#Local_News
Published_ 25 April 2023
Online Shoppingမှဝယ်သူများအနေဖြင့် Online စာမျက်နှာတွင် ကြေညာထားသည့် ပစ္စည်းနှင့် အမှန်တကယ်လက်ခံရရှိသည့်ပစ္စည်း အရည်အသွေး ကွဲလွဲမှုတွေရှိပါက စာသုံးသူရေးရာဦးစီးဌာနကို ဆက်သွယ်တိုင်ကြားနိုင်ကြောင်း အဆိုပါဌာနမှသိရသည်။ လက်ရှိမှာ Online shop တွေမှာ ဆက်သွယ်ဝယ်ယူသူတွေအနေနဲ့ ဝယ်သည့်ပစ္စည်းအရည်အသွေးကွဲလွဲမှုတွေရှိနေတာဖြစ်သည်။
Online Shopping နှင့်ပတ်သက်၍ ငွေပေးချေပြီးသည့်အခါ ပစ္စည်းပေးပို့ခြင်း၊ Page စာမျက်နှာဖော်ပြထားသည့် ဖုန်းနံပတ်များဆက်သွယ်၍မရခြင်း၊ ကုန်ပစ္စည်းတွေပါဝင်သည့် သတင်းအချက်အလတ်များချဲ့ကားဖော်ပြခြင်း စသည့် အခက်အခဲများကို စားသုံးသူများကြုံတွေ့နေရခြင်းဖြစ်ကြောင်း သိရသည်။
ထိုသို့အခက်အခဲများဖြစ်ပေါ်ပါက စားသုံးသူရေးရာဦးစီးဌာန တရားဝင် Website ၊ စားသုံးသူရေးရာဦးစီးဌာန၏ Call Center နံပတ် ( 1535)၊ စားသုံးသူရေးရာဦးစီးဌာန၏ Facebook စာမျက်နှာ၊ ပြည်ထောင်စုနယ်မြေ တိုင်ဒေသကြီးပြည်နယ်တို့တွင်ဖွင့်လှစ်ထားသည့် တိုင်ကြားမူလက်ခံဆောင်ရွက်ရေးစင်တာများတွေ တိုင်ကြားနိုင်ကြောင်း သိရသည်။
#ymg/yn #Local_News #Online #လက်ခံရရှိသည့်ပစ္စည်း #တိုင်ကြားနိုင်
#YMG #Yangon-Media-Group
- Category: Myanmar
- Hits: 242
#Local_News
Published_ 25 April 2023
ရွှေတိဂုံစေတီတော်မြတ်ကြီးတွင် လာမည့်ကဆုန်လပြည့်နေ့မေလ (၃)ရက်တွင် ကဆုန်ညောင်ရေသွန်းလောင်းလှူ ပူဇော်ပွဲကျင်းပမည်ဖြစ်ကြောင်းဂေါပကအဖွဲ့ထံမှ သိရသည်၊၊
ယခုနှစ်ကျင်းပသည့် ကဆုန်ညောင်ရေသွန်းပွဲသည်ရွှေတိဂုံစေတီတော်ကြီး၏ (၄၀)ကြိမ်မြောက် ကဆုန်ညောင်ရေသွန်းလောင်းလှူပူဇော်ပွဲဖြစ်သည်ဟု ဆိုသည်၊၊
ကဆုန်ညောင်ရေသွန်းလောင်းလှူ ပူဇော်ပွဲဖွင့်ပွဲ အခမ်းအနားကို စေတီတော်ရင်ပြင်အင်္ဂါထောင့် မဟာဗောဓိညောင်ပင်၌ကျင်းပမည်ဖြစ်ပြီး ရွှေတိဂုံစေတီတော်သြဝါဒစရိယ ဆရာတော်ကြီးများ၊ဘဏာတော်ထိန်းဂေါပကအဖွဲ့ဝင်လူကြီးများ၊ ဂေါပကအဖွဲ့ရုံးဝန်ထမ်းများ၊ ဗုဒ္ဓဝေယျာဝစ္စအသင်းများ ဖွင့်ပွဲအခမ်းအနားကျင်းပကြမည် ဖြစ်သည်၊၊
ဘုရားဖူးပြည်သူများ ကဆုန်ညောင်ရေသွန်းနိုင်ရန် ရင်ပြင်တော်ထောင့်လေးထောင့်ရှိ ညောင်ပင်များတွင် ဗုဒ္ဓဝေယျာဝစ္စအသင်းများနှင့် ဝန်ထမ်းများကညောင်ရေသွန်းနိုင်ရန်စီစဉ်ဆောင်ရွက်ပေးထားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်၊၊
