#Health_Matters
Published_ 17 June 2023
- နောက်လာနိုင်တဲ့ ကပ်ရောဂါဆိုးက ဘယ်လိုပုံစံမျိုးဖြစ်နိုင်သလဲဆရာ ...??
#Health_Matters #အမည်မသိအမျိုးမသိကပ်ရောဂါဆိုး #ဘယ်လိုကြိုတင်ပြင်ဆင်ကြမလဲ
#Dr.KML #YMG #Yangon_Media_Group
#Local_News
Published_ 17 June2023
ရန်ကုန်တိုင်းေးသကြီး ၊ လှိုင်သာယာမြို့နယ်၊ FMI အိမ်ရာအတွင်း အိမ်အကူအမျိုးသမီး တစ်ဦး အသတ်ခံခဲ့ရသည့် အမှုတွင် အိမ်ဆေးသုတ်အလုပ်သမားတစ်ဦးကို သံသယဖြင့် ရဲတပ်ဖွဲ့က ဖမ်းဆီးထားကြောင်း သိရသည်။
ပြီးခဲ့သည့် ဇွန်လ ၁၂ ရက် ညနေပိုင်းက လှိုင်သာယာမြို့နယ် FMI Orchid O-Lot တွင် အဆိုပါ အိမ်အကူအမျိုးသမီးမှာ ဦးခေါင်းကို တူဖြင့် ထု၍ အသတ်ခံခဲ့ရခြင်းလည်း ဖြစ်သည်။
အဆိုပါ သံသယ ကြောင့် အဖမ်းခံထားရသူမှာ အိမ်အကူ အလုပ်လုပ်နေသော အိမ်၌ ဆေးသုတ်အလုပ်ကို လုပ်ကိုင်ခဲ့ဖူးသူ ဖြစ်ကြောင်း၊အိမ်အကူအမျိုးသမီး သေဆုံးသည့်နေ့က ယင်းအမျိုးသားမှာ အခင်းဖြစ်ရာနေအိမ်သို့ ရောက်ရှိခဲ့သည်ဆိုသည့် အထောက်အားများဖြင့် ရဲတပ်ဖွဲ့က ဖမ်းဆီးထားခြင်း ဖြစ်ကြောင်း သိရသည်။
အိမ်အကူအမျိုးသမီး သေဆုံးခဲ့သည့် နေအိမ်တွင် ပစ္စည်းများလည်း ပျောက်ဆုံးနေခြင်း ဖြစ်ကြောင်း ၊လက်ရှိတွင် ရဲတပ်ဖွဲ့က စစ်ဆေးမှုများပြုလုပ်နေကြောင်း သိရသည်။
ymg/BM
#YMG #Yangon_Media_Group
#Local_News
Published_ 17 June2023
ရခိုင်ပြည်နယ်တွင် တစ်နေ့တည်း မိုးကြိုးပစ်ခံရ၍ လယ်သမား ၄ ဦးသေဆုံးကာ ၁ ဦးဒဏ်ရာပြင်းထန်စွာရရှိခဲ့မှု ဇွန်လ ၁၆ ရက်က ဖြစ်ခဲ့ကြောင်း ဒေသခံများထံကသိရသည်။
ဇွန်လ ၁၆ ရက် ၊ ညနေ ၃ နာရီခန့်က ပုပုဏ္ဏားကျွန်းမြို့နယ်၊ မင်းဇီချောင်းကျေးရွာတွင် ကျေးရွာမြောက်ဘက်ရှိလယ်ကွင်းတွင်ကန်သင်းဆည်နေသူ ဒေါ်ခိုင်ဇာနည်ဝင်းအသက်(၂၉)နှစ် နှင့်သူ၏မတ်တော်စပ်သူ ကိုအောင်သိန်းချေ(၁၉)နှစ်မှာ မိုးကြိုးထိမှန်၍သေဆုံးခဲ့ကြောင်း၊အလားတူ ပုဏ္ဏားကျွန်း၊ ဝမ်းတီးကျေး ရွာမှ အသက်(၂၇)နှစ်အရွယ် ကိုလုံးချေမှာ မွန်းလွဲ၂နာရီကျော်ခန့်က လယ်ထွန်သွားစဉ် မိုးကြိုးထိမှန်၍သေဆုံးသွားခဲ့ကြောင်း၊ထို့အပြင် မြောက်ဦးမြို့နယ်၊ သူငယ်တော်ကျေးရွာမှ အသက်(၄၃)နှစ်အရွယ် ဦးအေးသိန်းထွန်းမှာညနေ၄နာရီအချိန်က အငှားလုပ်ကိုင်နေသည့်လယ်ကွင်းအတွင်း ဂဏန်းနှိုက်နေစဉ် ရုတ်တရက် မိုးကြိုးထိမှန်သေဆုံးခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။
