#Local_News
Published_15 December 2022
၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ဧပြီလ ၁ ရက်ကနေ ဒီဇင်ဘာ ၂ ရက်အထိ ပြည်ပကို ပို့ကုန်တင်ပို့မှုကနေ အမေရိကန်ဒေါ်လာ ၁၁.၁၇ ဘီလီယံကျော် ရရှိထားပြီး ပြီးခဲ့တဲ့နှစ်ကာလတူထက် ၁၅ ရာခိုင်နှုန်းမြင့်တက်လာခဲ့တယ်လို့ စီးပွားရေးနဲ့ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက နေ သိရပါတယ်။
#Yangon_Media_Group
#Local_News
Published _ 15 december 2022
လက်ရှိ ဈေးကွက်ထဲ ဝဥရောင်းချမှုက ဝယ်သူမှာယူမှ ရောင်းချနေရတဲ့ အနေအထားမျိုးပဲရှိနေပြီး ပြည်တွင်းစားသုံးမှုဖူလုံလျှက်ရှိနေကာ
ပို့ဆောင်ရေးလမ်းကြောင်းကလည်း လက်ရှိ လုံခြုံရေးအရ အသွားလာ ကန့်သတ်ချက်တွေကြောင့် ဝဥ ကုန်စည်စီးဆင်းမှုက နှေးနေတယ်လို့ ဝဥစိုက်တောင်သူတွေဆီကနေ သိရပါတယ်။
#Yangon_Media_Group
#Local_News
Published_ 15 December 2022
မန္တလေးတိုင်း၊ တံတားဦးကိုဗဟိုပြုလှုပ်ခတ်သွားတဲ့ ငလျင်ကြောင့် မြသိန်းတန်ဘုရားနဲ့ မင်းကွန်းရှိရှေးဟောင်းအဆောက်အဦးတွေ၊ အင်းဝရှိရှေးဟောင်းအဆောက်အဦတွေ ထိခိုက်ပျက်ဆီးမှု အနည်းငယ်ရှိတယ်လို့ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန(စီမံ)ညွှန်ကြားရေးမှူးဦးအောင်အောင်ကျော်က ပြောပါတယ်၊၊
#Yangon_Media_Group
#DailyNews
Published _ 15 December 2022
၁။ ငလျင်ကြောင့် မြသိန်းတန်ဘုရားနှင့်မင်းကွန်း၊ အင်းဝတို့တွင် ထိခိုက်ပျက်ဆီးမှုရှိ
၂။ ကုန်သွယ်ရေးလမ်းကြောင်းများဖြေလျော့ပေးမည်ဆိုလျှင် ပြည်တွင်းမှာတင် ဝဥဈေးကွက် အလားအလာကောင်းနိုင်ဟုဆို
၃။ ပြည်ပသို့ ပို့ကုန်တင်ပို့မှုမှ ပို့ကုန်ဝင်ငွေ အမေရိကန်ဒေါ်လာ ၁၁ ဒသမ ၁၇ ဘီလီယံရရှိထား
၄။ ရောမခေတ်သင်္ချိုင်းအား ဂါဇာသုတေသီများတူးဖော်တွေ့ရှိ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group
Published - 15 December 2022
၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၄ ရက်တွင် ကျရောက်မည့် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အား ဂုဏ်ပြုကြိုဆိုသည့်အနေဖြင့် ရန်ကုန်မြို့ ပြည်လမ်းမကြီးပေါ်တွင် နိုင်ငံတော်အလံနှင့် တိုင်းဒေသကြီး၊ပြည်နယ် ကိုယ်စားပြုအလံများကို ပေါင်းယှက်၍ စတင် ချိတ်ဆွဲလွှင့်ထူထားသည်ကို ဒီဇင်ဘာလ ၁၅ ရက် ညနေပိုင်းက မြင်တွေ့ရစဉ်
