Published 6 February 2024
လွန်ခဲ့သော(၂၄)နာရီအတွင်းက ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်(မြောက် ပိုင်း)တို့တွင် နေရာကွက် ကျားမိုးထစ်ချုန်းရွာခဲ့ပြီး မှတ်သားဖွယ်ရာမိုးရေ ချိန်များမှာ မချမ်းဘောမြို့တွင်(၀.၁၂) လက်မနှင့် မူဆယ်မြို့တွင် (၀.၀၄)လက်မတို့ရှိခဲ့ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှသိရသည်။
ဖေဖော်ဝါရီ(၇)ရက်မနက်တွင်ကချင်ပြည်နယ်၌ နေရာကျဲကျဲနှင့် စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်းနှင့် ချင်းပြည်နယ်တို့တွင် နေရာကွက်ကျား မိုးထစ်ချုန်းရွာမည်ဟုဆိုသည်။
နောက်(၂)ရက် ဖေဖော်ဝါရီလ(၇)ရက်နဲ့(၈)ရက်အတွက် ခန့်မှန်းချက်အနေဖြင့် စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်းနှင့် ကချင်ပြည်နယ်တို့တွင် နေရာကွက်ကျား မိုးထစ်ချုန်းရွာနိုင်မည်ဖြစ်သည်။
ထူးခြားသည့် ညအပူချိန်များအနေဖြင့် ဟဲဟိုးမြို့နှင့် မိုင်းယန်းမြို့တို့တွင် (၃)ဒီဂရီစင်တီဂရိတ်စီ၊ နမ့်စန်မြို့(ရှမ်းပြည်နယ်တောင်ပိုင်း)နှင့် ပြင်ဦးလွင်မြို့တို့တွင် (၄)ဒီဂရီစင်တီဂရိတ်စီ၊ ကျောက်မဲမြို့၊ လွိုင်လင်မြို့နှင့် ဟားခါးမြို့တို့တွင် (၅)ဒီဂရီစင်တီဂရိတ်စီနှင့် ပင်လောင်းမြို့တွင် (၆)ဒီဂရီ စင်တီဂရိတ်တို့ ရှိခဲ့ကြောင်း သိရသည်။
Yangon-Times/tthl
#Local_News
#Published_ 6 February 2024
#YMG #Yangon_Times #Yangon_Media_Group

Published-6 February 2024
၂၀၂၃ -၂ဝ၂၄ ပညာသင်နှစ်၊ အခြေခံပညာအတန်းများအတွက် ကျောင်းတွင်းစစ် နှစ်ဆုံးစာမေးပွဲများကို ယခုလ ဒုတိယအပတ်၌ စတင်မည်ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာနမှသိရသည်။
အဆိုပါ ကဲ့သို့ ဖြေဆိုရာတွင် အခြေခံပညာ မူလတန်းအဆင့် ပြီးမြောက်မှု စစ်ဆေးခြင်း (Grade-5) စာမေးပွဲကို ဖေဖေါ်ဝါရီ (၂၂) ရက်မှ ဖေဖေါ်ဝါရီ (၂၇) ရက်အထိ ကျင်းပသွားမည်ဖြစ်ကြောင်း
သိရသည်။
ထို့အပြင် အခြေခံပညာ အလယ်တန်းအဆင့် ပြီးမြောက်မှုစစ်ဆေးခြင်း (Grade-9) စာမေးပွဲကို ဖေဖော်ဝါရီ (၂၂) ရက်မှ ဖေဖေါ်ဝါရီ (၂၈)ရက် အတွင်းကျင်းပသွားမည်ဖြစ်ကြောင်း၊ကျန် အတန်းများ၏ ကျောင်းတွင်းစစ် စာမေးပွဲများကို ဖေဖေါ်ဝါရီ (၁၃) ရက်တွင် စတင်ဖြေဆိုရမည်ဖြစ်ကြောင်းလည်း သိရသည်။
ထို့အတူ အခြေခံပညာ အထက်တန်းအဆင့်ပြီးမြောက်မှုစစ်ဆေးခြင်း (Grade-12)ကို လာမည့် မတ်လတွင် ကျင်းပသွားမည်ဖြစ်ကြောင်း၊ စစ်ဆေးကျင်းပခြင်းနှင့် အောင်စာရင်းထုတ်ပြန်ခြင်းတို့ကို သတ်မှတ်လုပ်ငန်းစဉ်များ အတိုင်း စနစ်တကျဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
Yangon-Times/NN
#Local_News
#Published_ 6 February 2024
#YMG #Yangon_Times #Yangon_Media_Group
Published_ 6 February 2024
မြန်မာနိုင်ငံနှင့် အိုမန်နိုင်ငံတို့သည် ချစ်ကြည်ရင်းနှီးသည့် ဆက်ဆံရေး အစဉ်အလာ ကောင်းရှိသည့်နိုင်ငံများဖြစ်တဲ့ အားလျော်စွာ တည်ရှိပြီးချစ်ကြည်ရင်းနှီးသော နှစ်နိုင်ငံ ဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး တိုးမြှင့်တည်ဆောက်ဖို့ ဆွေးနွေးခဲ့ကြောင်း သိရပါတယ်။
