#Local_News
Published-16 August 2023
မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်တွင် သန့်ရှင်းရေးလုပ်ရင်း ၁၁၀၀၀ ဗို့အားရှိ ၁၁KVA လျှပ်စစ်ဓာတ်အားကြိုးကိုထိမိ၍ ဓာတ်လိုက်မှု ယနေ့နံနက်ကဖြစ်ခဲ့ပြီး အမျိုးသမီး ၁ဦးသေဆုံး၍ ၃ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း မီးသတ်တပ်ဖွဲ့မှ သိရသည်။
ဖြစ်စဥ်မှာ ဩဂုတ်လ နံနက် ၁၀ နာရီ၂၁မိနစ်အချိန်ခန့်က ပြည်ကြီးတံခွန်မြို့နယ်၊(၆၈)လမ်း၊ (၁၃၉)လမ်းထောင့်၊ (ဈ)ရပ်ကွက်၊ RC(၃)ထပ် တည်းခိုခန်း(ဧည့်ရိပ်သာ) ၁ခု၏ ပထမထပ်ဘေးကပ်လျက်ရှိသည့် အဖီဆွဲထားသော Steel structure သွတ်မိုးပေါ်တွင် အိမ်ရှင်နှင့်အလုပ်သမားများ သန့်ရှင်းရေးပြုလုပ်ကြရာမှ ဓာတ်လိုက်မှုဖြစ်ခဲ့ကြောင်း သိရသည်။
ဓာတ်လိုက်မှုဖြစ်စဥ်ကြောင့် ကျား(၂)ဦး၊ မ(၂)ဦး စုစုပေါင်း (၄)ဦးတို့အောက်သို့ ပြုတ်ကျမှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် မန္တလေးခရိုင်မီးသတ်စခန်းနှင့် ပြည်ကြီးတံခွန်မြို့နယ်မီးသတ်စခန်းတို့မှ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များဖြင့် ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။
ယင်းဖြစ်စဥ်ကြောင့် အိမ်ရှင်အမျိုးသမီးမှာ ဒဏ်ရာများဖြင့်သေဆုံးခဲ့ပြီး ကျန်ထိခိုက်ဒဏ်ရာရရှိသူကျား(၂)ဦးနှင့်မ(၁)ဦးတို့ကို လောကပါလလူမှုကူညီရေးအသင်းမှ သူနာတင်ယာဉ်ဖြင့် မန္တလေးပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
#Local_News #လျှပ်စစ်ဓာတ်ကြိုးကိုထိမိ၍ဓာတ်လိုက် #အမျိုးသမီး၁ဦးသေဆုံး
#Yangon_Times/PP
ရန်ကုန်တိုင်းဒေသကြီးအပါအဝင် တနင်္သာရီတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်၊ စစ်ကိုင်းတိုင်းအောက်ပိုင်းနဲ့ မွန်ပြည်နယ်တို့မှာလည်း နေရာကွက်ပြီး မိုးကြီးနိုင်ကာ ရွာရန်ရာနှုန်းပြည့်
Published_ 16 August 2023
#မုတ်သုံလေဆက်လက်အားကောင်းနေ
#Ymg/my
#Yangon_Times
‘မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုအထူး ရန်ပုံငွေစီမံကိန်းနဲ့ ချဉ်ပေါင်ဖူး ဖျော်ရည် ထုတ်လုပ်ခြင်း၊ ချဉ်ပေါင်ဖူးမှ အခြားထုတ်ကုန်များ ထုတ်လုပ်ခြင်း၊ သရက်သီး ဂျယ်လီဖျော်ရည် ထုတ်လုပ်ခြင်း၊ ပဲနို့ထုတ်လုပ်ပြီးကျန်သောအနှစ်များမှ ကွတ်ကီးထုတ်လုပ်ခြင်းတွေ မျှဝေသွားမှာဖြစ်ပါတယ်’
Published_ 16 August 2023
