#LocalNews
Published_ 16 May 2023
မန္တလေးတိုင်း ရွှေလုပ်ငန်းရှင်များအသင်းမှ ရွှေစျေးနှုန်းများ တည်ငြိမ်ကျဆင်းစေရေးအတွက် ဇွန်လ ၁၆ရက်နေ့ နေ့လည် ၁၂ နာရီမှစပြီး သိန်း၃၀ ၅ သောင်း ကျပ်နဲ့ရောင်းချပေးသွားမှာဖြစ်တယ်လို့ ရန်ကုန်တိုင်းရွှေအသင်းရဲ့ တရား၀န်လူမူကွန်ယက်စာမျက်နှာမှာ ဖော်ပြထားပါတယ်။
#YMG #Yangon_Media_Group
#Local_News
Published_ 16 May 2023
အသေးစား၊ အငယ်စားနဲ့ အလတ်စားစီးပွားရေး (MSME) လုပ်ငန်းများ ဖွံဖြိုးတိုးတက်ရေးအတွက် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေကျပ် (၈) ဘီလီယံထုတ်ချေးသွားမှာဖြစ်တယ်လို့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲကထုတ်ပြန်ထားပါတယ်။
#Local_News #စီးပွားမြှင့်တင်ရေးရန်ပုံငွေ #MSMEလုပ်ငန်းများသို့ထုတ်ချေးမည်
#YMG #Yangon_Media_Group
#Local_News
Published_ 16 May 2023
ပြည်တွင်းမှာ သုံးဆွဲနေတဲ့ ဆင်းကဒ်များကို နိုင်ငံသားစိစစ်ရေးကဒ်ပြားများဖြင့် တိုက်ဆိုင်စစ်ဆေးပြီး သက်ဆိင်ရာ အော်ပရေတာများတွင် ဇွန်လ ၂၁ ရက်နေ့အထိ မှန်ကန်စွာ ပြန်လည်မှတ်ပုံတင်အသိပေးစာတိုများ ပေးပို့ထားတယ်လို့ မိုဘိုင်းဖုန်းသုံးစွဲသူ ပြည်သူများထဲမှ သိရပါတယ်။
#Local_News #SIMကဒ်များဇွန်လ၂၁ရက်နေ့အတွင်းအပြီးပြန်လည်မှတ်ပုံတင်ရန် # ကြားပွဲစားများကိုငွေကျပ်၁၀၀၀ပေးပြီးမှတ်ပုံတင်နေရ
#YMG #Yangon_Media_Group
#Local_News
Published_ 16 May 2023
ပြည်တွင်းမှာ သုံးဆွဲနေတဲ့ ဆင်းကဒ်များကို နိုင်ငံသားစိစစ်ရေးကဒ်ပြားများဖြင့် တိုက်ဆိုင်စစ်ဆေးပြီး သက်ဆိင်ရာ အော်ပရေတာများတွင် ဇွန်လ ၂၁ ရက်နေ့အထိ မှန်ကန်စွာ ပြန်လည်မှတ်ပုံတင်အသိပေးစာတိုများ ပေးပို့ထားတယ်လို့ မိုဘိုင်းဖုန်းသုံးစွဲသူ ပြည်သူများထဲမှ သိရပါတယ်။
#Local_News #SIMကဒ်များဇွန်လ၂၁ရက်နေ့အတွင်းအပြီးပြန်လည်မှတ်ပုံတင်ရန် # ကြားပွဲစားများကိုငွေကျပ်၁၀၀၀ပေးပြီးမှတ်ပုံတင်နေရ
#YMG #Yangon_Media_Group
#Local_News
Published_ 16 June 2023
ရန်ကုန်မြို့တွင်း day ကလပ်တွေမှာ Happy Waterဆိုတဲ့ မူးယစ်ဆေးဝါးတစ်မျိုး ပျံ့နှံနိုင်တဲ့အတွက် ကလပ်ကိုသွားကြတဲ့လူငယ်တွေအနေနဲ့ အထူးသတိပြု ရှောင်ကြဉ်ဖို့ လိုအပ်တယ်လို့ မြန်မာနိုင်ငံမူးယစ်ဆေးစွဲသူများပြန်လည်ထူထောင်ရေးအသင်းမှ သိရပါတယ်။
