#Local_News
Published_7February 2024
သင်္ဘောပေါ်တွင် တာဝန်ထမ်းဆောင်ရင်း အသက်ဆုံးရှုံးခဲ့သည့် မြန်မာသင်္ဘောသားအတွက်လျော်ကြေး တောင်းခံရာမှာ မြန်မာသင်္ဘောသားအတွက်သာမကကျန်ရစ်ခဲ့တဲ့ကလေး (၂) ယောက်အတွက်ပါလျော်ကြေးရရှိခဲ့ကြောင်းသိရသည်။
မြန်မာနိုင်ငံပင်လယ်ကူးသင်္ဘောသား အလုပ်သမားများအဖွဲ့ချုပ်(MSF)ရဲ့ကူညီဆောင်ရွက်ပေးမှုဖြင့် လျော်ကြေးငွေစုစုပေါင်း (USD-51000) ရရှိခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။
မူလက သေဆုံးသင်္ဘောသား၏ရုပ်ကလာပ်အား မြန်မာနိုင်ငံသို့ ပြန်လည်သယ်ယူရမည်ဆိုပါက သယ်ယူစရိတ်အဖြစ်အမေရိကန်ဒေါ်လာကိုးသောင်း (USD-90,000) စိုက်ထုတ်ပေးရမည်ဖြစ်၍ ကျန်ရစ်သူမိသားစုမှာ အခက်အခဲတွေ့ခဲ့သည်။
အဖွဲ့ချုပ်အနေဖြင့် သင်္ဘောသားတစ်ဦး သင်္ဘောပေါ်တွင်တာဝန်ထမ်းဆောင်ရင်း အသက်သေဆုံးပါက အလုပ်ရှင်မှ အသုဘစရိတ်နှင့် မိသားစုမှအသုဘကျင်းပသည့်အခမ်းအနားသို့တက်ရောက်ခြင်းကုန်ကျစရိတ်များအားလည်းကောင်း၊ အကယ်၍ မိသားစုမှ မိမိနေရပ်တွင် ရိုးရာထုံးတန်းစဉ်လာအရ လုပ်ငန်းစဉ်ရှိပါက အလုပ်ရှင်ဖြစ်သည့် သင်္ဘောပိုင်ရှင်မှ ဂရုဏာကြေးပေးအပ်ရန်ရှိပါကြောင်း အကြံပြုခဲ့သည်ဟုဆိုသည်။
"ကွယ်လွန်သွားတဲ့ သင်္ဘောသားနာမည်က နေမင်းထွန်းပါ။ကျွန်မအမျိုးသားသင်္ဘောတက်ပြီးတစ်ပတ်အကြာမှာ သင်္ဘောပေါ်မှာ ကွယ်လွန်ခဲ့ပါတယ်။မြန်မာနိုင်ငံပင်လယ်ကူးသင်္ဘောသား အလုပ်သမားများအဖွဲ့ချုပ်(MSF)ရဲ့ကူညီဆောင်ရွက်မှုနဲ့ အမျိုးသားအတွက်သာမက ကျန်ရစ်သူကလေးတွေအတွက်ပါ ရရှိခဲ့ပါတယ်"ဟု ပြောကြားထားသည်။
မြန်မာနိုင်ငံပင်လယ်ကူးသင်္ဘောသား အလုပ်သမားများအဖွဲ့ချုပ်(MSF)အနေဖြင့် ကျန်ရစ်သူမိသားစုကိုသေဆုံးသင်္ဘောသားအတွက် အသက်အာမခံအမေရိကန်ဒေါ်လာသုံးသောင်း (USD-30,000) ၊ မိသားစုရှိ (၁၈) နှစ်အောက် ကလေး (၃) ဦးအတွက် တစ်ဦးလျှင် အမေရိကန်ဒေါ်လာခုနစ်ထောင် (USD-7,000) ၊ စုစုပေါင်းကလေး (၃) ဦးအတွက် ထောက်ပံ့ကြေး အမေရိကန်ဒေါ်လာနှစ်သောင်းတစ်ထောင် (USD-21,000) ခံစားခွင့်ရှိသောကြောင့် စုစုပေါင်းအမေရိကန်ဒေါ်လာငါးသောင်းတစ်ထောင် (USD-51,000) အားလျော်ကြေးအဖြစ် ရရှိမည်ဖြစ်ကြောင်း အကြံပြုခဲ့သည့်အတွက် လျော်ကြေးငွေ ကန်ဒေါ်လာ51000ရရှိခဲ့ကြောင်း သိရသည်။
Yangon Times/tthl
#Local_News
#Published_ 7 February 2024
#YMG #Yangon_Times #Yangon_Media_Group
Published 7 February 2024
