"နိုင်ငံကျော်အနုပညာရှင်တွေ အခမ်းအနားတက်ရောက်လာမှုတွေကို နိုင်ငံတကာဆုပေးပွဲတွေနည်းတူ Rail Camera နဲ့ Crane Camera တွေအပါအဝင် ကင်မရာ ၁၁ လုံးကို အသုံးပြုပြီး အကယ်ဒမီရင်ခုန်သံအင်တာဗျူးတွေနဲ့ အကောင်းဆုံးဝတ်စားဆင်ယင်မှု (Fashion Award) ဆုအတွက် ပြင်ဆင်လာမှုတွေကို ရိုက်ကူးပြသသွားနိုင်ရေး စီစဉ်ဆောင်ရွက်ထားတယ်။
#Local_News
Published 2 February 2024
#အကယ်ဒမီပေးပွဲ #ကင်မရာ(၂၂)လုံး
#Yangon_Times
ယခုတစ်ပတ်မှာလဲ ပြည်တွင်းစက်သုံးဆီဈေးဟာ ဆက်လက်မြင့်တက်လာပြီး စက်သုံးဆီအမျိုးအစားအလိုက် ယခင်တစ်ပတ်ထက် တစ်လီတာလျှင် ကျပ် ၅၀ မှ ၁၀၀ ကျပ်အထိ ဈေးမြင့်တက်လာတယ်လို့ စက်သုံးဆီတင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေး ကော်မတီက ထုတ်ပြန်တဲ့ ဈေးနှုန်းတွေအရ သိရပါတယ်။
#Local_News
Published 2 February 2024
#ပြည်တွင်းစက်သုံးဆီဈေးဆက်လက်မြင့်တက် #တစ်လီတာလျှင်ကျပ်၅၀မှ၁၀၀ကျော်အထိဈေးမြင့်တက်
#YMG/LW #Yangon_Times
#Local_News
Published-2 February 2024
နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ၈ ခုမှ ပြည်တွင်းအလုပ်အကိုင် အခွင့်အလမ်း ၆,၅၀၀ကျော် ဖန်တီးပေးနိုင်ခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ YRICမှ သိရသည်။
YRIC သည် စက်မှုကဏ္ဍတွင် ရာခိုင်နှုန်းပြည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း (၇)ခုနှင့် ဖက်စပ်နိုင်ငံခြား ရင်းနှီး မြှုပ်နှံမှုလုပ်ငန်း (၁)ခုကို အတည်ပြုပေးခဲ့ရာ အဆိုပါ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ၏ မတည်ငွေရင်း ပမာဏမှာ အမေရိကန်ဒေါ်လာ ၆.၃၉၉ သန်းဖြစ်ပြီး ပြည်တွင်းအလုပ်အကိုင် အခွင့်အလမ်း (၆,၅၅၁) ဦးအတွက် ဖန်တီးပေးနိုင်မည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ အတည်ပြုပေးခဲ့သည့် လုပ်ငန်းများမှာ CMP စနစ်ဖြင့် Wearing Apparel အမျိုးမျိုးချုပ်လုပ်ခြင်းလုပ်ငန်း၊ ပြည်တွင်း၌ ၁၀၀% ရောင်းချမည့် အထည်ချုပ်လုပ်ငန်းတွင် အသုံးပြုသော ပလပ်စတစ်အိတ်အမျိုးမျိုး ထုတ်လုပ်ရောင်းချခြင်းလုပ်ငန်း၊ ရာဘာသစ်အချောထည်များ ထုတ်လုပ်၍ ၁၀၀ ရာခိုင်နှုန်း ပြည်ပတင်ပို့ခြင်းလုပ်ငန်းနှင့် အထည်ချုပ်လုပ်ငန်းတွင် အသုံးပြုသော Carton Box များ ထုတ်လုပ်ရောင်းချခြင်းလုပ်ငန်းတို့ ဖြစ်ကြောင်း သိရသည်။
