#Local_News
Published 30 September 2024
▪️ ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့တွင် မီးလောင်မှုတစ်ခု ယနေ့မနက်ပိုင်း၌ ဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်ဦးစီးဌာနမှ သိရသည်။
▪️ စက်တင်ဘာ ၃၀ ရက်နေ့၊ မနက် ၂နာရီ ၂၅ မိနစ်အချိန်ခန့်က ရှမ်းပြည်နယ်၊ တောင်ကြီးခရိုင်၊ တောင်ကြီးမြို့၊ ရေအေးကွင်းရပ်ကွက်၊ ဗိုလ်ချုပ်အောင်ဆန်းလမ်းရှိ ဆိုင်ခန်းတစ်ခုတွင် မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
▪️ အဆိုပါ သတင်းရရှိသဖြင့် ရှမ်းပြည်နယ်မီးသတ်ဦးစီးမှူးရုံးမှ အုပ်ချုပ်မှုယာဉ်(၁)စီး၊ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ မီးသတ်ရေသယ်ယာည်(၁)စီး၊ တောင်ကြီးခရိုင်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၂)စီး၊ တောင်ကြီးမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၄)စီး၊ မီးသတ်ရေသယ်ယာဉ်(၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များဖြင့် ထွက်ခွာငြှိမ်းသတ်ခဲ့ရာ မနက် ၂နာရီ ၄၅ မိနစ်အချိန်တွင် မီးငြိမ်းခဲ့ပြီး မီးလောင်မှုဖြစ်စဉ်နှင့် ဆုံးရှုံးမှုများအား ဆက်လက်စုံစမ်းနေကြောင်း သိရသည်။
#YMG/NN #Yangon_Times
#Local_News
Published 30 September 2024
▪️ မလေးရှား၊ လူမှုရေးပရဟိတအသင်းအဖွဲ့များမှ မြန်မာ့ရေဘေးသင့်ဒေသများသို့ လှူဒါန်းသည့်ပစ္စည်းများအား နိုင်ငံတစ်ဝှမ်းရှိ ရေဘေးသင့်ပြည်သူများထံသို့ ဆက်လက်ဖြန့်ဝေပေးပို့သွားမည်ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနမှ သိရသည်။
▪️ အဆိုပါ မလေးရှားနိုင်ငံရှိ လူမှုရေးပရဟိတအသင်းအဖွဲ့များမှ မြန်မာနိုင်ငံရှိရေဘေးသင့်ဒေသများသို့ လှူဒါန်းသည့် လှူဒါန်းပစ္စည်းများအား မြန်မာသံရုံး၊ ကွာလာလမ်ပူမြို့၏ အစီအစဉ်ဖြင့် ပထမအကြိမ်ပေးပို့ခဲ့ကြောင်း သိရသည်။
▪️ မြန်မာသံအမတ်ကြီး ဦးအောင်စိုးဝင်းဦးဆောင်သည့် သံရုံးကိုယ်စားလှယ်အဖွဲ့သည် မလေးရှားနိုင်ငံရှိ လူမှုရေးပရဟိတအသင်းများမှ မြန်မာနိုင်ငံရှိ တိုင်းဒေသကြီး/ပြည်နယ် အချို့တွင် မကြာသေးမီက မိုးသည်းထန်စွာ ရွာသွန်းခဲ့ပြီး ရေကြီး၊ ရေလျှံမှုများဖြစ်ပွားလျက် ရှိသည့် ရေဘေးသင့်ပြည်သူများအတွက် သဒ္ဓါတရား ထက်သန်စွာ လှူဒါန်းသည့် လှူဒါန်း ပစ္စည်းများအနက် ပထမအသုတ်အဖြစ်လှူဒါန်းသည့် ကီလို ၅၀၀၀ အား စက်တင်ဘာ၂၈ ရက်နေ့ မနက် ၁၀နာရီခွဲ အချိန်တွင် မလေးရှားအပြည်ပြည်ဆိုင်ရာ လေဆိပ်၌ လက်ခံရရှိခဲ့ကြောင်းသိရသည်။
