#Local_News
Published 24 May 2024
▪️ ရန်ကုန်-မော်လမြိုင်ကားလမ်းမကြီးပေါ်ရှိ ကျုံအိတ်တံတား ပြင်ဆင်မှုများ ကိုယမန်နေ့ကစတင်ပြုလုပ်နေပြီဖြစ်ကြောင်းဒေသခံများဆီက သိရသည်။
▪️ ပြီးခဲ့သည့်မေ ၁၁ ရက်က မိုင်းခွဲဖျက်ဆီးခံရသည့် ကျုံအိတ်တံတားကို မေလ ၂၃ ရက်နေ့ နေလယ်ပိုင်းကစပြီး ရွှေသံလွင်ကုမ္ပဏီမှပြန်လည်ပြုပြင်ရေးလုပ်ငန်းများ စတင်နေပြီဖြစ်ကြောင်း သိရသည်။
▪️ " ဒီတံတားက ဖျက်ဆီးခံရတာနှစ်ခါရှိပြီ၊ ဘယ်သူတွေအခက်အခဲဖြစ်လဲဆို ပြည်သူပဲခက်ခဲတာပဲလေ၊ သွားရလာရတာအဆင်မချောဘူး၊ ကုန်တွေသယ်ရတာမလွယ်ရင် ဈေးတက်မယ်၊ ခက်ခဲကုန်တာပေါ့၊အခုပြန်ပြင်နေပြန်ပြီ၊ ယာယီသံဘေလီဘောင်တံတားအမျိုးအစား ပြန်လည်ပြင်ဆင်နေတာ ဖြစ်မယ်"ဟု ဒေသခံတစ်ဦးက ပြောသည်။
▪️ ထို့အပြင် မေလ(၂၃)ရက် နံနက်ပိုင်းက မိုင်းခွဲဖျက်ဆီးခံရသည့် ဘီးလင်းမြို့နယ်၊ ရွှေရောင်ပြကျေးရွာအုပ်စုရှိ မစောတံတားကိုလည်း ပြင်ဆင်ရန် စီစဉ်လျက်ရှိပြီးလတ်တလောတွင်လမ်းလွဲများမှတဆင့်သွားရောက်နေရသည့်အတွက်အခက်အခဲများစွာကြုံတွေ့ နေရကြောင်း သိရသည်။
#YMG/ NN #Yangon_Times
#Local_News
Published 24 May 2024
▪️ ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်ရှိ ကမ္ဘာအေးစေတီလမ်းတွင် ယာဉ်နှစ်စီးတိုက်မိမှုဖြစ်ပွားခဲ့ကြောင်း မြန်မာ့ကြယ်ဖြူလူမှုကူညီကယ်ဆယ်ရေးအဖွဲ့ထံက သိရသည်။
▪️ မေလ ၂၃ရက်နေ့ ည ၁၁နာရီအချိန်ခန့်က မရမ်းကုန်းမြို့၊ ၈ရပ်ကွက်၊ ကမ္ဘာအေးစေတီလမ်းရှိ စာတိုက်ကားမှတ်တိုင်အနီးမှာ ယာဉ်တိုက်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ကာ အမျိုးသား၂ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။
▪️ အဆိုပါဖြစ်စဉ်ကြောင့် ထိခိုက်ဒဏ်ရာရရှိသူ အမျိုးသား ၂ဦး ကို မြန်မာ့ကြယ်ဖြူ အရေးပေါ်လူနာတင်ယာဥ် ဖြင့် မြောက်ဥက္ကလာပဆေးရုံ အရေးပေါ်သို့ ကူညီပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
#YMG/LW #Yangon Times
#Local_News
Published 24 May 2024
▪️ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၊ ပေကျင်းမြို့တွင်ကျင်းပမည့် CAFE SHOW CHINA 2024 ပြပွဲတွင် မြန်မာ့ကော်ဖီပါဝင်ပြသရန်ဖိတ်ခေါ်ထားကြောင်းစီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။
