#Local_News
Published 27 December 2025
ကရင်ပြည်နယ်၊ဘားအံ၊ကြာအင်းတောင်ပေါ်မှ အမျိုးသားတစ်ဦး ပြုတ်ကျမှုယမန်ေန့ကဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှသိရသည်။
၂၆.၁၂.၂၀၂၅ ရက်နေ့၊ ညနေ၄နာရီ ၁၅ မိနစ်အချိန်ခန့်က ကရင်ပြည်နယ်၊ ဘားအံမြို့၊ အမှတ်(၉)ရပ်ကွက်၊ ကြာအင်းတောင်ပေါ်မှ ကျား(၁)ဦး ပြုတ်ကျမှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် ဘားအံခရိုင်မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များသည် မာဃလူမှုကူညီရေးအသင်း၊ မြန်မာနိုင်ငံလူမှုကူညီရေးအသင်းတို့မှ အသင်းသားများနှင့် ပူးပေါင်း၍ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါဖြစ်စဉ်ကြောင့် ထိခိုက်ဒဏ်ရာ(မစိုးရိမ်ရ)ရရှိသူ ကျား(၁)ဦးအား မာဃလူမှုကူညီရေးအသင်းမှ သူနာတင်ယာဉ်ဖြင့် ဘားအံပြည်သူ့ဆေးရုံကြီးသို့ ပိုဆောင်ပေးခဲ့ကြောင်း သိရသည်။
#YMG/SW #Yangon_Times