#Daily_News
Published 22 May 2025
၁။ ကမ္ဘာ့ရွှေဈေးကြောင့် မြန်မာ့ရွှေဈေးတက်နေပြီး တစ်နေ့ငါးပိဿာခန့်ပြန်လည်ရောင်းချမှုရှိနေ
၂။ မြန်မာ့ပေါ်ဆန်းကို ခေတ်မီထုတ်ပိုးမှုပုံစံများဖြင့် နိုင်ငံတကာဈေးကွက်သို့ တင်ပို့ရောင်းချရန် စီစဉ်နေ
၃။ တိုက်ကြီးစံပြမွေးမြူရေးဇုန်အဖြစ် ဆောင်ရွက်နေ
၄။ ဂျပန်၌ယမန်နှစ်ကထက် ဆန်ဈေးနှုန်းနှစ်ဆနီးပါးမြင့်တက်လာနေ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
ကမ္ဘာ့ရွှေဈေးဆက်တိုက် မြင့်တက်နေတာကြောင့် မြန်မာ့ရွှေဈေးလည်း လိုက်ပါမြင့်တက်နေပြီး ရွှေဈေးကွက်အတွင်းမှာ တစ်နေ့ကို ရွှေပိဿာချိန်ငါးပိဿာခန့်ပြန်လည်ရောင်းချမှုရှိနေတယ်လို့ ရန်ကုန်တိုင်းဒေသကြီးရွှေလုပ်ငန်းရှင်များအသင်းဥက္ကဌဦးမျိုးမြင့်က ပြောပါတယ်။
#Local_News
Published 22 May 2025
#ကမ္ဘာ့ရွှေဈေး #ရန်ကုန်တိုင်းဒေသကြီးရွှေလုပ်ငန်းရှင်များအသင်း
#YMG/SW #Yangon_Times
မြန်မာ့ပေါ်ဆန်းကို ခေတ်မီထုတ်ပိုးမှုပုံစံတွေနဲ့ နိုင်ငံတကာဈေးကွက်သို့တင်ပို့ရောင်းချဖို့ စီစဉ်နေတယ်လို့ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် (MRF) ကနေ သိရပါတယ်။
#Local_News
Published 22 May 2025
#ခေတ်မီထုတ်ပိုးမှုပုံစံ #မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်
#YMG/NN #Yangon_Times
ရန်ကုန်တိုင်းအတွင်းက တိုက်ကြီးမွေးမြူရေးဇုန်ကို စံပြမွေးမြူရေးဇုန်အဖြစ်ဆောင်ရွက်နေတယ်လို့ သိရပါတယ်။
#Local_News
Published 22 May 2025
#တိုက်ကြီး #စံပြမွေးမြူရေးဇုန်
#YMG/NN #Yangon_Times
လာမယ့်ရက်သတ္တတစ်ပတ်အတွင်း ကပ္ပလီပင်လယ်ပြင်နဲ့ ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတွေမှာလေထုမငြိမ်မသက်ခြင်း၊ မုတ်သုံလေအားကောင်းလာနိုင်ခြင်းနဲ့အပူပျံတက်တိမ်များ ဖြစ်ထွန်းမှု အားကောင်းခြင်းတွေကြောင့် ဒေသအချို့မှာ မိုးကြီးနိုင်တယ်လို့ မိုးလေဝသနှင့်ဇလဗေဒညွန်ကြားမှုဦးစီးဌာနက အထူးမိုးလေဝသသတင်းအသိပေးချက်အနေနဲ့ထုတ်ပြန်ထားပါတယ်။
#Local_News
Published 22 May 2025
#မုတ်သုံလေအားကောင်း #ဒေသအချို့တွင်မိုးကြီးနိုင်
#YMG/SW #Yangon_Times
#Local_News
Published 22 May 2025
▪️ ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံ(မြောက်ပိုင်း) မြို့နယ်ရှိ သီတဂူဗုဒ္ဓတက္ကသိုလ်(ရန်ကုန်) ၏ သီတဂူစက္ခုဒါနဆေးရုံ၌ (၁၂)ကြိမ်မြောက်အဖြစ် ကုသမှုကို မေလ ၂၃ ရက်မှ စတင်ခွဲစိတ်ကုသပေးသွားမည်ဖြစ်ကြောင်း သိရသည်။
▪️ အဆိုပါ ဆေးရုံကြီး၌ အနယ်နယ်အရပ်ရပ်မှ မျက်စိဝေဒနာရှင်များအား အခမဲ့ကုသပေးလျက်ရှိခြင်းဖြစ်သည်။
