#Local_News
Published 17 May 2025
▪️ တရုတ်-မြန်မာနယ်စပ် ယူနန်ပြည်နယ် တယ်ဟုန်းပြည်နယ်ခွဲရှိ ရွှေလီမြို့ သက်မွေးပညာ အထက်တန်းကျောင်းတွင် မြန်မာနိုင်ငံမှ ကျောင်းသား ၈၈ ဦးတို့က ပညာသင်ယူကာ သက်မွေးပညာစွမ်းရည်များကိုမြှင့်တင်နေကြကြောင်း မြန်မာ နိုင်ငံဆိုင်ရာ တရုတ်သံရုံးမှ သတင်းထုတ်ပြန်ထားသည်။
▪️ အဆိုပါ ကျောင်းသားကျောင်းသူများသည် တရုတ်-မြန်မာ ပညာရေးကူးလူး ဖလှယ်ရေးအစီအစဉ်၏ ပထမဆုံးအသုတ် အကျိုးခံစားခွင့် ရသူများအနေဖြင့် အသက်မွေးဝမ်းကျောင်းပညာရပ်များကို စာတွေ့၊လက်တွေ့ သင်ကြားနေသူများဖြစ်ကြောင်း သိရသည်။
▪️ လက်ရှိတွင် ရွှေလီမြို့သက်မွေးပညာအထက်တန်းကျောင်းနှင့် မြန်မာနိုင်ငံ ရန်ကုန်မြို့ရှိ GESC တရုတ်စာသင်ကျောင်းအပါအဝင် ပညာရေးအဖွဲ့အစည်းများနှင့် ပုံမှန်ပူးပေါင်းဆောင်ရွက်မှုယန္တရားကို တည်ဆောက်ထားပြီး နိုင်ငံတကာကျောင်းသားများအတွက် သုံးဖက်မြင်လေ့ကျင့်သင်ကြားရေးစနစ်ကို တည်ဆောက်ပေးထားကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
#YMG/SW #Yangon_Times
မြေလွတ်၊ မြေလပ်နဲ့ မြေရိုင်းများ လုပ်ပိုင်ခွင့်နဲ့အသုံးပြုခွင့်အတွက်ပေးသွင်းရတဲ့ အာမခံကြေးတွေကို မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများ စီမံခန့်ခွဲရေးဗဟိုကော်မတီက ပြောင်းလဲသတ်မှတ်လိုက်ပါတယ်။
#Local_News
Published 17 May 2025
#မြေလွတ်မြေရိုင်း #အာမခံကြေးပြင်ဆင်
#YMG/NN #Yangon_Times
ငွေကြေးအရင်းအနှီးလိုအပ်နေတဲ့ ဆီစက်ပိုင်ရှင်တွေအတွက် တစ်ဦးကို ငွေကျပ်သိန်းငါးထောင်အထိ ထုတ်ချေးပေးသွားမယ်လို့ နိုင်ငံပိုင်သတင်းစာတွေကတဆင့် အသိပေးထားပါတယ်။
#Local_News
Published 17 May 2025
#ဆီစက်ပိုင်ရှင် #ချေးငွေထုတ်ပေး
#YMG/SW #Yangon_Times
အလုပ်အကိုင်အခွင့်အလမ်းပေါင်း ၉၀၀ ကျော်ကို ဖန်တီးပေးနိုင်မယ့် အမေရိကန်ဒေါ်လာ ၃၅သန်းကျော်နဲ့ ကျပ်ငွေသန်းပေါင်းသုံးသောင်းကျော်တန်ဖိုးရှိတဲ့ နိုင်ငံခြားနဲ့ ပြည်တွင်းရင်းနှီးမြှုပ်နှံမှုလုပ်ငန်းအသစ် ၉ ခုကို မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် MIC က ခွင့်ပြုခဲ့တယ်လို့ သိရပါတယ်။
#Local_News
Published 17 May 2025
#လုပ်ငန်းအသစ်၉ခု #MICခွင့်ပြု
#YMG/NN #Yangon_Times
တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေအားလုံးမှာ လာမယ့်မေလ၂၀ရက်အထိ နေရာကွက်ပြီး မိုးကြီးနိုင်တာကြောင့် ကြိုတင်သတိပြုနိုင်ဖို့အတွက် မိုးလေဝသနှင့်ဇလဗေဒညွန်ကြားမှုဦးစီးဌာနက အသိပေးထုတ်ပြန်ထားပါတယ်။
#Local_News
Published 17 May 2025
#နေရာကွက်၍မိုးကြီးနိုင် #မိုးလေဝသနှင့်ဇလဗေဒညွန်ကြားမှုဦးစီးဌာန
#YMG/SW #Yangon_Times
#Local_News
Published 17 May 2025
▪️ မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် ထိုင်းဘတ်၁သန်းကျော်နှင့်ဒေါ်လာ၃သိန်းကို ယမန်နေ့က ထုတ်ရောင်းခဲ့ကြောင်း သိရသည်။
