#Local_News
Published _ 16 december 2022
လက်ရှိ မွေးမြူရေးငါးဈေးတွေ ဆက်တိုက်ဆိုသလို ကျဆင်းနေတယ်လို့ မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ်ကနေ သိရပါတယ်။
#Yangon_Media_Group
#DailyNews
Published _ 16 December 2022
၁။ ဝယ်လက်နည်းပြီး အအေးခန်းလိုအပ်ချက်များကြောင့် မွေးမြူရေးငါးဈေးကွက် ကျဆင်းနေ
၂။ မူဆယ်နယ်စပ်ကုန်သွယ်ရေး ယမန်နှစ်ထက်တိုးတက်လာသော်လည်း ကိုဗစ်မတိုင်ခင်ကထက် လျော့နည်း
၃။ စက်မှုကုန်ချောတင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၁ ဒသမ ၉၂ ဘီလီယံကျော်ပိုမိုရရှိခဲ့
၄။ အနောက်နိုင်ငံများမှ မှာယူမှုများလျော့နည်းလာခြင်းကြောင့် ဗီယက်နမ်စက်ရုံအလုပ်သမများ အလုပ်အကိုင်ဆုံးရှုံးလာရ
#Yangon_Media_Group
#Local_News
Published_ 16 December 2022
မန္တလေး၊ စစ်ကိုင်း၊ ချင်း၊ ရှမ်းစတဲ့ဒေသတွေမှာ ငလျင်လှုပ်ခတ်နိုင်ခြေတွေရှိတဲ့အတွက် သတိပြုနေထိုင်ကြဖို့လိုတယ်လို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၊ မြေငလျင်ဌာနခွဲ၊ လက်ထောက်ညွှန်ကြားရေးမှူးဒေါက်တာယဉ်မျိုမင်းထွေးက ပြောပါတယ်၊၊
#Yangon_Media_Group
#Local_News
Published_16 December 2022
မြန်မာနိုင်ငံမှ ဘင်္ဂလားဒေ့ရှ်ဘက်သို့ ရှစ်လကျော်ကာလအတွင်း ပြည်ပသို့ပို့ကုန်တင်ပို့မှုသည် ယမန်နှစ်ထက် အမေရိကန်ဒေါ်လာ နှစ်သန်းကျော်တိုးလာကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ဖော်ပြထားသည့် ကုန်သွယ်မှုစာရင်းများအရ သိရသည်။
ဘင်္ဂလားဒေ့ရှ်နယ်စပ်မှ အမေရိကန်ဒေါ်လာ ၁၉ ဒသမ ၆၇ သန်းပို့ကုန်ဝင်ငွေ ရရှိထားကြောင်းဖော်ပြထားသည့်စာရင်းများအရ သိရသည်။ အလားတူပြီးခဲ့သည့်ဘဏ္ဍာနှစ်တွင် ပို့ကုန်ဝင်ငွေ အမေရိကန်ဒေါ်လာ ၁၇ သန်းကျော်သာရရှိခဲ့ကြောင်း သိရသည်။
ဘင်္ဂလားဒေ့ရှ်သို့ တင်ပို့နေသည့် နယ်စပ်စခန်းများအနက် စစ်တွေဂိတ်မှ အမေရိကန်ဒေါ်လာ ၉၉ ဒသမ ၈၂ သန်းဖြင့်အများဆုံးကုန်သွယ်မှုပြုလုပ်ထားကြောင်း သိရသည်။ ယခုဘဏ္ဍာနှစ်အတွင်း စစ်တွေနှင့် မောင်တောနယ်စပ် ကုန်သွယ်ရေးစခန်း နှစ်ခုမှ ရေထွက်ကုန်အများဆုံးတင်ပို့ခဲ့ကြောင်း သိရသည်။
အဆိုပါစခန်းနှစ်ခှမှ ရေထွက်ကုန် ၆၅ ရာခိုင်နှုန်း၊ ကုန်ခြောက် ၃၅ ရာခိုင်နှုန်း တင်ပို့နေပြီး ရေထွက်ကုန်တင်ပို့မှုတွင် မွေးမြူရေးငါးမြစ်ချင်း၊ ငါးမုန့်မည်း၊ ငါးသလောက်၊ ငါးနီတူခြောက်နှင့် ငါးမှုန့်ခြောက်များ ပါဝင်ပြီး ကုန်ခြောက်များတွင် မန်ကျည်းသီး၊ ချင်း၊ ကြက်သွန်၊ ထန်းလျက်အစရှိသည့် ကုန်ခြောက်များပါဝင်ကြောင်း သိရသည်။
#ymg/sth
#Yangon_Media_Group
Published 16 Dec 2022