#ချဉ်ပေါင်ဖူးဖျော်ရည် #သရက်သီးဂျယ်လီ
#tthl
#Yangon_Times
‘BYD Dolphin အမျိုးအစားEVကား(၁၄)စီး ၊ BYD D1အမျိုးအစားEVကား(၂၀)စီး၊ BYD TangအမျိုးအစားEVကား(၃)စီးစုစုပေါင်း လျှပ်စစ်သုံးEVကား(၃၇)စီးထပ်မံရောက်ရှိလာတာဖြစ်ပါတယ်။ Segwayအမျိုးအစားလျှပ်စစ်သုံးမော်တော်ဆိုင်ကယ်(၄၈)စီးလည်းရန်ကုန်ဆိပ်ကမ်းသိုရောက်ရှိလာတယ်’
အမျိုးသားအဆင့်လျှပ်စစ်သုံးယာဉ်နှင့်ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးဆောင်ကော်မတီ
Published_ 16 August 2023
#EVကားနှင့်EVဆိုင်ကယ်
#tthl
#Yangon_Times
"အမျိုးသားတွေမှာ အမျိုးသမီးတွေထက်ဆေးလိပ်၊ အရက်ပိုသောက်တဲ့အတွက် အရက်ကြောင့်ဖြစ်တဲ့ အသည်းရောင်တာ၊အဆီဖုံးတာနဲ့ အသည်းကင်ဆာတွေအဖြစ်များတယ်။ဆေးလိပ်ကြောင့်ဖြစ်တဲ့ နာတာရှည်အဆုတ်လေပြွန်ရောင်တဲ့ရောဂါ၊ နှလုံးသွေးကြာကျဥ်းတာနဲ့အဆုတ်ကင်ဆာတွေအဖြစ်များတယ်။ အရေးအကြီးဆုံးက အမျိုးသားတွေမှာအပိုပါတဲ့ဆီးကျိတ်ရောဂါတွေကိုအလေးပေးစစ်ဆေးသင့်ပါတယ် "...လို့ပြောတဲ့ ဒေါက်တာကျော်မြင့်ဦး (ဆီးချိုသွေးချိုနှင့်ဟော်မုန်း အထူးကုပါရဂူ)
Published_ 16 August 2023
#ဒေါက်တာကျော်မြင့်ဦး
#(ဆီးချိုသွေးချိုနှင့်ဟော်မုန်း အထူးကုပါရဂူ)
#Yangon_Times
#Local_News
Published-16-8-2023
သိမ်ကြီးဈေး D ရုံ အပေါ်ထပ်ကားပါကင်၌ အိမ်စီးကားတစ်စီး အရှိန်လွန်ကျွံကျမှုတစ်ခု ယနေ့ ဩဂုတ်လ ၁၆ ရက် နံနက်ပိုင်းက ဖြစ်ပွားခဲ့ကြောင်း လူမှုကွန်ရက်စာမျက်နှာတွင် ပျံနှံ့ခဲ့သည်။
ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ သူမ၏ ဖေ့စ်ဘွတ်လူမှုစာမျက်နှာတွင် ခင်မင်နေကြသူများက စိုးရိမ်ကြောင်းနှင့် ဂရုတစိုက်မောင်းနှင်လိုကြောင်း သတိပေးစကားများလည်းဆိုထားသည်။
အဆိုပါ ကားပိုင်ရှင်အမျိုးသမီးငယ်ကလည်း သူမ၏ လူမှုကွန်ရက်စာမျက်နှာတွင် ဖေ့စ်ဘွတ်က သတင်းမေးသူများအား ကျေးဇူးတင်ကြောင်း ရေးသားထားသည်။
ယာဉ်ပိုင်ရှင်အမျိုးသမီးငယ်ကလည်း"ပို့စ်ဖျက်ပြေးတယ်ပြောတဲ့ဟာတွေ မမြင်မှာဆိုတင်ပေးတာနော် ဟုတ်တယ်ငါ့ကားဘာဖြစ်လဲ"ဟု တုန့်ပြန်ထားပြီး၊ အဆိုပါ ပို့စ်အောက်တွင် စကေးကြမ်းတဲ့အစ်မ လူဘာမှမဖြစ်လို့တော်သေးတယ်ဆိုသည့် စိုးရိမ်စကားများဆိုထားသည်။