▪️ အဆိုပါ လှူဒါန်းပစ္စည်းများတွင် အဝတ်အထည် (လူကြီး/ကလေး)၊ အနွေးထည်၊ ဖိနပ်မျိုးစုံ (လူကြီး/ကလေး) နှင့် စောင်တို့ပါဝင်ပါကြောင်းနှင့် ၎င်းတို့အား မြန်မာ သံရုံး၊ ကွာလာလမ်ပူမြို့ ၏ အစီအစဉ်ဖြင့် စက်တင်ဘာ ၂၈ ရက်နေ့တွင် မလေးရှားနိုင်ငံမှ မြန်မာနိုင်ငံသို့ မြန်မာအပြည်ပြည် ဆိုင်ရာ လေကြောင်းဖြင့် ပို့ဆောင်ပေးခဲ့ ကြောင်းသိရသည်။ ထို့အပြင် လှုဒါန်းပစ္စည်းများအား မြန်မာနိုင်ငံ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာ ချထားရေးဝန်ကြီးဌာန၏ အစီအစဉ်ဖြင့် မြန်မာနိုင်ငံတစ်ဝှမ်းရှိ ရေဘေးသင့်ပြည်သူများ ထံသို့ ဆက်လက်ဖြန့်ဝေပေးပို့သွားမည်ဖြစ်ကြောင်းသိရသည်။
▪️ မြန်မာသံရုံးအနေဖြင့်လည်း လှူဒါန်းပစ္စည်းများအား ဒုတိယအကြိမ် ဆက်လက်ပို့ဆောင် နိုင်ရေးနှင့် မြန်မာနိုင်ငံရှိရေဘေးသင့်ပြည်သူများထံသို့ အဆင်ပြေချောမွေ့စွာရောက်ရှိစေရေး မလေးရှားနိုင်ငံရှိ ပရဟိတအဖွဲ့အစည်းများနှင့်ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
#YMG/NN #Yangon_Times
#Daily_News
Published 28 September 2024
၁။ ရန်ကုန်မြစ်ရေ ထူးကဲဒီရေတက်နိုင်၍ မြစ်ကမ်းဘေးနေသူများ သတိထားရန်ထုတ်ပြန်
၂။ သီတင်းကျွတ်ပိတ်ရက် ချောင်းသာကိုသွားရန် ဘိုကင်တင်ထားသူ(၆၀)ရာခိုင်နှုန်းပြည့်နေ
၃။ နိုဝင်ဘာလကုန် မတိုင်မီ ပို့ကုန်ရငွေများ အမြန်ဆုံးပေးသွင်းရန်နှင့် ပျက်ကွက်သူများအား အရေးယူမည်ဟု ဗဟိုဘဏ်ထပ်မံအသိပေး
၄။ တရုတ်ယွမ်ငွေ (၁၆)လအတွင်း ပထမဆုံးအနေဖြင့် တစ်ဒေါ်လာကို(၇)ယွမ်ကျော်ထိမြင့်တက်လာ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
#Local_News
Published 28 September 2024
▪️ တရုတ်သံရုံးနှင့် ကုမ္ပဏီများမှ မြန်မာရေဘေးသင့်ပြည်သူများအတွက် ငွေသားကန်ဒေါ်လာ(၁) သောင်း၊ ကျပ်သိန်း(၄၀၀၀)နှင့်သိန်း (၄၄၀)တန်ဖိုးရှိ စားသောက်ကုန်များလှူဒါန်းခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံးမှ သိရသည်။
