#Local_News
Published_ 26 January 2023
ရှမ်းပြည်နယ်၊ မြန်မာ-တရုတ်နယ်စပ် မူဆယ်မြို့ရှိ နန်းတော်ဂိတ်နှင့်ဆင်ဖြူဂိတ်များမှ ဖြတ်သန်းမည့်သူများအတွက် BorderPass စာအုပ်များပြုလုပ်ပေးနေကြောင်း သိရသည်။
အဆိုပါ ဂိတ်များကို ပြီးခဲ့သည့် ဇန်နဝါရီလ ၈ ရက်က ဖွင့်လှစ်ပြီဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက ထုတ်ပြန်ခဲ့ပြီးနောက်ပိုင်း နန်းတော်နယ်စပ်ဂိတ်နှင့်၊ ဆင်ဖြူနယ်စပ်ဂိတ်တို့မှတစ်ဆင့် တရုတ်နိုင်ငံသို့ဝင်ရောက်နိုင်ရန် ဇန်နဝါရီလ ၂၅ ရက်နံနက်ပိုင်းမှစတင်၍ BorderPass စာအုပ်များ ပြုလုပ်ပေးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
"နယ်စပ်သွားလာခွင့် လက်မှတ် Border Pass စာအုပ်တွေကို နန်းတော်နယ်စပ်ဂိတ်မှာ လုပ်ပေးနေတာပါ၊လောလာဆယ်ကတော့ မူဆယ်၊ နမ့်ခမ်းမြို့နယ်တွေက သန်းခေါင်စာရင်းရှိသူတွေကိုပဲ လုပ်ပေးနေပါသေးတယ်။ ကာယကံရှင် ကိုယ်တိုင် သွားလုပ်ရတာပါ"ဟု မူဆယ် ဒေသခံတစ်ဦးက ပြောသည်။
Border Pass စာအုပ်ပြုလုပ်လိုသူများအနေဖြင့် မှတ်ပုံတင်၊ဧည့်နိုင်ငံသားစိစစ်ရေးကတ်ပြား၊ နိုင်ငံသားပြုခွင့်စိစစ်ရေးကတ်ပြားနှင့် သန်းခေါင်စာရင်းတို့၏ မူရင်းနှင့်မိတ္တူတို့ကို ယူဆောင်လာရန်လိုအပ်ကြောင်း၊ တရုတ်နိုင်ငံသို့ နယ်စပ်ဂိတ်များမှတစ်ဆင့် ဝင်ရောက်မည့်သူများအနေဖြင့် Border Pass စာအုပ်နှင့်အတူ မှတ်ပုံတင်ကိုလည်း ယူဆောင်သွားရန် လိုအပ်ကြောင်း သိရသည်။
#ymg/mt
#Yangon_Media_Group
#Local_News
Published_ 26 January 2023
ဧရာဝတီတိုင်း၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်၊ ပုသိမ် -ရန်ကုန်အမြန်လမ်းမကြီးဘေးရှိ အမှတ်(၃) တူးမြောင်းတွင် စက်လှေတိမ်းမှောက်မှုဖြစ်ပွားခဲ့ပြီး ကလေးနှစ်ဦးပျောက်နေကြောင်း မြန်မာနိုင်ငံမီးသတ် တပ်ဖွဲ့မှ သိရသည်၊၊
ဇန်နဝါရီလ(၂၆)ရက် မနက် ၁၁ နာရီကျော်တွင်ဖြစ်ပွားခဲ့ပြီး ဆားမလောက်နယ်မြေ မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များဖြင့် သွားရောက်ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့သည်ဟုဆိုသည်၊၊