မြန်မာနိုင်ငံရဲ့ ပထမဆုံးသော ၅၀၀ ကေဗွီ ကံကောင်း(မိတ္ထီလာ)-စပါးကြွယ်(တောင်ငူ) ဓာတ်အားလိုင်းအပြီးသတ်ချိတ်ဆက်လုပ်ငန်းများ ဆောင်ရွက်ရန်ရှိတဲ့အတွက် အဆိုပါလုပ်ငန်းများ ဆောင်ရွက်မယ့် ဒီဇင်ဘာ (၁၇)ရက် နှင့် (၁၈)ရက်နေ့တွင် ဓာတ်အားများလျော့နည်းရရှိမှာဖြစ်တဲ့အကြောင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာနက အများပြည်သူသို့ကြိုတင်အသိပေးပန်ကြားချက်အဖြစ် ယနေ့ ဒီဇင်ဘာ (၁၆)ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။
အဆိုပါလုပ်ငန်းများကြောင့် ဒီဇင်ဘာ ၁၇ ရက်နှင့် ၁၈ ရက်များတွင် မနက် ၆ နာရီမှ ည ၇ နာရီအထိ နိုင်ငံတော်ဓာတ်အားစနစ်အတွင်း ဓာတ်အားထုတ်လုပ်ဖြန့်ဖြူးမှု ဝန်အား ၁၅၀ မဂ္ဂါဝပ်ခန့် လျော့နည်းမှာဖြစ်တယ်လို့ အဆိုပါ သတိပေးထုတ်ပြန်ချက်မှာဖော်ပြထားတယ်လို့ နိုင်ငံပိုင်ရုပ်သံများက ထုတ်လွှင့်သွားပါတယ်။ သို့သော်လည်း ညပိုင်းတွင် ပုံမှန်အတိုင်း ပြန်လည်ပြည့်ဝစွာ ထုတ်လုပ်ဖြန့်ဖြူးပေးသွားမယ်လို့လည်းသိရပါတယ်။ နေ့ပိုင်းမှာ ဝန်အားလျော့နည်းနေသော်လည်း နိုင်ငံတော်ဓာတ်အားစနစ်ကို ထိန်းညှိမောင်းနှင်ရန် ဆက်လက်ဖြန့်ဖြူးနေမှာဖြစ်တယ်လို့ သတင်းထုတ်ပြန်ပါတယ်။
“သို့ဖြစ်ပါ၍ လုပ်ငန်းများဆောင်ရွက်နေစဉ်အချိန်အတွင်း အချို့သောနေရာများမှာ ဝန်အားလျှော့ချခြင်းလုပ်ငန်းတွေကို မလွှဲမရှောင်သာ ဆောင်ရွက်သွားရမှာဖြစ်ရာ ပြည်သူများအနေဖြင့် နားလည်ပေးနိုင်ပါရန်နှင့် ယခု ၅၀၀ကေဗွီ ဓာတ်အား စနစ်ပြီးစီးပါက နိုင်ငံတော်ဓာတ်အားစနစ်အတွင်း ဓာတ်အားပို့လွှတ်စီးဆင်းမှု ပိုမိုကောင်းမွန်လာမှာဖြစ်ပါတယ်” လို့လည်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာနက အသိပေးထားပါတယ်။
မြန်မာနိုင်ငံမြောက်ပိုင်းရှိ ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံများမှထွက်ရှိလာတဲ့ ဓာတ်အားများကို မြန်မာနိုင်ငံ တောင်ပိုင်းသို့ပို့ဆောင်ရာမှာ ဗို့အားအဆင့် ၂၃၀ ကေဗွီ ဓာတ်အားလိုင်း ဖြင့်သာပို့လွတ်လျှက်ရှိတဲ့အတွက် ဓာတ်အား စနစ်အတွင်း အရန်ဓာတ်အားလိုင်းမရှိသဖြင့် ရံဖန်ရံခါ ဓာတ်အားစနစ်အတွင်း တည်ငြိမ်မှုနည်းပါးကာ ဓာတ်အားစနစ်တစ်ခုလုံး လျှပ်စစ်ဓာတ်အားဖြတ်တောက်ခြင်း (System Breakdown) ဖြစ်ပေါ်တတ်တဲ့အခြေအနေမှ ကာကွယ်ရန်နှင့် မြန်မာပြည်မြောက်ပိုင်းမှ လျှပ်စစ် ဓာတ်အားများကို တောင်ပိုင်းသို့ ပြည့်ဝစွာသယ်ဆောင်ပို့လွှတ်နိုင်ရေး ရည်ရွယ်ပြီး အဆိုပါ ၅၀၀ ကေဗွီ ကံကောင်း(မိတ္ထီလာ)-စပါးကြွယ်(တောင်ငူ)ဓာတ်အားလိုင်းစီမံကိန်းကို ၂၀၁၃ ခုနှစ် စက်တင်ဘာလမှစတင်ပြီး တည်ဆောက်ခြင်းလုပ်ငန်းများဆောင်ရွက်ခဲ့ခြင်းဖြစ်ပါတယ်။
ယခုအခါ စီမံကိန်းတစ်ခုလုံးရဲ့ ၉၉ ရာခိုင်နှုန်းပြီးစီးနေပြီး ရာနှုန်းပြည့် ပြီးစီး ဆောင်ရွက်ဖို့ တောင်ငူ(ပင်မ) ဓာတ်အားခွဲရုံတွင် အပြီးသတ်ချိတ်ဆက်ရေးလုပ်ငန်းများ ဆောင်ရွက်ဖို့ ယခုလိုစီစဉ်ခဲ့တာဖြစ်ကြောင်းသိရှိရပါတယ်။