#Local_News #နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု၈ခု #ပြည်တွင်းအလုပ်အကိုင်အခွင့်အလမ်း #YMG/NN #Yangon_Times
#Local_News
Published-2 February 2024
မြန်မာနိုင်ငံမှ စိုက်ပျိုးထွက်ရှိသည့် ဆေးရွက်ကြီးများကို ထိုင်းနိုင်ငံက ဆေးဝါးနှင့် ဓာတ်မြေဩဇာထုတ်လုပ်သည့် နေရာများတွင် သုံးစွဲလေ့ရှိကြောင်း ဆေးရွက်ကြီး စိုက်ပျိုးသူများထံမှ သိရသည်။
ဆေးရွက်ကြီးသည် အရေပြားယားယံခြင်း၊ ရောင်ရမ်းခြင်း၊ ဓါတ်မတည့်ခြင်းများ ကို ပျောက်ကင်းစေသည့် အာနိသင်ရှိသောကြောင့် ဆေးဝါးနှင့်ဓာတ်မြေဩဇာ များထုတ်လုပ်ရာတွင်အသုံးပြုလေ့ရှိခြင်းဖြစ်ကြောင်းသိရသည်။
'ပြည်တွင်းမှာတော့ ဆေးလိပ်လိပ်တဲ့အခါအသုံးပြုကြတယ်၊ကွမ်းယာထဲမှာလည်းထည့်စားကြတယ် ၊ထိုင်းကမြန်မာ့ဆေးရွက်ကြီးကိုဆေးဝါးနဲ့ဓာတ်မြေဩဇာလုပ်တဲ့နေရာမှာသုံးကြတယ်၊ အရည်အသွေးကြိုက်တော့ဈေးကောင်းပေးဝယ်ကြပါတယ် ' ဟု ဆေးရွက်ကြီးစိုက်ပျိူးသူတစ်ဦးက ပြောသည်။
မြန်မာနိုင်ငံအထက်ပိုင်းရှိ ဧရာဝတီမြစ်နှင့် ချင်းတွင်းမြစ်ဘေးရှိမြစ်ရေဝင်သော ကိုင်းကျွန်းမြေနုများတွင် အများဆုံးစိုက်ပျိုးလေ့ရှိကာ ပြည်တွင်း၌ ဗာဂျီးနီးယား နှင့် မြန်မာ့ဆေးရွက်ကြီးဟူ၍ အမျိုးအစားနှစ်မျိုးစိုက်ပျိုးလေ့ရှိပြီး မြန်မာဆေးရွက်ကြီးကိုမူအဓိကစိုက်ပျိုးလေ့ရှိကြောင်း၊ ယခုနှစ်တွင် တစ်ကီလိုလျှင် ဘတ်၂၅၀အထိ ဈေးကောင်းရရှိနေကြောင်း သိရသည်။
#Local_News #မြန်မာ့ဆေးရွက်ကြီး #ဆေးဝါးနှင့်ဓာတ်မြေဩဇာများထုတ်လုပ် #YMG/ NN #Yangon_Times
#Local_News
Published 2 February 2024
တရုတ်နှစ်သစ်ကူးပွဲတော်ရက်အတွင်း ရန်ကုန်ကနေကူမင်းသို့ ပုံမှန်ခရီးစဉ်များသွားရောက်နိုင်မည် ဖြစ်သော်လည်းကုန်တင်လေယာဉ်ခရီးစဉ်ယာယီရပ်ဆိုင်းထားမည်ဖြစ်ကြောင်း MNA မြန်မာအမျိုးသားလေကြောင်းလိုင်းမှ သိရသည်။
MNA မြန်မာအမျိုးသားလေကြောင်းမှ တရုတ်နှစ်သစ်ကူးပွဲတော်ရက်များဖြစ်သော ၂၀၂၄ခုနှစ်၊ ဖေဖော်ဝါရီလ (၈) မှ (၁၀)ရက်နေ့အတွင်းတွင် ရန်ကုန် - ကူမင်း - ရန်ကုန်ကုန်ပစ္စည်းသယ်ဆောင်သည့်ခရီးစဉ်များအား ရပ်ဆိုင်းထားမည်ဖြစ်သည်ဟု အသိပေးထုတ်ပြန်ထားသည်။
