#Local_News
Published 15 January 2025

■ ၂၀၂၆ ခုနှစ် (၂၁)ကြိမ်မြောက် ဂျပန်စာပေဘာသာပြန်ပြိုင်ပွဲ ဖေဖော်ဝါရီလအတွင်း ကျင်းပသွားမည်ဖြစ်ရာဂျပန်စာပေ ဘာသာပြန်ပြိုင်ပွဲကျွမ်းကျင်အဆင့်နှင့်အငယ်တန်းအဆင့် ပါဝင်ယှဉ်ပြိုင်ရမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဂျပန်ပြန်ပညာသင်ဟောင်းအသင်းမှ သိရသည်။

■ အဆိုပါ ပြိုင်ပွဲတွင် မြန်မာနိုင်ငံအတွင်းရှိ မြန်မာနိုင်ငံသား မည်သူမဆိုပါဝင်ယှဉ်ပြိုင်နိုင်ပြီး ဂျပန်စာပေဘာသာပြန်ပြိုင်ပွဲ ကျွမ်းကျင်အဆင့်သည် ဂျပန်စာပေ ဘာသာပြန်သူများ ပေါ်ထွက်လာစေရန်ရည်ရွယ်ပြီး ဂျပန်ခေတ်ပြိုင်စာပေများကို မြန်မာဘာသာပြန်ဆိုရမည့် ပြိုင်ပွဲ ဖြစ် ကြောင်းသိရသည်။

■ ထို့အပြင် ကျွမ်းကျင်အဆင့် ဘာသာပြန်ပြိုင်ပွဲကို ဖေဖော်ဝါရီ(၁၄)ရက်(စနေနေ့) မနက် ၉ နာရီမှ မွန်းတည့် ၁၂ နာရီအထိ Zoom online system ဖြင့် ကျင်းပမည်ဖြစ်ကြောင်းသိရသည်။

■ ဂျပန်စာပေဘာသာပြန်ပြိုင်ပွဲ အငယ်တန်းအဆင့်မှာမူ ဂျပန်ဘာသာအရည်အချင်း N3 အဆင့်ရှိသည့် ဂျပန်စာ လေ့လာနေသူများ ဂျပန်စာပေအပေါ် စိတ်ဝင်စားမှု တိုးပွားလာစေရန် ရည်ရွယ်ပြီး လွယ်ကူရိုးရှင်းသည့် ဂျပန်ဘာသာစကား၏ ရေးသားထားသည့် စာမူများကို မြန်မာဘာသာ ပြန်ဆိုရမည့် ဘာသာပြန်ပြိုင်ပွဲ ဖြစ်ကြောင်း၊အငယ်တန်းအဆင့်အနေဖြင့် မြန်မာနိုင်ငံအတွင်းရှိ မြန်မာနိုင်ငံသား N3 အဆင့်ရှိသည့် ဂျပန်စာလေ့လာနေသူများ ပါဝင်ယဉ်ပြိုင်နိုင်ပြီး ဂျပန်ဘာသာအရည်အချင်း N1, N2 အဆင့်ရှိသူများ လျှောက်ထားလို့မရကြောင်း သိရသည်။

■ အဆိုပါ အငယ်တန်းအဆင့်ပြိုင်ပွဲကို ဖေဖော်ဝါရီလ(၁၅)ရက် တနင်္ဂနွေနေ့ မနက် ၉ နာရီမှ ၁၁ နာရီအထိ Zoom online system ဖြင့် ကျင်းပမည် ဖြစ်ကြောင်းသိရသည်။

■ ပါဝင်လိုသူများ အနေဖြင့် မြန်မာနိုင်ငံ ဂျပန်ပြန်ပညာသင် ဟောင်းအသင်း၏ လူမှုကွန်ရက်မှာဖော်ပြထားသည့် ဝက်ဘ်ဆိုက်တွင် ဇန်နဝါရီလ(၁၈)ရက် နောက်ဆုံးထား လျှောက်ထားရမည် ဖြစ်ကြောင်း ၊ ဘာသာပြန်ပြိုင်ပွဲတွင် မိမိကြိုက်နှစ်သက်ရာအဘိဓာန်ကိုအသုံးပြုနိုင်ကြောင်း သိရသည်။

#YMG/NN #Yangon_Times