အဆိုပါ ဖြစ်စဉ်ကြောင့် လှေပေါ်ပါသူ လူကြီး ကျား(၅)ဦး၊ မ(၄)ဦး၊ ကလေး ကျား(၁)ဦး၊ မ(၁)ဦး စုစုပေါင်း(၉)ဦးအနက် ကလေး ကျား(၁)ဦး၊ မ(၁)ဦးတို့မှာ ပျောက်ဆုံးနေသဖြင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ရာ ၁၂ ၃၀ အချိန်တွင် ကလေး မ(၁)ဦး၏ ရုပ်အလောင်းအား မေတ္တာရှင်နာရေးကူညီမှုအသင်းယာဉ်ဖြင့် ဆားမလောက်မြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်၊၊
#ymg/tthl
#Yangon_Media_Group
#Local_News
Published_ 26 January 2023
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်ရှိ မန်းရွှေစက်တော်ဘုရား ဗုဒ္ဓပါဒ ပူဇနိယပွဲတော် စတင်နေပြီဖြစ်ကြောင်း အဆိုပါ ပွဲတော်ဖြစ်မြောက်ရေးအဖွဲ့က သိရသည်။
ဇန်နဝါရီလ ၂၅ ရက်က ဘုရားပွဲတော် ၊ အထူးတံတား၊ မုဒ်ဦး နှင့် ရွှေစက်တော်မန်းချောင်း အပန်းဖြေဆင်စခန်းတို့ကို တစ်ပြိုင်တည်း ဖွင့်လှစ်သည့် အခမ်းအနားပြုလုပ်ခဲ့ခြင်း ဖြစ်သည်။
မန်းရွှေစက်တော်ဘုရားကြီးသည် မြန်မာနိုင်ငံ၏ (က)စားရင်းဝင် ဘုရားကြီးဖြစ်ပြီး မန်းရွှေစက်တော်ရာ ပါဒစေတီတော် ဗုဒ္ဓပူဇနိယပွဲတော်ကာလမှာ နှစ်စဉ်တပို့တွဲလဆန်း ၅ ရက်နေ့မှ မြန်မာ နှစ်ဆန်း ၁ ရက်နေ့အထိဖြစ်ကြောင်း သိရသည်။
အောက်စက်တော်ရာသို့ ဘုရားဖူးလာရောက်ကြသူများ သွားလာရေး အဆင်ပြေစေရန် ယခင်ဘေလီသစ်သားတံတားအစား ယခုအခါ ဘေလီသံပေါင်တံတားကို တည်ဆောက်ပေးထားပြီး တံတားကြီး ရေရှည်ကြံ့ခိုင်ကောင်းမွန်ရေး ရေကျော်ရှပ်တာများလည်း ဆောင်ရွက်ပေးထားကြောင်း၊ အနယ်နယ် အရပ်ရပ်မှ ဘုရားဖူးလာရောက်ကြသူများ တည်းခိုနားနေနိုင်ရန် တည်းခိုဆောင်အခန်းပေါင်း (၅၀၀)ကျော်နှင့် ဈေးဆိုင်ခန်းပေါင်း (၅၀၀)ခန့် ဆောက်လုပ်ပေးထားပြီး ဘုရားဖူးများအား ညအိပ်တည်းခိုခွင့်ပြုထားကြောင်း မန်းရွှေစက်တော်ဘုရားဂေါပကအဖွဲ့ တာဝန်ရှိသူက ပြောသည်။
ယင်းဘုရားပွဲတော် ဖွင့်ပွဲနေ့က မကွေးတိုင်းဒေသကြီး၊ မင်းဘူးသစ်ထုတ်ရေးဒေသ၊ ရွှေစက်တော် မန်းချောင်းအပန်းဖြေဆင်စခန်းဖွင့်ပွဲကိုလည်း ပြုလုပ်ခဲ့ရာ ယခုနှစ် ပွဲတော်ကာလ အထူးအစီအစဉ် တစ်ရပ်အနေဖြင့် ဆင်လိမ်မာ ကလေးများ၏ အကအလှများဖြင့် ဖျော်ဖြေဧည့်ခံတင်ဆက်မှုများ ကိုလည်း တင်ဆက်သွားမည် ဖြစ်ကြောင်း လည်း သိရသည်။
#ymg/mt
#Yangon_Media_Group
#Local_News
Published_26 January 2023