#ymg/tthl #ရွှေတိဂုံစေတီတော် #ကဆုန်ညောင်ရေသွန်း
#YMG #Yangon_Media_Group
- Category: Myanmar
- Hits: 229
#Local_News
Published-25 April 2023
ထိုင်းနိုင်ငံ အီလက်ထရွန်းနစ် စက်ရုံမှအလုပ်ထုတ်ခံရသည့် MOU မြန်မာလုပ်သားများ ယခုအပတ်အတွင်းအလုပ် ပြန်ရရှိနိုင်ရန်ကွင်းဆင်းဆောင်ရွက်နေကြောင်း ဗန်ကောက်မြို့ရှိ မြန်မာ အလုပ်သမားသံအရာရရှိရုံးက သိရသည်။
ထိုင်းနိုင်ငံ စမုစခွန်ခရိုင်ရှိ Cal-Comp အီလက်ထရွန်းနစ်စက်ရုံမှ အလုပ်ထုတ်ပယ်ခံရသည့် MoU အလုပ်သမားများ အလုပ်အကိုင်သစ်အမြန်ရရှိရေးအတွက် ရည်ရွယ်၍ အလုပ်သမားသံအရာရှိရုံးမှ စမုစခွန်နယ်မြေ၊ အလုပ်အကိုင်ဌာနရုံး၌ ရုံးတာဝန်ခံအရာရှိများ၊ သက်ဆိုင်ရာ ထိုင်းဘတ်ငါးသန်းအေဂျင်စီများ၊ စက်ရုံမှ တာဝန်ရှိသူများဖြင့် အသေးစိတ် ညှိနှိုင်းဆွေးနွေးလျှက်ရှိပြီး Cal-Comp စက်ရုံ သို့မဟုတ် အခြားအလုပ်အကိုင်သစ်ရရှိရေး စောင့်ဆိုင်းသူများအတွက် ယခုရက်သတ္တပတ်အတွင်း ကွင်းဆင်းညှိနှိုင်းဆောင်ရွက်ရန် စီစဉ်ဆောင်ရွက်နေကြောင်း ဧပြီလ ၂၄ရက်က ထုတ်ပြန်ထားသည်။
ထို့အပြင်ထိုင်းနိုင်ငံ စမုစခွန်ခရိုင်ရှိ Cal-Comp Electronics စက်ရုံမှ အလုပ်ထုတ်ပယ်ခံရသည့် MOU အလုပ်သမားများအလုပ်ပြန်လည်ခန့်အပ်နိုင်ရေးအတွက် ရည်ရွယ်၍ အလုပ်ရှင်များနှင့်တွေ့ဆုံဆွေးနွေးခဲ့ရာ အလုပ်ပြန်ခန့်အပ်ပါက နှစ်ဆိုင်းမှသုံးဆိုင်းသိုပြောင်းလဲသတ်မှတ်ရမည်ဖြစ်ကြောင်း၊ ထိုသို့ဆောင်ရွက်လျှင် ထပ်မံဆန္ဒပြမည်ကိုစိုးရိမ်ကြောင်း၊ ခန့်ထားဆဲအလုပ်သမားများနှင့်ပြန်လည်ခန့်အပ်ရမည့်အလုပ်သမားများက သုံးဆိုင်းဖြင့် လုပ်ကိုင်ရန်သဘောတူညီချက်လိုအပ်ကြောင်းသိရပြီး အလုပ်သမားသံအရာရှိရုံးမှသက်ဆိုင်ရာတာဝန်ရှိသူများနှင့်ဆက်လက်ဆွေးနွေးလျက်ရှိကြောင်း သိရသည်။
ပြီးခဲ့သည့် မတ်လ ၃၀ ရက်က စမုစခွန်ခရိုင်ရှိ Cal-Comp Electronics စက်ရုံမှ အလုပ်သမား ၁၀၅၇ဦး အလုပ်ထုတ်ခံခဲ့ရခြင်း ဖြစ်သည်။
#ymg/pl #Local_News #Cal-Comp Electronics #MoU မြန်မာလုပ်သား #အလုပ်သမားသံအရာရှိ #YMG #Yangon-Media-Group
- Category: Myanmar
- Hits: 248
#Local_News
Published_ 25 April 2023
