Published_ 5 February 2024
'တရုတ်ပညာတော်သင် မြန်မာကျောင်းသားများ၏ နှစ်သစ်ကူးစကားဝိုင်း'ကို ဖေဖော်ဝါရီလ ၃ ရက်နေ့တွင် ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာ၌ ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါစကားဝိုင်းကို တရုတ်ပညာတော်သင် မြန်မာကျောင်းသားများ၊ တရုတ်ပညာတော်သင်ကျောင်းသားများ၊ ရန်ကုန် အထက်တန်းကျောင်း၊ အခြေခံပညာရေးကျောင်း၊ တရုတ်ဘာသာပညာရေး အဖွဲ့အစည်းများမှ ဆရာကျောင်းသားကိုယ်စားလှယ်များ လူအယောက် ၁၅၀ နီးပါးတက်ရောက်ခဲ့ကြသည်ဟုဆိုသည်။
'တရုတ်ပညာတော်သင် မြန်မာကျောင်းသားများ၏ နှစ်သစ်ကူးစကားဝိုင်း'ကိုမြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံးမှ ကြီးမှူး ကျင်းပခဲ့ခြင်းဖြစ်ပြီး သံမှူး Mr. Pan Feng မှတက်ရောက်ကာ အမှာစကားပြောကြားခဲ့သည်။
သံမှူး Mr. Pan Feng က" တရုတ်နှစ်သစ်ကူးပွဲတော်သည် တရုတ်နိုင်ငံ၏ အရေးကြီးသော ရိုးရာပွဲတော်ဖြစ်ပြီး တရုတ်ရိုးရာယဉ်ကျေးမှု၏ အနှစ်သာရကို စုစည်းထားကြောင်း၊ တရုတ်နှစ်သစ်ကူး ရိုးရာပွဲသည် နိုင်ငံနှင့် ဒေသပေါင်း ၂၀၀ နီးပါး၌ ပြုလုပ်လျက်ရှိကြောင်း၊ ကမ္ဘာလုံးဆိုင်ရာ ယဉ်ကျေးမှုပွဲကြီးတစ်ခု ဖြစ်လာပါကြောင်း၊ တရုတ်ပညာတော်သင် မြန်မာကျောင်းသားများ ကိုယ်ပိုင်အားသာချက်ကို အသုံးချရန် တိုက်တွန်းကြောင်း၊ နှစ်နိုင်ငံပြည်သူများ ကြားသိမြင်လိုတဲ့ နည်းလမ်းကို ပိုမိုအသုံးပြုပြီး ပညာတော်သင်အတွေ့အကြုံနှင့် တရုတ်-မြန်မာချစ်ကြည်ရေး ဇာတ်လမ်းများကို ရှင်းလင်းပြောပြကြပါရန်" ပြောကြားခဲ့သည်။
စင်ကာပူနိုင်ငံဆိုင်ရာ မြန်မာသံရုံးယာယီတာဝန်ခံ ဦးဇော်ဇော်စိုးသည် ဗီဒီယိုမှတစ်ဆင့် အမှာစကားပြောကြားရတွင် "တရုတ်ပြည်တွင်ပညာသင်ခဲ့ရသောအတွေ့အကြုံများကို သတိရတမ်းတ မိပါကြောင်း၊ ဘာသာစကားသင်ယူခြင်းသည် အမြင်ကျယ်စေပြီး တွေးခေါ်ဆုံးဖြတ်နိုင်စွမ်းကို မြှင့်တင် နိုင်ကာ ဘဝအတွက်ထာဝရအကျိုးပြုနိုင်ပါကြောင်း၊ ပညာတော်သင်လူငယ်များအနေဖြင့် မြင့်မားသောရည်မှန်းချက်ထားရှိပြီး တရုတ်-မြန်မာနှစ်နိုင်ငံ ဆက်ဆံရေးတံတားကို တည်ဆောက်ကာ တရုတ်-မြန်မာ ချစ်ကြည်ရေးနှင့်ပူးပေါင်းဆောင်ရွက်မှုကို အတူတကွ မြှင့်တင်ကြရန် မျှော်လင့်မိကြောင်း" ပြောကြားခဲ့သည်။