ကျောက်တော်မြို့နယ်၊အောင်ဇေယျကျေးရွာမှ ဒေါ်ရွှေမြစိန်(၄၃)နှစ်မှာ လယ်လုပ်ငန်းလုပ်ကိုင်နေစဉ် ရုတ်တရက် မိုးကြိုးထိမှန်၍ ဘယ်ဘက်နားရွက်၊ ပေါင်နှစ်ဘက်နှင့် ရင်ဘတ်တို့တွင် ဒဏ်ရာများရရှိခဲ့သောကြောင့် ကျောက်တော်ဆေးရုံသို့ ပို့ဆောင်ခဲ့ရကြောင်းသိရသည်။
ပြီးခဲ့သည့် မေလအတွင်းကလည်း ရခိုင်ပြည်နယ် ရမ်းဗြဲမြို့နယ်၊ ကျောက်ဖြူမြို့နယ်၊ ရသေ့တောင်မြို့နယ်များတွင် မိုးကြိုးပစ်ခံရ၍သေဆုံးမှုများရှိခဲ့ကြောင်းသိရသည်။
#ymg/BM
#YMG #Yangon_Media_Group
#Local_News
Published_ 17 June2023
ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ်၊ ရှုခင်းသာလမ်းမကြီး ဝေဇယန္တာမှတ်တိုင်အနီး တွင် အိမ်ခြေမဲ့တစ်ဦးသေဆုံးနေမှုဖြစ်ပွားခဲ့ကြောင်း သာကေတမြို့နယ် လူမှုကူညီရေးအဖွဲ့ကသိရသည်။
သေဆုံးသူမှာ အသက်(၅၀) ခန့်အရွယ်အိမ်ခြေရာမဲ့ အမျိုးသားတစ်ဦး ဖြစ်ပြီး ယင်းကို ယနေ့ ဇွန်လ ၁၇ ရက် နံနက် ၇ နာရီခွဲခန့်က တွေ့ရှိခဲ့ရခြင်း ဖြစ်ကြောင်း သိရသည်။
"သူကသာကေတမြို့နယ်ထဲမှာ သွားလာနေတာတွေ့တယ်။အများအားဖြင့် ၆ ရပ်ကွက်ထဲမှာ သွားလာနေတယ်။
သူများပေးတာ စားတယ်။ အအေးမိပြီး ဆုံးတာ ဖြစ်နိုင်တယ်။သက်ဆိုင်ရာက ပြင်ပဒဏ်ရာ မရှိတာကို အတည်ပြုပြီး ဓမ္မာတာအတိုင်းသေဆုံးတာမို့လို့ ကျွန်တော်တို့က မြေပြင်လိုအပ်တာ ကူညီဆောင်ရွက်ပေးခဲ့ကြပြီး စံပြဆေးရုံကို ပို့ခဲ့ကြတာပါ”ဟု အဆိုပါအဖွဲ့ မှ လိုက်ပါကူညီသူက ပြောသည်။
ymg/BM
#YMG #Yangon_Media_Group


#Local_News
Published_ 17 June 2023
မလေးရှားနေ မြန်မာတစ်ဦး ကြွက်သေးစွန့်ထားသည့်ဟင်းကို စားမိ၍ သေဆုံးခဲ့ကြောင်း နှလုံးလှပရဟိတလူငယ်များသွေးလှူရှင်အဖွဲ့(ကွာလာလမ်ပူ-မလေးရှား)က သိရသည်။
သေဆုံးသူ ဦးစိုးသန်းမှာ အသက်၅၄ အရွယ်ရှိပြီး ရန်ကုန်တိုင်းဒေသကြီး၊ဒဂုံမြို့သစ်မြောက်ပိုင်း၊(၄၇) ရပ်ကွက်၊ရသာရုံလမ်း က မလေးရှားနိုင်ငံတွင် သွားရောက် အလုပ်လုပ်သူ ဖြစ်ကြောင်းသိရသည်။
"အစားအစာတွေကိုစားသုံးပြီးရင် သေသေချာချာအုပ်ထားကြပါ။ အကယ်၍ ကြွက်ဖြတ်သွားတဲ့အခါ ကြွက်သွေးစွန်းခဲ့တဲ့ဟင်းကိုစားမိရင် သေနိုင်ပါတယ်။ ဆေးကုလို့မရပါ"ဟု နှလုံးလှပရဟိတလူငယ်များသွေးလှူရှင်အဖွဲ့(ကွာလာလမ်ပူ-မလေးရှား)က သတိပေး ရေးသားထားသည်။