မင်္ဂလာဒုံမြို့နယ်၊ ချစ်တီးကုန်း ရပ်ကွက်၊ အောင်မင်္ဂလာအဝေးပြေးဝင်း တနင်္သာရီလမ်း (ပ)ယာဉ်ရပ်နားကွင်းအတွင်းဖေဖေါ်ဝါရီ ၅ရက်က မီးလောင်မှုကြောင့် ပျက်စီးခဲ့သည့် ကားဂိတ်အဆောက်အဦးများကို အမြန်ဆုံးပြုပြင်တည်ဆောက်သွားမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှသိရသည်။
အဆိုပါ မီးလောင်သည့်နေရာကို ရန်ကုန်ဒုတိယမြို့တော်ဝင် ဦးညီညီနှင့်အဖွဲ့သည် ဖေဖေါ်ဝါရီ ၆ရက် နံနက်ပိုင်းက သွားရောက်ကြည့်ရှုစစ်ဆေးပြီး မီးလောင်ပျက်စီးပြီး ကြွင်းကျန်ရစ်သည့် စွန့်ပစ်ပစ္စည်းများအမြန်သိမ်းဆည်းရေးနှင့် ဂိတ်အဆောက်အဦးများ အမြန်ဆုံးပြန်လည်ပြုပြင်တည်ဆောက်ရန်မှာကြားခဲ့ကာ လိုအပ်သည်များပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။
အဆိုပါမီးလောင်မှုဖြစ်စဉ်သည် ဖေဖော်ဝါရီလ ၅ ရက်နေ့ နံနက် ၅ နာရီခွဲအချိန်က ရွှေလင်းယုန်ဂိတ်အတွင်းရှိ Water Cooler အပူလွန်ကဲရာမှ မီးစတင်လောင်ကျွမ်းပြီး ၅ နာရီ ၄၈ မိနစ်တွင် မီးငြိမ်းသတ်နိုင်ခဲ့ကြောင်းသိရသည်။
မီးလောင်မှုကြောင့် ရွှေလင်းယုန်ကားဂိတ်၊ သိန်းသန်းကျော်ကားဂိတ်၊ ရာဇာမင်းကားဂိတ်၊ ဝင်းကားဂိတ်နှင့် အောင်ကျော်ဇောကားဂိတ်တို့ မီးလောင်ကျွမ်းပြီး ရွှေလင်းယုန်ကားဂိတ်အတွင်း ညစောင့်အမျိုးသား (၃) ဦး သေဆုံးကြောင်း သိရသည်။
Yangon Times/LW
#Local_News
#Published_ 7 February 2024
#YMG #Yangon_Times #Yangon_Media_Group
ဝူရှူးအားကစားနည်း စိတ်ဝင်စားသူတွေအတွက် နွေရာသီသင်တန်း အခမဲ့သင်ကြားပေးမှာပါ အသက် ၅နှစ်ကစပြီး သင်ကြားနိုင်တယ် သင်တန်းသားဦးရေ ကန့်သတ်ထားခြင်းမရှိပါဘူး စိတ်ဝင်စားလို သင်တန်းတက်လိုသူတွေ အနေနဲ့ နဲ့မန္တလေးဝူရှူးအသင်းရဲ့ ဖုန်းနံပတ်၀၉၄၄၄၀၂၉၂၀၀၊ ၀၉၇၇၇၇၉၉၉၆၆ ကိုဆက်သွယ်စာရင်းပေးနိုင်ပါတယ်၊
#Local_News
Published_ 7 February 2024
#ဝူရှူးအားကစားနည်း #
#YMG/LW #Yangon_Times
ငွေခေတ် အားကစားသမားဂိုးအောင်ကျော်ကျော်ကို ဂိုးနည်းပြအဖြစ်ပြန်ခေါ် "ဗီယက်နမ်ဆီးဂိမ်းပြီးချိန်မှာ အနားယူခဲ့တဲ့ ငွေခေတ်အားကစားသမား၊ဂိုးသမားအောင်ကျော်ကျော်ကို ရန်ကုန်ယူနိုက်တက်လူငယ်အသင်းအတွက်ဂိုးနည်းပြအဖြစ်ခေါ်ယူလိုက်ပြီဖြစ်တယ်"
Yangon United Football Club
#Local_News
Published_ 7 February 2024
#ဂိုးသမားအောင်ကျော်ကျော် #ဂိုးနည်းပြအဖြစ်ပြန်လည်ခေါ်ယူ
#tthl #Yangon_Times
