#Local_News
Published 31 December 2024
▪️ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူးပြီး ပြည်သူ့ရင်ပြင်တွင် ယနေ့ပြုလုပ်မည့် Yangon 2025 Countdown Festival နှစ်သစ်ကူးပွဲတော်အတွက် လာရောက်ဆင်နွဲကြမည့် ပြည်သူများအပြန်ခရီးအဆင်ပြေစေရန် အတွက် YBS ယာဉ်လိုင်း ၇လိုင်းပြေးဆွဲပေးမည်ဖြစ်ကြောင်း သိရသည်။
▪️ အဆိုပါ YBS ယာဉ်လိုင်း ၇လိုင်းပြေးဆွဲနိုင်ရန်YRTC မှ စီစဉ်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ၊ ပွဲတော်သို့ လာရောက်သူများအတွက် YBS (21) ၊ YBS (61) ၊ YBS (37) ၊ YBS (115) ၊ YBS (62) ၊ YBS (7) နှင့် YBS (8)စသည့် ယာဉ်လိုင်း (၇)လိုင်းတို့ကို ဒီဇင်ဘာလ ၃၁ ရက်၊ ည (၉)နာရီမှ ည (၁၂)နာရီအထိ ပြေးဆွဲပေးသွားမည်ဖြစ်ကြောင်း သိရသည်။
▪️ ထို့ပြင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် 2025 Yangon New Year Countdown ပွဲတော်သို့ပြည်သူအများ လာရောက်လည်ပတ်နိုင်ရန်အတွက် ညမထွက်ရအမိန့်ကိုလည်း တစ်ညတာဆိုင်းငံ့ပေးထားကြောင်း သိရသည်။
#YMG/SW #Yangon_Times
ဆောင်းဒါးရက်ကန်းနှင့် အသက်မွေးပညာသိပ္ပံမှာ ချည်မျှင်နှင့်အထည်အလိပ်ဒီပလိုမာသင်တန်းတက်ရောက်သူတွေကို ပညာသင်ထောက်ပံ့ကြေးတွေပေးအပ်သွားမယ်လို့ သိရပါတယ်။
#Local_News
Published 31 December 2024
#ဆောင်းဒါးရက်ကန်း #အသက်မွေးပညာသိပ္ပံ
#YMG/SW #Yangon_Times
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်ရှိ ဝါးနက်ဆင်စခန်းမှာ ဒုတိယမြောက်ဆင်ကလေးငယ်မွေးဖွားခဲ့တယ်လို့ ဆင်စခန်းတာဝန်ခံဆီက သိရပါတယ်။
#Local_News
Published 31 December 2024
#ဝါးနက်ဆင်စခန်း #ဆင်ကလေးငယ်မွေးဖွား
#YMG/NN #Yangon_Times
လွတ်လပ်ရေးနေ့အောင်ပွဲအတွက်ဈေးပွဲတော်ကို အာလိန်ငါးဆင့်ဘုရား၊ မဟာဆေးဝင်္ကဘာကျောင်းတိုက်ရှေ့မှာ ဇန်နဝါရီလအတွင်းကျင်းပသွားမယ်လို့ ပွဲဖြစ်မြောက်ရေးကော်မတီက သိရပါတယ်။
#Local_News
Published 31 December 2024
#အာလိန်ငါးဆင့်ဘုရား #ဈေးပွဲတော်ကျင်းပ
#YMG/NN #Yangon_Times
စားသုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီကအပတ်စဉ်ထုတ်ပြန်လျှက်ရှိတဲ့ စားအုန်းဆီရည်ညွှန်းဈေးတွေ နှစ်ပတ်ဆက်တိုက်တည်ငြိမ်လျှက်ရှိတယ်လို့ သိရပါတယ်။
#Local_News
Published 31 December 2024
#စားအုန်းဆီ #တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း
#YMG/SW #Yangon_Times
#Local_News
Published 31 December 2024
▪️ ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး (နေပြည်တော်-ရန်ကုန်လမ်းပိုင်း)တွင် ထပ်မံတည်ဆောက်နေသည့် EV Charging Stationများ သုံးလအတွင်း ပြီးစီးရန် လျာထားဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