တရုတ်ပညာတော်သင်ကိုယ်စားလှယ်မှ တရုတ်ပြည်၌ ပညာသင်ကြားခဲ့သောအတွေ့အကြုံ များ၊ ပညာတော်သင်ကျောင်းသားများလိုက်နာရသောစည်းကမ်းများ၊ အလုပ်အကိုင်အခွင့်အလမ်းများ စသည့်ခေါင်းစဉ်ဖြင့် စည်းကားစွာ ကူးလူးဖလှယ်ခဲ့ကြပြီး တရုတ်ပြည်၌ ပညာသင်ကြားရခြင်းသည် အကျိုးများစွာရရှိစေကာ အလုပ်ခွင်နယ်ပယ်တွင် များစွာအထောက်အကူဖြစ်စေကြောင်း၊ တရုတ်နိုင်ငံသို့ ပညာတော်သင်ရန် ရောက်ရှိပြီးဖြစ်သောကျောင်းသားများနှင့် ပညာတော်သင်သွားရန် စိတ်အားထက်သန်နေသော ကျောင်းသားများအနေဖြင့် အခွင့်အရေးကို မြတ်နိုးတန်ဖိုးထားကြရန်၊ အထူးပြုဘာသာရပ်ကို ကောင်းစွာသင်ယူရင်း အခြားသော သင်ရိုးပြင်ပ လှုပ်ရှားမှုများ၌လည်း ပါဝင်ဆင်နွှဲကြရန်၊ တရုတ်နိုင်ငံ၏ ရောင်စုံအလှတရားကို နွေးထွေးစွာခံစားကြရန် အကြံပေးလို ပါကြောင်း ပြောကြားခဲ့သည်။
ကူးလူးဖလှယ်ဆက်ဆံမှုအပိုင်း ပြီးဆုံးပြီးနောက် ပညာတော်သင်ကျောင်းသားများက လက်ဖက်အနုပညာ၊ ဖက်ထုပ်ထုပ်ခြင်း၊ နှစ်သစ်ကူးစာလုံး လက်ရေးလှရေးသားခြင်း၊ နှစ်သစ်ကူးဗဟုသုတအမေးအဖြေ၊ ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်အတွေ့အကြုံ စသည့် ရိုးရာယဉ်ကျေးမှုပွဲများတွင် ပါဝင်ဆင်နွှဲခဲ့ကြပြီး အဆိုပါနေရာ၌ စည်ကားသိုက်မြိုက်ကာ နှစ်သစ်ကူးအငွေ့အသက်များ ပြည့်နှပ်နေခဲ့ကြောင်း သိရသည်။
Yangon Times/tthl
#Local_News
#Published_ 5 February 2024
#YMG #Yangon_Times #Yangon_Media_Group
ရခိုင်ဒေသ ဆန်ဈေးနှုန်း အတက်အကျများအား နယ်မြေအခြေအနေများကြောင့် ဖြေရှင်းရန်ခက်ခဲ
' လက်လီဈေးနှုန်းတွေတော့ စစ်တွေမြို့ပေါ် ကျောက်တော်မြို့ပေါ် အစရှိသဖြင့် လက်လီဈေတွေတော့ ဒီလောက်သိပ်မကျဘူး၊ လက်ကားဈေးတွေတော့ စက်ပိုင်၊ ကုန်သည်တွေ ရောင်းချင်တဲ့ဈေးက များတယ်၊ ဒါလည်း ရခိုင်မှာရှိတဲ့ ရခိုင်ဆန်စက်အသင်းတို့ ရခိုင်ဆန်စပါးကုန်သည်များ အသင်းတို့နဲ့ ဆွေးနွေးနေပါတယ်၊ ဒါပေမယ့် ခုနကပြောသလိုနယ်မြေအခြေအနေတွေက တည်ငြိမ်မှုအားနည်းတာဖြစ်တဲ့အတွက် ဒီအခက်အခဲက တော့ဖြေရှင်းဖို့ခက်ခဲပါတယ် '
Yangon Times/NN
#Local_News
#Published_ 5 February 2024
#YMG #Yangon_Times #Yangon_Media_Group
ဗိုလ်တထောင်စေတီတွင် နှမ်းမနဲလှူဒါန်းပွဲကျင်းပမည်
"နှမ်းမနဲထိုးပွဲကျင်းပပြီး မြတ်စွာဘုရားရှင်၊ ဗိုလ်ထောင်မြိုနယ်အတွင်းရှိ သံဃာတော်နဲ့ဌာနဆိုင်ရာ တွေ ၊ ဘုရားဖူးရဟန်းရှင်လူပြည်သူတွေကိုနှမ်းမနဲ စတုဒီသာတွေ ကျွေးမွေးလှူဒါန်းသွားမှာဖြစ်တယ်"
Yangon Times/tthl
#Local_News
#Published_ 5 February 2024
#YMG #Yangon_Times #Yangon_Media_Group
