#LocalNews
Published_8 March 2022
မြန်မာ-တရုတ်နှစ်နိုင်ငံကုန်သွယ်ရေးမှာ အဓိကကျတဲ့ ကျင်စန်းကျော့ဂိတ်က ဖွင့်ခွင့်ပြန်မရသေးတာကြောင့် လက်ရှိ မူဆယ်နယ်စပ်ဂိတ်မှာ ကုန်စိမ်းကားတွေ ရှေ့တိုးမရ ၊ နောက်ဆုတ်ဖို့လည်း ခက်နေတဲ့အခြေအနေနဲ့ ရင်ဆိုင်နေရပါတယ်။
#Yangon_Media_Group
#LocalNews
Published_8 March 2022
မြန်မာ့ရွှေဈေးအတက်အကျကိစ္စနဲ့ပတ်သက်ပြီးတော့ ရုရှား - ယူကရိန်း စစ်ရေးအပေါ်မှာ မူတည်နေတာဖြစ်ပါတယ်။
#Yangon_Media_Group
#DailyNews
Published - 8 Mar 2022
၁။ မူဆယ်နယ်စပ်ဂိတ်တွင် ကုန်စိမ်းကားများ ရှေ့တိုးမရ ၊ နောက်ဆုတ်ရန်လည်းခက်သည့်အခြေအနေဖြစ်နေ။
၂။ ရွှေဈေးအတက်အကျကိစ္စ ရုရှား - ယူကရိန်း စစ်ရေးအပေါ်မူတည်နေ ။
၃။ နေ့စဉ်မိုးလေဝသသတင်း။
၄။ ကိုဗစ်ကပ်ရောဂါကာလအတွင်း အဓိကစီးပွားရေးအသက်သွေးကြောဖြစ်လာသည့် တရုတ်-ဥရောပကုန်စည်ပို့ဆောင်ရေးရထားလုပ်ငန်း.......အစရှိတဲ့သတင်းတွေကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်။
#Yangon_Media_Group
#LocalNews
Published - 8 March 2022
စက်သုံးဆီစျေးမြင့်မားမှုကြောင့် ကလေး - ရန်ကုန် ခရီးသည်တင်ကားခစျေးနှုန်းဟာ ယနေ့ကာလမှာ ကျပ်တစ်သိန်းနှစ်သောင်းအထိ ပေါက်စျေးရှိ နေတယ်လို့ သိရပါတယ်။
" ပြောရရင် တမူးက နောက်ဆုံးမြို့ဖြစ်တယ်။ ကလေးကိုသွားပြီးမှ ကလေးမြို့ကနေ ကျန်တဲ့ ကိုယ်သွားချင်တဲ့နေရာတွေ မြို့တွေကို သွားရတာပေါ့။ စက်သုံးဆီစျေးမြင့်တော့ ကားတွေလည်း စျေးတိုးတောင်းလာကြတာပေါ့။ ခရီးသည်တွေအနေနဲ့ သွားလာရေးက အဆင်မပြေတော့ဘူး။ ခရီးသည်တွေက သွားလာဖို့အဆင်မပြေသလို ကားသမားတွေလည်း ဆီစျေးနဲ့ကျ မကိုက်ဘူးပေါ့။ အရင်တုန်းက ကလေးကနေရန်ကုန်ကို ၃ သောင်းဆိုရင် အခုက တစ်သိန်းနှစ်သောင်းလောက် ရှိပါတယ်။ ရန်ကုန် - ကလေးကို တစ်သိန်းနှစ် သောင်း ကလေးကနေ မန္တလေးဆိုရင် ရှစ်သောင်းလောက်အထိ စျေးပေါက်နေပါတယ်။"လို့ တမူးဒေသခံတစ်ဦးက ပြောပြခဲ့ပါတယ်။
ယခုလို စက်သုံးဆီစျေးနှုန်းတွေ မြင့်တက်လာတာကြောင့် ခရီးသည်တင်ကားတွေရဲ့ စျေးနှုန်းမြင့်တက်လာသလို ကုန်စည်စီးဆင်းမှုအပိုင်းမှာလည်း နှောင့်နှေးကြန့်ကြာမှုတွေရှိနေတာပါ။
ဒါ့အပြင် အချို့သောကားအုံနာတွေက ဆီစျေးမြင့်တက်မှုကြောင့် အရှုံးပေါ်ကာ ပြေးဆွဲနေသည့်ကားများကို လက်ရှိကာလမှာ ရပ်နားထားရတယ်လို့ဆိုပါတယ်။
"အဲ့လိုတွေပေါ့ အများကြီးကွာသွားတယ်၊ကားသမားကလည်း ဆီစျေးကြောင့်မကိုက်ဘူးလေ။ မဖြစ်မနေ ရုံးကိစ္စအလုပ်ကိစ္စသွားရတဲ့ ခရီးသည်တွေလောက်ပဲ သွားကြတာပေါ့။"လို့ ၄င်းက ဆက်လက်ပြောပြခဲ့ပါတယ်။
