#Local_News
Published 3 January 2025
▪️ ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၌ အိမ်စီးကားတစ်စီး လမ်းလယ်ကျွန်းကိုတိုက်မိပြီး တစ်ဦးေ-သဆုံးပြီး သုံးဦးဆေးရုံသို့တင်ပို့ခဲ့ရကြောင်း ပြည်သာယာလူမှုကူညီရေးအသင်းမှ သိရသည်။
▪️ ဖြစ်စဉ်မှာ ဇန်နဝါရီ ၂ ရက်နေ့၊ နေ့လယ် ၂နာရီ ၄၅မိနစ် အချိန်ခန့် က ၊ ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ်(၂၉၀/၇)အနီးတွင် ယာဉ်(၁)စီးသည် လမ်းလယ်ကျွန်းအား ဝင်ရောက်တိုက်မိမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
▪️ အဆိုပါ သတင်းရရှိသဖြင့် သီးကုန်းအမြန်လမ်းမီးသတ်စခန်းမှ မီးသတ်ယာဉ်(၁)စီး၊ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များ၊ ပြည်သာယာလူမှုကူညီရေးအသင်းများမှ ကယ်ဆယ်ရေးလုပ်ငန်းများ သွားရောက်ဆောင်ရွက်ခဲ့ ကြောင်းသိရသည်။
▪️ "ကျွန်တော်တို့ အသင်းကို ဖုန်းဆက်အကူအညီတောင်းလာတာကြောင့်အသင်း ရဲ့ အရေးပေါ်လူနာတင်ယာဉ်နဲ့ ချက်ချင်းထွက်ပြီး ဖြစ်စဉ်သို့ရောက်တဲ့အခါ
လူနာတွေနဲ့သေဆုံးသူတို့ကို အမြန်လမ်း ရဲတပ်ဖွဲ့၊ အမြန်လမ်း မီးသတ်တပ်ဖွဲ့ ၊ အမြန်လမ်း 192 တို့နဲ့အတူ ကျနော်တို့အသင်းတို့ ပူးပေါင်းကူညီဆောင်ရွက်ပေးပါတယ်။" ဟု ပြည်သာယာလူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
▪️ အဆိုပါ ဖြစ်စဉ်ကြောင့် ယာဉ်ပေါ်ပါ ကျား(၂)ဦး၊ မ(၂)ဦး စုစုပေါင်း(၄)ဦးအနက် မ(၁)ဦး(သေဆုံး)နှင့် ထိခိုက်ဒဏ်ရာရရှိသူ ကျား(၂)ဦးနှင့် မ(၁)ဦးတို့အား ပြည်သာယာလူမှုကူညီရေးအသင်းမှ သူနာတင်ယာဉ်ဖြင့် မိတ္ထီလာမြို့နယ်ပြည်သူ့ဆေးရုံသို့ ကူညီပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
#YMG/NN #Yangon_Times
#Local_News
Published 3 January 2025
▪️ ရန်ကုန်မြို့ရှိအင်းစိန်မြို့နယ်၊ လှိုင်မြစ်လမ်းတွင် ယာဉ်တိုက်မှုဖြစ်ပွားပြီး လူညပ်နေ၍ ကယ်ထုတ်ခဲ့ရကြောင်းမြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ သိရသည်။
▪️ ဖြစ်စဉ်မှာဇန်နဝါရီ ၂ ရက်နေ့၊ နေ့လယ် ၂နာရီ ၃၇ မိနစ်အချိန်ခန့်က ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်၊ ဈေးကုန်းအနောက်ရပ်ကွက်၊ လှိုင်မြစ်လမ်းတွင် ယာဉ်တိုက်မှုဖြစ်ပွားပြီး လူညပ်နေကြောင်းသိရသည်။