အိုမန်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးအဖြစ် ပူးတွဲခန့်အပ်ခြင်းခံရသော ဆော်ဒီ အာရေဗျနိုင်ငံအခြေစိုက် သံအမတ်ကြီးဦးတင်ယုသည် ၎င်း၏သံအမတ်ခန့်အပ်လွှာ (မိတ္တူ) ကို အိုမန်နိုင်ငံခြားရေးဝန်ကြီး H.E. Sayyid Badr Albusaidi ကိုယ်စား ဒုတိယဝန်ကြီး H.E. Khalifa bin Ali bin Issa Al Harthy ထံသို့ ဖေဖော်ဝါရီ ၄ ရက်တွင် ပေးအပ်စဉ် ဆွေးနွေးခဲ့တာ ဖြစ်ပါတယ်။
ထို့အတူ ASEAN-GCC မူဘောင်အတွင်းမှ ဆက်ဆံရေးအပြင် ဒေသတွင်းနှင့် နိုင်ငံတကာဆက်ဆံရေး၌ အပြန်အလှန် ထောက်ခံမှုပေးနိုင်ရေးတို့အတွက် ရင်းနှီးပွင့်လင်း စွာ ဆွေးနွေးခဲ့ကြပါတယ်။
သံအမတ်ကြီးသည် သံအမတ်ခန့်အပ်လွှာ (မိတ္တူ) ပေးအပ်ခြင်း မပြုမီ အိုမန်နိုင်ငံခြားရေးဝန်ကြီးဌာန၊ အာရှနှင့် ပစိဖိတ်ဌာန ဒုတိယအကြီးအကဲ H.E. Amb. Dr. Mohamad Ali Albalushi ၊ Asia Office ညွှန်ကြားရေးမှူး Amb. Hamood Nasser Al Nahdi တို့နှင့်တွေ့ဆုံ၍ မြန်မာ-အိုမန် နှစ်နိုင်ငံ ဆက်ဆံရေး တိုးတက်ကောင်းမွန်အောင် ဆောင်ရွက်ရေးကို ဆွေးနွေးခဲ့ပါတယ်။
ထို့ပြင် နှစ်နိုင်ငံပြည်သူများအကြား ချစ်ကြည်ရင်းနှီးမှု တိုးမြှင့်နိုင်ရေး၊ နှစ်နိုင်ငံ ဘုံအကျိုးစီးပွားဆိုင်ရာ ကိစ္စရပ်များအတွက် ဆက်လက်ပူးပေါင်း ဆောင်ရွက်မှုတိုးမြှင့်ရေး ဆိုင်ရာကိစ္စရပ်များနှင့် ပတ်သက်၍ နှစ်ဖက်အမြင်သဘောထားများကို ဆွေးနွေးခဲ့ကြောင်း သိရှိရပါတယ်။
Ymg_mnn
#Local_News
#Published_ 6 February 2024
#YMG #Yangon_Times #Yangon_Media_Group
၆ ဖေဖော်ဝါရီ ၂၀၂၄
နစက သည် အမိန့်အမှတ် ၁၈/ ၂၀၂၄ ကို ယနေ့ထုတ်ပြန်ကာ နေပြည်တော်ကောင်စီဝင်တစ်ဦးနှင့် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးတို့ကို အပြောင်းအလဲလုပ်ခဲ့ပါတယ် ။
အမိန့်အရ နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးမင်းနောင်အစား ဗိုလ်မှူးကြီး မျိုးဝင်းကို အစားထိုးခန့်အပ်ခဲ့ပြီး မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ လုံခြုရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်ကျော်လင်းအစား ဗိုလ်မှူးကြီး မိုးမင်းသိန်းကို အစားထိုးခန့်အပ်ခဲ့တာဖြစ်ပါတယ်။
@ymg/knl
#Daily_News
Published_ 6 February 2024
၁။ ပင်လယ်ဓားပြများ ဖမ်းခေါ်သွားသည့် စားအုန်းဆီသင်္ဘောပေါ်က မြန်မာသင်္ဘောသား (၈)ဦး ပြန်လွတ်လာပြီ
၂။ ရှမ်းပြည်နယ်မှ ပြောင်းစိုက်တောင်သူ ၂၀ရာခိုင်နှုန်းကျော် ကြံစိုက်ပျိုးမှုကို ပြောင်းလဲစိုက်ပျိုးလာဟုဆို
၃။ ပြည်ထောင်စု တံခွန်စိုက်မြင်းစီးပြိုင်ပွဲ၌ တိုင်းလေးတိုင်းမှ အားကစားသမား ရာကျော်လာရောက်ယှဉ်ပြိုင်နေ
၄။ တရားမဝင်နယ်စပ်ဖြတ်ကျော်ကိစ္စ အမေရိကန်အစိုးရကိုင်တွယ်မှု တက္ကဆပ်ပြည်သူများစိုးရိမ် ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Times #Daily_News #YMG_News #Yangon_Media_Group
မိရိုးဖလာနှမ်းရိတ်သိမ်းနည်းက အက်ဆစ်ဓါတ်ပါဝင်မှုများစေတဲ့အပြင် အခြားအကြောင်းရာတွေပါ ဖြစ်စေတဲ့အတွက် နှမ်းအရည်သွေးကျစေတယ်၊ အခုပို့ချပေးတဲ့နည်းကတော့ နှမ်းကို တစ်ခါတည်းရိတ်၊ တစ်ခါထဲချွေ၊ နေလှမ်း စတဲ့နည်းစနစ်ဖြစ်တဲ့အတွက် ကုန်ကစရိတ်ကလည်း မကွာဘူး၊ သို့ပေမယ့် အရည်သွေးပိုကောင်းစေတဲ့အတွက် တောင်သူတွေအတွက် အကျိုးမြတ်ပိုဖြစ်စေတယ်
Yangon Times/LW
#Local_News
#Published_ 6 February 2024
#YMG #Yangon_Times #Yangon_Media_Group
Page 646 of 2040