▪️ ထိုသို့ရောင်းချရာတွင် ငွေလဲနှုန်း ၃၆၀၆ ကျပ်ဖြင့် အမေရိကန်ဒေါ်လာ သုံးသိန်းအပြင် ငွေလဲနှုန်း ၁၃၁.၇၈ ကျပ်နှင့် ထိုင်းဘတ် ၁.၆၀၂ သန်းလည်း ရောင်းပေးခဲ့ခြင်းဖြစ်သည်။
▪️ ၎င်းနေ့တစ်ရက်တည်းတွင် AD လိုင်စင်ရဘဏ်များနှင့် လုပ်ငန်းရှင်များ အကြား အမေရိကန်ဒေါ်လာ ၁၈.၀၁၉ သန်း၊ တရုတ်ယွမ် ၁.၁၉၈ သန်းနှင့် ထိုင်းဘတ် ၄၁.၁၄၃ သန်း အလွှဲအပြောင်းရှိခဲ့ကြောင်း သိရသည်။
▪️ မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် နိုင်ငံခြားငွေများကို အဆက်မပြတ် ထုတ်ရောင်းပေးလျှက်ရှိရာမေလ ၁၅ရက်ကလည်း ငွေလဲနှုန်း ၃၆၀၆ ကျပ်နှင့် အမေရိကန်ဒေါ်လာ ၁၃၈,၅၀၀ ၊ ငွေလဲနှုန်း ၁၃၁.၇၈ ကျပ်ဖြင့် ထိုင်းဘတ် ၃.၀၅၅ သန်းများကိုလည်းရောင်းပေးခဲ့ကြောင်း သိရသည်။
#YMG/NN #Yangon_Times
#Local_News
Published 17 May 2025
▪️ မန္တလေးငလျင်ကြီး ကြောင့်ပြိုကျခဲ့ရသည့်မန္တလေးမြို့ Sky Villa အဆောက်အဦရှိ မီးခံသေတ္တာအတွင်းမှ ဘဏ်စာအုပ် ၃၁ အုပ်အပါအဝင် ရွှေတုံးနှင့်လက်ဝတ်ရတနာများအားပိုင်ရှင်ထံပြန်ပေးအပ်ခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ သိရသည်။
▪️ မေ၁၆ ရက်နေ့တွင် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ ယန္တရားများနှင့်အတူ ရုပ်အလောင်းကျန်ရှိနေသော မန္တလေးမြို့ Sky Villa အဆောက်အဦ (B)အဆောင်နှင့် (C) အဆောင်များအား ဖယ်ရှားရှင်းလင်းခြင်းနှင့် ရုပ်အလောင်းထုတ်ယူနိုင်ရေးဆောင်ရွက်ရာတွင် B ဆောင် အခန်းအမှတ် (14)မှ တွေ့ရှိခဲ့ခြင်းဖြစ်သည်။
▪️ အဆိုပါ မီးခံသေတ္တာအတွင်းမှ ထွက်ရှိလာသည့် အရေးကြီးစာရွက်စာတမ်းဖိုင် (၂၃)ဖိုင်၊ ဘဏ်စာအုပ်(၃၁)အုပ်၊ ရွှေဆွဲကြိုး(၁၅)ကုံး၊ ရွှေလက်ကောက် (၁၂)ကွင်း၊ ရွှေဟန်းချိန်း(၁၁)ကုံး၊ ရွှေလက်စွပ်(၂၅)ကွင်း၊ ရွှေဆွဲသီး(၂၁)ခု၊ ရွှေနားကပ်(၁၅)ရံ၊ (၁)ကျပ်သားရွှေတုံး(၁၀)တုံး၊ 0.2g ရွှေပြား(၆)ပြား၊ ရွှေတွယ်ချိတ်(၃)ခု ထုတ်ယူရရှိမှုအား ပိုင်ရှင်ဖြစ်သူထံသို့ ပစ္စည်းလက်ခံလွှဲပြောင်းရေးအဖွဲ့နှင့်အတူ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။
▪️ ယင်းနေ့တစ်ရက်တည်းမှာပင် ၁၆ ရက်နေ့တွင် Sky Villa အဆောက်အဦ C ဆောင် အခန်းအမှတ် M-10 မှ တွေ့ရှိသော US ဒေါ်လာ (၁၀၀)တန် (၈)ရွက်၊ ၁ဒေါ်လာ (၁)ရွက်၊ ယူပီ(၅၀၀)တန်(၁၈)ရွက်၊ ရွှေနားကပ်(၄)ရံ၊ ကျောက်ပါရွှေဆွဲသီး(၁)ခု၊ ရွှေဆွဲသီး(၂)ခု၊ ရွှေလက်စွပ်(၂)ကွင်း၊ ရွှေဆွဲကြိုး (၁)ကုံး၊ ဖန်စီလက်ဝတ်လက်စား (၁)အိတ်၊ Shashi Bushan အမည်ပါစာရွက်စာတမ်းများ၊ Shashi Bushan အမည်ပါ passport (၂)အုပ်၊ Cosmatic ပစ္စည်းများအား ပစ္စည်းလက်ခံလွှဲပြောင်းရေးအဖွဲ့နှင့်အတူ ပိုင်ရှင်ဖြစ်သူ၏ ကိုယ်စားလှယ်ထံသို့ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။
▪️ ထို့အပြင် ယင်းနေ့ ညနေ ၅နာရီ၅၅မိနစ် အချိန်တွင် C ဆောင် အခန်းအမှတ် M2 မှ ကျား(၁)ဦး၏ ရုပ်အလောင်းအား ထုတ်ယူနိုင်ခဲ့ကြောင်း သိရသည်။
#YMG/NN #Yangon_Times
Page 258 of 2238