Published 17 October 2023

ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ် ခရေလမ်း တွင် ယနေ့ မနက်ပိုင်း က တွဲကားတစ်စီး ဘရိတ်ပေါက်ရာမှ ယာဉ် ၄စီးဆင့်တိုက်မှု ဖြစ်ပွားခဲ့ကြောင်း ပုလဲအရန်မီးသတ်တပ်ဖွဲ့ထံ မှ သိရသည်။

အဆိုပါ ဘိလပ်မြေတင်လာသည့် တွဲကားသည် မင်္ဂလာဒုံမြို့နယ်၊ ခရပင်လမ်းရှိ ရာသက်ပန်ကားမှတ်တိုင်အနီး တွင် ဘရိတ် ပေါက် ပြီး လူနာတင်ယာဉ် တစ်စီး ကို ဝင်တိုက်မိပြီး အိမ်စီးကားပါ ထပ်မံတိုက်မိခဲ့ကာ အနီးနားရှိ လျှပ်စစ်ပစ္စည်းဆိုင်ထဲသို့ ဝင်ရောက်ခဲ့ကြောင်း သိရသည်။

"ဘိလပ်မြေတင်လာတဲ့ တွဲကားက ဘရိတ်ပေါက်ပြီး လူနာတင်ယာဉ်တစ်စီးကို ဝင်တိုက်မိတယ်၊နောက် ပြီးတော့ အိမ်စီးကားနှစ်စီးကို ပါ ဝင်တိုက်ပြီးတော့လမ်းဘေးရှိတဲ့ လျှပ်စစ်ပစ္စည်းဆိုင်ထဲကို တွဲကား က ဝင်သွားပြီးတော့ အိမ်စီးကားနှစ်စီးလုံးက ချိတ် ပါသွားပါတယ်၊မီးခိုးတွေပါ ထွက်ပြီး တော့ မီးခိုးတွေပါ ထွက်သွားတယ် ''ဟု ပုလဲအရန်မီးသတ်တပ်ဖွဲ့မှ တပ်ဖွဲ့ဝင်တစ်ဦးကပြောသည်။

အဆိုပါ ယာဉ်တိုက်မှုဖြစ်စဉ်အတွင်း မီးလောင်ကျွမ်းမှုဖြစ်နိုင်ခြေရှိနိုင်သည့် အတွက် ပုလဲအရန်မီးသတ်က မီးသတ်ကားများအပါအဝင် လူနာတင်ယာဉ်များဖြင့် ထွက်ခွာကူညီခဲ့ပြီး ယာဉ်တိုက်မှု
ကြောင့် ထိခိုက် ဒဏ်ရာ ရရှိမှု အခြေနေ တော့ အသေးစိတ်ထုတ်ပြန် ခြင်း မရှိသေးကြောင်း သိရသည်။
Yangon_Times/LW
#Local_News
#Published_ 17 October 2023
#YMG #Yangon_Times