#Daily_News
Published 19 September 2024
၁။ အစားအစာများ အစာအဆိပ်မသင့်အောင်ချက်ပြုတ်ပြီး(၄)နာရီအတွင်း စားသုံးနိုင်အောင် လှူဒါန်းသင့်
၂။ အင်းလေးဒေသရှိ ဟိုတယ်အားလုံးနှင့် နေအိမ်များရေဆက်မြုပ်၊ ဖောင်တော်ဦးအနောက်ဘက်ကျေးရွာအချို့ အကူအညီမရောက်သေး
၃။ ရွှေကျင်မြစ်နှင့် စစ်တောင်းမြစ်ရေကြီးမည်ဖြစ်၍ မြေနိမ့်ပိုင်းနေဒေသခံများသတိပြုနေထိုင်ရန် သတိပေး
၄။ အီရတ်၌အမေရိကန်တပ်များ စစ်ရာဇဝတ်မှုများစွာကျူးလွန်ခဲ့သည့် အထောက်အထားများထွက်ပေါ်လာ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
မုန်တိုင်းဆိုးလစ်ခ်၏လေပွေလှိုင်းများ မြန်မာနိုင်ငံအရှေ့ပိုင်းဒေသများ စတင်ဖြတ်ကျော်တော့မည်
#Local_News
Published 19 September 2024
#မုန်တိုင်းဆိုးလစ်ခ် #လေပွေလှိုင်း
#YMG/tthl #Yangon_Times
ရေဘေးသင့် ဒေသတွေကို လက်ရှိကာလပေါက်ဈေးထက်၄၀ ရာခိုင်နှုန်းလျော့ချပြီး အိမ်မိုးသွပ်တွေရောင်းချပေးသွားမယ်လို့ မြန်မာနိုင်ငံဆောက်လုပ်ရေးဆိုင်ရာလုပ်ငန်းရှင်များအသင်းချုပ်(MCEF)က သိရပါတယ်။
#Local_News
Published 19 September 2024
#သွပ်အမိုးများရောင်းချ #ဈေး၄၀ရာခိုင်နှုန်းလျော့ချ
#YMG/NN #Yangon_Times
ရွှေကျင်မြစ်ရေဟာ နောက်တစ်ရက်အတွင်း စိုးရိမ်ရေအမှတ်ကို ရောက်ရှိတော့မှာဖြစ်လို့ ရွှေကျင်မြို့နယ်ရှိ မြေနိမ့်ပိုင်းနေထိုင်ကြသူတွေအနေနဲ့ အထူးသတိပြုနေထိုင်ဖို့နဲ့ ရွေ့ပြောင်းဖို့ လိုအပ်သူတွေအနေနဲ့ ရွေ့ပြောင်းနေထိုင်ကြဖို့ သတိပေးထားပါတယ်။
#Local_News
Published 19 September 2024
#စစ်တောင်းမြစ်ရေကြီး #စိုးရိမ်ရေအမှတ်ကိုရောက်ရှိ
#YMG/tthl #Yangon_Times
ရှမ်းပြည်နယ်တောင်ပိုင်း၊ အင်းလေးဒေသရှိ ကျေးရွာတွေနဲ့ ဟိုတယ်အားလုံးအပြင် ညောင်ရွှေ အနောက်ဘက်က ဟိုတယ်တွေလည်း ရေဆက်လက်နစ်မြုပ်နေပြီး လက်ရှိအချိန်အထိ ဖောင်တော်ဦးအနောက်ဘက် ကျေးရွာအချို့ အကူအညီတွေမရောက်သေးဘူးလို့ ဒေသခံတွေဆီက သိရပါတယ်။
#Local_News
Published 19 September 2024
#ကျေးရွာအချို့အကူအညီမရောက်သေး #အင်းလေးဒေသ
#YMG/NN #Yangon_Times
အစားအစာတွေ အစာအဆိပ်မသင့်အောင် ချက်ပြုတ်ပြီး(၄)နာရီအတွင်း စားသုံးနိုင်အောင် လှူဒါန်းသင့်တယ်လို့ ကျန်းမာရေးဝန်ကြီးဌာနမှ သိရပါတယ်။
#Local_News
Published 19 September 2024
#အစာအဆိပ်မသင့် #(၄)နာရီအတွင်းစားသုံးနိုင်
#YMG/tthl #Yangon_Times
#Local_News
Published 19 September 2024
▪️ ရေကြီး၊ ရေလျှံမှုများကြောင့် စာသင်ကျောင်းများတွင် တင်ရှိနေသည့် နှုန်းများရှင်းလင်းရေးများဆောင်ရွက် လျှက်ရှိကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ သိရသည်။
▪️ ထိုသို့လုပ်ဆောင်ရာတွင် ယနေ့ စက်တင်ဘာ ၁၉ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီး၊ တံတားဦးမြို့နယ်၊ အမှတ်(၂)ရပ်ကွက်၊ ဆုံကုန်းရပ်ရှိ အ.မ.က စာသင်ကျောင်း၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၊ ရွာသစ်အ.ထ.က စာသင်ကျောင်းနှင့် ဆင်တဲကြီးကျေးရွာ၊ အ.မ.က(ဆင်တဲကြီး) စာသင်ကျောင်း၊ ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့နယ်၊ မြို့မအလက(ခွဲ)ကျောင်း၊ မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ်၊ မောင်းမဆည်ကျေးရွာရှိ စာသင်ကျောင်း၊ ပုဗ္ဗသီရိမြို့နယ်၊ အေးမြင့်သာယာကျေးရွာ၊ ကျေးလက်ကျန်းမာရေးဌာန၊ တပ်ကုန်းမြို့နယ်၊ အလကခွဲဘုရင့်နောင်နှင့် ပျဉ်းမနားမြို့နယ်၊ (အ.ထ.က)သကြားစက်တွင် ရေဝင်ရောက်မှုကြောင့် တင်ကျန်ခဲ့သောနုန်းများ၊ ရွှံ့နွံများအား ရှင်းလင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
▪️ အဆိုပါ ကဲ့သို့ဆောင်ရွက်ရာတွင် သက်ဆိုင်ရာမြို့နယ်မီးသတ်စခန်းများမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များသည် သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ ရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
▪️ အဆိုပါ သဘာဝဘေး အန္တရာယ်ကြောင့် ပိတ်ထားရသည့် ကျောင်းများကို ယခုလကုန်တွင် ပြန်ဖွင့်နိုင်ရန် ကြိုးစားနေပြီး ပိတ်ထားရသည့် စာသင်ကျောင်းများဖွင့်လှစ်ရာတွင် စနေ၊ တနင်္ဂနွေများ၌ အစားထိုးပြန်တက်ခြင်း၊ ပိတ်ရက်များတွင် အစားထိုးပြန်တက်ခြင်းများ ပြုလုပ်ခြင်းများအပြင် စာမေးပွဲဖြေရမည့်အချိန်၌ ၎င်းတို့သင်ကြားပြီးစီးသည်အထိသာ စာမေးပွဲစစ်ပေးမည်ဖြစ်ကြောင်း နစက ဥက္ကဋ္ဌကပြောကြားထားသည်။
#YMG/NN #Yangon_Times
Page 253 of 1961