▪️ အဆိုပါ CAFE SHOW CHINA 2024 ပြပွဲကို ပေကျင်းမြို့၌ ၂၀၂၄ ခုနှစ်၊ သြဂုတ်လ (၃၀) ရက်မှ စက်တင်ဘာလ (၁) ရက်အထိ ကျင်းပသွားမည်ဖြစ်ပြီး မြန်မာနိုင်ငံမှ စိတ်ပါဝင်စားသည့် ကော်ဖီလုပ်ငန်းရှင်များ ပါဝင်ပြသနိုင်ရန်ဖိတ်ခေါ်ထားကြောင်း သိရသည်။
▪️ ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်တွင် ကျင်းပပြုလုပ်ခဲ့သည့် CAFE SHOW တွင် သံရုံးများ၊ ကော်ဖီစိုက်ပျိုး ထုတ်လုပ်သူအသင်းအဖွဲ့များနှင့် ကော်ဖီလုပ်ငန်းရှင်များ ပါဝင်ပြသခဲ့ပြီးဖြစ်ကြောင်း၊ ယခုနှစ်ကျင်းပပြုလုပ်မည့်ပွဲ ကုန်စည်ပြပွဲတွင် ပါဝင်ပြသလိုသည့် မြန်မာနိုင်ငံကော်ဖီအသင်းအဖွဲ့များနှင့် လုပ်ငန်းရှင်များ၏ အမည်စာရင်းအား မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ ကုန်သွယ်မှုဖွံ့ဖြိုးရေးဌာနခွဲ သို့ ဇူလိုင်လ(၁)ရက် (တနင်္လာနေ့) နောက်ဆုံးထားပြီး ပေးပို့နိုင်ကြောင်း သိရသည်။
#YMG/NN #Yangon_Times
#Local_News
Published_ 24 May 2024
▪️ တိုင်းရင်းသားများ၏ရိုးရာဝတ်စုံများကို အိမ်နီးချင်းနိုင်ငံများက ကူးယူရက်လုပ်ခြင်း၊ စက်ဖြင့် ထုတ်ခြင်းများကိုကျယ်ပြန့်စွာဆောင်ရွက်နေသည်ကိုတွေ့ရသဖြင့် မြန်မာနိုင်ငံမှ မူပိုင်ခွင့်ရရှိ အောင်ဆောင်ရွက်ရန်စီစဉ်လျက်ရှိကြောင်းသိရသည်။
▪️ ယင်းကဲ့သို့ မူပိုင်ခွင့်ဆောင်ရွက်နိုင်ရန်အတွက် ကနဦးအနေဖြင့် တိုင်းရင်းသားရှစ်မျိုး၏ အမျိုးသား၊ အမျိုးသမီးနေ့စဉ်သုံးဝတ်စုံနှင့် အခမ်းအနားသုံး ဝတ်စုံတစ်မျိုးစီကို အမြန်ပြုစုတင်ပြနိုင်ရေးကို သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနမှဆောင်ရွက်လျက်ရှိသည် ဟုဆိုသည်။
▪️ ယင်းကဲ့သို့ဆောင်ရွက်လျက်ရှိကြောင်းကို မြန်မာနိုင်ငံတိုင်းရင်းသားလူမျိုးများ၏ အမျိုးသား ဝတ်စုံမှန်သတ်မှတ်ရေး ကော်မတီဥက္ကဋ္ဌ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်နုမြဇံက မြန်မာနိုင်ငံတိုင်းရင်းသားလူမျိုးများ၏ အမျိုးသားဝတ်စုံမှန် သတ်မှတ်ရေး ကော်မတီဥက္ကဋ္ဌ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်နုမြဇံက ‘‘တိုင်းရင်းသား ဝတ်စုံများနှင့်ပတ်သက်၍ ပထမအဆင့်အနေဖြင့် အဓိကတိုင်းရင်းသား ရှစ်မျိုး၏ နေ့စဉ်သုံးဝတ်စုံနှင့် အခမ်းအနားသုံးဝတ်စုံတစ်မျိုးစီကို မြန်မာနိုင်ငံတိုင်းရင်းသား လူမျိုးများ၏ အမျိုးသားဝတ်စုံမှန် သတ်မှတ်ရေးကော်မတီ အစည်းအဝေးသို့ အချိန်မီတင်ပြနိုင်ရေး ဆောင်ရွက်ရန်အချက်သည် အဓိကကျသည့် အချက်ဖြစ်ကြောင်း၊