Cargo နှင့်သက်ဆိုင်သည့် အသေးစိတ်အချက်အလက်များကို Logi Plus သိုဆက်သွယ်မေးမြန်းနိုင်သည်ဟုလည်းဖော်ပြထားသည်။
မြန်မာအမျိုးသားလေကြောင်း၏ ရန်ကုန် - ကူမင်း - ရန်ကုန် ခရီးစဉ်ကို သောကြာနေ့ နှင့် တနင်္ဂနွေနေ့များတွင် ပျံသန်းပြေးဆွဲလျက်ရှိပြီးOne Way Ticket Starts From USD 218++၊Round Trip Ticket Starts From USD 428++ကုန်ကျမည်ဖြစ်ကြောင်း သိရသည်။
မြန်မာအမျိုးသားလေကြောင်းနှင့်အတူ ဘန်ကောက်မြို့သို့သွားရောက်မည့် ခရီးသည်များအတွက် King Power Thailand မှ ၂၀၂၄ခုနှစ်၊ ဖေဖော်ဝါရီလ (၆) ရက်နေ့မှ (၁၈)ရက်နေ့အထိ ဘန်ကောက်မြို့တွင်းရှိ King Power Rangnam တွင် ကျင်းပပြုလုပ်မည့် တရုတ်နှစ်သစ်ကူးပွဲတော်တွင် စားသောက်ဖွယ်ရာများ၊ Chinese New Year အပြင်အဆင်များနှင့် အခြားပျော်စရာ အစီအစဉ်များကို တွေ့မြင်ခံစားနိုင်ရန် လာရောက်လည်ပတ်ဖို့ဖိတ်ခေါ်ထားပြီး MNA International Boarding Pass ပြရုံဖြင့် သတ်မှတ်ထားသော ပစ္စည်းများအနက်မှ ပစ္စည်း (၁)ခုအတွက် 10% Discount ရရှိနိုင်မည့်အပြင် နောက်အကြိမ် ပစ္စည်း (၁)ခု ထပ်မံဝယ်ယူရာတွင် အသုံးပြုရန် 20% Discount Coupon ရရှိနိုင်မည်ဖြစ်ကြောင်း သိရသည်။
#Local_News #တရုတ်နှစ်သစ်ကူးပွဲတော်ရက် #ကုန်တင်လေယာဉ်ခရီးစဉ်ယာယီရပ်ဆိုင်း #tthl #Yangon_Times
၂ ဖေဖော်ဝါရီ ၂၀၂၄
ဖေဖော်ဝါရီ (၁)ရက် ကြာသပတေးနေ့က မလေးရှားရှိ လူဝင်မှုကြီးကြပ်ရေး ထိန်းသိမ်းရေးစခန်းကနေ ဘင်္ဂလီ အများစု နှင့် မြန်မာနိုင်ငံသားတွေပါဝင်တဲ့ခိုးဝင်ရောက်ရှိလာသူ (၁၀၀) ကျော်ထွက်ပြေးခဲ့ရာမှာ တစ်ဦးဟာ ယာဉ်မတော် တဆမှုနှင့် သေဆုံးခဲ့ရပါတယ်။
နှစ်ပေါင်းများစွာအတွင်း ဒီလိုဖြစ်ရပ်မျိုးဖြစ်တာ ဒါဟာ ဒုတိယအကြိမ်ပါ။ ၂၀၂၂ခုနှစ် ဧပြီလတုန်းကလည်း မလေးရှား မြောက်ပိုင်း ကာဒါးပြည်နယ် ထိန်းသိမ်းရေးစခန်းကနေ ဘင်္ဂလီ ၅၈၂ ဦးထွက်ပြေးခဲ့ဖူးတဲ့အကြောင်း ရိုက်တာသတင်းဌာနက သတင်းရေးသားပါတယ်။ အဲဒီအချိန်တုန်းက ထွက်ပြေးသူတွေအထဲမှာ ခြောက်ဦးဟာ အမြန်လမ်းမပေါ် ယာဉ်တိုက်ခံရလို့ သေဆုံးခဲ့ကြရပါတယ်။
