#Local_News
Published 16 November 2024
▪️ ဂျပန်နိုင်ငံရှိ စက်ရုံ၊ အလုပ်ရုံများတွင် အလုပ်လုပ်ကိုင်ရန်အတွက် ဂျပန်ကုမ္ပဏီများက စာ၃၄၀ကျော်ဖြင့် မြန်မာလုပ်သား (၁၀၀၀) ကျော် ထပ်မံခေါ်ယူထားကြောင်း တိုကျိုမြို့ရှိ မြန်မာသံရုံး၏ ထုတ်ပြန်ချက်အရ သိရသည်။
▪️ မြန်မာသံရုံးအနေဖြင့် အလုပ်သမားဝန်ကြီးဌာနက နိုင်ငံခြားရေးဝန်ကြီးဌာနမှတဆင့် ပေးပို့လာသည့် အလုပ်ကမ်းလှမ်းစာ Demand Letter များကို ဂျပန်ကုမ္ပဏီများထံမှ ပြန်ကြားစာ လက်ခံရရှိသည့် ရက်စွဲအလိုက် အစဉ်အတိုင်း စိစစ်ပေးလျက်ရှိခြင်းဖြစ်သည်။
▪️ ထိုသို့စိစစ်ပေးရာတွင် ၂၀၂၄ ခုနှစ်၊ စက်တင် ဘာလ(၂၄) ရက်အထိ လက်ခံရရှိ၍ စိစစ်ပြီးစီးကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနသို့ ပေးပို့ပြန်ကြားခဲ့သည့် အလုပ်ကမ်းလှမ်းစာ (၃၄၁)ခုနှင့် ပတ်သက်၍ အလုပ်သမား (၁၀၄၈) ခေါ်ယူထားကြောင်း သိရသည်။
▪️ ထို့အပြင် ဂျပန်နိုင်ငံရှိ အလုပ်သမားကြီးကြပ်ရေး ကုမ္ပဏီနှင့် အလုပ်ခေါ်ယူသည့် စက်ရုံ/ ကုမ္ပဏီများသည် ဂျပန်နိုင်ငံတွင် တရားဝင်တည်ထောင်ထားခြင်း ရှိ/မရှိစာရွက်စာတမ်း အထောက်အထားများစိစစ်ပြီး စိစစ်တွေ့ရှိချက်များ၊ သဘောထားမှတ်ချက်များကို နိုင်ငံခြားရေးဝန်ကြီးဌာနမှတဆင့် အလုပ် သမားဝန်ကြီးဌာနသို့ ပြန်လည်ပေးပို့လျက်ရှိကြောင်း သိရသည်။
#YMG/NN #Yangon_Times
#Daily_News
Published 14 November 2024
၁။ ရန်ကုန်-မော်လမြိုင် အစုန်/အဆန်အထူးနှင့် ပုံမှန်ရထားများပြေးဆွဲပေးနေ
၂။ ပန်းတစ်ပွင့်တောင်တွင် ကထိန်ပွဲနှင့်ဆရာတော်မွေးနေ့ပွဲကျင်းပမည်၊ အိုဝေး နာဝေးဆေးဒါနပြုရန်ရှိ
၃။ ရွှေရောင်းဝယ်ရေးလုပ်ငန်းလုပ်မည့်သူများ အခုလအတွင်းလိုင်စင်အပြီးလျှောက်ထားရမည်
၄။ ဂါဇာနှင့်လက်ဘနွန်တို့တွင် စစ်ရာဇဝတ်မှုကျူးလွန်နေသည့်အစ္စရေးလ်အားအမေရိကန်အစိုးရသစ်ရပ်တန့်ပေးရန် အီရန်မျှော်လင့်... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