'ပြီးခဲ့တဲ့နှစ် ဖရဲရာသီချိန်က တရုတ်နိုင်ငံကိုတင်ပို့ခဲ့တာကြောင့် ၁၆ တန်တင်နိုင်တဲ့ ၁၂ဘီး ဖရဲကားတစ်စီးကို ကျပ်သိန်း ၁၇၀ အထိ အမြတ်အစွန်းရရှိပေမယ့် အခုနှစ်ရာသီချိန်မှာတော့ပြည်တွင်းဈေးကွက်သာအားထားနေရတာကြောင့် ဖရဲကားတစ်စီးကို ကျပ်၁၀သိန်းခန့်သာ အမြတ်အစွန်းရရှိနိုင်တော့တယ်၊ မရှုံးပေမယ့်မကိုက်ဘူး ၊ 'ခရမ်းမြို့နယ်က ဖရဲစိုက်ပျိုးသူ စိုင်းကျော်မိုး
#Local_News
Published_ 7 February 2024
#တွက်ခြေကိုက်မှုနည်းပါးနေ #ဖရဲစိုက်တောင်သူ
#YMG/NN #Yangon_Times
Published 7 February 2024
မော်လမြိုင်မြို့ တွင် နှစ်ကျိတ်ရှစ်ဆူဘုရားပွဲ လှည့်လည်ပူဇော်ပွဲကို ယခုဖေဖေါ်ဝါရီလ တတိယအပတ်တွင် ပြန်လည် ပြုလုပ်မည်ဖြစ်ကြောင်း နှစ်ကျိတ်ရှစ်ဆူဘုရားလှည့်လည်ပူဇော်ပွဲ ကျင်းပရေးကော်မတီထံက သိရသည်။
နှစ်၁၀၀ကျော် သက်တမ်းရှိ အဆိုပါ လှည့်လည်အပူဇော်ခံပွဲကို နှစ်စဉ်ကျင်းပပြုလုပ်ခဲ့ရာ ပြီးခဲ့သည့် ကိုဗစ်ကာလ က မှ ၃နှစ်ခန့် ရပ်နားခဲ့ပြီး ယခု ၂၀၂၄ ခုနှစ်မှာပြန်လည်ကျင်းပပြုလုပ်ခြင်း ဖြစ်ကြောင်းသိရသည်။
နှစ်ကျိတ်ရှစ်ဆူဘုရား လှည့်လည်ပူဇော်မှုကိုဖေဖော်ဝါရီလ ၂၁ ရက်နေ့ ညနေပိုင်းတွင် မြို့တွင်းသတ်မှတ်ထားသည့် လမ်းများအတိုင်း လေးရက်တာ လှည့်လည်အပူဇော်ခံမည်ဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် လှည့်လည်အပူဇော်ခံမည့် မော်တော်ယာဉ်များ ပြင်ဆင်ခြင်းများ စတင်ဆောင်ရွက်နေပြီဖြစ်ကြောင်း သိရသည်။
မော်လမြိုင်မြို့၏ နှစ်ကျိပ်ရှစ်ဆူဘုရားပူဇော်ပွဲကို ၁၉၁၆ ခုနှစ်တွင် ပန်းဘဲတန်းရပ်ကွက်မှစတင်ကာ ကုသလဝါယမအသင်းက ဦးဇိနစေတီတော်ကို ဘုရားမီးပူဇော်ရန် ရည်ရွယ်ချက်ဖြင့် စတင်ကျင်းပခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါကာလက အထမ်းဖြင့် ဘုရားများကိုလှည့်လည်ပူဇော်ခဲ့ကြပြီး ၁၉၄၆ ခုနှစ်မှ စတင်ပြီး မော်လမြိုင်အမတ် သခင်သင်းလှိုင်တို့ ဦးစီးပြီး မြို့လုံးကျွတ်လှည့်လည်ပွဲအဖြစ် ပြောင်းလဲကျင်းပခဲ့ခြင်းဖြစ်ကြောင်းနှင့် နှစ်စဉ်တပို့တွဲလဆန်းကာလအတွင်း ကျင်းပလေ့ရှိကြောင်း သိရသည်။
Yangon Times/LW
#Local_News
#Published_ 7 February 2024
#YMG #Yangon_Times #Yangon_Media_Group
#Local_News
Published 7 February 2024
လာမည့် ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်တွင် ပုသိမ်ထီး အကြမ်းပြုလုပ်ခြင်းနှင့် ဆေးခြယ်ရေးသင်တန်း ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း အလုပ်သမားဝန်ကြီးဌာနမှ သိရသည်။