ယခုတစ်ကြိမ်မှာတော့ မလေးရှားနိုင်ငံ အနောက်ပိုင်းပီရတ်ပြည်နယ်က လူဝင်မှုကြီးကြပ်ရေးဌာန ထိန်းသိမ်းရေးစခန်းမှာ ကြာသပတေးနေ ဖေဖော်ဝါရီ ၁ ရက်ညပိုင်းက ဖြစ်ပွားခဲ့တာဖြစ်ပြီး စုစုပေါင်း ၁၃၁ ဦး ထွက်ပြေးခဲ့ကြပါတယ်လို့ လူဝင်မှုကြီး ကြပ်ရေးဌာန ညွှန်ကြားရေးမှူးချုပ် ရူစလင် ဂျုဆော့တ်က သတင်းထုတ်ပြန်ပါတယ်။
ထွက်ပြေးသွားသူတွေကို လိုက်လံရှာဖွေနေတယ်လို့လည်းသူကပြောပါတယ်။
ထွက်ပြေးသူတွေအထဲမှာ ဘင်္ဂလီ ၁၁၅ ဦးနှင့် အခြားမျိုးနွယ်ဝင် မြန်မာနိုင်ငံသား ၁၆ ဦးပါဝင်ပါတယ်လို့ မလေးရှား နိုင်ငံပိုင် သတင်းဌာန ဘာနာမားက ပီရတ်ရဲဌာနကို ကိုးကား၍ သတင်းရေးသားပါတယ်။ သေဆုံးသူဟာ အမြန်လမ်းမကြီးပေါ်မှာ ထရပ်ကားတစ်စီးတိုက်မိလို့သေဆုံးခဲ့ရတာလို့ဆိုပါတယ်။
@ymg/knl
#Local_News
Published 2 February 2024
ပြည်တွင်းမှာ ယခုကာလအတွင်း ကိုဗစ်-၁၉ ရောဂါအပတ်စဉ်ပိုးတွေ့ရှိရမှု အနည်းငယ်မြင့်တက်နေသည့်အတွက်ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် တစ်ကိုယ်ရေကာကွယ်ရေး စည်းမျဉ်းစည်းကမ်းများလိုက်နာရန် ကျန်းမာရေးဝန်ကြီးဌာနက တိုက်တွန်း နှိုးဆော်ထားသည်။
၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလအတွင်း ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း အိုမီခရွန်ရောဂါပိုး JN.1 ကူးစက်မှုကြောင့် ဒေသတွင်းနှင့် အိမ်နီးချင်းနိုင်ငံအချို့တွင် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှု များပြားခဲ့ပြီး ပြည်တွင်းမှာလည်း JN.1 ကူးစက်မှုအား အတည်ပြုတွေ့ရှိထားပြီးဖြစ်ကာ လတ်တလောကာလတွင် ကိုဗစ်-၁၉ ရောဂါအပတ်စဉ်ပိုးတွေ့ရှိရမှု အနည်းငယ်မြင့်တက်နေသည်ကိုတွေ့ရသောကြောင့် ယခုကဲ့သို့ကျန်းမာရေးစည်ကမ်းချက်များလိုက်နာရန် တိုက်တွန်းနှိုးဆော်ခြင်းဖြစ်ကြောင်း သိရသည်။
ထို့ကြောင့် မိဘပြည်သူများအနေဖြင့် ကိုဗစ်-၁၉ ရောဂါအပါအဝင် အသက်ရှူလမ်းကြောင်း ဆိုင်ရာရောဂါများ ကူးစက်ခံရခြင်းမှ ကာကွယ်နိုင်ရန်အတွက် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် တစ်ကိုယ်ရေကာကွယ်ရေး စည်းမျဉ်းစည်းကမ်းများ အထူးသဖြင့် အောက်ပါအခြေအနေများတွင် ပါးစပ်နှင့်နှာခေါင်းစည်း (Mask)တပ်ဆင်သင့်ပါကြောင်း အသိပေးတိုက်တွန်းထားသည်။