-ymg/knl
#Yangon_Media_Group
#Local_News
Published_ 16 December 2022
အိန္ဒိယနိုင်ငံ ၊ ဗုဒ္ဓဂယာ၌ တည်ထားသည့် ရွှေစည်းခုံစေတီတော်အား စိန်ဖူးတော်နှင့် ငှက်မြတ်နားတော် တင်လှူပူဇော်ပွဲကို ယနေ့ ဒီဇင်ဘာလ ၁၆ ရက်က သီတဂူဆရာတော်ကြီး ဦးဆောင်ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါ စေတီတော်အား ဗုဒ္ဓဂယာမြေမြတ်မဟာ၊ မဟာဗောဓိပရဟိတကျောင်း၌ တည်ထားကိုးကွယ်ထားခြင်းဖြစ်ကြောင်း၊ ယနေ့ နံနက် ၈ နာရီအချိန်တွင် သီတဂူအဓိပတိဆရာတော်ဘုရားကြီးမှ စိန်ဖူးတော်နှင့်ငှက်မြတ်နားတော်ကို နားနေဆောင်မှ တင်လှူမည့်နေရာသို့ သံဃာတော်များ ခြံရံလျက်ပင့်ဆောင်လာခဲ့ကာ စိန်ဖူးတော်၊ ငှက်မြတ်နားတော် တပ်ဆင်မည့်ဒကာများကက သီလခံယူခဲ့ကြကြောင်း သိရသည်။
သီလခံယူပြီးနောက် သီတဂူအဓိပတိဆရာတော်ဘုရားကြီးနှင့် သံဃာတော်(၇)ပါးတို့မှ မေတ္တာသုတ်နှင့်အာဋာနာဋိယသုတ်ရွတ်ဖတ်ပူဇော်ခြင်း၊ သီတဂူအဓိပတိဆရာတော်ဘုရားကြီးက သံဃာတော်တစ်ပါးအားစတင်၍ စိန်ဖူးတော်နှင့်ငှက်မြတ်နားတော်ကို လက်ဆင့်ကမ်းပင့်ဆောင်စေကာ အဆင့်ဆင့်လက်ဆင့်ကမ်း၍ စေတီပေါ်သို့ ပင့်ဆောင်ပူဇော်ခဲ့ကြကြောင်း သိရသည်။
စိန်ဖူးတော်နှင့်ငှက်မြတ်နားတော်ကို ပန်းရံဆရာမှ စိန်ဖူးတော်နှင့်ငှက်မြတ်နားတော်ကို တပ်ဆင်ခဲ့ပြီးနောက် သီတဂူအဓိပတိဆရာတော်ဘုရားကြီးနှင့် သံဃာတော်များမှ ဇယံတော ဗောဓိယာ အစရှိသော ဂါထာရွတ်ဖတ်ပူဇော်၍ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သီတဂူဆရာတော်ဓမ္မသဘင် က ထုတ်ပြန်ထားသည်။
#ymg/mt
#Yangon_Media_Group
#Local _News
Published _ 16 December 2022
ကရင်ပြည်နယ် ဘားအံမြို့တွင် ယနေ့ ဒီဇင်ဘာ လ ၁၆ နံနက်ပိုင်းတွင် ကားတစ်စီး အရှိန်လွန်ပြီး လမ်းဘေးရေမြောင်းအတွင်းသို့ ထိုးကျသွားခဲ့ကာ ၁ ဦးသေဆုံးသွားကြောင်း မာဃလူမှုကူညီရေးအသင်း (Marga Ambulance & Rescue Service)ထံမှ သိရှိရသည်။
ဖြစ်စဥ်မှာ ဘားအံမြို့နယ်၊ ကော့မူယာကျေးရွာ၊ ဘားအံ- မော်လမြိုင် အဖြောင့်လမ်း၊ ထုံးအိုင် လမ်းခွဲအကျော်တွင် ကား ၁စီး အရှိန်လွန်၍ လမ်းဘေးရေမြောင်းအတွင်း ထိုးကျမှုဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ယာဉ်ပေါ်ပါလာသည့် ယာဉ်မောင်းအမျိုးသား ၁ဦး သေဆုံးသွားခဲ့ခြင်းဖြစ်သည်။
သေဆုံးသွားသည့် ယာဉ်မောင်း၏ ရုပ်အလောင်းကို မေတ္တာစေတနာ လူမှုကူညီရေးအသင်း(ကော့ကျိုက်) နှင့် မာဃလူမှုကူညီရေးအသင်း (ဘားအံ) တို့ပူးပေါင်းဆယ်ယူပြီး ဘားအံပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့သည်ဟုလည်း သိရသည်။
#ymg/NN
#Yangon_Media_Group
Page 1415 of 2076