွမ်းကို ပိုမိုအားကောင်းလာ စေမည်ဖြစ်သည်။
▪️ Myanmar Thai Yod Agriculture Development Co.,Ltd နှင့် Siam Tigers Myanmar Co.,Ltd တို့အကြား ခိုင်မာသည့် ပူးပေါင်းဆောင်ရွက်မှုသည် ကုမ္ပဏီနှစ်ခုစလုံး၏ ဖွံ့ဖြိုး တိုးတက်မှု အတွက်တွန်းအားအသစ်များ ထည့်သွင်းပေးရုံသာမက မြန်မာ့လယ်ယာ ကဏ္ဍ ခေတ်မီတိုးတက်ရေး အတွက် အခွင့်အလမ်းသစ်များ သယ်ဆောင်လာခဲ့ပါသည်။
▪️ အဖက်ဖက်၏ ပူးပေါင်းကြိုးပမ်းမှုဖြင့် နေပြည်တော် ပီလောပီနံမှုန့်စက်ရုံစီမံကိန်းသည်အောင်မြင်စွာတည်ဆောက်နိုင်ပြီး မြန်မာ့လယ်ယာစိုက်ပျိုးရေး ဖွံ့ဖြိုးတိုးတက်ရေးတွင် အပြုသဘောဆောင် ပံ့ပိုးကူညီနိုင်မည်ဟု ယုံကြည်ပါသည်။
▪️ Myanmar Taiyou Agricultural Development Co., Ltd.ကုမ္ပဏီက မိမိတို့ကုမ္ပဏီသည် မြန်မာနိုင်ငံ၏ ထူးခြားသည့် စိုက်ပျိုးရေး ထွက်ကုန်များကို ပလက်ဖောင်း အဖြစ် အသုံးပြုကာ၊ နိုင်ငံခြားဈေးကွက်များသို့ တက်တက်ကြွကြွချဲ့ထွင်မည်၊ အရည်အသွေးမြင့် မြန်မာ့လယ်ယာထွက်ကုန်များကို ပြည်ပဈေးကွက်သို့ တင်ပို့မည်၊မြန်မာ့လယ်ယာထွက်ကုန်များ၏ယှဉ်ပြိုင်နိုင်စွမ်းနှင့် နာမည်ကျော်ကြားမှုကို မြှင့်တင်သွားမည်ဟု ပြောကြားခဲ့ပါသည်။
ယနေ့ကဆုန်လပြည့်ဗုဒ္ဓနေ့တွင် ညောင်ရေသွန်းပွဲတော်များကို မြန်မာနိုင်ငံအနှံ့ ကျင်းပကြပြီး ဗုဒ္ဓဘာသာ ဝင်များက ဗောဓိညောင်ပင်အား ရေစင်များသွန်းလောင်းပြီး ကောင်းမှုကုသိုလ်ယူကြသည်။
ရန်ကုန်မြို့ လေးဆူဓာတ်ပုံ မြတ်ရွှေတိဂုံမြတ်ကြီး၌ ညောင်ရေသွန်းလောင်းကြပုံများကို ရုပ်သံအစီအစဉ် တင်ဆက်ပေးလိုက်ပါသည်။
Video-mnn, Edit- knl
Page 265 of 2238