ymg/mt
Yangon_Media_Group
#Local_News
Published_ 15 December 2022
လတ်တလောမှာ ရန်ကုန်မှာညပိုင်းအချိန်တွေမှာ ယာဉ်တိုက်မှုတွေအဖြစ်များနေပြီး ထိခိုက်ဒဏ်ရာရသူတွေကို ဆေးရုံပို့ဆောင်ပေးနေရတာတွေများနေတယ်လို့ ရန်ကုန်ရှိလူမှုကူညီရေးအဖွဲ့တွေထံမှ သိရပါတယ်၊၊
#Yangon_Media_Group
#Local _News
Published _ 15 December 2022
ကယားပြည်နယ်၊ လွိုင်ကော်မြို့နယ်၊ လောပိတ (ရှမ်းရွာ)တွင် ဒီဇင်ဘာလ ၁၄ ရက် ညနေပိုင်းက ဆိုင်ကယ်နှင့်ကားမတော်တဆဖြစ်စဉ်အတွက် လျော်ကြေးတောင်းရာမှ စကားများကာ သားအမိနှစ်ဦးဓားဖြင့်ခုတ်ခံရပြီး မိခင်လက်ပြတ်သွားခဲ့သည့် ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ရွှေလွိုင်ကော်(ကယား) ပရဟိတအသင်းမှ သိရသည်။
ယမန်နေ့ ညနေ ၄ နာရီကျော်ခန့်က လွိုင်ကော်မြို့နယ်၊လောပိတ(ရှမ်းရွာ)တွင် နိုဝင်ဘာလကဖြစ်ပွားခဲ့သည့် ဆိုင်ကယ်နှင့်ကားမတော်တဆဖြစ်စဉ်အတွက် မောင်စိုင်းထက်ကျော်(၁၉)နှစ်နှင့် ဒေါ်နန်းအောင်(၅၅) နှစ် သားအမိတို့မှ လျော်ကြေးလာတောင်းစဉ် စကားများရာ သားအမိနှစ်ဦးအား အမျိုးသားတစ်ဦးက ဓားဖြင့်ခုတ်ခဲ့ကြောင်း သိရှိရသည်။
ဓားဖြင့်ခုတ်ခံရမှုကြောင့် မိခင်ဖြစ်သူ ဒေါ်နန်းအောင်မှာ လက်ကောက်ဝတ် အထက်ပိုင်းမှပြတ်ထွက်ပြီး ဓားခုတ်ဒဏ်ရာများရရှိခဲ့ကာ သားဖြစ်သူ မောင်စိုင်းထက်ကျော်၏ နောက်စေ့နှင့်မျက်ခုံးတို့တွင်လည်း ပြတ်ရှဒဏ်ရာများရရှိခဲ့သဖြင့် အခင်းဖြစ်နေရာအနီးနေသူများမှ လောပိတတိုက်နယ်ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။
"တိုက်နယ်ဆေးရုံမှာ ဓားခုတ်ခံထားရတဲ့ နှစ်ယောက်သွေးထွက်လွန်နေတယ် ဆေးရုံလွှဲပြောင်းပေးဖို့လိုတယ်ဆိုတာနဲ့ အသင်းက သွားသယ်ပေးခဲ့ပါတယ်။ ဒေါ်နန်းအောင်ရဲ့ပြတ်သွားတဲ့လက်တစ်ဖက်က အခင်းဖြစ်တဲ့နေရာမှာကျန်ခဲ့တယ်လို့သိရပါတယ်"ဟု ရွှေလွိုင်ကော်(ကယား)ပရဟိတအသင်းမှ ဆိုထားသည်။
လက်ရှိမှာ ဓားဒဏ်ရာများရရှိခဲ့သည့် သားအမိနှစ်ဦးသည် လွိုင်ကော်ပြည်သူ့ဆေးရုံကြီးတွင် ဆေးကုသမှုခံယူလျက်ရှိကာ ဒေါ်နန်းအောင်ကိုလည်း ခွဲစိတ်ကုသမှုများပြုလုပ်ပေးလျက်ရှိကြောင်း သိရသည်။
#Ymg/NN
#Yangon_Media_Group
Page 1417 of 2076