▪️ ပြီးခဲ့သည့် (၁၁)ကြိမ်မြောက် အခမဲ့မျက်စိခွဲစိတ်ကုသမှုကို ၂၀၂၅ ခုနှစ်၊ မတ်လ ၂၅ ရက်မှ ၃၁ ရက်အထိ ဆောင်ရွက်ပေးရန် စီစဉ်ထားပြီး လူနာ ၁,၂၀၀ ကျော် စာရင်းပေးသွင်းထားရာ အဆိုပါကာလအတွင်း မန္တလေးမြေငလျင်ကြီးကြောင့် ဆရာဝန်၊ သူနာပြုများ အရေးပေါ်ကယ်ဆယ်ရေး သွားရောက်ခဲ့ရခြင်းကြောင့် (၁၁)ကြိမ်မြောက် ခွဲစိတ်ကုသမှုတွင် မျက်စိခွဲစိတ် ကုသရမည့်လူနာ ၂၀၀ ကျော် ကျန်ရှိခဲ့ကြောင်း သိရသည်။
▪️ ထို့ကြောင့် ယခုပြုလုပ်မည့် (၁၂)ကြိမ်မြောက် မျက်စိခွဲစိတ်ကုသမှုတွင် လူနာသစ်များကို လတ်တလောလက်ခံဆောင်ရွက်ပေးနိုင်မည် မဟုတ်ဘဲ (၁၁)ကြိမ် မြောက်ခွဲစိတ်ကုသမှု ဆောင်ရွက်ချိန်တွင် မန္တလေးမြေငလျင်ကြီးကြောင့် ခေတ္တရပ်နားခဲ့ရခြင်းကြောင့် ကျန်ရှိခဲ့သည့် မျက်စိစမ်းသပ်စစ်ဆေးပြီး လူနာ ၂၀၀ ကျော်အား ယခုပြုလုပ်မည့် (၁၂)ကြိမ်မြောက်တွင် ပြန်လည် စစ်ဆေးခွဲစိတ်ကုသပေးမည် ဖြစ်ကြောင်း သိရသည်။
▪️ သီတဂူဗုဒ္ဓတက္ကသိုလ်(ရန်ကုန်)၌ ပထမအကြိမ်အခမဲ့ မျက်စိခွဲစိတ်ကုသမှုကို ၂၀၂၃ ခုနှစ်၊ ဧပြီလ ၅ ရက်မှ ၁၀ ရက်အထိနှင့် (၁၀)ကြိမ်မြောက် အခမဲ့မျက်စိခွဲစိတ်ကုသမှုကို ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၀ရက်မှ ၁၇ ရက် အထိ ဆောင်ရွက်ခဲ့ရာ ပထမအကြိမ်မှ (၁၀)ကြိမ်မြောက်အထိ မျက်စိစမ်းသပ်လူနာစုစုပေါင်း ၁၃,၂၄၅ ဦးရှိခဲ့ပြီး ၎င်းတို့အနက် ခွဲစိတ်ကုသလူနာ ၄,၀၃၁ ဦး၊ လေဆာဖြင့်ကုသလူနာ ၂၃၆ ဦးရှိခဲ့ကြောင်း သိရသည်။
#YMG/NN #Yangon_Times
#Local_News
Published_22 May 2025
▪️ ရန်ကုန်တိုင်းဒေသကြီး တိုက်ကြီးမွေးမြူရေးဇုန်ထွက်ကုန်များကို Export ပို့နိုင်ရေး စီမံချက်ချမှတ်လုပ်ဆောင်နေကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့က သိရသည်။
▪️ တိုက်ကြီးမွေးမြူရေးဇုန်ကို စံပြမွေးမြူရေးဇုန်ဖြစ်ရန် သတ်မှတ်ကာလအလိုက် လုပ်ငန်းများ အပိုင်းလိုက်စီမံချက်များရေးဆွဲ၍ အမြန်ဆုံး အကောင်အထည်ဖော်ဆောင်ရွက်သွားရန်လုပ်ဆောင်နေကြောင်းလည်း သိရသည်။
▪️ အဆိုပါဇုန်အတွင်းလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ရင်းနှီးမတည်ငွေများ လိုအပ်ပါက သတ်မှတ်ကာလအတွင်း မှန်မှန်ကန်ကန် ပြန်လည်ပေးဆပ်ရမည့် တိုင်းဒေသကြီးအစိုးရအဖွဲ့၏ အရင်းမ ပျောက် မတည်ငွေ၊ MSME ချေးငွေများနှင့် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ များ ကို ချေးယူရရှိနိုင်ကြောင်းလည်း သိရသည်။
▪️ လက်ရှိတွင် မွေးမြူရေးလုပ်ငန်းများ စတင်ဆောင်ရွက်လျက်ရှိကြောင်းနှင့် ဇုန်အတွင်း လုပ်ငန်းရှင်များက အသား စားကျွဲ၊ ဆိတ်၊ သိုး၊ ဝက်၊ အသားစားကြက်၊ ဥစားကြက်၊ နို့စားနွား၊ အသားစား နွား၊ ဘဲ၊ မျိုးဘဲမ၊ ငုံး၊ ငန်း၊ ငါးနှင့် ဇီဝဇိုးငှက် မွေးမြူရေးလုပ်ငန်းများကို လုပ်ဆောင်နေကြကြောင်း သိရသည်။
▪️ တိုက်ကြီးမွေးမြူရေးဇုန်ကို ၂၀၂၃ ခုနှစ် စက်တင်ဘာလ ၃ ရက်က စတင်၍ မြေဧက ၂၁၀၁ ဒသမ ၀၄ ဧက ပေါ်တွင် မွေးမြူရေးလုပ်ငန်းများ အပိုင်းလိုက်ဖော်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
#Yangon_Times/PP
Page 251 of 2238