#Local_News #ရန်ကုန်တွင်HappyWater #လူငယ်များသတိပြုရှောင်ကြဉ်ရန်
#YMG #Yangon_Media_Group
#Daily_News
Published_ 16 June 2023
၁။ ရန်ကုန်တွင် Happy Water ဆိုသည့် မူးယစ်ဆေးတစ်မျိုး ပျံနှံနိုင်၍ လူငယ်များသတိပြုရှောင်ကြဉ်ရန် လိုဟုဆို
၂။ SIM ကဒ်များ ဇွန်လ ၂၁ရက်နေ့ အတွင်းအပြီး ပြန်လည်မှတ်ပုံတင်ရန် သတိပေးထားပြီး ကြားပွဲစားများကို ငွေကျပ်၁၀၀၀ ပေးပြီး မှတ်ပုံတင်နေရဟုဆို
၃။ စီးပွားမြှင့်တင်ရေး ရန်ပုံငွေကျပ် (၈) ဘီလီယံအား MSME လုပ်ငန်းများသို့ ထုတ်ချေးမည်
၄။ ဟယ်ရီပေါ်တာ စတူဒီယိုပြခန်းကြီးအား ဇွန်လ(၁၆)ရက်နေ့တွင် တိုကျို၌ စတင်ဖွင့်လှစ်သွားမည် .... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group #Daily_News #YMG
၁၆ ဇွန် ၂၀၂၃
မြန်မာနိုင်ငံသားနှစ်ဦးကို စိတ်ကြွရူးသွပ်ဆေးပြားပေါင်း (၃)သိန်းကျော်နှင့်အတူ ထိုင်း-မြန်မာ နယ်စပ် ချင်းမိုင်ပြည်နယ်၊ ချင်းဒေါင်ခရိုင်အတွင်း ကြာသပတေးနေ့က ဖမ်းဆီးရမိခဲ့တယ်လို့သိရပါတယ်။
ကြာသပတေးနေ့ညက ဆွမ်လမ်ယိုင်အနီးမှာ နယ်စပ်ဖြတ်ကျော်လာတဲ့ ကျောပိုးအိတ်လွယ်ထားကြတဲ့ မသင်္ကာစရာ (၃)ဦးကို ထိုင်းနိုင်ငံ ဖမောင် အထူးတပ်ဖွဲ့မှစစ်သားတွေက ခြေရာခံမိခဲ့ပါတယ်။ ထိုင်းစစ်သားတွေက သူတို့ကို ရပ်တန့်ဖို့ အချက်ပြပေးမယ့် သူတို့က ချက်ခြင်း ထွက်ပြေးသွားကြတာဖြစ်ပါတယ်။ အဲဒါကြောင့် သူတို့နောက်ထပ်ချပ်မကွာလိုက်တဲ့ အခါ သူတို့အထဲက နှစ်ဦးကိုဖမ်းမိပြီး အဲဒီနှစ်ဦးစလုံးဟာ မြန်မာနိုင်ငံသားတွေဖြစ်တယ်လို့ ထိုင်းရဲကပြောတဲ့အကြောင်း ဘန်ကောက်ပို့စ်မှာ ရေးသားထားပါတယ်။
သူတို့နှစ်ဦးရဲ့ ကျောပိုးအိတ်တွေအတွင်းက စိတ်ကြွရူးသွပ်ဆေးပြားပေါင်း ၃၄၂,၀၀၀ ကို သိမ်းဆည်းရမိခဲ့ပါတယ်။ သူတို့ကို နာဝိုင်းရဲစခန်းကို လွှဲပေးခဲ့တယ်လို့ သတင်းမှာဖော်ပြထားပါတယ်။
မူးယစ်ဆေးဝါးဖောက်ကားကြတဲ့ အုပ်စုငယ်ကလေးတွေဟာ သဘာဝနယ်စပ်နေရာတွေနေ ထိုင်းနိုင်ငံဘက်ကို မူးယစ်ဆေးဝါးတွေ မှောင်ခိုသွင်းနေကြတယ်လို့ ထိုင်းထောက်လှမ်းရေးက သတင်းရတဲ့အတွက် နယ်စပ်ဒေသ တလျောက်မှာ လုံခြုံရေးတင်းတင်းကြပ်ကြပ်ဆောင်ရွက်နေကြတာဖြစ်ပါတယ်။
သတင်းအရင်းအမြစ်-ဘန်ကောက်ပို့စ်
#Thai_Myanmar_Border
#စိတ်ကြွမူးယစ်ဆေးပြား_မြန်မာနိုင်ငံသား_ထိုင်းမြန်မာနယ်စပ်
#YangonMediaGroup

#YangonTimes
Page 1418 of 2419