Published_ 17 October 2023

မြန်မာ့ထောပတ်သီးတွေဝယ်ယူရန် ပြင်သစ်နှင့် အိန္ဒိယနိုင်ငံများက အမှာစာတွေရရှိထားပြီး တင်ပို့နိုင်ရန် ဆောင် ရွက် နေကြောင်း မြန်မာနိုင်ငံ ထောပတ်သီးတင်ပို့ရောင်းချသူများအသင်းကသိရသည်။

မြန်မာ နိုင်ငံမှ စိုက်ပျိုးထွက်ရှိသည့် ထောပတ်သီး တန်ချိန် ၈ တန်ကို ပြင်သစ်နိုင်ငံနဲ့ ထောပတ်သီးတန်ချိန် ၁၀၀၀ ကို အိန္ဒိယနိုင်ငံကဝယ်ယူဖို့ အမှာစာတွေ ရရှိထားပြီးအရည်အသွေးကောင်းတဲ့  ထောပတ်သီးများကို နိုဝင်ဘာလဆန်းပိုင်းတွင်ပြည်ပနိုင်ငံတွေကို တင်ပို့ဖို့ ဆောင်ရွက်နေတာဖြစ်ကြောင်းသိရသည်။

ပြည်ပနိုင်ငံများကို ထောပတ်သီးတင်ပို့ရာတွင် ကမ္ဘာ့ပေါက်ဈေးနှင့်အညီ ထောပတ်သီး တစ်တန်ကို ကျပ် ၃၅ သိန်းနဲ့ရောင်းချရန် အဆိုပြုထားပြီး ပြည်တွင်းဈေးကွက် တွင်  ရန်ကုန်လက်လီဈေးအနေဖြင့် တစ်ကီလိုကို ကျပ် ၇၀၀၀ (UAE ၈၀၀၀) အထိ ပေါက်ဈေးရှိကြောင်း သိရသည်။
Yangon_Times/PP
#Local_News
#Published_ 17 October 2023
#YMG #Yangon_Times