သူမ အနေဖြင့် ကားဝယ်စဉ်ကာလက ကြိုက်လို့ဝယ်လိုက်ပြီး ပါကင်တော့မထိုးတက်ဘူး ဟု စနောက်ရေးထားသည့် ပို့စ်အတိုင်း တိုက်ဆိုင်စွာ ယခုကဲ့သို့ယာဉ်မတော်တဆမှုဖြစ်ပွားခဲ့သည့်အပေါ် ဝိုင်းဝန်းစနောက်မှုများလည်း ရှိနေခြင်းလည်းဖြစ်သည်။
#YMG/my #Local_News #သိမ်ကြီးဈေးကားပါကင် #အိမ်စီးကားတစ်စီးအရှိန်လွန်တိုက်မိ
#Yangon_Times
#Local_News
Published-16 August 2023
ဂျပန်နိုင်ငံ International Association of Traffic and Safety Sciences (IATSS) မှ ကြီးမှူးကျင်းပသည့် The 65th and 66th IATSS Forum သို့ စိတ်ပါဝင်စားသူများ မည်သူမဆိုလျှောက်ထားနိုင်ရန် ကုန်သည်စက်မှုအသင်းချုပ်မှ အသိပေးကြေညာထားသည်။
65th IATSS Forum ကို ၂၀၂၄ ခုနှစ်၊ မေလမှ ဇူလိုင်လအထိ လည်းကောင်း၊ 66th IATSS Forum စက်တင်ဘာလမှ နိုဝင်ဘာလအထိ လည်းကောင်း ကျင်းပသွားမည်ဖြစ်ပြီး မြန်မာနိုင်ငံမှ Forum တစ်ကြိမ်တွင် (၂)ဦးစီ Forum နှစ်ကြိမ်အတွက် စုစုပေါင်း (၄)ဦးကို IATSS Forum Committee မှ လုပ်ထုံးလုပ်နည်းများနှင့်အညီ အပြီးသတ်ရွေးချယ်အတည်ပြုပေးမည်ဖြစ်သည်ဟု သိရသည်။
တက်ရောက်ခွင့်ရရှိပါက အသွားအပြန်လေယာဉ်စရိတ်နှင့် နေထိုင်စားသောက်စရိတ်များကို ဂျပန်ဘက် မှ ကျခံပေးမည်ဖြစ်ပြီး Forums များသို့ ပူးတွဲပါ သတ်မှတ်အရည်အချင်းများနှင့် ကိုက်ညီသော ကုန်သည်စက် မှုအသင်းချုပ်နှင့် ညီနောင်အသင်းများမှ အမှုဆောင်များ(သို့) ဝန်ထမ်းများ၊ အသင်းချုပ် အသင်းဝင် ကုမ္ပဏီများ၏ ဒါရိုက်တာ အဖွဲ့ဝင်များ (သို့) ဝန်ထမ်းများ လျှောက်ထားနိုင်သည်ဟု သိရသည်။
အရှေ့တောင်အာရှဒေသနိုင်ငံအသီးသီးမှ လူငယ်လူရွယ်များအနေဖြင့် တိုးတက်လျက်ရှိသည့် ခေတ်သစ်ဂျပန်နိုင်ငံ၏ သိပ္ပံ၊ နည်းပညာနှင့် ယဉ်ကျေးမှုအခန်းကဏ္ဍများကို လေ့လာနားလည်သဘောပေါက် ပြီး မိမိတို့နိုင်ငံ တိုးတက်ရေးအတွက် နက်ရှိုင်းသော အမြင်၊ ကျယ်ပြန့်သော ရှုထောင့်မှ ပါဝင်လှုပ်ရှား ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ IATSS Forum ကို ကျင်းပပြုလုပ်ခြင်းဖြစ်သည်။
လျှောက်ထားလိုသူများအနေဖြင့် ပူးတွဲပါလျှောက်လွှာနှင့်အတူ အောက်တိုဘာလ(၃၁)ရက်နေ့ နောက်ဆုံးထားပြီး IATSS Forum Myanmar Committee ၊ MIA Office, 6th Floor, UMFCCI Office Tower သို့ လူကိုယ်တိုင်လာရောက်လျှောက်ထားနိုင်သည်ဟု သိရသည်။
#Local_News #IATSS Forum #အခမဲ့တက်ရောက်နိုင်
#Yangon_Times/PP
Page 1067 of 2165