ymg/kg
#Yangon_Media_Group
#Local_News
Published_ 8 March 2022
ဒီကနေ့ မတ်လ ၈ ရက် ရန်ကုန်စက်သုံးဆီရောင်းစျေးဟာ အောက်တိန်း ၉၂ တစ်လီတာလျှင် ၂,၁၃၀ ကျပ်၊ ၉၅ တစ်လီတာလျှင် ၂,၁၉၅ ကျပ်၊ ဒီဇယ်ဆီတစ်လီတာလျှင် ၂,၃၂၅ ကျပ် နှင့် ပရီမီယံဒီဇယ် တစ်လီတာလျှင် ၂,၃၃၅ ကျပ်အထိ မြင့်တက်လာပါတယ်။
မတ်လ ၇ ရက် မနေ့က အောက်တိန်း ၉၂ တစ်လီတာလျှင် ၁,၉၃၀ ကျပ်၊ ၉၅ တစ်လီတာလျှင် ၁,၉၉၅ ကျပ်၊ ဒီဇယ်ဆီတစ်လီတာလျှင် ၂,၀၂၅ ကျပ် နှင့် ပရီမီယံဒီဇယ် တစ်လီတာလျှင် ၂,၀၃၅ ကျပ် ရှိခဲ့ပါတယ်။
မနေ့ကနှင့် ဒီကနေ့ နှိုင်းယှဉ်ပါက အောက်တိန်းတစ်လီတာကို ၂၀၀ ကျပ်နှင့် ဒီဇယ်ဆီ တစ်လီတာကို ၃၀၀ ကျပ်စီ အသီးသီးမြင့်တက်လာတာ ဖြစ်ပါတယ်၊အမေရိကန်နဲ့ ဥရောပနိုင်ငံတွေက ရုရှားနိုင်ငံထုတ်ကုန်ပစ္စည်းတွေကို ပိတ်ဆို့အရေးယူမှုတွေစတင်အပြီးမှာ ကမ္ဘာ့ရေနံစိမ်းက တစ်စည်ပေါက်ဈေး အမေရိကန်ဒေါ်လာ ၁၃၀ နဲ့အထက်သို့ ရောက်သွားခဲ့ပြီး ဒါဟာ ၂၀၀၈ ခုနှစ်နောက်ပိုင်း ကမ္ဘာ့ရေနံစိမ်းဈေးနှုန်း အမြင့်ဆုံးအဖြစ် စံချိန်တင်မြင့်တက်သွားတာပဲဖြစ်ပါတယ်။
စက်သုံးဆီဈေးတွေ အဆမတန်မြင့်တက်လာတာကြောင့် ကုန်တင်ယာဉ်နှင့် အငှားယာဉ်တချို့လည်း ပြေးဆွဲမှုတွေရပ်နားနေရပါတယ်။
#ymg_mnn
#Yangon_Media_Group
#LocalNews
Published - 8 March 2022
ရုပ်ရှင်လောကသားများအတွက် ဆန်/ဆီ ရိက္ခာများအား မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးမှ ဖြန့်ဝေပေးအပ်လျက်ရှိတယ်လို့ သိရပါတယ်။
အဆိုပါ ရိက္ခာများ ဖြန့်ဝေပေးအပ်မှုကို ယခု မတ်လ ၄ ရက်နေ့မှ စတင်ခဲ့ခြင်းဖြစ်ပြီး မတ်လ ၁၁ ရက်နေ့ အထိ အလွှာအလိုက် ဖြန့်ဝေ ပေးသွားမှာဖြစ်တယ်လို့ ဆိုပါတယ်။
"ဒီနေ့က ကျွန်တော်တို့တည်းဖြတ်အလွှာတွေကို ဖြန့်ဝေပေးတဲ့နေ့ပါ။ ရုပ်ရှင်အလွှာအလိုက် ရက်တွေသတ်မှတ်ပြီး ဖြန့်ဝေပေးနေတာပါ။ သူတို့ဖြန့်ဝေပေးတဲ့ထဲမှာ ဆန်ပါတယ်၊ ဆီပါတယ်၊ ငါးသေတ္တာဗူးတွေပါတယ် ကျန်တဲ့စားသောက်ကုန်တွေပေါ့ ဒါတွေကို ဖြန့်ဝေ ပေးနေတာဖြစ်ပါတယ်။"လို့ ရုပ်ရှင်တည်းဖြတ်အလွှာမှ တည်းဖြတ်ပညာရှင်တစ်ဦးက YMG ကို ပြောပြခဲ့ပါတယ်။
ရုပ်ရှင်လောကသားများအတွက် ဆန်/ဆီ ရိက္ခာများအား ဖြန့်ဝေပေးခြင်းကို သတ်မှတ်ရက်များအလိုက် ဆောင်ရွက်ပေးနေခြင်းဖြစ်ပါတယ်။
ဒါ့အပြင် ရိက္ခာထုတ်ယူလိုသူ ရုပ်ရှင်လောကသားများအနေနဲ့ နံနက် ၉ နာရီမှ ၁၂ နာရီအထိ တစ်ကြိမ်၊ မွန်းလွဲ ၁ နာရီမှ ၃ နာရီခွဲ အထိ တစ်ကြိမ် ရုပ်ရှင်အစည်းအရုံးဝင်ကတ်ပြားဖြင့် ကိုယ်တိုင်ထုတ်ယူနိုင်တယ်လို့လည်း သိရပါတယ်။