တရုတ်နိုင်ငံအပါအ၀င် ဥရောပနိုင်ငံ အချို့ရဲ့ ၀ယ်လိုအားရှိလာတဲ့ အတွက် ယခုနှစ် ပဲတီစိမ်း ဈေးမြင့် ရရှိလာပေမယ့် အဘက်ဘက်က ကုန်ကျစရိတ်တွေလည်း မြင့်လာတဲ့ ပဲစိုက် တောင်သူတွေ အနေနဲ့ အကျိုးမြတ်ရရှိမှု ဟာ ယခင်နှစ် နဲ့ ကွာဟမှု မရှိနိုင်ဘူးလို့ ပဲစိုက်တောင်သူတွေကပြောပါတယ်။
Yangon Times/LW
#Local_News
#Published_ 5 February 2024
#YMG #Yangon_Times #Yangon_Media_Group
Published 5 February 2024
၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်တွင် အလုပ်အကိုင် ၄၈ မျိုးအတွက် ဖြေဆိုသူဦးရေ ၅,၀၀၀ ကို စစ်ဆေးအကဲဖြတ်ရန်လျာထားကြောင်း အလုပ်သမားဝန်ကြီးဌာနမှသိရသည်။
ပြီးခဲ့သည့် ၂၀၁၄ ခုနှစ်မှ ၂၀၂၄ ခုနှစ် ဇန်နဝါရီလအထိအလုပ်အကိုင် ၄၀ မျိုး၌ ဖြေဆိုသူ ၂၇,၄၂၈ ဦး ရှိခဲ့ပြီး ၂၅,၁၁၄ ဦးကို ကျွမ်းကျင်အလုပ်သမားများအဖြစ် အသိအမှတ်ပြုခဲ့ကြောင်း၊၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်၌မူ လျာထားချက်ကျော်လွန်ပြီး အလုပ်အကိုင် ၂၈ မျိုးအတွက် လုပ်သား ၅,၇၇၄ ယောက် ကို စစ်ဆေး အကဲဖြတ်နိုင်ခဲ့ကြောင်းသိရသည်။
ထို့ အပြင် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်အတွင်း၌လည်း လုပ်သားဦးရေ ၃,၅၀၀ ကို စစ်ဆေးအကဲဖြတ်ရန်လျာထားခဲ့ရာ လက်ရှိအချိန်အထိ အလုပ်အကိုင် ၂၉ မျိုးအတွက် ဖြေဆိုသူ ၂,၇၃၅ ဦးရှိခဲ့ပြီး အရည်အသွေး ပြည့်မီသူ ၂,၅၃၄ ဦးကို ကျွမ်းကျင်အလုပ်သမားများအဖြစ် အသိအမှတ်ပြုနိုင်ခဲ့ပြီးဖြစ်ကြောင်းသိရသည်။
အလုပ်သမားဝန်ကြီးဌာနအနေဖြင့် နိုင်ငံတော်၏ စက်မှုလုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်ရေးကို အထောက်အကူဖြစ်စေရန်၊ နိုင်ငံအတွင်း လိုအပ်လျက်ရှိသော ကျွမ်းကျင်လုပ်သား များမွေးထုတ်ပေးနိုင်ရန်နှင့် အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးနိုင်ရန် ရည်ရွယ်၍ ဦးစီးဌာန အသိအမှတ်ပြု ပုဂ္ဂလိကသင်တန်းကျောင်းများတွင် ကျွမ်းကျင်မှုသင်တန်းများ စဉ်ဆက်မပြတ် ပို့ချနိုင်ရေး ကြီးကြပ်ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
Yangon Times/NN
#Local_News
#Published_ 5 February 2024
#YMG #Yangon_Times #Yangon_Media_Group
၅ ဖေဖော်ဝါရီ ၂၀၂၄
မြန်မာအလုပ်သမား အထောက်အထားအတုနှင့် နေထိုင်ခွင့်သက်တမ်းတိုးဖို့ ကြိုးစားခဲ့တဲ့ အိန္ဒိယနိုင်ငံသားတစ်ဦးကို ထိုင်းနိုင်ငံ မှာ ပြီးခဲ့တဲ့ သောကြာနေ့(ဖေဖော်ဝါရီ ၂ရက်)က ဖမ်းဆီးခဲ့တယ်လို့ ထိုင်းရဲတွေက ပြောကြောင်း ဘန်ကောက်ပို့စ်သတင်းအရ သိရပါတယ်။
