#local_news
Published_ 2 June 2023
မိုခါမုန်တိုင်းဒဏ်သင့်မြန်မာပြည်သူများထံသို့ အာဆီယံနိုင်ငံများမှပေးပို့တဲ့ အကူအညီပစ္စည်းများသယ်ဆောင်လာသည့်မလေရှားလေကြောင်းလိုင်းမှ လေယာဉ်သည် ဇွန် ၁ ရက်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ရောက်ရှိလာခဲ့ပါတယ်။
ရောက်ရှိလာသောလေယာဉ်မှာအာဆီယံနိုင်ငံများမှပေးပို့တဲ့ စတုတ္တအသုတ်ဖြစ်ပြီး အကူအညီပစ္စည်းများကို သဘာဝဘေးဆိုင်ရာ လူသားချင်းစာနာမှု အကူအညီများအတွက် အာဆီယံညှိနှိုင်းရေးဌာနမှ တာဝန်ရှိသူတစ်ဦးနှင့် ရန်ကုန်တိုင်းဒေသကြီး သဘာဝဘေး အန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးသန်းစိုးနှင့် တာဝန်ရှိသူများက ကြည့်ရှုစစ်ဆေးကြပြီး မုန်တိုင်းဒဏ်သင့်ဒေသများရှိ ပြည်သူများထံသို့ ဆက်လက် ပို့ဆောင်နိုင်ရေး လွှဲပြောင်းပေးအပ်သွား မှာဖြစ်ကြောင်း သိရပါတယ်။
စတုတ္တအသုတ်အဖြစ် ရောက်ရှိလာတဲ့ ထောက်ပံ့ကူညီရေးပစ္စည်းများမှာ Shetter Tool Kit ၄၅၀ ခု၊ Family Tent ၂၀ ဖာ၊ Water Filteration System ၁ ဖာ၊ Water Filteration System (Pump) ၂ ဖာ၊ တာပေါ်လင်စ ၂၆၂ ခု ပါဝင်ပြီး စုစုပေါင်း ၁၁ ထုပ် ကုန်တန်ချိန် ၁၉ တန်ကျော်ရှိကာ တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၇၂၀၀၀ ကျော် ဖြစ်ပါတယ်။
အာဆီယံနိုင်ငံများမှ မုန်တိုင်းဒဏ်သင့်ပြည်သူများထံ ပေးအပ်လှူဒါန်း ထောက်ပံ့ ခြင်းဖြစ်ပြီး နိုင်ငံတော်အစိုးရအနေဖြင့် ကယ်ဆယ်ရေးနှင့် အကူအညီများပံ့ပိုးရာတွင် ဘေးသင့်ပြည်သူ တစ်ဦးတစ်ယောက်မျှ မကျန်ရှိစေရေးမူကိုလက်ကိုင်ထား၍ သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဗဟိုဌာန၏ကြီးကြပ်မှုနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ် အစိုးရများဝန်ကြီးဌာနများ၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့်လည်း ပူးပေါင်းဆောင်ရွက် လျက်ရှိကြောင်း သတင်းရရှိပါတယ်။
ygm_mnn
#local_news #မိုခါမုန်တိုင်းဒဏ်သင့်ပြည်သူများ #အကူအညီစတုတ္တအသုတ်
#YMG #Yangon_Media_Group
#Local_News
Published_ 1 June 2023
ဆန်ကြမ်းတစ်ပြည်ကို ၃ထောင်ကျော်နေပြီး တစ်အိတ်ကို တစ်သိန်းနီးပါးဈေးမြင့်နေတယ်လို့ စားသုံးသူပြည်သူတွေက YMG ကိုပြောပါတယ်။
#Local_News ##ဆန်ကြမ်းတစ်အိတ် #တစ်သိန်းနီးပါးမြင့်တက်နေ
#YMG #Yangon_Media_Group
#Local_News
Published_ 1 Jun 2023
ကမ္ဘာ့ရွှေပေါက်ဈေးဟာ ဇွန်လ ၁ ရက်နေ့ မနက်ပိုင်းဈေးနူန်းများအရ တစ်အောင်စကို ၁၉၅၇ဒေါ်လာ ပေါက်ဈေးရှိနေပြီး ဈေးအနည်းငယ် ပြန်လည်မြင်တက်လာပါတယ်။
#Local_News #ကမ္ဘာ့ရွှေဈေး #ပြင်ပရွှေပေါက်ဈေး
#YMG #Yangon_Media_Group
#Local_News
Published_ 1 Jun 2023
ကျန်းမာရေးဝန်ကြီးဌာနရဲ့ ဇွန်လ ၁ရက်နေ့ ည၈နာရီ ထုတ်ပြန်ချက်အရ ပြည်တွင်းမှာ ဓာတ်ခွဲနမူနာ ၈၃၂၂ ဦးကို ဓာတ်ခွဲစစ်ဆေးခဲ့ရာ ကိုဗစ်(၁၉) လူနာသစ် ၇၁ ဦး ထပ်မံတွေ့ရှိခဲ့ တယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
#Local_News #ကိုဗစ်လူနာသစ် #ဝဒဿမ၈၅ရာခိုင်နူန်း
#YMG #Yangon_Media_Group
#Local_News
Published_ 1 june 2023
ပုဂ္ဂလိကဆေးရုံ ၊ ဆေးခန်းတွေအနေနဲ့ သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားသူတွေ့တိုင်း ကျန်းမာရေးဌာနကို အကြောင်းကြားမှ ရောဂါကွင်းဆက် ဖြတ်နိုင်မှာဖြစ်တယ်လို့ ကျန်းမာရေးဝန်ကြီးဌာနမှ သိရပါတယ်၊၊
#Local_News #သွေးလွန်တုပ်ကွေးရောဂါ #တိုက်ဖျက်ရေးဗျူဟာသစ်
#YMG #Yangon_Media_Group
#Daily_News
Published_ 1 Jun 2023
၁။ သွေးလွန်တုပ်ကွေးရောဂါ တိုက်ဖျက်ရေးဗျူဟာသစ်များ ဆောင်ရွက်နေ
၂။ ကိုဗစ်လူနာသစ် (၇၁) ဦး ထပ်တွေ့ရှိပြီး ရာခိုင်နူန်းဖြင့် ၀ ဒဿမ ၈၅ ရာခိုင်နူန်းရှိ
၃။ ကမ္ဘာ့ရွှေဈေး ကျဆင်းနေပြီး ပြင်ပရွှေပေါက်ဈေးသိန်း၃၀ အထက်မှာ ပဲရှိ
၄။ ပထမဆုံးလိင်အင်္ဂါပြောင်းဗင်နီဇွဲလားအလှမယ်ဖြစ်လာရန် ဆိုဖီယာဆော်လိုမွန်မျှော်လင့်နေ0 .... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group #Daily_News #YMG
#Local_News
Published_ 1 june 2023
မြန်မာနိုင်ငံမှာ ဆေးလိပ်နှင့်ဆေးရွက်ကြီးသုံးစွဲမှုကြောင့် နှစ်စဉ်လူခြောက်သောင်းကျော်သေဆုံးနေရသလို စီးပွားရေးအရလည်း နှစ်စဉ်မြန်မာကျပ်ငွေ(၂.၆)ထရီလီယံဆုံးရှုံးမှုရှိတယ်လို့ ကျန်းမာရေးဝန်ကြီးဌာနမှ သိရပါတယ်၊၊
#Local_News #ဆေးရွက်ကြီး #အခြားသီးနှံများ စိုက်ပျိုးနိုင်အောင်တွန်းအားပေး
#YMG #Yangon_Media_Group
Page 1187 of 2164