"အုပ်ချုပ်/ဖြန့်ချိ၊ ဇာတ်ညွှန်း၊ စက်မှု၊ တည်းဖြတ်၊ ဒါရိုက်တာ၊ ဇာတ်ပို့/ဇာတ်ရံ အလွှာအစုံကို ဖြန့်ဝေပေးနေခြင်းဖြစ်ပါတယ်။"လို့ ၄င်းက ဆက်လက်ပြောပြခဲ့ပါတယ်။
ymg/kg
#Yangon_Media_Group
#LocalNews
Published -8Mar 2022
ရန်ကုန်တိုင်းဒေသကြီး၊မင်္ဂလာဒုံနှင့် ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်တို့တွင် မတ်လ ၃ ရက်နေ့က ငွေကျပ် ၁ ဒသမ ၃ ဘီလီယံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများကို ဖမ်းဆီးရမိခဲ့တယ်လို့ မူးယစ်ဆေးဝါးတားဆီးနှိမ်နှင်းရေးရဲတပ်ဖွဲ့ကသိရပါတယ် ။
ဖမ်းဆီးရမိမှုဖြစ်စဉ်မှာ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မတ်လ ၃ ရက်နေ့ မွန်းလွဲ ၁ နာရီခွဲအချိန် ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ ချစ်တီးကုန်းရပ်ကွက်တွင် သက်နိုင်(၅၈)နှစ် မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်ကို သတင်းအရရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၂၀,၀၀၀ ပြား သိမ်းဆည်းရမိခဲ့ပြီး သတင်းကွင်းဆက်အရ မွန်းလွဲ ၂ နာရီအချိန် မင်္ဂလာဒုံမြို့နယ်၊ ချစ်တီးကုန်း(၂/ခ)ရပ်ကွက်၊ ဘူတာလမ်းတွင် မူးယစ်ဆေးဝါးများသယ်ဆောင်ရောင်းဝယ်ရာ၌ ပူးပေါင်းပါဝင်သူ ကျော်လွင်(၅၄)နှစ်အား Beijing မော်တော်ယာဉ် နှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး ညနေ ၃ နာရီအချိန် ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ အမှတ်(၄၄)ရပ်ကွက်၊ ရွှေစင် (၁)လမ်း၊ အိမ်အမှတ်(၄၄/၂၂၃)၊ A-1 မြေညီထပ်ရှိ ကျော်လွင်၏ တိုက်ခန်းအား ဆက်လက်ရှာဖွေရာ နေအိမ်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၄ ဒသမ ၂ သိန်း နှင့် ဘိန်းဖြူဘလောက်တုံး ၇၆ တုံး၊ အလေးချိန် ၂၅ ဒသမ ၈၄ ကီလို ထပ်မံသိမ်းဆည်းရမိခဲ့သဖြင့် ဒေသကာလတန်ဖိုးငွေကျပ် ၁ ဒသမ ၃ ဘီလီယံကျော်တန်ဖိုးရှိ စုစုပေါင်း စိတ်ကြွရူးသွပ်ဆေးပြား ၄ ဒသမ ၄ သိန်း၊ ဘိန်းဖြူ ၂၅ ဒသမ ၈၄ ကီလို သိမ်းဆည်းရမိခဲ့ပြီး စစ်ဆေးဖော်ထုတ်ချက်များအရ သိမ်းဆည်းရမိမူးယစ်ဆေးဝါးများအား ရှမ်းပြည်နယ်(တောင်ပိုင်း)မှ ရန်ကုန်တိုင်းဒေသကြီးသို့ သယ်ဆောင်ပြီး ၎င်းမှတစ်ဆင့် ရခိုင်ပြည်နယ်၊ မြန်မာ-ဘင်္ဂလားဒေ့ရ်ှနယ်စပ်သို့ သယ်ဆောင်မှာဖြစ်တယ်လို့ သိရပါတယ်။
ထို့ကြောင့် မူးယစ်ဆေးဝါးများအား လက်ဝယ်တွေ့ရှိသူများဖြစ်သည့် သက်နိုင်နှင့်ကျော်လွင်တို့အား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက်စစ်ဆေး ဖော်ထုတ်လျက်ရှိတယ်လို့ သိရပါတယ်။
ymg/hm
#Yangon_Media_Group
Page 1645 of 1709