ပြည်တွင်း စားသုံးဆန်ဈေးနှုန်းများ မြင့်တက်စေရန် ရည်ရွယ်ချက်ဖြင့် ဆောင်ရွက်နေသူများ ရှိနေတာကြောင့် ဆန်ဈေးနှုန်း တည်ငြိမ်စေရန်နှင့် ပစ္စည်းမှန်၊ ဈေးနှုန်းမှန် ၊ အရောင်းအဝယ်မှန် ဖြစ်စေရေး ထိန်းကျောင်းဆောင်ရွက်သွားရန် လုပ်ဆောင်မယ်လို့ မြန်မာနိုင်ငံဆန်စပါးအဖွဲ့ချုပ်က သိရသည်။
ဆန်ဈေးမြင့်တက်စေရန်နှင့် စားသုံးသူပြည်သူများအတွက် စိုးရိမ်ထိတ်လန့်စေရန် လှုံ့ဆော် ဆောင်ရွက်သူများ၊ Online ပေါ်တွင် စိုးရိမ်စိတ် တိုးပွါးစေရန် မမှန်သော ဈေးနှုန်းများ၊ မမှန်သော သတင်းအချက်အလက် တင်နေသူများကို ရှာဖွေစီစစ်သွားမည်ဟု ဆိုသည်။
လက်တလောတွင် ဆန်ဈေးများဆက်တိုက်မြင့်တက်လာမည်ဟုသော သတင်းအမှားများကို လူမှုကွန်ယက်မှ တဆင်ဖြန့်ဝေမှုများလဲရှိနေကြောင်း သိရသည်။
ထို့အပြင်ဆန်စပါးကုန်သည်များအသင်း၊ ကုန်စည်ဒိုင်များ၊ ဆန်စက်ပိုင်များ၊ ဆန်ကုန်သည်များ၊ ကုမ္ပဏီများနှင့် ပူးပေါင်းကာ ဆန်ဈေးကစားမှုများကို ထိန်းချုပ်သွားရန်စီစဉ်နေကြောင်း သိရသည်။
သင်္ကြန်ကာလအပြီးတွင် ရန်ကုန်သို့ဆန်အဝင်နည်းသွားပြီး ပြည်တွင်းစားသုံးဆန်အချောအမျိုးအစားအလိုက်တစ်အိတ်လျင်၁၅၀၀မှ၂၀၀၀ကြားဈေးမြင့်တက်နေကြောင်းဆန်ကုန်သည်များထံမှသိရသည်။
#ymg/ppk #Local_News #ဆန်ဈေး #သတင်းမှား
#YMG #Yangon-Media-Group
- Category: Myanmar
- Hits: 309
#Local_News
Published _24 April 2023
နိုင်ငံရေးအရ တည်ငြိမ်အေးချမ်းစွာ လျှောက်လှမ်းနိုင်မည့် ရလဒ်များ ရရှိနေပြီဖြစ်ကြောင်း နစက ဥက္ကဌက ဧပြီလ ၂၄ ရက်တွင် ပြုလုပ်ခဲ့သောပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ်ပညာရေးဘွဲ့ ၅ နှစ်သင်တန်း အမှတ်စဉ်(၅) ကျောင်းသား၊ ကျောင်းသူများနှင့်တွေ့ဆုံအမှာစကားပြောကြားသည့်အခမ်းအနားအတွင်း ထည့်သွင်းပြောကြားလိုက်သည်။
နစက အနေဖြင့် တာဝန်ယူခဲ့သည့် ကာလအတွင်း ၂၀၂၂ ခုနှစ်ကို ငြိမ်းချမ်းရေးနှစ်အဖြစ် သတ်မှတ်ပြီး ပြည်တွင်းလက်နက်ကိုင် ပဋိပက္ခများချုပ်ငြိမ်းရေး၊ ရေရှည်တည်တံ့ ခိုင်မြဲသည့် ထာဝရငြိမ်းချမ်းရေးရရှိရန်အတွက် ကိုယ်တိုင်ကိုယ်ကျ တွေ့ဆုံဆွေးနွေးနိုင်ရေး ဖိတ်ခေါ်ကမ်းလှမ်းခဲ့ကြောင်း၊ ယနေ့အထိ NCA လက်မှတ်ရေး ထိုးပြီးဖြစ်သည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့(၇)ဖွဲ့နှင့် လက်မှတ်ရေးထိုးခြင်း မပြုရသေးသည့် လက်နက်ကိုင် အဖွဲ့(၃)ဖွဲ စုစုပေါင်း(၁၀)ဖွဲ့တို့က ကိုယ်စားလှယ်များနှင့် တွေ့ဆုံဆွေးနွေးနေကြောင်းလည်း ၎င်းက ပြောသည်။