တောင်ကိုရီးယားအလုပ်အကိုင် EPS စာမေးပွဲကုန်ထုတ်လုပ်ငန်းအတွက် ဒုတိယအသုတ်စာမေးပွဲကို လာမည့် ဖေဖော်ဝါရီလ ၆ ရက်မှ ၁၀ ရက်အထိ ၅ ရက်ကြာကျင်းပသွားမည်ဖြစ်ကြောင်း အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီ(POEA) မှ ကြေညာထားသည်။
အဆိုပါ စာမေးပွဲတွင်လူဦးရေ ၁၅၀၀၀ နီးပါး ဝင်ရောက်ဖြေဆိုသွားမည်ဖြစ်ကြောင်း၊ ယင်းအပြင် ဝင်ရောက်ဖြေဆိုခွင့်ရှိသူစာရင်းကိုလည်း POEA က အသိပေးထုတ်ပြန်ထားသည်။
အဆိုပါ ကုန်ထုတ်လုပ်ငန်း၏ ပထမအသုတ်စာမေးပွဲကို ပြီးခဲ့သည့်နှစ်ကုန်ပိုင်းတွင် ကျင်းပခဲ့ပြီး ၆၀၀၀ ကျော်အောင်မြင်ခဲ့ကြောင်း သိရသည်။ ကိုဗစ်ကာလနောက်ပိုင်း ပြန်လည်ကျင်းပသည့် EPSစာမေးပွဲတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုန်ထုတ်ပထမအသုတ်စာမေးပွဲကို ပြုလုပ်ထားပြီးဖြစ်ကာ ကုန်ထုတ်ဒုတိယအသုတ်နှင့် ဆောက်လုပ်ရေးလုပ်ငန်းအတွက် စာမေးပွဲများ ကျန်ရှိနေကြောင်းသိရသည်။
ယင်းအပြင် ကုန်ထုတ် ဒုတိယအသုတ်စာမေးပွဲပြီးပါက မေလကနေဇွန်လလယ်အထိ ဆောက်လုပ်ရေးလုပ်ငန်းအတွက်စာမေးပွဲပြုလုပ်သွားမည်ဖြစ်ကြောင်း POEA က တရားဝင်အသိပေး ကြေညာထားသည်။
အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီ EPS စနစ်ဖြင့် Re-entry ကုန်ထုတ်လုပ်သား ၄၅ ဦး၊ Re-entry စိုက်ပျိုး/မွေးမြူရေး လုပ်သား ၃ ဦးကို ၂၀၂၃ ခုနှစ်အတွက် ပထမဦးဆုံး စေလွှတ်ထားပြီး လက်ရှိတွင် မြန်မာလုပ်သား ၅၀,၀၀၀ နီးပါးတောင်ကိုရီးယားနိုင်ငံတွင်လုပ်ကိုင်နေကြောင်းလည်း သိရသည်။
တောင်ကိုရီးယားအစိုးရမှ ကိုဗစ်ကာလအလွန်တွင် မြန်မာအလုပ်သမားများကို တရားဝင်ပြန်လည်လက်ခံနေပြီး သြဂုတ်လတွင် ၁၂၉၃ ဦး၊ စက်တင်ဘာလတွင် ၉၇၈ ဦး၊ အောက်တိုဘာလတွင် ၁၁၆၉ ဦး၊ နိုဝင်ဘာလတွင် ၇၂၈ ဦး၊ ဒီဇင်ဘာလတွင် ၅၉၉ ဦးစေလွှတ်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။
#ymg/sth
#Yangon_Media_Group
#Local_News
Published_ 26 January 2023
မြန်မာ့ခရီးသွားပြပွဲ(၂၀၂၃) ကို ဇန်နဝါရီ ၂၇ မှ ၂၉ ရက်အထိ ရန်ကုန်မြို့ သိမ်ဖြူလမ်းရှိ ဝန်ကြီးများရုံးဟောင်း၌ ၃ ရက်ကြာ ကျင်းပသွားမှာဖြစ်ကြောင်း သိရပါတယ်။
