#Local_News
Published_ 30 May 2023
ယခု တစ်ပတ်ဈေးကွက်အတွင်း စက်သုံးဆီဈေးမှာ နှုန်းထားအပြောင်းအလဲမရှိ တည်ငြိမ်နေပြီး ၉၂ တစ်လီတာလျှင် ၁၉၈၅ကျပ်ပေါက်ဈေးရှိနေကြောင်း ယနေ့ဈေးနှုန်းထုတ်ပြန်ချက်များအရ သိရပါတယ်။
#Local_News #စက်သုံးဆီနှုန်းဈေး
#YMG #Yangon_Media_Group
#Local_News
Published_30 May 2023
တိုင်ဖွန်းမုန်တိုင်း “ မဝါ” (Mawar)ကြောင့် ရန်ကုန်အပါအဝင် တိုင်းနဲ့ပြည်နယ်အချို့မှာ ယနေ့ မိုးကြီးမယ်လို့ မိုး/ဇလက ယနေ့မေလ ၃၀ ရက်နေ့ နံနက်ပိုင်းက ထုတ်ပြန်လိုက်ပါတယ်။
#Local_News #တိုင်ဖွန်းမုန်တိုင်း #တိုင်းနဲ့ပြည်နယ်အချို့မှာယနေ့မိုးကြီးမယ်
#YMG #Yangon_Media_Group
#Local_News
Published_ 30 May 2023
ကျန်းမာရေးဝန်ကြီးဌာနရဲ့ မေ ၂၉ရက်နေ့ ည၈နာရီ ထုတ်ပြန်ချက်အရ ပြည်တွင်းမှာ ဓာတ်ခွဲနမူနာ ၆၆၉၃ ဦးကို ဓာတ်ခွဲစစ်ဆေးခဲ့ရာ ကိုဗစ်(၁၉)လူနာသစ် ၅၈ဦး ထပ်မံတွေ့ရှိခဲ့တယ်လို့ကျန်းမာရေး၀န်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
#Local_News #ကိုဗစ်လူနာသစ် #ရာခိုင်နူန်း
#YMG #Yangon_Media_Group
#Local_News
Published_ 30 May 2023
ဗိုလ်တထောင်ကျိုက်ဒေးအပ်ဆံတော်ဦးစေတီတော်ကို ဒုတိယကမ္ဘာစစ်အပြီး ပြန်လည်တည်ထား ကိုးကွယ်ခဲ့တာဟာ အခုနှစ်မှာဆိုရင်(၇၅)နှစ်တိုင်ခဲ့ပြီဖြစ်ပါတယ်၊၊
#Local_News #ဗိုလ်တထောင်စေတီ #စိန်ရတုအထိမ်းအမှတ် #ဗုဒ္ဓပူဇာပွဲ
#YMG #Yangon_Media_Group
#Daily_News
Published_ 30 May 2023
၁။ ဗိုလ်တထောင်စေတီတွင် စိန်ရတုအထိမ်းအမှတ်အဖြစ် ဗုဒ္ဓ၊ ဓမ္မ၊ သံဃပူဇာပွဲများ ကျင်းပမည်၊နယုန်လပြည့်နေ့၌ ဗုဒ္ဓပူဇာပွဲကျင်းပမည်
၂။ ကိုဗစ်လူနာသစ် (၅၈) ဦး ထပ်တွေ့ရှိပြီး ရာခိုင်နူန်းဖြင့် ၀ ဒသမ ၈၇ ရာခိုင်နူန်းရှိနေ
၃။ တိုင်ဖွန်းမုန်တိုင်း “ မဝါ”(Mawar)ကြောင့် ရန်ကုန် အပါအဝင် တိုင်းနဲ့ ပြည်နယ် အချို့မှာ ယနေ့ မိုးကြီးမယ်
၄။ (၃)နှစ်ကြာ မကျင်းပရသည့် ပေါက်စီပွဲတော် ဟောင်ကောင်ကျွန်းတစ်ခုတွင် ပြန်လည်ကျင်းပ .... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group #Daily_News #YMG
#Local_News
Published_ 30 May 2023
ကမ္ဘာ့ရွှေပေါက်စျေးဟာ မေလ ၃၀ရက်နေ့ နေ့လည်ပိုင်းစျေးနူန်းများအရ တစ်အောင်စကို ၁၉၃၃ ဒေါ်လာပေါက်စျေး ရှိနေပါတယ်။
#Local_News #ကမ္ဘာ့ရွှေစျေး #ရန်ကုန်ရွေအသင်း
#YMG #Yangon_Media_Group
#Local_News
Published_ 30 May 2023
၂၀၂၃ ခုနှစ်၊ဇန်နဝါရီ(၁)ရက်မှမေ(၂၀)ရက်အထိ မြန်မာနိုင်ငံတွင်သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားသူ(၁၇၁၇) ဦးနှင့်သေဆုံးသူ (၇)ဦးရှိခဲ့ပြီးရောဂါကာကွယ်နှိမ်နင်းရေးများကိုအရှိန်အဟုန်မြှင့်တင်ဆောင်ရွက်သွားရန်ရှိကြောင်းသိရသည်၊၊