▪️ သတ်မှတ်တင်ပြရာတွင် အသုံးပြုမည့်အထည်စ၊ ဒီဇိုင်း၊ အရောင်၊ တွဲဖက်အဆင်တန်ဆာများ စသည်တို့ကိုအသုံးပြုရသည့် အဓိပ္ပာယ်၊ ခေတ်အဆက်ဆက် ဝတ်စားဆင်ယင်မှု အသေးစိတ်တို့ကို ဓာတ်ပုံမှတ်တမ်းများနှင့်တကွ သက်ဆိုင်ရာ ပြည်နယ်စာပေနှင့် ယဉ်ကျေးမှုအဖွဲ့များမှ ကျွမ်းကျင် ပညာရှင်များ၏ အဆုံးအဖြတ်နှင့် သက်ဆိုင်ရာ ပြည်နယ်အစိုးရ၏ အတည်ပြုမှုနှင့်အတူ ဆွေးနွေး တင်ပြစေလိုကြောင်း။
▪️ ယဉ်ကျေးမှုရေစီးကြောင်းအရ မိမိတို့နိုင်ငံက အလွန်တန်ဖိုးရှိ လှပပြီးသမိုင်းကြောင်းရှည်လျားသည့် တိုင်းရင်းသားများ၏ ရိုးရာဝတ်စုံများကို အိမ်နီးချင်းနိုင်ငံများက ကူးယူရက်လုပ်ခြင်း၊ စက်ဖြင့်ထုတ် ခြင်းတို့ကို ကျယ်ပြန့်စွာ ဆောင်ရွက်နေကြသည်ကို တွေ့နေရကြောင်း၊ သို့ဖြစ်၍ တင်ပြအတည်ပြု ချက်များနှင့်အတူ မူပိုင်ခွင့်ရယူနိုင်ရန်အတွက် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဖိတ်ကြားထားသူက ဆွေးနွေးပေးစေလိုကြောင်း”ပြောကြားခဲ့ကြောင်း သိရသည်။
#tthl #Yangon_Times
၂၃ မေ ၂၀၂၄
ဧရာဝတီမြစ်ဆုံ- မြစ်ညာမြစ်ဝှမ်းရေအားလျှပ်စစ်စီမံကိန်းအတွက် သုတေသနလုပ်ငန်းများ၊နည်းပညာဆိုင်ရာ ဖြေရှင်းချက်များနှင့် ပြည်သူ့ဆက်ဆံရေးလုပ်ငန်းများကို စီမံဆောင်ရွက်ရန် ဧရာဝတီမြစ်ဆုံ- မြစ်ညာ မြစ်ဝှမ်း ရေအားလျှပ်စစ်စီမံကိန်း ဦးဆောင်အဖွဲ့ ကို နစက၏ ၂၀၂၄ခုနှစ် ဧပြီ ၂၅ ရက် ရက်စွဲပါ အမိန့် ကြော်ငြာစာအမှတ် (၇၅/၂၀၂၄)ဖြင့်ဖွဲ့စည်းပေးခဲ့ကြောင်းသိရှိရပါတယ်။
အဆိုပါ ဧရာဝတီမြစ်ဆုံ- မြစ်ညာ မြစ်ဝှမ်း ရေအားလျှပ်စစ်စီမံကိန်း ဦးဆောင်အဖွဲ့တွင် အဖွဲ့ခေါင်းဆောင်အဖြစ် လျှစ်စစ်စွမ်းအားဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့်ဒုတိယအဖွဲ့ခေါင်းဆောင်အဖြစ် က ကချင်ပြည်နယ်အစိုးရအဖွဲ့ သယံဇာတရေးရာဝန်ကြီးတို့ကဆောင်ရွက်ကြမည်ဖြစ်ပြီး အဖွဲ့ဝင်(၉)ဦးပါဝင်ကြပါတယ်။
အဆိုပါအဖွဲ့ဟာ လုပ်ငန်းတာဝန်(၅)ရပ်ကို ဆောင်ရွက်ရမှာဖြစ််တယ်လို့သိရပါတယ်။
အဲဒါတွေကတော့
(က) SPIC Yunnan International Power Investment Co, Ltd (SPICYN) ၏ ဦးဆောင်အဖွဲ့နှင့်အတူပူးပေါင်း၍ ဧရာဝတီမြစ်ဆုံ- မြစ်ညာမြစ်ဝှမ်းရေအား လျှပ်စစ်စီမံကိန်းအတွက် သုတေသနလုပ်ငန်းများ၊နည်းပညာဆိုင်ရာ ဖြေရှင်းချက်များနှင့် ပြည်သူ့ဆက်ဆံရေးလုပ်ငန်းများကို စီမံဆောင်ရွက်ရန်၊