အဆိုပါ သင်တန်းအားပုသိမ်မြို့ရှိ ကျွမ်းကျင်မှုလေ့ကျင့်ရေးသင်တန်းကျောင်း၌ဖွင့်လှစ်သွားမည်ဖြစ်ကာ သက်ဆိုင်ရာဌာနများ၊ MSME လုပ်ငန်းရှင်များနှင့် အသင်းအဖွဲ့များ ပူးပေါင်း၍ ဖွင့်လှစ်ပို့ချနိုင်ရေး ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။
ဧရာဝတီတိုင်းဒေသကြီးသည် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ MSME ပိုမိုဖြစ်ထွန်းသောဒေသဖြစ်၍ နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်ချက်နှင့်အညီ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကျွမ်းကျင်လုပ်သားများ မွေးထုတ်ပေးနိုင်ရန် MSME သင်တန်း များဖြစ်သည့် လယ်ယာသုံးစက်ကိရိယာများ အသုံးပြုနည်းနှင့် ပြုပြင်နည်းသင်တန်း၊ လယ်ယာသုံး ဓာတ်မြေဩဇာကို ဒေသထွက်ကုန်ကြမ်းများနှင့် အချိုးအစားမှန်ကန်စွာ ပြုလုပ်နည်းနှင့် စနစ်တကျအသုံးပြုနည်းသင်တန်း အစရှိသည့် သင်တန်းများကိုလည်း ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်အတွင်း ဖွင့်လှစ်ပို့ချနိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ပုသိမ်မြို့ရှိ ကျွမ်းကျင်မှုလေ့ကျင့်ရေးသင်တန်းကျောင်းသည် ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် ၆ လအတွင်း လျှပ်စစ်နှင့်ဂဟေသင်တန်းတွင် သင်တန်းသား ၈၀ ဦး၊ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် လျှပ်စစ်နှင့်လေအေးပေးစက် တပ်ဆင်ပြုပြင်သင်တန်းတို့တွင် သင်တန်းသား ၁၀၀ ဦး မွေးထုတ်ခဲ့ပြီး ယခု ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် လျှပ်စစ်နှင့်လေအေးပေးစက် တပ်ဆင်ပြုပြင် သင်တန်းတို့တွင် သင်တန်းသား ၁၀၀ ဦး သင်တန်းပို့ချခဲ့ကြောင်း သိရသည်။
ထို့အပြင် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် ကျွမ်းကျင်မှု စစ်ဆေးအကဲဖြတ်ခြင်းအနေဖြင့် လျှပ်စစ်အလုပ်အကိုင် ကျွမ်းကျင်မှု အဆင့် ၁ နှင့် ၂၊ အုတ်စီအလုပ်အကိုင်နှင့် လက်သမားအလုပ်အကိုင်တို့အတွက် ကျွမ်းကျင်မှု စစ်ဆေး အကဲဖြတ်ရေးဌာနများ တည်ထောင်ကာ စစ်ဆေးအကဲဖြတ်ခြင်းဆောင်ရွက်ခဲ့ရာ လျှပ်စစ်အလုပ်အကိုင် ကျွမ်းကျင်မှု အဆင့် ၁ အတွက် ၂၀၃ ဦး၊ အဆင့် ၂ အတွက် ၆၃ ဦး၊ လက်သမားကျွမ်းကျင်မှု အဆင့် ၁ အတွက် ၂၁ ဦး၊ အုတ်စီ ကျွမ်းကျင်မှု အဆင့် ၁ အတွက် ၂၃ ဦး စစ်ဆေးနိုင်ခဲ့ကြောင်းလည်း သိရသည်။
#Local_News #ပုသိမ်ထီးအကြမ်းပြုလုပ်ခြင်း #ဆေးခြယ်ရေးသင်တန်းဖွင့်လှစ် #YMG /NN #Yangon_Times
Page 645 of 2041