▪️ အဆိုပါ သတင်းရရှိသဖြင့် အင်းစိန်မြို့နယ်မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များဖြင့် ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း၊ယင်း ဖြစ်စဉ်ကြောင့် ကားခေါင်းခန်းတွင် ညပ်နေသူ ကျား(၁)ဦးအား ၂နာရီ ၄၁မိနစ် အချိန်တွင် ကယ်ထုတ်နိုင်ခဲ့ပြီး တွဲလက်ပရဟိတအသင်းမှ သူနာတင်ယာဉ်ဖြင့် အင်းစိန်ပြည်သူ့ဆေးရုံသို့ ကူညီပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
#YMG/NN #Yangon_Times
#Daily_News
Published 2 January 2025
၁။ တောင်ငူ၌ (၁၄) ကြိမ်မြောက်မျက်စိအလင်းအလှူတော်ပြုလုပ်မည်
၂။ မြန်မာနိုင်ငံ၏ခန့်မှန်းလူဦးရေ ၅၁ သန်းကျော်ရှိပြီး ရန်ကုန်တိုင်းတွင်အများဆုံးဟုဆို
၃။ တစ်နေ့လျှင် ရွှေပိဿာတစ်ရာကျော်ထွက်ရှိနေပြီး ရွှေဈေးကွက်အေးနေ
၄။ (၉)ကြိမ်မြောက် ပျားရည်ပွဲတော် ဒူဘိုင်းတွင်ကျင်းပ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
ပြည်တွင်းစားသောက်ကုန်တွေအတွက် နိုင်ငံတကာအဆင့်မီစားသောက်ကုန်ဓာတ်ခွဲခန်းမှာ အရည်အသွေးစစ်ဆေးပေးလျက်ရှိရာမှာ ဂျပန်နိုင်ငံအသိအမှတ်ပြုလက်မှတ်စတင်ရရှိနေပြီဖြစ်တယ်လို့ သိရပါတယ်။
#Local_News
Published 2 January 2025
#ဂျပန်နိုင်ငံအသိအမှတ်ပြုလက်မှတ် #ပြည်တွင်းစားသောက်ကုန်
#YMG/SW #Yangon_Times
လက်ရှိ ရွှေဈေးကွက်မှာ တစ်နေ့ကို ရွှေပိဿာတစ်ရာကျော်ထွက်ရှိနေပြီး ဈေးကွက်အနေအထားမှာ အရောင်းအဝယ်အေးနေတယ်လို့ ရန်ကုန်တိုင်းဒေသကြီးရွှေလုပ်ငန်းရှင်များအသင်း (YGEA)ဥက္ကဌ ဦးမျိုးမြင့်က ရန်ကုန်မီဒီယာကို ပြောပါတယ်။
#Local_News
Published 2 January 2025
#ရွှေပိဿာတစ်ရာကျော်ထွက်ရှိ #ရွှေဈေးကွက်အေးနေ
#YMG/SW #Yangon_Times
မြန်မာနိုင်ငံရဲ့ ခန့်မှန်းလူဦးရေ(၅၁ ဒဿမ ၃) သန်းကျော်ရှိ ပြီး ရန်ကုန်တိုင်းမှာ (၁၄ ဒဿမ ၄)ရာခိုင်နှုန်းနဲ့ အများဆုံးဖြစ်တယ်လို့ သိရပါတယ်။
#Local_News
Published 2 January 2025
#ခန့်မှန်းလူဦးရေ၅၁သန်း #ရန်ကုန်တိုင်းတွင်အများဆုံး
#YMG/NN #Yangon_Times
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့ရှိ သီတဂူကေတုမတီအာယုဒါနဆေးရုံတော်မှာ(၁၄) ကြိမ်မြောက်မျက်စိအလင်းအလှူတော်ကို အခုလအတွင်း ပြုလုပ်သွားမယ်လို့ သိရပါတယ်။
#Local_News
Published 2 January 2025
#မျက်စိအလင်းအလှူတော် #တောင်ငူ
#YMG/NN #Yangon_Times
Page 261 of 2083