ထိုသို့ မြန်မာအလုပ်သမားဟန်ဆောင်ကာ အထောက်အထားစာရွက်စာတမ်းအတုတွေနှင့် လိမ်လည်လျှောက်ထားခဲ့သူမှာ အသက်(၄၀)အရွယ်ရှိ အိန္ဒိယနိုင်ငံသား ဆန်ဂျေးဆင်းဆိုသူဖြစ်ကြောင်း သတင်းမှာဖော်ပြထားပါတယ်။
သူဟာ သောကြာနေ့က ဆူရတ်သနီ လူဝင်မှုကြီးကြပ်ရေးရုံးကို လာရောက်ပြီး နေထိုင်ခွင့်နှင့် အောက်တိုဘာ၃ရက် ထိုင်းအစိုးရ ဆုံးဖြတ်ချက်အရ အလုပ်ဆက်လုပ်ခွင့် သက်တမ်းတိုး လာလျှောက်ခဲ့တာဖြစ်ပါတယ်။
၂၀၂၃ အောက်တိုဘာ ၃ရက် ထိုင်းအစိုးရအဖွဲ့ဆုံးဖြတ်ချက်အရ မြန်မာ၊လာအိုနှင့် ကမ္ဘောဒီးယား (၃)နိုင်ငံမှ အလုပ်သမား တွေဟာ ထိုင်းနိုင်ငံမှာရောက်ရှိပြီးသားဆို၌ါက ထိုင်းနိုင်ငံတွင် တရားဝင်အလုပ်လုပ်ခွင့်ပေးလိုက်တာပါ။
အဲဒီဆုံးဖြတ်ချက်အပေါ် အချို့သော အိန္ဒိယနိုင်ငံသားတွေက အခွင့်အရေးယူပြီး စာရွက်စာတမ်းအတုတွေလုပ်ကာ သူတို့ကိုယ် သူတို့ မြန်မာ၊လာအိုနှင့် ကမ္ဘောဒီးယားအလုပ်သမားယောင်ဆောင်ပြီး လိမ်လည်မှုတွေရှိနေတဲ့အတွက် ထိုင်းလူဝင်မှု ရဲတပ်ဖွဲ့က အထူးကြပ်မတ်စစ်ဆေးနေတာဖြစ်ပါတယ်။
ထိုင်းနိုင်ငံရဲ့ နာမည်ကျော် နိုင်ငံတကာခရီးသွားကျွန်း(၃)ကျွန်းဖြစ်တဲ့ Koh Samui ၊Koh Phangan နှင့် Koh Taoတို့မှ ရက်လွန် နေထိုင်နေကြတဲ့ နိုင်ငံခြားသားတွေကို အထူးစစ်ဆေးဖို့ ရဲမှူးကြီးနာယူဝက်ဖုသက်ဝီယိုက ညွှန်ကြားထားတာလို့ဆိုပါတယ်။
အသက် ၃၆နှစ်အရွယ် မြန်မာနိုင်ငံသား ဂျေကာ မာလို့ လိမ်လည်လျှောက်ထားခဲ့တဲ့သူ့ရဲ့ လက်ဗွေရာကို စစ်ဆေးကြည့်တဲ့အခါ သူဟာ အိန္ဒိယနိုင်ငံသာား အသက် ၄၀ အရွယ်ဆူရတ်ဆင်းဆိုသူဖြစ်ကြောင်း ပေါ်ပေါက်ခဲ့ပါတယ်။
သူဟာ ၂၀၂၉ခုနှစ် ဒီဇင်ဘာ ၁၁ရက်နေ့မှာ စီးပွားရေးလုပ်ငန်းဗီဇာနှင့် ထိုင်းကိုဝင်ရောက်ခဲ့ပြီး ၂၀၂၂ခုနှစ် ဒီဇင်ဘာ (၆)ရက်အထိ ဗီဇာသက်တမ်းရှိခဲ့ပါတယ်။ အဲဒါကြောင့်သူဟာ ထိုင်းနိုင်ငံမှာ ရက်ပေါင်း ၄၂၃ ရက် ရက်လွန်နေထိုင်ခဲ့ကြောင်း တွေ့ရှိရလို့ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရတာဖြစ်ပါတယ်။ သူကလည်း စာရွက်စာတမ်းအတုသုံးပြီး နေထိုင်ခွင့်သက်တမ်းတိုးဖို့ ကြိုးစားခဲ့ပါတယ်လို့ ရဲကို ဝန်ခံခဲ့ပါတယ်။
@ymg/knl
ရွှေတိဂုံတွင် ထမနဲထိုးပြိုင်ပွဲနှင့်ထမနဲလှူမည်
"ထမနဲ (၄)ပြည်တစ်ဒယ်ကိုကျပ်၆ သောင်းခွဲနဲ့ ပါဝင်လှူဒါန်းနိုင်ပြီး ရရှိလာတဲ့ ထမနဲ လေးပုံတစ်ပုံကို အလှူရှင်ထံ ပြန်လည်ပေးအပ်သွားဖို့ ရှိပါတယ်"ရွှေတိဂုံဂေါပကအဖွဲ့ဝင် ဦးဘိုးသင်း
Yangon Times/tthl
#Local_News
#Published_ 5 February 2024
#YMG #Yangon_Times #Yangon_Media_Group
Page 1067 of 2480