#Local_News
Published_ 16 July 2022
စိန့်ပီတစဘတ် Polytechnic State University နှင့် မြန်မာနိုင်ငံရှိ ရန်ကုန်နှင့် မန္တလေးတို့မှ နည်းပညာတက္ကသိုလ်များနှင့် ဆက်သွယ်ဆောင်ရွက်ရေး အလားအလာများရှိကြောင်း သိရပါတယ်။
နစကဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ဇူလိုင် ၁၄ ရက် နံနက်ပိုင်းတွင် စိန့်ပီတာစဘတ်မြို့ရှိ Polytechnic State University သို့ သွားရောက်လေ့လာခဲ့ရာတွင် ဆွေးနွေးခဲ့ကြခြင်းဖြစ်ပါတယ်။
နစက ဥက္ကဌအား Polytechnic State University တက္ကသိုလ်မှ ပါမောက္ခချုပ် Mr.Andrey Ivanovich Rudskoy က သိပ္ပံနှင့် နည်းပညာကဏ္ဍတွင် မြန်မာနိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်လိုပြီး ရန်ကုန်မြို့နှင့် မန္တလေးမြို့တို့ရှိ နည်းပညာတက္ကသိုလ်တို့နှင့် ဆက်သွယ်ဆောင်ရွက်လိုပြီး၊ ၂၀၀၆ ခုနှစ်အထိ မြန်မာနိုင်ငံမှ ပညာတော်သင် သင်တန်းသားများ စေလွှတ်ဆောင်ရွက်ခဲ့မှုကိုအခြေခံ၍ ပညာရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ ပြန်လည်ဆောင်ရွက်လိုတဲ့ အခြေအနေများကို ရှင်းလင်းတင်ပြပါတယ်။
နစကဥက္ကဋ္ဌက ရုရှားဖက်ဒရေးရှင်းနိုင်ငံတွင် ပညာတော်သင် သင်တန်းသားများ ပညာသင်ကြားခဲ့မှု၊ လက်ရှိတွင်လည်း ပညာတော်သင် သင်တန်းသားအရာရှိ အများအပြား တက်ရောက်လျက်ရှိသည့် အခြေအနေများနှင့် Polytechnic State University သို့လည်း သင်တန်းသားများ စေလွှတ်သင်ကြားသွားမည်ဖြစ်သည့် အခြေအနေများ၊ ပညာရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ဆောင်ရွက်သွားမည့် အခြေအနေများနှင့် ပတ်သက်၍ ပြန်လည်မေးမြန်း ဆွေးနွေးပြောကြားခဲ့ပါတယ်။
အဆိုပါ St. Petersburg Polytechnic State University သည် ရုရှားနည်းပညာဆိုင်ရာ တက္ကသိုလ်တစ်ခုဖြစ်ပြီး Peter the Great Polytechnic Institute သို့မဟုတ် Kalinin Polytechnic Institute ဟုလည်း ခေါ်ဝေါ်ခဲ့ပါတယ်။ ၁၈၉၉ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး နိုဗယ်ဆုရှင်များစွာ မွေးထုတ်ပေးနိုင်ခဲ့သည့် တက္ကသိုလ်လည်း ဖြစ်ပါတယ်။
တက္ကသိုလ်ကို အင်ဂျင်နီယာဌာနခွဲ၊ ရူပဗေဒဌာနခွဲနှင့် စီးပွားရေးနှင့် လူမှုရေးဆိုင်ရာ ဌာနခွဲဟူ၍ ဌာနခွဲကြီး ၃ ခုဖြင့် ဖွဲ့စည်းထားပါကြောင်း၊ အမေရိကန်နိုင်ငံ၊ ဗြိတိန်နိုင်ငံ၊ ဂျာမနီနိုင်ငံ၊ ဖင်လန်နိုင်ငံ၊ ဆွီဒင်နိုင်ငံနှင့် အခြားသော CIS အဖွဲ့ဝင်နိုင်ငံများ ကျောင်းသားများအပါအဝင် ကျောင်းသားဦးရေ စုစုပေါင်း ၃၀၀၀၀ ကျော်ခန့် ပညာသင်ကြားလျက်ရှိကြောင်း သိရှိရပါတယ်။