▪️ မြန်မာနိုင်ငံဒေသအများအပြားတွင် ရာဂီမုန်တိုင်းဒဏ်ကို ပြင်းထန်စွာခံစားရပြီး များပြားသော လူထိခိုက် ေ-သဆုံးမှုနှင့် ပစ္စည်းဥစ္စာပျက်စီးဆုံးရှုံးမှုများ ဖြစ်ပွားခဲ့သောကြောင့်လှူဒါန်းခဲ့ခြင်းဖြစ်သည်။
▪️ မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံးက စက်တင်ဘာလ ၂၇ ရက်နေ့တွင် မြန်မာနိုင်ငံထံသို့ မြန်မာကျပ်ငွေ သိန်း ၄၄၀ ခန့်တန်ဖိုးရှိသည့် ခေါက်ဆွဲခြောက်၊ စည်သွပ်ဘူး၊ ဘီစကစ် စသည့် စားသောက်ကုန်ပစ္စည်းများ အရေးပေါ်လှူဒါန်းပေးအပ်ခဲ့သည်။
▪️ မြန်မာနိုင်ငံ တရုတ်လုပ်ငန်းရှင်များအသင်းနှင့် မြန်မာနိုင်ငံရှိ တရုတ်ကုမ္ပဏီများကလည်း လက်ငင်းငွေ အမေရိကန်ဒေါ်လာ ၁ သောင်း၊ မြန်မာကျပ်ငွေ သိန်း ၄၀၀၀ နှင့် အခြားကူညီကယ်ဆယ်ရေးပစ္စည်းများစွာလည်း လှူဒါန်းခဲ့ကြသည်။
▪️ ရေဘေးဒဏ်သင့်ဒေသမှ ပြည်သူများလည်း ရေဘေးကိုဆောလျင်စွာကျော်ဖြတ်နိုင်ပြီး အိမ်ရာပြန်လည်တည်ဆောက်နိုင်မည်ဟု ယုံကြည်ကြောင်းလည်းထုတ်ပြန်ချက်၌ ဖော်ပြထားသည်။
#YMG/tthl #Yangon_Times
အခုရက်ပိုင်းအတွင်း ဒေါ်လာဈေးနဲ့အတူ ရွှေဈေးနှုန်းတွေဆက်တိုက်ကျဆင်းနေပြီး ၂၀၂၄ ပြင်ဆင်ထားတဲ့ အခွန်အကောက်ဥပဒေဟာ လာမယ့်နိုဝင်ဘာလအတွင်းမှာ စတင်အသက်ဝင်မှာဖြစ်တာကြောင့် ရွှေဈေးအခုထက်ပိုတည်ငြိမ်နိုင်မယ်လို့ ရွှေဈေးကွက်ကျွမ်းကျင်သူတွေဆီက သိရပါတယ်။
#Local_News
Published 28 September 2024
#အခွန်အကောက်ဥပဒေ #ရွှေဈေးပိုတည်ငြိမ်နိုင်
#YMG/NN #Yangon_Times
ပြီးခဲ့တဲ့ ၂နှစ်ကျော်က တင်ပို့ထားတဲ့ ပို့ကုန်ရငွေတွေကိုပါ ၇၅ ရာခိုင်နှုန်းအထိရောင်းချနိုင်ဖို့ ဖြေလျှော့ထားပြီးဖြစ်တာကြောင့် လာမယ့်နိုဝင်ဘာလကုန် မတိုင်မီ ပို့ကုန်ရငွေတွေ အမြန်ဆုံးပေးသွင်းဖို့နဲ့ ပျက်ကွက်သူတွေကို အရေးယူသွားမယ်လို့ မြန်မာနိုင်ငံတော်ဗဟိုဘဏ်အသိပေးလိုက်ပါတယ်။
#Local_News
Published 28 September 2024
#ဗဟိုဘဏ်အသိပေး #ပို့ကုန်ရငွေများပေးသွင်းရန်
#YMG/NN #Yangon_Times
ရေဘေးကြောင့် အခုသီတင်းကျွတ်ပိတ်ရက်မှာ ချောင်းသာလာမယ့်သူတွေ မနှစ်ကထက်နည်းပေမယ့်ဟိုတယ်၊ တည်းခိုခန်းဘိုကင်(၆၀)ရာခိုင်နှုန်းပြည့်လာပြီး (၄၀)ရာခိုင်နှုန်းသာကျန်တော့တယ်လို့ သိရပါတယ်။
#Local_News
Published 28 September 2024
#သီတင်းကျွတ်ပိတ်ရက် #ချောင်းသာဘိုကင်တင်သူပြည့်
#YMG/tthl #Yangon_Times
Page 639 of 2358