သေဆုံးသူ၏နောက်ဆုံးခရီးကို ဇွန်လ ၁၆ရက် မွန်းလွဲ ပိုင်းက Hindu Crematorium Seremban သုဿန်သို့ ကွယ်လွန်သူ၏မိတ်ဆွေသူငယ်ချင်းများနှင့်အတူ နှလုံးလှပရဟိတအဖွဲ့မှကုသိုလ်ယူသင်္ဂြိုလ်ပေးခဲ့ကြကြောင်းသိရသည်။
#ymg/BM
#YMG #Yangon_Media_Group



၁၇ ဇွန် ၂၀၂၃
လာမယ့်တနင်္ဂနွေနေ့မှာ မြန်မာနစကနှင့် ဖိတ်ကြားထားတဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေရဲ့ အပြည့်အဝ ပြန်လည်ထိတွေ့ဆက်ဆံရေးကိစ္စ အလွတ်သဘော ဆွေးနွေးပွဲတစ်ရပ်ကို ထိုင်းနိုင်ငံမှာ ကျင်းပဖို့ရှိတယ်လို့ ရိုက်တာသတင်းအရ သိရပါတယ်။
အဲဒီအစည်းအဝေးမှာ ရပ်တန့်နေတဲ့ ငြိမ်းချမ်းရေးအစီအစဉ်ကိုဆွေးနွေးကြမယ်လို့လည်းသတင်းမှာဖော်ပြထားပါတယ်။
အဲဒီအစည်းအဝေးအတွက် ထိုင်းနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ဒွန် ပရာမွတ်ဝင်င်နိုင်း က အာဆီယံအသင်းကြီးဆီကို ဇွန် ၁၄ရက်က အဆိုပြုစာတစ်စောင်ပေးပို့ခဲ့တာဖြစ်ပါတယ်။
ပြီးခဲ့တဲ့ လက အာဆီယံထိပ်သီးအစည်းအဝေးမှာ အာဆီယံခေါင်းဆောင်တွေက မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုတွေ ချက်ခြင်း ရပ်ဆိုင်းပစ်ဖို့ တောင်းဆိုထားပါတယ်။ တနင်္ဂနွေနေ့ အစည်းအဝေးကို မြန်မာနစကရဲ့ နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေကို ဖိတ်ကြားထားတယ်လို့ သတင်းအရင်းအမြစ်နှစ်ခုက ရိုက်တာကိုအတည်ပြုပေးတယ်လို့သိရပါတယ်။ ဒါပေမယ့် အာဆီယံ ဥက္ကဋ္ဌ အင်ဒိုနီးရှားကတော့ အစည်းအဝေးကိုတက်ရောက်မှာမဟုတ်ဘူးလို့လည်း ဆိုပါတယ်။ အင်ဒိုနီးရှားနိုင်ငံခြားရေး ဝန်ကြီးဌာနက အဲဒီအစည်းအဝေကိစ္စ မကြားဖူးဘူးလို့လည်း ရိုက်တာသတင်းဌာနကိုပြောပါတယ်.
ထိုင်းနိုင်ငံခြားရေးဝန်ကြီးရဲ့ အဆိုပြုစာထဲမှာ ဒီအစည်းအဝေးဟာ ငြိမ်းချမ်းရေးအစီအစဉ်အတွက် ကနဦးခြေလှမ်းရဲ့ အစိတ် အပိုင်းတစ်ခုဖြစ်ပြီး ထိပ်သီးအစည်းအဝေးမှာ အာဆီယံဟာ မြန်မာနိုင်ငံကို ခေါင်းဆောင်အဆင့် အပြည့်အဝေပြန်လည် ထိတွေ့ဆက်ဆံမှုပြုလုပ်သင့်တယ်လို့ ရေးသားထားပါတယ်။
သတင်းအရင်းအမြစ်- ရိုက်တာ
#YangonMediaGroup
#YangonTimes
#LocalNews
Published_ 16 May 2023
မန္တလေးတိုင်း ရွှေလုပ်ငန်းရှင်များအသင်းမှ ရွှေစျေးနှုန်းများ တည်ငြိမ်ကျဆင်းစေရေးအတွက် ဇွန်လ ၁၆ရက်နေ့ နေ့လည် ၁၂ နာရီမှစပြီး သိန်း၃၀ ၅ သောင်း ကျပ်နဲ့ရောင်းချပေးသွားမှာဖြစ်တယ်လို့ ရန်ကုန်တိုင်းရွှေအသင်းရဲ့ တရား၀န်လူမူကွန်ယက်စာမျက်နှာမှာ ဖော်ပြထားပါတယ်။
#YMG #Yangon_Media_Group
Page 1274 of 2276