အဆိုပါ ပြပွဲတွင် ပြည်တွင်းပြည်ပ ခရီးသွားလုပ်ငန်းများ၊ လေကြောင်းလိုင်း ဝန်ဆောင်မှုများ၊ ဟိုတယ်နှင့် အစားအသောက်လုပ်ငန်းများ၊ လက်မှုပညာများ၊ ပြည်တွင်းထွက်ဒေသထုတ်ကုန်များ၊ ဒေသအစားအစာများ၊ အာမခံလုပ်ငန်း ဝန်ဆောင်မှုများ၊ ထိုင်းနိုင်ငံနှင့် မလေးရှားနိုင်ငံတို့မှ ကျန်းမာရေးစောင့်ရှောက်မှုများနှင့် ခရီးသွားလုပ်ငန်းဆိုင်ရာ ကုမ္ပဏီပြခန်းများအပါအဝင် ပြခန်းပေါင်း ၄၀ ကျော် ရောင်းချသွားမှာ ဖြစ်ပါတယ်။
ပြပွဲကို မြန်မာနိုင်ငံခရီးသွား လုပ်ငန်းရှင်အသင်းက ဦးစီးကျင်းပခြင်းဖြစ်ပြီး ခရီးသွားရာသီအစဖြစ်သော ဇန်နဝါရီလတွင် မြန်မာ့ခရီးသွားလုပ်ငန်းပြန်လည် ဖွံ့ဖြိုးတိုးတက်မှုအတွက် မောင်းနှင်အားတစ်ရပ်ဖြစ်စေဖို့ ရည်ရွယ်ထားတယ်လို့ သိရပါတယ်။
၂၀၂၃ ခုနှစ် ခရီးသွားရာသီ၌ ခရီးသွားသူများက ပုဂံ၊ ပုပ္ပား၊ ပင်းတယ၊ အင်းလေး၊ ငပလီ၊ ချောင်းသာ၊ ငွေဆောင်၊ မြိတ်ကျွန်းစုနှင့် သမိုင်းဝင်ဘုရားစေတီတို့သို့ သွားရောက် လည် ပတ်လျက်ရှိ ကြောင်း သိရပါတယ်။
မြန်မာ့ခရီးသွားပြပွဲသို့ လာရောက်လေ့လာသူများကို ပြည်တွင်း၊ ပြည်ပ လေယာဉ် လက်မှတ်များ၊ မိုးပျံဘောလုံး စီးနင်းခွင့်လက်မှတ်နှင့် ဟိုတယ်တည်းခိုခွင့် လက်မှတ်တို့ကို Lucky draw အစီအစဉ်ဖြင့် ညနေ ၄ နာရီတွင် ကံစမ်းပေးသွားမည်ဖြစ်ပြီး ပြပွဲကို နံနက် ၉ နာရီမှ ညနေ ၆ နာရီအထိ သိမ်ဖြူလမ်းဂိတ်နှင့် မဟာဗန္ဓုလလမ်းဂိတ်တို့မှ ဝန်ကြီးများရုံး အတွင်း ဝင်ရောက်လေ့လာကြည့်ရှုနိုင်ကြောင်း သိရပါတယ်။
#ygm_mnn
#Yangon_Media_Group
#Local_News
Published_25 January 2023
၂၀၂၃ ခုနှစ်ရဲ့ ခရီးသွားရာသီချိန်မှာ အင်းလေးဒေသကနေလွဲပြီး ကျန်တဲ့ဒေသတွေကို ခရီးသွားတွေအနေနဲ့ ပုံမှန်အတိုင်းဝင်ထွက်သွားလာလည်ပတ်မှုရှိနေတယ်လို့ ခရီးသွားကုမ္ပဏီတွေရဲ့ ပြောပြချက်အရ သိရပါတယ်။
#Yangon_Media_Group
#Local_News
Published_25 January 2023
မြန်မာ-တရုတ်နယ်စပ်ကုန်သွယ်ရေးကနေ အမေရိကန်ဒေါ်လာ ၂ ဒသမ ၁၆ ဘီလီယံကျော်ရရှိထားပြီး ယမန်နှစ်ထက် အမေရိကန်ဒေါ်လာသန်း ၂၅၀ ကျော် ပိုမိုရရှိထားတာဖြစ်တယ်လို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ဖော်ပြထားတဲ့ ကုန်သွယ်မှုစာရင်းတွေအရ သိရပါတယ်။
#Yangon_Media_Group
Page 1411 of 2150