#Daily_News
Published 10 January 2025
၁။ စက်သုံးဆီအားလုံးစျေးပြန်တက်၊ 92တစ်လီတာကျပ် ၃,၀၀၀ကျော် ပြန်ဖြစ်လာ
၂။ ရုပ်ရှင်လောကသားများအတွက် ယခုလတတိယပတ်တွင် စားသောက်ကုန်များထောက်ပံ့မည်
၃။ ညအအေးပိုပြီး နေ့အပူချိန်များနိုင်သောကြောင့် မီးသတိပြုရန်လိုဟုဆို
၄။ ကိုယ်တွင်းအမြှေးပါး အသားပိုရှာဖွေရေး AIနည်းပညာသစ်အား တရုတ်ကုမ္ပဏီ Tencent မှထုတ်လုပ် ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
#Local_News
Published 10 January 2025
▪️ မြန်မာနိုင်ငံမှ အရပ်အမြင့်ဆုံးဘောလီဘောကစားသမားကိုေကာင်းညွန့်ေဝအတွက် ဂျာမနီနိုင်ငံမှ အထူးချုပ်ဖိနပ်များကို မြန်မာနိုင်ငံဆိုင်ရာ ဂျာမနီသံရုံးမှတဆင့်လှူဒါန်းခဲ့ကြောင်း အဆိုပါသံရုံးက ယနေ့ထုတ်ပြန်ထားသည်။
▪️ အရပ်အမြင့် ၂.၁၅ မီတာ (၇ ပေ ၁ လက်မ)ရှိသည့် ကိုကောင်းညွန့်ဝေ၏ ဖိနပ်ဆိုက်မှာလည်း ကြီးမားလှသောကြောင့် ၎င်းဝတ်ဆင်ရန်အတွက် ဖိနပ်များကိုကမ္ဘာတစ်ဝှမ်းမှ အရပ်ရှည်သူများအတွက် ဖိနပ်ဆိုက်အရွယ်အစား ၄၇ မှ ၇၀ အတွင်း အထူးကျွမ်းကျင်စွာထုတ်လုပ်သူ ဂျာမန်လူမျိုး Georg Wessels ၏အထူးချုပ်ဖိနပ်များကိုလှူဒါန်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
▪️ Georg Wessels သည်တူရကီ၊ ဗင်နီဇွဲလားရှိ အရပ်ရှည်သူများအပြင် အာရှနှင့် အာဖရိကနိုင်ငံများရှိ အရွယ်အစားကြီးသော ဖိနပ်ဆိုက်လိုအပ်နေသူများအတွက် ချုပ်လုပ်လှူဒါန်းခဲ့ကာ မြန်မာနိုင်ငံရှိ ပုံမှန်ထက်အရပ်ရှည်နေသူများအတွက်လည်း အထူးချုပ်ဖိနပ်များကို နှစ်အတော်ကြာကပင် စတင်လှူဒါန်းခဲ့ခြင်းဖြစ်ကြောင်း၊၎င်းလှူဒါန်းခဲ့သူများထဲတွင် အရပ် ၂.၃၈ မီတာ (၇ ပေ ၇ လက်မ ဝန်းကျင်)ရှိသူတစ်ဦးလည်းပါဝင်ကြောင်း သိရသည်။
#YMG/SW #Yangon_Times
တနင်္သာရီတိုင်းဒေသကြီးအတွင်းမှာ လျှပ်စစ်ယူနစ်ခနှုန်းထားလျော့ကျရေးဆောင်ရွက်သွားမယ်လို့ တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကိုပြောကြားခဲ့ပါတယ်။
#Local_News
Published 10 January 2025
#တနင်္သာရီတိုင်းဒေသကြီး #လျှပ်စစ်ယူနစ်ခနှုန်းထားလျော့ကျ
#YMG/SW #Yangon_Times
တိုင်းနဲ့ပြည်နယ်တွေမှာညအအေးပိုပြီး နေ့အပူချိန်များချိန်များနိုင်တာကြောင့် မီးသတိပြုဖို့ လိုအပ်တယ်လို့ မိုးလေဝသစောင့်ကြည့်လေ့လာသူ ဦးဝင်းနိုင်က သတိပေးထားပါတယ်။
#Local_News
Published 10 January 2025
#နေ့အပူချိန်များ #မီးသတိပြုရန်လို
#YMG/NN #Yangon_Times
မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးအနေနဲ့ ရုပ်ရှင်လောကသားတွေအတွက် စားသောက်ကုန်တွေ ထောက်ပံ့လျှက်ရှိရာမှာ ယခုလတတိယပတ်မှာလည်း
ထောက်ပံ့ပေးအပ်သွားဖို့ရှိတယ်လို့ သိရပါတယ်။
#Local_News
Published 10 January 2025
#ရုပ်ရှင်လောကသား #စားသောက်ကုန်များထောက်ပံ့
#YMG/SW #Yangon_Times
ရန်ကုန်ဈေးကွက်မှာ နှစ်ပတ်ဆက်တိုက်ကျဆင်းခဲ့တဲ့ စက်သုံးဆီဈေးတွေဟာ ဒီကနေ့မှာတော့ ပြန်လည်မြင့်တက်လာပြီး 92တစ်လီတာကို ကျပ် ၃,၀၀၀ ကျော်အထိပြန်လည် ရောက်ရှိလာတယ်လို့ စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီက သိရပါတယ်။
#Local_News
Published 10 January 2025
#စက်သုံးဆီဈေးတက် #စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း
#YMG/NN #Yangon_Times
#Local_News
Published 10 January 2025
▪️ KBZPay အသုံးပြုသူများအားလုံး အသုံးပြုနိုင်မည့် Device Management စနစ်အသစ်တစ်ခုကို မကြာမီ မိတ်ဆက်သွားရန်ရှိကြောင်း KBZPay က ယမန်နေ့တွင်အသိပေးထုတ်ပြန်ထားသည်။
▪️ ဇန်နဝါရီလ ၃ ရက်တွင် ပြုလုပ်ခဲ့သည့် ထုတ်ပြန်ချက်အရ ခေတ္တရပ်နားခဲ့သည့် KBZPay ၏ ဖုန်းဟန်းဆက်ပြောင်းလဲသည့် လုပ်ငန်းစဉ် (Device Change) လုပ်ဆောင်ချက်အား ယခုအချိန်တွင် ပြန်လည် အသုံးပြုနိုင်ပြီဖြစ်သော်လည်း KBZPay အကောင့်အသုံးပြုသည့် မိုဘိုင်းအော်ပရေတာ အပေါ်မူတည်ပြီး ဖုန်းဟန်းဆက်ပြောင်းလဲသည့် လုပ်ငန်းစဉ် (Device Change) ဆောင်ရွက်ပုံ ကွာခြားနိုင်ကြောင်း သိရသည်။
▪️ ထို့ကြောင့်ယခုအချိန်တွင် ဖုန်းဟန်းဆက်ပြောင်းလဲမှုနည်းလမ်းများမှာ ဖုန်းအော်ပရေတာ အပေါ်မူတည်ပြီး ကွဲပြားနေမည် ဖြစ်သော်လည်း မကြာမီအချိန်အတွင်း KBZPay အသုံးပြုသူများအားလုံး အသုံးပြုနိုင်မည့် Device Management စနစ်အသစ်တစ်ခုကို မိတ်ဆက်သွားမည်ဖြစ်ကြောင်း သိရသည်။
#YMG/SW #Yangon_Times
Page 249 of 2082