အခုနှစ်မှာ တောင်ကြီးတန်ဆောင်တိုင်ပွဲတော်ကို လာရောက်သူများပြား နေပြီး တစ်ညကို ဧည့်သည်နှစ်သိန်းခန့်လာရောက်ကြည့်ရှုနေတယ်လို့ ရှမ်းပြည်နယ်တောင်ပိုင်း ရိုးရာမီးပုံပျံပညာရှင်များအသင်းက သိရပါတယ်။
#Local_News
Published 14 November 2024
#တောင်ကြီးတန်ဆောင်တိုင် #ရိုးရာမီးပုံပျံ
#YMG/NN #Yangon_Times
ရွှေရောင်းဝယ်ရေးလုပ်ငန်းလုပ်မည့်သူများ အခုလအတွင်းလိုင်စင်အပြီးလျှောက်ထားရမှာဖြစ်ပါတယ်။ လိုင်စင်မရှိဘဲ ရွှေရောင်းဝယ်ပါက အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှုပုဒ်မ(၅)နဲ့အညီ အရေးယူခံရနိုင်မှာဖြစ်သလို YGEA ရဲ့သတ်မှတ်ရွှေဈေးအတိုင်းလည်း ရွှေဆိုင်တွေက ရောင်းဝယ်ကြရမှာဖြစ်တယ်လို့ သိရပါတယ်။
#Local_News
Published 14 November 2024
#ရွှေရောင်းဝယ်ရေး #လိုင်စင်အပြီးလျှောက်
#YMG/tthl #Yangon_Times
ပန်းတစ်ပွင့်တောင် သာသနာ့နယ်မြေမှာ တန်ဆောင်မုန်းလပြည့်နေ့ နိုဝင်ဘာလ(၁၅)ရက်မှာ ကထိန်အလှူတော်မင်္ဂလာပွဲကိုကျင်းပမှာဖြစ်ပြီး နိုဝင်ဘာလ (၁၈)ရက်မှာတော့ ပန်းတစ်ပွင့်တောင်ဆရာတော်ဘုရားရဲ့မွေးနေ့မင်္ဂလာအခမ်းအနားကိုကျင်းပသွားမှာဖြစ်ပါတယ်။ ဆေးဘက်ဝင် ဘီးစပ်အရွက်နဲ့ဖော်စပ်ထားတဲ့ အိုဝေးနာဝေးဆေးတွေကို ဘုရားဖူးပြည်သူတွေကို လှူဒါန်းသွားဖို့ရှိပါတယ်။
#Local_News
Published 14 November 2024
#ပန်းတစ်ပွင့်တောင် #အိုဝေးနာဝေးဆေးဒါနပြု
#YMG/tthl #Yangon_Times
ခရီးသွားပြည်သူတွေအတွက် ရန်ကုန်-မော်လမြိုင်အစုန်/အဆန် ပုံမှန်ရထားတွေအပြင်တန်ဆောင်တိုင်ပိတ်ရက်တွေမှာ အများပြည်သူတွေနဲ့ ဝန်ထမ်းတွေ သွားလာတာ အဆင်ပြေစေဖို့ အထူးရထားတွေပါ ပြေးဆွဲပေးနေတယ်လို့ မော်လမြိုင်ဘူတာကြီးက သိရပါတယ်။
#Local_News
Published 14 November 2024
#ရန်ကုန်-မော်လမြိုင် #ပုံမှန်ရထားများပြေးဆွဲပေးနေ
#YMG/NN #Yangon_Times
#Local_News
Published 14 November 2024
▪️ ရန်ကုန်-မန္တလေး လမ်းပိုင်းအတွင်းရှိ စမုံ-သပြေတောင်းဘူတာအကြားရှိ စမုံတံတား ပြန်လည်မွမ်းမံပြင်ဆင်မည်ဖြစ်သောကြောင့် မန္တလေး-သာစည် ရထားလမ်းပိုင်းကို ယာယီနှစ်ရက် ပိတ်မည်ဖြစ်ကြောင်း သိရသည်။