▪️ အမြန်လမ်းတွင် ထပ်မံတည်ဆောက်လျက်ရှိသည့် EV Charging station များမှာ ရန်ကုန် - မန္တလေး အမြန်လမ်းမကြီး (နေပြည်တော်-ရန်ကုန်လမ်းပိုင်း)ရှိ ဘောနက်ကြီးယာဉ်ရပ်နားစခန်းအတွင်း CRRC Myanmar Co.,ltd မှ ဆောင်ရွက်လျက်ရှိသည့် EV Charging Station၊လုပ်ငန်းနှင့် ရန်ကုန် - မန္တလေး အမြန်လမ်းမကြီး (နေပြည်တော်-ရန်ကုန်လမ်းပိုင်း) ၁၁၅ မိုင် ဖြူးယာဉ်ရပ်နားစခန်းအတွင်း Yar Zar Min Indystry Co.,ltd၊ Mandalarmin Trading & Transportation Co.,ltd၊ NPK Co.,ltd တို့မှ ဆောင်ရွက်လျက်ရှိသည့် EV Charging Stationတို့ဖြစ်ကြောင်း သိရသည်။
▪️ အဆိုပါ EV Charging station များတည်ဆောက်နေသည့်လုပ်ငန်းသို့ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းဖေ သွားရောက်ကြည့်ရှုစစ်ဆေးပြီး EV Charging Station တည်ဆောက်ရာတွင် ကော်မတီမှသတ်မှတ်ထားသည့် ဒီဇိုင်းအတိုင်း လိုက်နာဆောင်ရွက်ရေး၊ လက်ရာလက်သားကောင်းမွန်ရေးနှင့် EV Charging Station ကို သုံးလအတွင်း အပြီးတည်ဆောက်ရန် မှာကြားခဲ့ကြောင်း သိရသည်။
#YMG/SW #Yangon_Times
#Local_News
Published 31 December 2024
▪️ သက်တော် ၁၀၇ နှစ်ရှိပြီဖြစ်သည့် ခရမ်းဆရာတော်ကြီး ကင်ပွန်းစခန်းမှ ကျိုက်ထီးရိုးဘုရားသို့ ခြေလျင်ကြွရောက် ဖူးမျှော်ခဲ့ကြောင်း ကျိုက်ထီးရိုးတောင်ပေါ်ရှိ စခန်းလေး ဘောဂသိဒ္ဓိကျောင်းဆရာတော် ဦးနန္ဒသာမိ ကမိန့်ကြားသည်။
▪️ ရန်ကုန်တိုင်းဒေသကြီး၊ ခရမ်းမြို့တွင် သီတင်းသုံးသည့် ခရမ်းဆရာတော်ဘုရားကြီးသည် သက်တော်၁၀၇နှစ် ရှိပြီဖြစ်ကာ ကျိုက်ထီးရိုးဘုရားဖူးမြင်ရန် ယမာန်နေ့ နေ့ခင်း ၁၂နာရီ ၁၃မိနစ်မှစ၍ လမ်းလျှောက်ခြေလျင်တက်ကာ ကျိုက်ထီးရိုးစေတီတော်မြတ်ကြီးအား ဖူးမြင်ရန် ကြွလာခြင်းဖြစ်ကြောင်း သိရသည်။
▪️ "ဆရာတော်ကြီးက ည ၁၂နာရီ မထိုးခင်မှာတောင်ပေါ် ရောက်လာတယ်၊ဆရာတော်ကြီးကို ကျိုက်ထီးရိုးဘုရားကို ရောက်ခါနီးနဂါးပတ်အစလမ်းခရီးမှာ ခရီးဦးကြိုပြီး ကုသိုလ်ပြုခွင့်ရရှိခဲ့ပါတယ်၊ ဆရာတော်ကြီးက ထူးခြားတာက ကင်ပွန်းစခန်းကနေ ခြေလျင်တက်ခဲ့ပေမယ့် အသက်ရှူသံလေးတောင်မထွက်ဘူး၊ ဦးဇင်းတို့လို အသက်လေးဆယ်ကျော်တောင် ခြေလျင်မတက်နိုင်တော့ဘူး မနက်ကပြန်ဆင်းသွားတယ်"ဟု ကျိုက်ထီးရိုးတောင်ပေါ်ရှိ စခန်းလေး ဘောဂသိဒ္ဓိကျောင်းဆရာတော် ဦးနန္ဒသာမိက ရန်ကုန်မီဒီယာဂရုသို့ မိန့်ကြားသည်။
▪️ အဆိုပါ ခရမ်းဆရာတော်ဘုရားကြီးသည် ကျိုက်ထီးရိုးဘုရားသို့ ဖူးမျှော်ပြီးနောက်ကျီးကန်းပါးစပ်သို့ ခြေလျင်ဆင်း၍ အဓိဌာန်ဝင်ပြီးနောက် ယနေ့မနက်ပိုင်းတွင် ဘုရားဖူး၍ ဘီးလင်းမြို့သို့ဆက်လက်ကြွသွားကြောင်း သိရသည်။
#YMG/NN #Yangon_Times
Page 264 of 2083