ymg-mnn
#Yangon_Media_Group
#Local_News
Published_ 16 July 2022
ဧရာဝတီတိုင်းဒေသကြီးတွင် ၂၀၂၂ မိုးရာသီအတွင်း ဒီရေတောစိုက်ခင်း ဧက ၂,၈၀၀ တည်ထောင် စိုက်ပျိုးလျက်ရှိကြောင်း သစ်တောဦးစီးဌာနမှ သိရပါတယ်။
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနဝန်ကြီး ဦးခင်မောင်ရီသည် ဇူလိုင် ၁၄ ရက် နံနက်ပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဘိုကလေးမြို့နယ်၊ ကဒုံကနိကြိုးဝိုင်း၊ အကွက်အမှတ် (၃၆) ရှိ (၁/၂၀၀၈) ဒီရေတော စိုက်ခင်း ဧက (၁,၀၀၀) ထိန်းသိမ်းစောင့်ရှောက်ထားမှုကို ကြည့်ရှုစစ်ဆေးခဲ့ပါတယ်။
ကဒုံကနိကြိုးဝိုင်း၊ အကွက်အမှတ် (၄၉)ရှိ ဗြုံးမွှေးကျွန်း ပျိုးဥယျာဉ်တွင် ဒေသခံပြည်သူများနှင့် တွေ့ဆုံ၍ သဘာဝဒီရေတောများနှင့် ဒီရေတောစိုက်ခင်းများကို ထိန်းသိမ်းစောင့်ရှောက်ခြင်းဖြင့် ရာသီဥတု ဖောက်ပြန်မှုကို လျော့ကျစေခြင်း၊ သဘာဝဘေးအန္တရာယ် ကျရောက်မှုကြောင့် ဖြစ်ပေါ်လာမည့် ထိခိုက်ပျက်ဆီးမှုများကို အဟန့်အတား ဖြစ်စေခြင်း၊ ငါးပုစွန်တို့ ပေါက်ဖွားရာနေရာများ တိုးပွားလာစေခြင်း၊ ဒေသခံများ၏ လူနေမှုဘဝ တိုးတက်လာစေရန် အထောက်အကူပြုခြင်း စသည့် အကျိုးကျေးဇူးများ ရရှိနိုင်တဲ့အတွက် ဒေသခံများအနေဖြင့် မိမိဒေသရှိ ဒီရေတောများ ရေရှည်တည်တံ့စေရေး ထိန်းသိမ်းစောင့်ရှောက် သွားစေလိုကြောင်း ဝန်ကြီးကတိုက်တွန်း ခဲ့ပါတယ်။
ဝန်ကြီးသည် ကဒုံကနိကြိုးဝိုင်း၊ အကွက်အမှတ် (၅၄) အတွင်း တည်ထောင်ထားသော (၂/၂၀၂၂) ဒီရေတောစိုက်ခင်း ဧက(၄၅၀) သို့ရောက်ရှိပြီး စိုက်ခင်းအတွင်း သမဲ့ကြီး၊ ဗြူးရွှေဝါ၊ ကျန၊ ကန့်ပလာ၊ လမု၊ ကနစို၊ မဓမသစ်မျိုး (၇) မျိုးဖြင့် စိုက်ပျိုးထားမှုနှင့် ကဒုံကနိကြိုးဝိုင်း၊ အကွက် (၅၄)ရှိ သစ်မျိုး (၅)မျိုးဖြင့် စိုက်ပျိုးထား သော (၃/၂၀၂၁) ဒီရေတောစိုက်ခင်း ဧက(၄၀၀) စိုက်ပျိုးထားမှုကို ကြည့်ရှုခဲ့ကြောင်း သတင်းရရှိပါတယ်။
ymg-mnn
#Yangon_Media_Group
#Local_News
Published_ 16 July 2022
ဒဂုံတက္ကသိုလ် သိပ္ပံဌာနများနှင့် ဂျပန်နိုင်ငံ Gifu University အင်ဂျင်နီယာ မဟာဌာနကြီးအောက်ရှိ သိပ္ပံဌာနများအကြား MoU ရေးထိုးပွဲ အခမ်းအနားကို ဇွန် ၁၅ ရက် မွန်းလွဲပိုင်းက ဒဂုံတက္ကသိုလ် ပါမောက္ခချုပ်ရုံးခန်း အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ပါတယ်။
အခမ်းအနားတွင် ဒဂုံတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာသာထွန်းမောင်နှင့် ဂျပန်နိုင်ငံ Gifu University မှ Vice President Dr. Shinji Kambara တို့က အမှာစကားများ ပြောကြားကြပါတယ်။