(က)လူထူထပ်သောနေရာ၊ အလုံပိတ်နေရာ၊ လေဝင်/လေထွက် မကောင်းသော နေရာများတွင် ရှိနေချိန် (လူတစ်ဦးနှင့်တစ်ဦး ၃ ပေခြား၍ နေထိုင်ရန် မဖြစ်နိုင်သော အခြေအနေ)၊ (ခ) အများပြည်သူအသုံးပြုသော မော်တော်ယာဉ်၊ မီးရထား၊ သင်္ဘော၊ လေယာဉ်စသည့် ယာဉ်များဖြင့် ခရီးသွားလာခြင်း၊(ဂ) ဆေးရုံ/ကျန်းမာရေးဌာနများနှင့် ဘိုးဘွားရိပ်သာများသို့ သွားရောက်ခြင်း၊
(ဃ) ကိုဗစ်-၁၉ ရောဂါကူးစက်ခံရပါက ရောဂါပြင်းထန်နိုင်ခြေနှင့် သေဆုံးနိုင်ခြေ မြင့်မား သူများ (အသက်အရွယ်ကြီးသူများ၊ သွေးတိုးရောဂါ၊ နှလုံးရောဂါ၊ ဆီးချို၊ သွေးတိုးရောဂါ၊ နာတာရှည်အဆုတ်ရောဂါ၊ ကင်ဆာရောဂါ၊ ဦးနှောက်သွေးကြောဆိုင်ရာရောဂါ၊ ပန်းနာ ရင်ကျပ်ရောဂါရှိသူများ၊ ကိုယ်ခံအားနည်းသူများ၊ အဝလွန်သူများ၊ အကြောင်းအမျိုးမျိုးကြောင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံထားခြင်းမရှိသူများ၊ အထွေထွေ ကျန်းမာရေး မကောင်းသူများ)၊(င) ကိုဗစ်-၁၉ ရောဂါနှင့် အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါလက္ခဏာများဖြစ်သော ဖျားခြင်း၊ နှာစေးခြင်း၊ နှာချေခြင်း၊ ချောင်းဆိုးခြင်း၊ လည်ချောင်းနာခြင်း စသည့် လက္ခဏာများရှိခြင်း တို့ တွင် နှာခေါင်းစည်း
Mask တပ်ဆင်သင့်ကြောင်း တိုက်တွန်းထားသည်။
ထို့အပြင် ကိုဗစ်-၁၉ ရောဂါ ထပ်ဆောင်းကာကွယ်ဆေး ထိုးနှံမှုခံယူခြင်းဖြင့် ကိုဗစ်-၁၉ ရောဂါ ပြင်းထန်နိုင်ခြေနှင့် သေဆုံးနိုင်ခြေအား လျှော့ချနိုင်သည်ဖြစ်၍ ရောဂါကူးစက်ခံရပါက ရောဂါပြင်းထန် နိုင်ခြေနှင့် သေဆုံးနိုင်ခြေ မြင့်မားသော အသက်အရွယ်ကြီးသူများ၊ နာတာရှည်ရောဂါ အခံရှိသူများနှင့် ကိုယ်ခံအားနည်းနေသူများအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ထပ်ဆောင်းကာကွယ်ဆေးထိုးနှံမှု ခံယူကြရန် နှင့် ကိုဗစ်-၁၉ ရောဂါနှင့် အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါလက္ခဏာ တစ်ခုခု ခံစားနေရပါက အခြားသူများသို့ ကူးစက်မှုမရှိစေရေး လူထူထပ်သော နေရာများနှင့် အလုံပိတ်နေရာများသို့ သွားလာ ခြင်းမှ ရှောင်ကြဉ်ကြရန်နှင့် မသက်သာပါက နီးစပ်ရာကျန်းမာရေးဌာနများ၌ လိုအပ်သော ဆေးကုသမှု ခံယူကြရန် တိုက်တွန်းနှိုးဆော်ထားသည်။
#Local_News #တစ်ကိုယ်ရေကာကွယ်ရေး #စည်းမျဉ်းစည်းကမ်းများလိုက်နာရန်တိုက်တွန်း #YMG/LW #Yangon_Times
Page 643 of 2026