#Daily_News
Published 30 September 2024
၁။ မိုးပါးသွား၍ရေပိုလွှဲမှ ရေကျော်သည့် ရေလှောင်တမံ (၄၇) ခုသာရှိတော့၊ အရင်ထက်လျော့နည်းလာ
၂။ ရေဘေးသင့် ကျေးရွာသားရာချီကို ကယ်ဆယ်ပေးခဲ့သည့်(၁၂)နှစ်အရွယ် 'မောင်ပေါများ'ကို ဂုဏ်ပြုဆုနှင့် လက်ဆောင်များချီးမြှင့်ခဲ့
၃။ အရဟံဖောင်ဒေးရှင်း၏ လေးနှစ်ပြည့်အခမ်းအနား၌ စာတမ်းလေးစောင်ဖတ်ကြားခဲ့
၄။ ယူကရိန်းစစ်ပွဲတွင်ထဲထဲဝင်ဝင် ပတ်သက်နေသည့် အနောက်တိုင်းနိုင်ငံများအား သတိပေးသည့်အနေဖြင့် ရုရှားနျူကလီးယားမူဝါဒလမ်းစဉ်ပြောင်းလဲဖွယ်ရှိ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
WatchVideo>>>
#YMG #Yangon_Times #Yangon_Media_Group
အခုရက်ပိုင်းဒေသအချို့မှာ မိုးပါးသွားလို့ရေပိုလွှဲမှ ရေကျော်တဲ့ ရေလှောင်တမံစုစုပေါင်း (၄၇) ခုသာရှိတော့ပြီး အရင်ကထက် ရေကျော်တဲ့ဆည်အရေအတွက်လျော့နည်းလာတယ်လို့ သိရပါတယ်။
#Local_News
Published 30 September 2024
#ရေကျော်တဲ့ဆည် #ရေလှောင်တမံစုစုပေါင်း(၄၇)ခု
#YMG/tthl #Yangon_Times
လေပွေလှိုင်းတွေရဲ့ အရှိန်၊လေအေးတွေရဲ့တွေ့ဆုံမှုကြောင့် ဒေသ(၁၄)ခုမှာ မိုးကြီးပြီး လေပြင်းတိုက်ခတ်ဖိုရှိတယ်လို မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သိရပါတယ်။
#Local_News
Published 30 September 2024
#လေပွေလှိုင်း #မိုးကြီးပြီးလေပြင်းတိုက်
#YMG/tthl #Yangon_Times
တစ်ပတ်တာအတွင်း ရွှေပြင်ပပေါက်ဈေးတစ်ကျပ်သားကို ကျပ်သုံးသိန်းခွဲကျော်ဝန်းကျင်ကျဆင်း လာပြီး အခေါက်ရွှေအရောင်းအဝယ်ကတော့ ပုံမှန်အတိုင်းရှိနေတာကြောင့် ဒီထက်အရောင်းပိုများလာရင်တော့ ဈေးဆက်ကျနိုင်တယ်လို့ ရွှေဈေးကွက်ထဲက သိရပါတယ်။
#Local_News
Published 30 September 2024
#ရွှေဈေးသုံးသိန်းခွဲကျော်ကျဆင်း #ဈေးဆက်ကျနိုင်
#YMG/NN #Yangon_Times
အရဟံဖောင်ဒေးရှင်း၏ လေးနှစ်ပြည့် အခမ်းအနား၌ သာသနာပြုအတွေ့အကြုံ စာတမ်းငယ်လေးစောင်ဖတ်ကြားခဲ့တယ်လို့ သိရပါတယ်။
#Local_News
Published 30 September 2024
#အရဟံဖောင်ဒေးရှင်း #စာတမ်းလေးစောင်ဖတ်ကြား
#YMG/NN #Yangon_Times
ရေဘေးသင့်ကျေးရွာသားရာချီကို ရေဘေးမှကယ်ဆယ်ပေးခဲ့တဲ့ (၁၂)နှစ်အရွယ် 'မောင်ပေါများ' အတွက် ဂုဏ်ပြုပွဲပြုလုပ်ပေးခဲ့ပြီး ဂုဏ်ပြုဆုငွေနဲ့ လက်ဆောင်တွေပေးအပ်ခဲ့တယ်လို့ သိရပါတယ်။
#Local_News
Published 30 September 2024
#ကျေးရွာသားရာချီကယ် #မောင်ပေါများ
#YMG/tthl #Yangon_Times
#Local_News
Published_30 Sept 2024
▪️ ရန်ကုန်တိုင်းဒေသကြီး၊ကြည့်မြင်တိုင်မြို့နယ်အတွင်း ရေဘေးလှူမည့်အထုပ်အတွင်းမှ ဗုံးပေါက်ကွဲ၍ ၁၁ ဦး ဒဏ်ရာရမှု ယနေ့ဖြစ်ပွားခဲ့ကြောင်း ရဲတပ်ဖွဲ့နှင့် နီးစပ်သူများထံမှ သိရသည်။
▪️ ယနေ့ စက်တင်ဘာလ ၃၀ ရက် နေ့လယ် ၁၂ နာရီကျော်အချိန်က ကြည့်မြင်တိုင်မြို့နယ် အလတ်ချောင်းရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးနှင့် စက်ဆန်းရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတို့တွင် အဆိုပါဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့သောကြောင့် ဒဏ်ရာရရှိသူများအား အမှတ် (၂)တပ်မတော်ဆေးရုံ (ခုတင်-၅၀၀)သို့ ပို့ဆောင်ထားကြောင်း သိရသည်။
▪️ ပေါက်ကွဲမှု ဖြစ်ပွားရာနေရာမှာ အလတ်ချောင်းရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးနှင့်စက်ဆန်းရပ်ကွက်အုပ်ချုပ် ရေးမှူးရုံးတို့တွင်ဖြစ်ကြောင်း၊ အလတ်ချောင်းအုပ်ချုပ်ရေးမှူးရုံး၌ စမတ်ကတ်ပြုလုပ်ရန်ရောက်ရှိနေကြသော အရပ်သား ၇ ဦးနှင့် စက်ဆန်းအုပ်ချုပ်ရေးမှူးရုံးရှိ အရပ်သား ၄ ဦးဒဏ်ရာရရှိခဲ့ကြကြောင်း သိရသည်။
▪️ လက်ရှိတွင်သက်ဆိုင်ရာက အခင်းဖြစ်ရာနေရာကို စစ်ဆေးမှုများပြုလုပ်နေကာ ကျူးလွန်သူများကို ဖော်ထုတ်ရန် စုံစမ်းနေကြကြောင်း သိရသည်။
#Yangon_Times/PP
Page 638 of 2358