ကျောင်းသားများ၊ သိပ္ပံဆိုင်ရာ သုတေသနနှင့် လေ့ကျင့်လဲလှယ်ရေးခရီးစဉ်၊ သိပ္ပံပညာရှင်များနှင့် သိပ္ပံပညာဆိုင်ရာ သုတေသန စာတမ်းဖတ်ပွဲများ၊ ဖိုရမ်များနှင့် သင်တန်းများ ပူးတွဲကျင်းပခြင်းနှင့် သုတေသနရလဒ်များကို သုတေသန စာစောင်များတွင် ရေးသားဖော်ပြခြင်းစတဲ့ ရှေ့ဆက်ဆောင်ရွက်မယ့် လုပ်ငန်းစဉ်များ အကောင်အထည်ဖော်ရန် အသေးစိတ်ဆွေးနွေးခဲ့ကြပြီး နှစ်ဖက်အဖွဲ့အစည်းကြား MoU ရေးထိုးခဲ့ကြပါတယ်။
MoU ရေးထိုးပွဲသို့ ဒဂုံတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာသာထွန်းမောင်၊ ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခ/ဌာနမှူးများ၊ ပါမောက္ခများနှင့် သင်ကြားစီမံဌာနများမှ ဌာနမှူးများ တက်ရောက်ကြပြီး ဂျပန်နိုင်ငံ Gifu University မှ Vice President Dr. Shinji Kambara နှင့် The Faculty of Engineering ဌာနမှူး Prof. Dr. Toshiaki Murai နှင့် သိပ္ပံဌာနများမှ ပါမောက္ခ/ဌာနမှူးများက Video Conferencing ဖြင့် တက်ရောက်ခဲ့ကြ ကြောင်း သိရပါတယ်။
ymg-mnn
#Yangon_Media_Group
Published_ 15 July 2022
နစကဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိင်သည် ဇူလိုင် ၁၃ ရက်တွင် Republic of the Tatarsan၊ ကာဇန်မြိုရှိ Kazan Aircraft Production Association သို သွားရောက်လေ့လာ ကြည့်ရှုခဲ့တယ်လို သတင်းထုတ်ပြန်ထား ပါတယ်။
PJSC “Kazan Helicopters”ထုတ်လုပ်ရေးအလုပ်ရုံ၌ နစကဥက္ကဋ္ဌသည် Simulator ဖြင့် ရဟတ်ယာဉ် စမ်းသပ်မောင်းနှင်ခန်းသို ရောက်ရှိလေ့လာပြီး ကိုယ်တိုင်စမ်းသပ်မောင်းနှင်ခဲ့ပြီး PJSC “Kazan Helicopters” ထုတ်လုပ်ရေးအလုပ်ရုံ မန်နေဂျင်းဒါရိုက်တာနှင့် အမှတ်တရ လက်ဆောင်ပစ္စည်းများ အပြန်အလှန် လဲလှယ်ခဲ့ကြပါတယ်။
အဆိုပါ PJSC “Kazan Helicopters” ထုတ်လုပ်ရေးအလုပ်ရုံသည် ၁၉၄၀ ပြည့်နှစ်တွင် စတင်တည်ထောင်ခဲ့ခြင်းဖြစ်ပြီး Rostec Cooperation မှ ပိုင်ဆိုင်သည့် Russian Helicopters ကုမ္ပဏီ၏ အစိတ်အပိုင်း တစ်ခုဖြစ်ကြောင်း သိရပါတယ်။
ယနေ့ အချိန်ကာလအထိ Mi-4၊ Mi-8၊ Mi-14၊ Mi-17 နှင့် Ansat အမျိုးအစား ရဟတ်ယာဉ်ပေါင်း ၁၂၀၀၀ ကျော် ထုတ်လုပ်ခဲ့ပြီး နိုင်ငံပေါင်း ၁၀၀ သို တင်ပိုရောင်းချနိုင်ခဲ့ကာ ၁၉၄၅ ခုနှစ်မှစတင်ကာ ၂၀၂၀ ပြည့်နှစ်အထိ ဂုဏ်ပြုမှတ်တမ်း လွှာနှင့် ဆုတံဆိပ်ပေါင်း ၂၇ ခုကျော် ရရှိထားပြီးဖြစ်ကြောင်း သိရှိရပါတယ်။
ymg-mnn
#Yangon_Media_Group