မေလ(၂၉)ရက်နေ့တွင် ကျင်းပပြုလုပ်သည့် 'သွေးလွန်တုပ်ကွေးရောဂါကာကွယ်နှိမ်နင်းရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေး'၌ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်ဝန်ကြီးဒေါက်တာသက်ခိုင်ဝင်း၏ထည့်သွင်းပြောကြားချက်အရသိရခြင်းဖြစ်သည်၊၊
အစည်းအဝေးတွင်ပြည်ထောင်စုဝန်ကြီးက ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၁ ရက်မှ မေ ၂၀ ရက်အထိ မြန်မာနိုင်ငံတွင် သွေးလွန်တုပ်ကွေးဖြစ်ပွားသူ (၁,၇၁၇) ဦးနှင့် သေဆုံးသူ (၇)ဦးရှိခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်တို့တွင် ဖြစ်ပွားမှု များပြားနေသည်ကို တွေ့ရှိရကြောင်း ထည့်သွင်းပြောကြားခဲ့သည်၊၊
သွေးလွန်တုပ်ကွေးရောဂါသည် ထိရောက်သောကာကွယ်ဆေးများ မရှိသေးခြင်း၊ ကုသရန် ဗိုင်းရပ်စ် ပိုးသတ်ဆေးများ မရှိသေးသည့်အတွက်ကြောင့် ကာကွယ်နှိမ်နင်းရေးလုပ်ငန်းများနှင့် ရောဂါဖြစ်ပွားမှု စောင့်ကြပ်ကြည့်ရှုခြင်းလုပ်ငန်းများကို ဂရုစိုက်ဆောင်ရွက်ရန်လိုပါကြောင်း၊ ခြင်မပေါက်ပွားစေရန် ပတ်ဝန်းကျင် သန့်ရှင်းရေးလုပ်ငန်းနှင့် ခြင်ကျားပိုးလောက်လမ်းနှိမ်နင်းခြင်း၊ သက်ကြီးကောင် ခြင်နှိမ်နင်းခြင်း၊ ကျန်းမာရေးပညာပေးခြင်း၊ ခြင်မကိုက်အောင် နေထိုင်ခြင်းနှင့် သွေးလွန်တုပ်ကွေးရောဂါသည် မူကြိုအရွယ် ကလေးများနှင့် မူလတန်းကျောင်းသူ/ ကျောင်း သားများဖြစ်သည့် အသက် ၅ နှစ်မှ ၉နှစ် အရွယ်တွင် ရောဂါဖြစ်ပွားမှု အများဆုံးဖြစ်၍ ပညာရေးဝန်ကြီးဌာနနှင့် ပူးပေါင်း၍ “ခြင်ကျား လောက်လမ်းကင်းစင် ကျောင်းများ” ထူထောင်ခြင်းကိုလည်း အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်ရမည်ဖြစ်ကြောင်းထည့်သွင်းပြောခဲ့သည်၊၊
မြန်မာနိုင်ငံတွင် သွေးလွန် တုပ်ကွေးရောဂါ ဖြစ်ပွားသည့် အသက်အရွယ်ကို လေ့လာသုံးသပ်ချက်အရ ယခင်က အသက် (၁၅) နှစ်အောက်တွင် ဖြစ်ပွားမှုများပြားသော်လည်း လွန်ခဲ့သည့် (၁၀) နှစ် ကျော်မှစ၍ အသက် (၁၅) နှစ်အထက် အသက်အရွယ်အုပ်စုများတွင်ပါ ဖြစ်ပွားမှုများပြားလာသည်ကို တွေ့ရှိရကြောင်း၊ မြန်မာနိုင်ငံတွင် သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှုသည် (၂၀၂၀)ခုနှစ်တွင် ရောဂါ ဖြစ်ပွားသူ (၁၅,၁၃၁)ဦး၊ သေဆုံးသူ (၆၈)ဦး၊ (၂၀၂၁)ခုနှစ်တွင် ဖြစ်ပွားသူ (၅,၄၄၆) ဦး၊သေဆုံးသူ (၃၆) ဦးနှင့် (၂၀၂၂) ခုနှစ်တွင် ဖြစ်ပွားသူ (၂၄,၉၇၁) ဦး ၊ သေဆုံးသူ (၉၇) ဦးရှိခဲ့ပြီး နှစ်စဉ်ရောဂါကြောင့် ပျမ်းမျှသေဆုံးမှုအနေဖြင့် (၀.၄) ရာခိုင်နှုန်း ခန့်ရှိ၍ သေဆုံးမှုနှုန်းအနေဖြင့် ဒေသတွင်းနိုင်ငံ များနှင့် နှိုင်းယှဉ်ပါက ပိုမိုမြင့်မားခြင်းမရှိသည်ကို တွေ့ရှိရကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှသိရသည်၊၊
ymg/tthl
#Local_News #(၅)လတာအတွင်းသွေးလွန်တုပ်ကွေးဖြစ်သူ #(၇)ဦးသေဆုံးခဲ့
#YMG #Yangon_Media_Group
Page 1190 of 2164