( ခ ) SPIC Yunnan International Power Investment Co.Ltd (SPICYN) ၏ ဦးဆောင်အဖွဲ့နှင့်အတူပူးပေါင်း၍ ဧရာဝတီမြစ်ဆုံ-မြစ်ညာမြစ်ဝှမ်းရေအားလျှပ်စစ်စီမံကိန်း၏ အဓိကကိစ္စရပ်များအပေါ်နည်းပညာဆိုင်ရာလုပ်ငန်းအဖွဲ့နှင့် ပြည်သူ့ဆက်ဆံရေးလုပ်ငန်းအဖွဲ့တို့အား လမ်းညွှန်မှုပေးခြင်းနှင့်ဆုံးဖြတ်ချက်ချမှတ်ခြင်းကို ဆောင်ရွက်ရန်၊
( ဂ ) လုပ်ငန်းဆောင်ရွက်မှုအခြေအနေများကို ပြည်ထောင်စုဝန်ကြီး၊ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနသို့တင်ပြဆောင်ရွက်ရန်၊
(ဃ) နည်းပညာဆိုင်ရာလုပ်ငန်းအဖွဲ့နှင့် ပြည်သူ့ဆက်ဆံရေးလုပ်ငန်းအဖွဲ့များ ဖွဲ့စည်းနိုင်ရေးဆောင်ရွက်ရန်၊
( င ) ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ အစိုးရများအကြား စီမံကိန်းကိစ္စများညှိနှိုင်းဆောင်ရွက်နိုင်ရေးအတွက် အထောက်အကူပြုနိုင်ရေး ဆောင်ရွက်ရန်
တို့ဖြစ်တယ်လို့ နစကအတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီးအောင်လင်းဒွေးလက်မှတ်ရေးထိုးထုတ်ပြန်တဲ့ အဆိုပါ အမိန့်ကြော်ငြာစာမှာဖော်ပြထားပါတယ်။
@ymg/knl
#Daily_News
Published_ 23 May 2024
၁။ ဂီတအကယ်ဒမီဆုကို ရုပ်ရှင်အကယ်ဒမီဆုကဲ့သို့ ရွှေသားအစစ်ရွှေကြယ်ပါသည့် ရွှေစင်ရုပ်တုချီးမြှင့်မည်ဟုဆို
၂။ ဘီးလင်း - ကျိုက္ကော်ကြားတောင်ကလေးရွာအနီးမစောတံတားကျိုး၊ ဘီးလင်းတိုးဂိတ်ဟောင်းမှ လမ်းစတင်ပိတ်ထားဟုဆို
၃။ ဆိတ်သားသတ်ဈေးကွက် ယခုလအတွင်း ဈေးကွက်ပြန်ကောင်းလာ
၄။ ကမ္ဘာပေါ်တွင် လီသီယမ်အိုင်းယွန်းဘက်ထရီထုတ်လုပ်မှု၌ ဦးဆောင်နေသည့်တရုတ်ကုမ္ပဏီက နည်းပညာဆန်းသစ်မှုများကို မျှဝေပေးသွားမည်... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Times #Daily_News #YMG_News #Yangon_Media_Group
ရန်ကုန်၊ မန္တလေးအပါအဝင်ပြည်တွင်းဈေးကွက်မှာ ရွှေစျေးစံချိန်တင်မြင့်တက်လာချိန်မှာ ဈေးနှုန်းတည်ငြိမ်ကျဆင်းစေရေးအတွက် မန္တလေးတိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်အသင်းက ရွှေအရောင်းအဝယ်စျေးကွက်ကို ဒီကနေ့မှာ ခေတ္တရပ်နားလိုက်တယ်လို့ သိရပါတယ်။
#Local_News
Published_ 23 May 2024
#မန္တလေးရွှေအသင်း #ရွှေစျေးစံချိန်တင်မြင့်တက်
#Yangon_Times #YMG_News #Yangon_Media_Group
Page 262 of 1832