#LocalNews
Published - 15 July 2022
ဂျပန်နိုင်ငံသို့ မြန်မာအလုပ်သမားများပေးပို့ရန် အလုပ်ကမ်းလှမ်းစာ ၁၇၁ ခု ရှိကြောင်း တိုကျိုမြို့ရှိ ဂျပန်နိုင်ငံဆိုင်ရာ မြန်မာသံရုံးမှ သိရသည်။
ဂျပန်နိုင်ငံဆိုင်ရာ မြန်မာသံရုံးအနေဖြင့် ဂျပန်နိုင်ငံရှိ လုပ်ငန်းအသီးသီးမှ ကမ်းလှမ်းလာသည့် အလုပ်ကမ်းလှမ်းစာများနှင့်ပတ်သက်ပြီး အမှန်တကယ် ခေါ်ယူခြင်းဟုတ်မဟုတ်စိစစ်ပြီး မြန်မာနိုင်ငံအလုပ်သမား ဝန်ကြီးဌာနသို့ ပြန်လည်ပေးပို့ထားကြောင်း သိရသည်။
ဂျပန်နိုင်ငံသို့ မြန်မာအလုပ်သမားများ ပေးပို့ရန် ၂၀၂၂ ခုနှစ် ၊ ဇူလိုင်လ ၁ ရက်မှ ဇူလိုင် ၁၅ ရက်အတွင်း အလုပ်ကမ်းလှမ်းစာ ၁၇၁ ခု ကမ်းလှမ်းလာခြင်းဖြစ်ပြီး ခေါ်ယူသည့်အလုပ်သမားအရေအတွက်မှာ ၁၀၀၀ ခန့်ရှိကာ ကမ်းလှမ်းလာသည့် စာများတွင် လုပ်ငန်းပေါင်းစုံမှ အလုပ်အကိုင်များပါဝင်ကာ သက်ကြီးရွယ်အို စောင့်ရှောက်ရေးလုပ်ငန်းမှ အလုပ်ခေါ်ယူမှု အများဆုံး ပါဝင်ကြောင်း သိရသည်။
မြန်မာအလုပ်သမားအများစုသည် ပြည်ပနိုင်ငံတွေအနက် ထိုင်းနိုင်ငံနှင့်ဂျပန်နိုင်ငံကို အများဆုံးသွားရောက်လုပ်ကိုင်နေကြောင်း သိရသည်။
မြန်မာနိုင်ငံတွင်း စီးပွားရေးအကျပ်အတည်းတွေကြောင့် ယခုနှစ်ပိုင်း ဂျပန်ကိုသွားရောက် အလုပ်လုပ်ချင်သည့်လူငယ်တွေသည် ကိုဗစ်ကာလမတိုင်မီထက် အရေအတွက် ထောင်ဂဏန်းသိသိသာသာတိုးလာကြောင်း သိရသည်။
ယခင်က ဂျပန်နိုင်ငံသို့ တစ်နှစ်လျှင် မြန်မာလုပ်သား ၅၀၀ ဝန်းကျင်ပို့ရန် အတော်ကြိုးစားခဲ့ရပြီး လက်ရှိဂျပန်တွင် အလုပ်လုပ်ချင်သူများလာသည့်အတွက် အေဂျင်စီတစ်ခုစီလျှင် လုပ်သား ၅၀၀ ဝန်းကျင် ပို့နေနိုင်သလို လက်ရှိ ဂျပန်နိုင်ငံသို့ လုပ်သား ၆၀၀၀ နီးပါး သွားရောက်နေပြီဖြစ်ကြောင်းလည်း သိရသည်။
ymg/sth
#Yangon_Media_Group
#Local_News
Published - 15 July 2022
လတ်တလောမှာ နိုင်ငံတကာမှာ ကိုဗစ်ရောဂါတွေ ပြန်လည်ဖြစ်ပွားနေပြီး မြန်မာနိုင်ငံမှာလည်း ကိုဗစ်ရောဂါတစ်ကျော့ပြန် ပြန်လည်ဖြစ်ပွားမှာကို သတိပြုဖို့လိုတယ်လို့ မြန်မာနိုင်ငံပုဂ္ဂလိက ဆေးရုံများအသင်း ဥက္ကဌဒေါက်တာထင်ပေါ်ကပြောပါတယ်၊၊
#Yangon_Media_Group
#Local_News
Published - 15 July 2022
ပဲမျိုးစုံ၊ ပြောင်း၊ နှမ်းအမျိုးမျိုးနဲ့ မြေပဲဆန် ပြည်ပတင်ပို့မှုတွေမှာ ပို့ကုန်ရငွေမတင်ပြဘဲ တိမ်းရှောင်မှုများရှိနေတဲ့အတွက် ပြန်လည်စီစစ်ရန် ထောက်ခံချက်လုပ်ခိုင်းတာဖြစ်တယ်လို့ မြန်မာနိုင်ငံပဲမျိုးစုံ၊ ပြောင်းနဲ့ နှမ်းကုန်သည်များအသင်း ကနေသိရပါတယ်။
#Yangon_Media_Group
Page 1644 of 1971