ယင်းသို့ ဆွေးနွေးရာတွင် နိုင်ငံရေးအရ တည်ငြိမ်အေးချမ်းစွာ လျှောက်လှမ်းနိုင်မည့်ရလဒ်များ ရရှိနေပြီဖြစ်ကြောင်း၊ ငြိမ်းချမ်းရေးစားပွဲဝိုင်းကို ရောက်ရှိလာ ခြင်းမရှိသေးသည့် တိုင်းရင်းသားအဖွဲ့ အစည်းများကိုလည်း ကြိုတင်ကန့်သတ်ချက် တစ်ခုမှမထားဘဲ တွေ့ဆုံဆွေးနွေးခြင်းကို အစဉ်အမြဲ တံခါးဖွင့်ကြိုဆိုထားကြောင်း နစက ဥက္ကဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။
ထို့အပြင် တပ်မတော်အနေဖြင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးကို ၂၂ ကြိမ်ထုတ်ပြန်ခဲ့ပြီး ၂၀၂၃ ခုနှစ်ကုန်သည်ထိ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးကို တိုးမြှင့်ပေးထားပြီး ဖြစ်ကြောင်း၊ လက်နက်ကိုင်လမ်းစဉ်နှင့် လက်နက်ကိုင်ပဋိပက္ခများကို စွန့်ခွာပြီး တွေ့ဆုံဆွေးနွေးခြင်းက တစ်ဆင့် မှန်ကန်သည့် နိုင်ငံရေးလမ်းကြောင်းဖြစ်သော NCA အတိုင်း ငြိမ်းချမ်းစွာလျှောက်လှမ်းကြမှသာ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံ သည့် ပြည်ထောင်စုနိုင်ငံတော်ကို တည်ဆောက်နိုင်မည်ဖြစ်ကြောင်းလည်း ပြောသည်။
#ymg/pl #Local_News #နိုင်ငံရေး #နစက
#YMG #Yangon_Media_Group
- Category: Myanmar
- Hits: 131
#Local_News
Published_ 24 April 2023
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန စားသုံးဆီတင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေး ကော်မတီအနေနဲ့ ဧပြီလ ၂၄ ရက်မှ မေလ ၁ရက်နေ့အထိ စားသုံးဆီရည်ညွှန်းသတ်မှတ်ဈေးမှာ တစ်ပိဿာ ငွေကျပ် ၄၆၈၀ ကျပ်ဖြစ်ကြောင်း ထုတ်ပြန်ထားပါတယ်။
#Local_News #စားသုံးဆီ #ရည်ညွှန်းသတ်မှတ်ဈေး
#YMG #Yangon_Media_Group
- Category: Myanmar
- Hits: 257
#Local_News
Published_ 24 April 2023
မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ်၊ ကျွဲတပ်ဆုံရှာဖွေစစ်ဆေးရေးစခန်းအား ရှောင်ကွင်းသယ်ဆောင်လာတဲ့ ငွေကျပ် ၁၀ ဘီလီယံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးနှင့် စိတ်ပြောင်းဆေးဝါးများ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့က သိရပါတယ်။
#Local_News #မန္တလေး #မူးယစ်ဆေးဖမ်းမိ
#YMG #Yangon_Media_Group
- Category: Myanmar
- Hits: 213