#Daily_News
Published 26 May 2025
၁။ ရက်ပိုင်းအတွင်း ရွှေဈေးကျပ်တစ်သိန်းဝန်းကျင်ထပ်မံတက်လာ
၂။ စိုက်ပျိုးစရိတ်ချေးငွေ ကျပ်ဘီလီယံ ၆၈၀ကျော် ထုတ်ချေးရန် လျာထား
၃။ စားအုန်းဆီရည်ညွန်းစျေး ဆက်တိုက်ကျဆင်းနေသော်လည်း ပြင်ပပေါက်ဈေး ကျပ်တစ်သောင်းအထက်၌သာရှိနေ
၄။ အခွန်တိုးမြှင့်စည်းကြပ်မှုများကြောင့် နာမည်ကြီးNikeကုမ္ပဏီမှပစ္စည်းများဈေးတက်မည် ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
#Local_News
Published 26 May 2025
▪️ လာမည့် ၁၂နာရီအတွင်း မယ်ဆိုင်ချောင်းရေသည် တာချီလိတ်မြို့၏ စိုးရိမ်ရေမှတ်သို့ ရောက်ရှိနိုင်ကြောင်း သိရသည်။
▪️ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ယနေ့ နေ့လယ်၁ နာရီအချိန်တွင် ယခုကဲ့သို့ထုတ်ပြန်လိုက်ခြင်းဖြစ်ပြီး မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ယနေ့ မြန်မာစံတော်ချိန် (၁၂:၃၀) နာရီ တိုင်းထွာချက်အရ မြို့၏ စိုးရိမ်ရေမှတ်အောက် ၁ ပေခန့်တွင် ရောက်ရှိနေ ရာမှ မယ်ဆိုင်ချောင်းရေသည် နောက် ၁၂ နာရီအတွင်း တာချီလိတ်မြို့ (လွယ်တော်ခမ်းကျေးရွာ)၏ စိုးရိမ်ရေမှတ်ကို ထပ်မံရောက်ရှိနိုင်ကြောင်း သိရသည်။
▪️ ထို့ကြောင့် တာချီလိတ်မြို့နယ်အတွင်းရှိ မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်း နေထိုင်သူများအနေဖြင့် အထူးသတိပြုနေထိုင်ကြရန်လည်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သတိပေးချက် ထုတ်ပြန်ထားသည်။
#YMG/SW #Yangon_Times
ယမန်နေ့ညနေကနေစတင်ပြီး ဇွန်လ၂ရက်နေ့အထိ ဒေသအနှံအပြားမိုးရွာ ပြီး အချိုဒေသတွေမှာ မိုးသည်းထန်တာနဲ့ လေပြင်းတိုက်ခတ်တာကြောင့်သဘာဝဘေး အန္တရာယ်တွေကို သတိပြုကြဖို့ လိုအပ်တယ်လို့မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနရဲ့ ယမန်နေ့ကထုတ်ပြန်တဲ့ အထူးမိုးလေဝသသတင်းမှာ ဖော်ပြထားပါတယ်။
#Local_News
Published 26 May 2025
#အချို့ဒေသ၌မိုးကြီးနိုင် #သဘာဝဘေးများသတိပြု
#YMG/NN #Yangon_Times
စားအုန်းဆီ ရည်ညွန်းစျေး ဆက်တိုက်ကျဆင်းနေပေမယ့် ပြင်ပဈေးကွက်မှာ ရောင်းချနေတဲ့ ဈေးနှုန်းမှာတော့ တစ်ပိသာကို ကျပ်တစ်သောင်းအထက်မှာသာရှိနေတယ်လို့ သိရပါတယ်။
#Local_News
Published 26 May 2025
#စားအုန်းဆီ #ရည်ညွန်းစျေးကျဆင်း
#YMG/SW #Yangon_Times
အခု၂၀၂၅-၂၀၂၆ဘဏ္ဍာနှစ်အတွက် စိုက်ပျိုးစရိတ်ချေးငွေကျပ်၆၈ဝ ဘီလီယံကျော် ထုတ်ချေးဖို့လျာထားတယ်လို့ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနကနေ သိရပါတယ်။
#Local_News
Published 26 May 2025
#စိုက်ပျိုးစရိတ်ချေးငွေ #စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန
#YMG/NN #Yangon_Times
ကမ္ဘာ့ရွှေဈေးဆက်လက်မြင့်တက်နေခြင်းနဲ့အတူ မြန်မာ့ရွှေဈေးလည်း လိုက်ပါမြင့်တက်နေပြီး ရက်ပိုင်းအတွင်း တစ်ကျပ်သားကို ကျပ်ရှစ်သောင်းကနေ တစ်သိန်းအထိ ထပ်မံမြင့်တက်လာတယ်လို့ ရွှေဈေးကွက်မှ စုံစမ်းသိရှိရပါတယ်။
#Local_News
Published 26 May 2025
#ကမ္ဘာ့ရွှေဈေးဆက်လက်မြင့်တက် #ရွှေဈေးကွက်
#YMG/SW #Yangon_Times
#Local_News
Published 26 May 2025
▪️ တရုတ်မှလှူဒါန်းသည့် စက်သုံးဆီ တန်ချိန် ၁၄,၈၇၀ ကျော်တန်ထပ်မံရောက်ရှိခဲ့လာကြောင်း သိရသည်။
▪️ အဆိုပါ စက်သုံးဆီ (၁၄,၈၇၀.၀၅၅)တန်ထပ်မံရောက်ရှိခဲ့ရာ ငလျင်ဘေးသင့် ဒေသများသို့ စွမ်းအင်ဝန်ကြီးဌာနမှ ပေးပို့သွားမည်ဖြစ်ကြောင်း သိရသည်။
▪️ အဆိုပါ စက်သုံးဆီများသည် တရုတ်နိုင်ငံမှ (၁၅) ကြိမ်မြောက်လှူဒါန်းသည့် အောက်တိန်း (92) (၂၉၄၀) ဒသမ (၀၅၅) တန်၊ ဒီဇယ် (၁၁,၉၃၀) ဒသမ (၅၀၅) တန် တင်ဆောင်လာသော MTYU DONG သင်္ဘောသည် မေ (၂၃)ရက် နံနက် (၂)နာရီခွဲက သန်လျင်ခရိုင် ကျောက်တန်းမြို့နယ် BRIGHTER ENERGY ဆီလှောင်ဆိပ်ကမ်းသို့ ဆိုက်ကပ်ခဲ့ကြောင်း သိရသည်။
▪️ ထို့ပြင် (၁၆) ကြိမ်မြောက်လှူဒါန်းသည့် Modular (prefa - bricated) house အလုံး (၁,၁၂၀)၊ Offices အလုံး (၁၆၀) တင်ဆောင်လာသော MV. Orient Glory သင်္ဘောသည် မေလ(၂၄)ရက် ညနေ (၄) နာရီက သီလဝါ (MITT) ဆိပ်ကမ်းသို့ရောက်ရှိခဲ့ကြောင်း ၊ တရုတ်နိုင်ငံအနေဖြင့် ငလျင်ဒဏ်သင့် ဒေသများသို့ ကူညီထောက်ပံ့ရန် တရုတ်နိုင်ငံမှ ဓာတ်ဆီ၊ ဒီဇယ်ဆီ တန်ချိန် (၅၀,၀၀၀) ကူညီထောက်ပံ့မည်ဖြစ်ကြောင်း သိရသည်။
#YMG/NN #Yangon_Times
Page 247 of 2238