▪️ တိုင်ဖွန်းမုန်တိုင်း “ရာဂီ” ၏အရှိန်ကြောင့် မိုးသည်းထန်စွာရွာသွန်းခဲ့ပြီး ရေတိုက်စားမှုကြောင့် ပျက်စီးသွားသည့် မန္တလေးတိုင်းဒေသကြီး ဝမ်းတွင်းမြို့နယ် စမုံနှင့်သပြေတောင်းကြား အဆန်ရထားလမ်း တံတားအမှတ် (၆၉၁) ၏ ကမ်းကပ်ခုံရေတိုက်စားခံရမှုအပေါ် ပေ ၆၀ ဘေလီ သံပေါင်ဖြင့် ယာယီအစားထိုးဆောင်ရွက်ခဲ့ပြီး ယခုအခါ အသေးစိတ် ပြင်ဆင်မွမ်းမံမှုများ ပြုလုပ်ရန် လိုအပ်သည့်အတွက် နိုဝင်ဘာ ၁၈ ရက်နှင့် ၁၉ ရက်များတွင် မန္တလေး-သာစည် ရထားလမ်းပိုင်းကို ယာယီပိတ်ထားမည်ဖြစ်ကြောင်း သိရသည်။
▪️ အဆိုပါ နေ့ရက်များတွင် သာစည်-မန္တလေး ပြေးဆွဲပေးလျက်ရှိသည့် အမှတ် သ-၃၀၁ အဆန်၊ သ-၃၀၂ အစုန် RBE လူစီးရထားနှင့် ရန်ကုန်-မန္တလေး-ရန်ကုန် ပြေးဆွဲလျက်ရှိသည့် အမှတ်(၁)အဆန်၊ အမှတ် (၂) အစုန် စာပို့ရထားများကို ယာယီရပ်နားထားမည်ဖြစ်ပြီး ရန်ကုန်-မန္တလေး- ရန်ကုန် ပြေးဆွဲလျက်ရှိသည့် အမှတ်(၁၁)အဆန်၊ အမှတ်(၁၂)အစုန် လူစီးအမြန်ရထားများကို ရန်ကုန် - သာစည် - ရန်ကုန် ခရီးစဉ်အဖြစ် ပြောင်းလဲပြေးဆွဲမည်ဖြစ်ကြောင်း သိရသည်။
▪️ မြန်မာ့မီးရထားအနေဖြင့် ပြည်သူများခရီးသွားလာမှု လွယ်ကူအဆင်ပြေစေရေးနှင့် ကုန်စည်စီးဆင်းမှု မြန်ဆန်စေရေးအတွက် ရထားလမ်းပိုင်းများတွင် လူစီးရထားနှင့် ကုန်ရထားများ ပြေးဆွဲပေးခြင်း ဆောင်ရွက်ပေးလျက်ရှိ ကြောင်း သိရသည်။
▪️ ထိုသို့ဆောင်ရွက်ရာတွင် ရန်ကုန် - မန္တလေး ရထားလမ်းပိုင်းအတွင်း ရေကြီးရေလျှံမှုဖြစ်ပွား၍ ရထားလမ်းနှင့်တံတားများ ထိခိုက်ပျက်စီးမှုများကို အချိန်နှင့်တစ်ပြေးညီ ပြုပြင်ဆောင်ရွက်ခဲ့ပြီး ယခုအခါ စမုံနှင့်သပြေတောင်းကြား အဆန်လမ်းတံတား အမှတ် (၆၉၁) (စမုံတံတား) ကို အသေးစိတ်ပြုပြင်မှုများပြုလုပ်ပြီး နိုဝင်ဘာ ၂၀ ရက်မှစ၍ ရန်ကုန်-မန္တလေးလမ်းပိုင်းအတွင်း ပြေးဆွဲလျက်ရှိသောရထားများကို မူလပြေးဆွဲချိန်များအတိုင်း ရန်ကုန်နှင့်မန္တလေး ခရီးဆုံးဘူတာများအထိ ပုံမှန်ပြေးဆွဲပေးမည်ဖြစ်ကြောင်း သိရသည်။
#YMG/NN #Yangon_Times
Page 260 of 2026